ဘေးကင်းသော လိင်ဆက်ဆံခြင်း

Published by: Simple guy !!! on 24th Aug 2009 | View all blogs by Simple guy !!!

ဘေးကင်းသောလိင်ဆက်ဆံခြင်းဖြင့်သင့်အားကာလသားရောဂါများနဲ့HIV/AIDSရောဂါများ မှကာကွယ်နိုင်ပါတယ်။ဘေးကင်းတဲ့လိင်ဆက်ဆံခြင်းဆိုတာကလိင်ဆက်ဆံတာနဲ့ ပတ်သက်ပြီး အသိနဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာပါ။ ဘေးကင်းစွာ လိင်ဆက်ဆံတဲ့ အလေ့အထကို အမြဲတစေ လိုက်နာကျင့်သုံးပါ။ လျှော့မတွက်သင့်ပါဘူး။

ကာလသား ရောဂါတွေကို ခုတော့ Colour Condoms လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေလို့ ခေါ်ကြပါတယ်။ ဒီရောဂါတွေကနေ ကင်းဝေးဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးသင့်ပါတယ်။ လိင်ဆက်ဆံတိုင်းဆိုရာမှာ တစ်ဦးတည်းနဲ့ တစ်ချိန်တည်းမှာ အကြိမ်အရေအတွက်တိုင်း သုံးသင့်တာမျိုးပါ။ ကွန်ဒုံးသုံးရာမှာလည်း နည်းစနစ်မှန်မှန် သုံးစွဲတတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ ဘယ်လို လိင်ဆက်ဆံ နည်းမျိုးမဆို (ပါးစပ်နဲ့ဆက်ဆံတာမျိုး အပါအဝင်) ကွန်ဒုံးသုံးသင့်ပါတယ်။

ကွန်ဒုံးကိုနည်းစနစ်မှန်မှန်သုံးရမယ်ဆိုတာကတော့ကွန်ဒုံးရဲ့ရက်လွန်သက်တမ်းကိုကြည့်တာ၊ အမှောင်ထဲကြည့်ရမလွယ်ရင် ကွန်ဒုံးကို အိတ်ပေါ်က ရွှေ့ကြည့်ပြီး ကွန်ဒုံးက လွယ်လွယ်ကူကူရွေ့နေရင် အဆီရှိသေးလို့ သုံးလို့ရကြောင်း ဆုံးဖြတ်တာ၊ ကွန်ဒုံးကို ဖောက်တဲ့အခါ အလျင်စလို ကိုက်ဖောက်တာမျိုး၊ ကတ်ကြေးနဲ့ ဓားသုံးပြီး ကဗျာဆန်ဆန် ဖောက်နေတာမျိုးမလုပ်ဘဲ ပေးထားတဲ့ ခွေးသွားစိတ်ရာလေးတွေကနေ ဘေးကျကျနေရာက အတွင်းကကွန်ဒုံးကို မထိမိအောင် သတိပြုဖောက်တာ၊ ကွန်ဒုံးကို လက်သည်းရှည်ထားတတ်ရင် ဆွဲနှိုက်ယူတာမျိုးမလုပ်ပဲ အိတ်ပေါ်ကနေ အသာတွန်းထိုးထုတ်တာ၊ ကွန်ဒုံးကို အတင်းကာရော မစွပ်ဘဲ ဘက်မှန် မမှန်ကြည့်တာ၊ ဘက်မှားနေတဲ့ဟာကို စွပ်ပြီးမှာ ဘက်ပြန်ပြောင်းစွပ်တာတွေ မလုပ်မိတာ စတဲ့အချက်တွေကို ဂရုပြုတာဟာ ကွန်ဒုံးမပေါက်ဖို့နဲ့ ရောဂါမကူးဖို့ နည်းမှန်မှန် သုံးတတ်တာဖြစ်ပါတယ်။

ကွန်ဒုံးကို လိင်တံအရင်းထိစွပ်ဖို့လည်း လိုအပ်ပါတယ်။ ကွန်ဒုံးကို မှန်မှန် မသုံးစွဲတတ်ရင် သုံးပြီး အရာမရောက်ဖြစ်တတ်ပါတယ်။ သုတ်ရည် ကိုယ်တွင်းပေါက်ကျန်တာမျိုး ဖြစ်လာခဲ့ရင် သုံးသမျှ အချည်းနှီးပေါ့။ တစ်ခါ ကွန်ဒုံးကို ဘက်မှားပြီးစွပ်မိတော့လည်း လိင်တံထိပ်က သုတ်ဦးရည်နဲ့ထိပြီးသွားပြီ၊ အဲဒါကို ဘက်ပြန်ပြောင်းလိုက်တော့... အဲဒီ သုတ်ဦးရည်မှာသာ HIV ရှိနေရင် ကိုယ့်ဆီဝင်ပြီပဲပေါ့။

ကွန်ဒုံးသုံးကြစို့

နောက်တစ်ကြိမ်ကျမှ ကွန်ဒုံးသုံးမယ်လို့ ဘယ်တော့မှ မစဉ်းစားပါနဲ့။ HIV ဟာ တစ်ကြိမ်တစ်ခါတည်း လိင်ဆက်ဆံရုံနဲ့လည်း ကူးနိုင်ပါတယ်။ ကွန်ဒုံးသုံးရာမှာလည်း အဆန်းထွင်ထားတဲ့ ကွန်ဒုံးတွေ မသုံးသင့်ပါဘူး။ ဆိုလိုတာက ဂေါ်လီပါပြီသား၊ အမွှေးတပ်ပြီးသား စတဲ့ ကွန်ဒုံးတွေကို မသုံးသင့်ပါဘူး။ ပေါက်ပြဲလွယ်လို့ပါ။ တစ်ခါ ကိုယ် ကွန်ဒုံး ဝယ်တဲ့အခါမှာလည်း ဝယ်တဲ့ဆိုင်အခြေအနေကို လေ့လာပါ။ သူ ကွန်ဒုံးတွေထားတာ နေရာမှန်ရဲ့လား။ ကွန်ဒုံးတွေ ရေစိုနေလား၊ နေတိုက်ရိုက်ကျတဲ့ နေရာမှာထားလား စတာတွေကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်။ ဒါမှ ဘေးကင်းတဲ့ လိင်ဆက်ဆံတာကို စိတ်ချလက်ချ ရယူနိုင်ပါလိမ့်မယ်။

Comments

2 Comments

  • KoNaung152
    by KoNaung152 4 years ago
    ကွန်ဒုံးသုံးတာနဲ့  ဒီလူက ဒါမျိုးတွေ လိုက်စားနေတဲ့ သူ ၀ါရင့်ဆရာကြီးလို့  အထင်လွဲတာ အထင်သေးတာ။ နောက်တခုက လက်ခံတဲ့ သူ (bottom) ကိုလည်း မယုံကြည်ရာရောက်တယ်လို့ မြင်တတ်ကြတယ်။ တကယ်တော့ ဒါဟာနှစ်ယောက်လုံးအတွက် ဘေးကင်းဖို့ ဆိုတာ မြင်စေချင်တယ်..။
    ဥပမာလေးတစ်ခုပေါ့- ကွန်ဒုံးကိုသုံးမယ်ဆိုပြီး ထုတ်လိုက်တော့ ဒီလူက အစကတဲ့က ငါအပေါ် sex လုပ်ဖို့ အကြံရှိတဲ့ သူလို့  မြင်ပြန်ရော..မဟုတ်ပါဘူး ကိုယ် က အမြဲ ကွန်ဒုံးဆောင်ထားတတ်လို့ပါလို့ဖြေရှင်းလိုက်တော့ တစ်ခါထဲ sex မလုပ်ရဘဲ (အထင်လွဲ)ဂေါက်သွားတာနဲ့  ပျော်ရ၊ ကြည်နူးရမယ့်ဟာလေးပါ လစ်သွားတော့တာဘဲ... ရှိသေးတယ် အချစ်အတွက် သေမှာကြောက်သေးလား ဆိုတဲ့မေးခွန်း ခက်တယ်နော် ဖြေရ...ကဲ တစ်ကယ်အရေးကြီးတာက ကွန်ဒုံးသုံးတဲ့ သူပေါ် နားလည်ပေးဖို့ က အဓိကလို့ ထင်တယ်...
  • TT
    by TT 3 years ago
    Good! ကောင်းလိုက်တဲ့ပညာပေးလေးပဲဗျ.... ကွန်ဒုံးကိုဘယ်လိုသုံးစွဲရမယ်ဆိုတာ လူငယ်တွေသီသွားတာပေါ့ဗျာ.. ကျေးဇူး.. :)
Please login or sign up to post on this network.
Click here to sign up now.