မြန်မာ ဗွီဒီယို ဇာတ်လမ်း ငါး

Published by: HeartlessAngel on 29th Oct 2011 | View all blogs by HeartlessAngel
ဒီမေးခွန်းလေးက ကြယ်လေးကြိုက်တဲ့ မေးခွန်းလေးဖြစ်သလို ဆရာ လူနေ ရဲ့ ဇာတ်ကွက် ကို သူငယ်ချင်းတို့ ကြိုက်နှစ်သက်မယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်။
" မနေ့ က င့ါကို ကောင်လေးတစ်ယောက် က ရည်စားစကား လိုက်ပြောတယ် " အသံချွဲချွဲပျစ်ပျစ် နှင့် ကောင်မလေးတစ်ယောက်ကပြောသည်။ သူကထိုကောင်မလေးကို စိတ်ထဲကနေ "ပျစ်ပျစ်" လိုနာမည်တစ်ခုပေးလိုက်သည်။ " အဲ့ဒါများ အဆန်းလုပ်လို့၊ နင်က လှတဲ့ မိန်းကလေးပဲ၊ လိုက်ပြောခံရမှာပေါ့ " သူ့ သူငယ်ချင်းနောက်တစ်ယောက် က၀င်ငေါ့လိုက်သည်။ ဒါနဲ့ သူက လည်း ပျစ်ပျစ် သူငယ်ချင်းကို " မငေါ့ "လို့ ခင်ပွန်းတပ်ပေးလိုက်တယ်....
" ဟဲ့ ... ငါ့က တယုတယ နဲ့ ငါ့ကိုယ်ငါ ဂုဏ်တင်ပြီးပြောတာမဟုတ်ဘူး၊ အဲ့ဒီနေ့က သူက သူ့ကိုယ်သူ ဂုဏ်ဖော်နေလို့ လုပ်ထည့်လိုက်တာ "
" ဟဲ့ ..ဘယ်လို ... "
" နင်ကလည်း အဲဒီလောက်ကြီး ဖြစ်မသွားပါနဲ့၊ နည်းနည်းပါပါး ပညာစမ်းလိုက်တာပါ ။" ထို အခါ ကြယ်လေးလည်း စိတ်ဝင်တစားဖြစ်ပြီး အရှေ့တန်းမှ ထိုင်က ဆက်လက်နားထောင်နေလိုက်လေသည။်
" နင်ဘယ်လို စမ်းတာလဲ " ၊ " သူက ငါ့ကို စ၀င်ရောရော... ၊ ပထမတော့ သူက သူ့ကိုယ်သူ မိတ်ဆက်တာ အေးဆေးပါပဲ ... "
" နောက်တော့ ဘာဖြစ်လဲ "
" နောက်တော့ သူ့ အဖေက ဘယ်လောက်ချမ်းသာကြောင်း၊ ဘယ်အလုပ်တွေ လုပ်ကြောင်း ငါ့လာပြောရော "
" အင်း .... အဲ့ဒီတော့ ... "
ကြယ်လေး လည်း သူတို့ စကား မပြတ်တာနဲ့ ထမသွားသေးချေ။ ဆက်လက်ပြီးပြောလာမည့် စကားကို နားထောင်နေမိလေသည်။
" ငါလည်း အမြင်ကပ်ကပ် နဲ့ ရှင့် အဖေက ဘာလုပ်ငန်းလုပ်လဲလို့ မေးလိုက်တယ်"
" ငါးလုပ်ငန်း လုပ်ပါတယ်တဲ့၊ ဒါနဲ့ ငါလည်း မေးလိုက်တယ် "
" ဘာမေး လိုက်တာလဲ "
" ဒါဆို ရှင် က ငါးအကြောင်း တွေ တော်တော် သိရမှာပေါ့လို့ "
" အဲ့ဒီတော့ .. "
" အဲ့ဒီတော့ သူက အမြင်ကတ်လောက်အောင် ' ဟာ.. သိပ်သိတာပေါ့၊ ဘယ်လိုသိကြောင်း ၊ ဘာကြောင့်ပေါ့' ဆိုပြိးပြောတော့ ငါလည်း အမြင်ကတ်လာပြီး ' ရှင် ကျွန်မကို တကယ်ချစ်တာလား ' လို့ မေးလိုက်တယ် "
" ဟယ် ...ဘယ်လို ၊ နင်က ... "
" အံမယ်... သူက ထုံးစံအတိုင်း ဖြေတာပဲ ၊ ' သိပ်ချစ် ၊ အရမ်းချစ်တာပေါ့ ' တဲ့"
" နင်က တော့ လုပ်တယ်နော် ၊ တကယ်ဘဲ "
" ငါက သူ့ကို ပြောလိုက်တယ် ၊ ရှင် ကျွန်မ ကို ချစ်ရင် ရှင့်အဖေ ငါးကန်တွေထဲက ' မြန်မာဖိုက်တင် ဗွီဒီယိုဇာတ်လမ်း ငါးတွေကို ယူလာခဲ့ ' လို့ပြောလိုက်တယ် "
" ဘယ်လို ..." ဟု သာ အားလုံး အသံထွက်နိုင်တော့သည်။

ကြယ်လေးလည်း သူ့ဧ။် အဖြေကို တွေဝေစွာ အခုထိစဉ်းစား ရင်း ............

လာရောက်ဖတ် တဲ့ သူငယ်ချင်းတို့လည်း အဖြေကို သိရင်ပြောပေးလိုက်ကြပါနော်။

Comments

2 Comments

Please login or sign up to post on this network.
Click here to sign up now.