လိင်တူချစ်ခြင်း နှင့် ရေရှည်ဆက်ဆံရေး
Published by: Alex aung on 19th May 2013 | View all blogs by Alex aung
လိင်တူချစ်သူ အတော်များများ ဟာ အချစ်ရေး မှာ သိပ်ကံမကောင်းကြဘူး လို့  ပြောပြောနေကြပါတယ် ။ ဟုတ်ပါတယ် ပွင့်ပွင့်လင်းလင်း နေလို့ မရတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ လူတွေ ကိုယ့်ကို မရိပ်မိအောင် လည်း နေနေရတယ် အချက် တစ်ခု ကလည်း ချစ်သူနဲ့  ရေရှည် အတူတူ နေထိုင်နိုင် ဖို့ မဖြစ်နိုင်အောင် ဖန်တီးထားသလို ဖြစ်နေတာပေါ့  ။ ပတ်ဝန်းကျင် ကို မရိပ်မိအောင် ကိုယ့်ချစ်သူ နဲ့  စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့  ရန်ဖြစ်ရင်တော် ခပ်ထိန်းထိန်း လေး ဖြစ်ရတယ် လေ ... ။
အခြား အချက် တွေ လည်း အများကြီး ရှိပါတယ် ။ ဒါကိုတော့ အကျယ် မပြောလို တော့ပါဘူး ။ အခြေအနေ အရကိုး မဟုတ်လား ...... ။
ဒီနေ့  ပြောပြချင်တာကတော့ ရေရှည် တွဲ နိုင်မယ့် လှို့ ဝှက်ချက် အနည်းငယ် ပါ ။ ကျွန်တော် တို့  လိင်တူချစ်သူ လောက မှာ အနှစ် ၂၀ ၊ ၃၀ အတူတူ နေထိုင် ပြီး ခုလက်ရှိ တွဲ နေတုံး အတွဲ တွေ ရှိပါတယ် ။ လူတွေ သိပ်မသိကြဘူး ဆိုတာကတော့ သူတို့ ကိုယ်တိုင်ကို က မပြောပြချင်လို့ သာ ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့ လောက မှ တွေ့ ဆုံကြုံကွဲ တွေ က မကြာခဏ ဖြစ်နေလေတော့ စံနမူနာ ယူ ပြီး လူတွေ ရှေ့ မှာ ချပြ နိုင်လောက် တဲ့ ချပြဖို့  အခွင့်ပေးတဲ့ စုံတွဲ တွေ သိပ်ရှားပါတယ် ။  အဲဒါကြောင့် ကျွန်တော့် အတွေ့ အကြုံထဲ က နဲ့  အခြား အတွင်းသိ သငယ်ချင်း လိင်တူချစ်သူ စုံတွဲ တွေ ရဲ့ အတွေ့ အကြုံထဲ ကဘဲ ထုပ်ယူပြီး ပြောပါ့မယ် ။ 
         လွန်ခဲ့တဲ့ မေလ ၁၀ ရက်နေ့ တုံး က ကျွန်တော် လက်ထပ်ထားတာ ၅ နှစ်ပြည့် (ရည်းစားဖြစ်တာက ၁ နှစ် ဆိုတော့ ပေါင်း ၆ နှစ်ပြည့်ပေါ့ ) သွားပါပြီ ။ မတူညီတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ကတောက်ကဆ ဖြစ်တာ ရန်ဖြစ်ကြရတာ ရည်းစားဖြစ်တဲ့ နှစ်နဲ့  လက်ထပ်ခါစက တော့ နေ့ တိုင်းနီးပါးပါဘဲ ။ ဒီလို နဲ့  အောက်ပါ အချက် တွေ ကြောင့် တဖြေးဖြေး ရန်ဖြစ်တဲ့ရက်တွေ နည်းလာပြီး ပိုပို အဆင်ပြေလာ ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ရမယ် ဒီလို ဖြစ်ရမယ် ဒီဟာတွေ လုပ်မှ ရေရှည် တွဲ လို့ ရမယ်  လို့ တော့ တထစ်ချ မှတ်ယူလို့ မရနိုင်ပါဘူး ဆိုတာကိုတော့ စကားဦးပါးပါရစေ ။ 
      (၁) ရေရှည်တည်တည်တံတံ တွဲ ကြတဲ့ လိင်တူချစ်သူ စုံတွဲ တွေ ကို ကြည့်ရင် ပထမဦးဆုံး သူတို့ နှစ်ယောက် လုံး ဟာ အတွေးခေါ်တွေ တူကြတယ် စိတ်ဝင်စား ကြတာ ချင်း တူကြတယ် ဆိုတာကို တွေ့ ရပါတယ် ။ ကျွန်တော် ဆိုရင် လူမှူရေး လုပ်တာ တွေ စိတ်ဝင်စားတယ် ၊ ပါတီ တက်တာ စိတ်ဝင်စားတယ် ၊ အစားကောင်းကောင်း စားတာ စိတ်ဝင်စားတယ် ( ယေဘုယျ အရပေါ့လေ ) ကျွန်တော့ လက်တွဲ ဖော်ကလည်း ကျွန်တော့်လို ဘဲ အဲဒါတွေ စိတ်ဝင်စား တယ် ။ ဒီလို ဆိုတော့ တက်ညီလက်ညီ ပါတီ တက်လည်း အတူတူ ကလည်း အတူတူ ခုန် လည်း အတူတူ လူမှူရေး ဆိုလည်း အတူတူ လုပ်ကြတာ သိပ်ပျော်ဖို့ ကောင်းပါတယ် ။ ဒါပေမယ့် အတွေးအခေါ်နဲ့  စိတ်ဝင်စားမှူ မတူ တဲ့ အချက် တွေ လည်း ရှိပါတယ် ။ ဒီလို မတူညီ တာလေး တွေ က ကိုယ်နဲ့  သူ နဲ့  အကြား မတူခြားနားမှူ တွေ ကို ပေါ်ပေါက်စေပေမယ့် ကိုယ့်အားကိုယ်ကိုးမှူ အမှီအခို ကင်းကင်း ရပ်တည် ချင် မှူ နဲ့ အတူ ရှေ့ ရေး ဘ၀တိုးတက်စေဖို့  တွန်းအားတွေ ဖြစ်စေပါတယ် ။ 
     (၂)   ပွင့်လင်းမြင်သာ မှူ ရှိခြင်း ... ဟုတ်ကဲ့ ရေရှည် အတူတူ တွဲ ကြဖို့ ဆိုရင် တော့ တစ်ဦးနဲ့  တစ်ဦး မလိမ်ညာဘဲ ပွင့်ပွင့်လင်းလင်း ကိုယ့်စိတ်ထဲ မှာ ရှိတာ တွေ ကို ပြောပြ တတ်ရမှာပါ ။ ဒါက တော့ နှစ်ဖက်လုံးပေါ့နော် ပွင့်ပွင့် လင်းလင်း အရှိကို အရှိအတိုင်း ပြောပြ ရမှာပါ ။ အဲသလို ပြောလို့  စိတ်ဆိုး စိတ်ကောက် သွားတယ် ဆိုရင်တော့ ဒါ မရင့်ကျက်သေးဘူး ဆိုတာကို ပြတာ ဖြစ်ပြီး မရင့်ကျက် သေးရင် တော့ ရေရှည်တွဲ ဖို့  မသင့်တော် သေးဘူး လို့ ယူဆလို့  ရနိုင်မယ် ထင်ပါတယ် ။ သောက်ကြာ ညနေတုံး က တောင် ကျွန်တော့် လက်တွဲ ဖော် က ပါတီ မှာ တွေ့ တဲ့ ကောင်လေး တစ်ယောက် ကို ကြိုက်တယ် လို့  လာပြော တော့ ကျွန်တော် ရီနေလိုက်တယ် ။ ဟုတ်တယ်လေ ကြိုက်စရာ ကောင်းနေတာကိုး အဲဒီကောင်လေး က ။ အဲဒါကို လိုက် ပြီး ငါ့ဘဲ ကြိုက်ရမယ် သူ့ မကြိုက်ရဘူး လို့  လိုက် တားဆီး လို့  မှ မရတာလေ နော် ။ သူ့ ဟာသူ ဘယ်သူ့ ဘဲ ကြိုက်ကြို က် သူ့ စိတ်ထဲ မှာ ကိုယ့်ကို ချစ် နေတယ် ဆိုရင်ဘဲ ကျွန်တော် ကတော့ ကျေနပ် လိုက်တာဘဲ ။ 
        (၃)တတိယ တစ်ချက် ကတော့  ပြသနာ ဖြစ်လာရင် အပေါင်းလက်ခဏာ ဆောင်တဲ့ အဖြေကို၊ အခြေအနေကို ရောက်အောင် ညှိယူတတ်ခြင်း ပါဘဲ ။ ပြသနာ က တော့ လူတိုင်း တက်ကြမှာပါဘဲ ။ အဲဒီ တက်လာတဲ့ ပြသနာကို ဘဲ ဘယ်လို ရင် ဆိုင် ဖြေရှင်း လိုက် တာ ကတော့ အရမ်း အရေးကြီးပါ တယ် ။ ထွက်တဲ့ ဒေါသကို ထိမ်းတတ်ရပါတယ် ။ ဖြစ်လာတဲ့ ပြသနာကို စိတ်အေးအေး ထားပြီးမှ ရှင်းတတ်ဖို့ လို အပ်ပါတယ် ။ တစ်ဖက်သားကို အပြစ်တင် ပြီး ကိုယ့်အပြစ် သူ့ အပြစ် လုပ်ပြစ်တတ်တဲ့ အကျင့်ကို တော့ ဖြောက်ရမှာ ဖြစ်ပါတယ် ။ အကောင်းဆုံးကတော့ နှစ်ဖက်လုံး အနိုင် ရစေနိုင်တဲ့ win - win အခြေအနေကို ရအောင် ဖန်တီး တတ်ဖို့ လို အပ်ပါတယ် ။ ရေရှည် တွဲ နိုင်ကြတဲ့ လိင်တူချစ်သူတွေ ကို ကြည့်မယ် ဆိုရင် သူတို့ တွေ ဟာ ပြသနာဖြစ်လာရင် ကိုယ်ချစ်တဲ့ သူအတွက် အတ္တကို ရှေ့ တန်း မတင်ဘဲ ပေးဆပ် တတ်ကြပါတယ် သူတို့ အချင်းချင်း စိတ်ဝမ်းကွဲ ခြင်းကို ဖြစ်လာစေနိုင်မယ့် အပြုအမူတွေ ကို တတ်နိုင်သမျှ ရှောင်ရှားတတ်ကြပါတယ် ။ 
      (၅) ပျော်ရွင်စွာ အသက်ရှင် နေထိုင်ခြင်း နဲ့  ဖြစ်လာသမျှကို အရမ်းကြီး serious မဖြစ်ဖို့ ကလည်း အင်မတန် အရေးကြီးပါတယ် ။ အသက်တာ ဟာ သူ့ ဟာနဲ့ သူ တော်တော် လေး စိတ်ညစ်စရာ တွေ များ နေပါပြီ ။ ဘာကြောင့် ထပ်ပြီး စိတ်ညစ်စရာတွေ ကို ဒီအသက်တာ မှာ ထပ်ယူ သယ်ဆောင် အုံးမှာတုံးလေနော့်  ။ ရေရှည်တွဲ နိုင်တဲ့ စုံတွဲ တွေကို ကြည့်မယ် ဆိုရင် သူတို့ တွေ ဟာ ဖြစ်လာသမျှကို ဟာသ လုပ်ပြစ်တတ်တယ် သူတို့ အချင်းချင်း ပျော်ရွင်အောင် အချစ်ကို အခြေခံပြီး စနောက် တတ်တယ် ။ တစ်ချို့ က ကိုယ့်ဟာကိုယ် ပျော်အောင် သူများကို အသုံးချပြီး စနောက် တတ်တယ် ဒါပေမယ့်  အဲဒါတွေ ဟာ အမုန်း တရား ကို သာ ဖြစ်ပေါ်စေတယ်လေ နော် ။ အချစ်ကို အခြေခံပြီး စနောက် တာကို ဘယ်လို ရှင်းပြရမှန်းတော့ မသိဘူး ဒါပေမယ့် အဲဒီစနောက်ခြင်း က အမုန်းတရား တွေ အာဂါတ တရားတွေ အတ္တတွေ မပါဘူး သိပ်ဖြူစင်တယ် သိပ် ပျော်ဖို့ ကောင်းတယ် ။ ရေရှည်စုံတွဲ တွေ ဟာ သူတို့  အချင်းချင်း အပြင် သငယ်ချင်း တွေနဲ့ ကော ပတ်ဝန်းကျင် တွေ ကိုကော  အမုန်း  တွေ မတည်ဆေက်ကြဘူး ။ အတတ်နိုင်ဆုံး ချစ်ချစ် ခင်ခင် နဲ့  ပျော်ရွင်မှူတွေ ကို သာ တည်ဆောက် တတ်ကြတယ် ။
ဒီနေ့ တော့ ဒီလောက်ဘဲ နော့် အိပ်ချင်နေပြီ ။ နက်ဖန် အလုပ်ဆင်း၇အုံးမှာ မို့ လို့ ပါ ။
ချစ်သော
ယူရီ (https://www.facebook.com/sawyuri)
၁၉. မေလ ၂၀၁၃
စာကြွင်း။   ။ FB က ကိုယူရီစာမျက်နှာက နုတ်စ်မှာတွေ့လို့ပြန်လည်ကူး ယူဖော်ပြခြင်းဖြစ်ပါတယ်။
Comments
3 Comments
  • တိုက်တန်မယ်တော် ဒေစီဂျိမ်း
    တကယ်တန်ဖိုးရှိပါတယ် -- ခုပဲ မယူရီဖေ့ဘုတ်မှာဖတ်နေတာ
    မျှဝေပေးတာကျေးဇူးပါအကို
  • Nandasithu
    by Nandasithu 1 year ago
    Vote သွားပါတီစင့်
  • J     Xing(J 신)
    by J Xing(J 신) 1 year ago
    ညီလေးပြောမယ် ကိုကြီးနားထောင် ကို အဲလက်စ်ရေ ခုလို စာကောင်းလေးတွေဝေမျှပေးတာကျေးဇူးပါ၊
Please login or sign up to post on this network.
Click here to sign up now.