လိင်အင်္ဂါ ကြီးအောင် ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော ဆိုးကျိုးများ
လိင်အင်္ဂါ ကြီးအောင် ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော ဆိုးကျိုးများ
အမှန်က ရှေ့မှာလည်း လူတော်တော်များများ ရေးခဲ့ကြပြီးပြီမို့ ဒီအကြောင်းကို ရေးဖို့ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ မရှိသေးဘူး (အဓိက ဖြစ်လာနိုင်တဲ့ အန္တရာယ်) လို့ ယူဆတာကြောင့် ကိုယ်တွေ့ သိရှိထားတာလေးရယ်၊ ဖတ်ဖူးပြီး သိမ်းထားတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ယောက်ျား မှန်ရင် စိတ်အ၀င်စားဆုံး ကိစ္စဟာ ရှိရင်းစွဲ လိင်အင်္ဂါထက် ကြီးမားစေရေးပါပဲ။ ဒီကိစ္စရပ်ဟာ ကြီးကြီးငယ်ငယ် အရွယ်မရွေး ဘယ်တော့မှလည်း မရိုးနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။
ကျားဆိုတာက ကိုယ့်စိတ်လုံခြုံမှုအတွက်ရယ်၊ ကိုယ့်ကို စွဲစေချင်တာရယ်၊ ဂုဏ်ယူချင်တာရယ်ကြောင့် ကြီးချင်တတ်ကြတာမို့ မကြီးရ မနေနိုင် ကြီးအောင် လုပ်မှာပဲလို့ ဆုံးဖြတ်ထားရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့သာ ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။
တော်ကြာ ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို လုံးဝ
သုံးမရတော့တာတို့၊ ပုံသဏ္ဍန် ပျက်သွားလို့ လူမြင်မခံရဲတာတို့ ဖြစ်ရင်
လူဖြစ်ရှုံးခြင်း၊ သိမ်ငယ်စိတ် ၀င်ခြင်း အစ အစရှိသော လူမှုရေး
ဒုက္ခများကို ခံစားရမှာ ဖြစ်လို့ပါပဲ။
အထူးသဖြင့် အရှက်အကြောက် ကြီးတဲ့သူဆိုရင် အိမ်ထောင်မပြုရဲတော့ခြင်း၊
လိင်ဆက်ဆံဖော် များတတ်တဲ့သူတွေဆိုရင် လူပေါင်းစုံနီးပါး ခဏခဏ
ပြရမှာမို့ ပုံသဏ္ဍန်ပျက်လို့ မဖြစ်နိုင်ပါဘူး။ သေးတာ၊
အနေတော်ဖြစ်တာကို ပြရတာက ပုံပျက်တာထက် စာရင် အများကြီး
ကောင်းပါတယ်။
တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ရေးသားချက်ကို မဖော်ပြမီ ဆေးထိုးခြင်းရဲ့ ကောင်းကျိုးမရှိ ဆိုးကျိုးသာ ရှိတာကို အရင်ဆုံး ပြောပြချင်ပါတယ်။
ကျွန်တော် သိတဲ့ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါဟာ လှလှပပနဲ့ တန်းဝင် အရွယ်အစားပါ။ ဒါပေမယ့် စိတ်ကို အလိုလိုက်တာရယ်၊ လက်တည့်စမ်းချင်တာရယ်ကြောင့် လိင်တံမှာ ဆေးထိုးခဲ့တယ်။
ဆေးထိုးပြီး ၂ ပတ်အကြာမှာ လိင်တံက အရေပြားဟာ ယောင်ပြီး မာခဲလာတာ ဘာနဲ့တူသလဲဆိုရင် သီဟိုဋ်စေ့ကို ထုတ်ယူရတဲ့ သီဟိုဋ်သီး အမှည့်ကို မြင်ဖူးကြမယ် ထင်ပါတယ်။ သီဟိုဋ်စေ့ကို ကွမ်းသီးခေါင်းလို့ သဘောထားရင် နီရဲ သို့ နီညို မှည့်တင်းပြီး ဖောင်းကားနေတဲ့ အစေ့အောက်က အသီးကို လိင်တံအနေနဲ့ မြင်ကြည့်လိုက်ပါ။ တော်တော့်ကို ကြည့်ရဆိုးပါတယ်။
ဆိုးရုံပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ပြင်ပက ထိုးသွင်းတဲ့ သံလွင်ဆီ သို့ မုန်ညင်းဆီ သို့ အဆီတစ်ခုခု သို့ ဆီလီကွန် အစရှိတို့ကို Foreign Body လို့ခေါ်ပြီး လူ့ကိုယ်ခန္ဓာက ဓါတ်နဲ့ မတည့်တာကြောင့် ဝေဒနာရှင်ဟာ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခဲခြင်း စတာတွေကို မခံနိုင်အောင် ခံစားရတယ်။
လိင်အင်္ဂါ ယောင်ပြီး နာကျင်နေတာကို ရှက်လို့ ကြိတ်ကုတဲ့သူတွေ၊ အချိန်မီ ဆေးရုံ (အထူးသဖြင့် Urologist သို့ Plastic Surgeon နဲ့) မပြတဲ့သူတွေဆိုရင် ကွဲထွက်ပြီး အခြေအနေ အရမ်း ဆိုးဝါးတတ်ကြတယ်။
အများအားဖြင့် Dose များခြင်း၊ အရေပြားတင်မကပဲ အသားထဲထိ ထိုးသွင်းမိခြင်း၊ ဓါတ်မတည့်ခြင်းတွေကြောင့် ဖြစ်တတ်ကြပါတယ်။
အဲ့လိုတွေ ဖြစ်လာရင် အများအားဖြင့် Steriod ဆေးဝါးကို အမြဲ စွဲသောက်ရပြီး ရေရှည်မှာ အရိုးပွခြင်း၊ သွေးကျဲစေခြင်း၊ သွေးတိုးစေခြင်း၊ မျက်နှာအသား ဖောသွပ်စေခြင်း၊ အစာချေစနစ် အားနည်းစေခြင်း အစ အစရှိသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
ထို့နောက် မခံနိုင်တဲ့အဆုံး ဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေရဲ့ လိင်အင်္ဂါ အရေပြားကို ဆရာဝန်တွေက ငါးရံ့ခြောက် ခွဲသလို ခွဲပြီး အရေပြားထဲမှာ ရှိတဲ့ မလိုလားအပ်တဲ့၊ သူတို့ထိုးထားတဲ့ အရာတွေကို တတ်နိုင်သလောက် ကုန်စင်အောင် ခြစ်ထုတ်ပေးပြီး ပြန်ချုပ်ပေးရပါတယ်။ မေ့ဆေး သို့ ထုံဆေးပြယ်ချိန်မှာ ဘယ်လောက်နာကျင်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ပြီးရင် အနာမကျက်မချင်း ပတ်တီးလဲချိန်မှာ နာကျင်မှု၊ နာ့စ်ကို ကျားမ မရွေး ပြရမှု၊ ဆရာဝန်တွေ လှည့်လာရင် ဆရာဝန်ကြီးရော ပေါက်စတွေရော ပြရမှု စဉ်းစားကြည့်ပါ။
ကံကောင်းရင်တော့ တစ်ခါ ခွဲထုတ်လိုက်တာနဲ့တင် ကိစ္စပြီးနိုင်ပါတယ်။ ဒါပေမယ့် လိင်အင်္ဂါကတော့ ကံမကောင်းရင် ချုပ်ရိုးတွေကြောင့် မိမွေးဖမွေးသလို မရှည်တော့ပဲ အနည်းငယ် တိုသွားပါတယ်။
ခွဲစိတ်တဲ့နေရာမှာလည်း ဆရာဝန်ရဲ့ လက်ရာ သေသပ်ခြင်း၊ မသေသပ်ခြင်း၊ ခွဲရတဲ့ အနေအထား ကွာခြားခြင်းပေါ် မှုတည်ပြီး မူလ အသွင်သဏ္ဍန်ကနေ ကွဲပြားနိုင်ပါသေးတယ်။
ကျွန်တော့် မိတ်ဆွေဆိုရင် ပထမ ခွဲထုတ်ပြီး ၂-လအကြာ အနာကျက်ပြီး ကောင်းပြီလို့ ထင်ရချိန်မှာ ပြန်ဖြစ်လို့ နောက်တစ်ခါ ထပ်ခွဲထုတ်ရပါတယ်။ ခံလိုက်ရတဲ့ နာကျင်မှု၊ ကုန်လိုက်တဲ့ ပိုက်ဆံ၊ ကွဲလိုက်တဲ့အရှက် စတဲ့ ဒုက္ခသုက္ခတွေကို ကြည့်ပြီး သူငယ်ချင်း တစ်ယောက်အနေနဲ့ လိုအပ်သမျှကို ကူညီရုံကလွဲလို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။
သူ ကံကောင်းတာက အရေပြားတင် ဖြစ်တာမို့ မယောင်ရင် ဘာမှ
မဖြစ်ပါဘူး။ ဆီးသွားတာ၊ လိင်ဆက်ဆံတာ အကုန် အဆင်ပြေတယ်။ ဒါပေမယ့်
ယောင်နေချိန်ဆိုရင် ဒုက္ခရောက်ရပါတယ်။ ယောင်ချိန်မှာ သွေးက
အဲ့ဒီနေရာကို ပိုတိုးတဲ့အတွက် မသိစိတ်နဲ့ သိစိတ်က သူ့အလိုလို
သတိထားမိစေတာမို့ စိတ်ကို ကြွအောင် လုပ်ပေးသလို ဖြစ်စေတာကြောင့်
ယောင်နေတာကို ဆွဲဆန့်သလို ဖြစ်စေတဲ့အတွက် နာကျင်မှုကို ခံစားရတယ်လို့
ပြောတယ်။
အဲ့ဒီလို ယောင်တိုင်း Steriod ဆေး အပြင်းစားတွေကို အမြဲ
သောက်ရပါတယ်။
(တစ်ချို့ဆိုရင် ဆီးတောင် ကောင်းကောင်း မသွားနိုင်တာတို့ ဘာတို့ အစုံရှိပါတယ်။ တစ်ခါခွဲပြီးလို့ ပြန်ယောင်ရင်လည်း များသောအားဖြင့် ချက်ချင်း ခွဲလို့ မရဘူး။ အနည်းဆုံး ၆-လ၊ တစ်နှစ်လောက် စောင့်ရပါတယ်။ အရေပြားက နုလွန်းတော့ အသားသေအောင် စောင့်ရတာပါ။ အခန့်မသင့်လို့ ခွဲစိတ်ရင်း မလိုလားအပ်တဲ့ အကြောအမျှင်တွေကို ထိသွားရင် ပန်းသေ၊ ပန်းမသန် ဖြစ်နိုင်ပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိအကျ မတူနိုင်ပေမယ့် ခံစားရတာချင်းကတော့ အတူတူပါပဲ။)
သူ ကံဆိုးတာက သူ့ခန္ဓာကိုယ်က အဲ့ဒီ Foreign Body ကို စုပ်ယူမှုအားကောင်းလို့ (ဆိုပါစို့) အလိုလို ဓါတ်ပြန်ပြန်ပြုနေတဲ့အတွက် ဘယ်လိုပဲ ခြစ်ထုတ်ခြစ်ထုတ် ပြန်ပြန် ယောင်နေတော့တာပဲ။
အဲ့ဒါနဲ့ နောက်ဆုံး လိင်တံက အရေပြားကို ဖြတ်ထုတ်ပစ်ပြီး ဝှေးစေ့က အရေပြားနဲ့ အစားထိုး ကုသခဲ့ဖို့ အဆင့်နှစ်ဆင့်ရှိတာမို့ နှစ်ကြိမ်ခွဲခဲ့ရပါတယ်။ တစ်ချို့လည်း ပေါင် သို့ တင်ပါးက အရေပြာနဲ့ အစားထိုး ကုသကြတယ်။ ဒါပေမယ့် ဝှေးစေ့က အရေပြားက အသင့်တော်ဆုံးနဲ့ အနီးစပ်ဆုံးပါပဲ။
စုစုပေါင်း ၅ကြိမ် (၈နှစ်အတွင်း) ခွဲစိတ်ကုသအပြီးမှာ ပြန်လည် မယောင်ရမ်းတော့ဘူး။ ဆေးလည်း သောက်စရာ မလိုတော့ဘူး။ ဒါပေမယ့် အရေပြားအရောင်ကတော့ ပြောင်းသွားပါတယ်။
ကံကောင်းတာက သူက ပိုက်ဆံလေး တတ်နိုင်လို့သာပေါ့။ ပိုက်ဆံသာ
မတတ်နိုင်ခဲ့ရင် ဘယ်လို လုပ်မလဲ။
ဒီလို ပြန်ခွဲထုတ်ရသူတွေ ဘယ်နှစ်ယောက်ရှိပြီလဲ။ လူရာမ၀င်တော့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိပြီလဲ။ ပုံသဏ္ဍန် ပျက်သွားသူတွေ ဘယ်နှစ်ယောက် ရှိပြီလဲ ဘယ်သူမှ အကြမ်းဖျင်း မသိသလို စနစ်တကျ စာရင်းပြုစုထားတာလည်း မရှိပါဘူး။
မြန်မာပြည်က ဆရာဝန်တွေအနေနဲ့လည်း ဒီကိစ္စကို သိလျှက်နဲ့ အကျယ်တ၀င့် ပညာပေး ရေးသားခြင်း မပြုလုပ်ကြတဲ့အတွက် ဆေးထိုးမှုကြောင့် ကံကောင်းလို့ ဘာမှ မဖြစ်ကြရင်တောင် အရေပြားပဲ ထူပြီး ကြီးနေတာမို့ အရင်လို တောင့်တင်းမာကျောမှု မရှိပဲ ပျော့တော့တော့ဖြစ်ခြင်း၊ ဖောင်းတဲ့နေရာကဖောင်း၊ မဖောင်းတဲ့နေရာက မဖောင်းနဲ့မို့ ဆေးထိုးခြင်းကို ဘယ်တော့မှ လုံးဝ (လုံးဝ) မလုပ်ပဲ ဆောင်ကျဉ်ကြဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။
အခြားသော နည်းလမ်းတွေ ဖြစ်တဲ့
လေပြွန်နဲ့စုပ်ခြင်းဟာလည်း သုံးသင့်တဲ့ ဖိအား (စုပ်အား)ထက်
ပိုသုံးမိရင် နုနယ်တဲ့ သွေးကြောမျှင်တွေ ပျက်ဆီးသွားပြီး ရေရှည်မှာ
ပန်းသေပန်ညိုး ဖြစ်နိုင်ပါတယ်။
သာမန်လူတွေ အနေနဲ့ကတော့ ဒီလိုမျိုး ပြင်ပက အဆီ တမျိုးမျိုး၊ ဆီလီကွန် အစရှိတဲ့ အရာတစ်ခုခု (Foreign Body) ခန္ဓာကိုယ်ထဲကို ထည့်လို့ မရဘူးဆိုတာ သိနိုင်သူ ရှားပါးလှပါတယ်။ သာမန်ဘွဲ့ရတွေတောင် မသိကြပါဘူး။
ဆေးထိုးကြတဲ့သူတွေ အကုန်လုံးနီးပါးက ဒီလိုတွေ ဖြစ်တတ်တယ်ဆိုတာကို ဘယ်သူက မသိလို့ ထိုးခဲ့မိကြတာချည်းပါပဲ။ မြန်မာနိုင်ငံမှာ ပိုတောင် ဆိုးပါသေးတယ်။ တစ်ချို့ဆရာဝန်တွေဆိုရင် ပညာမပေးတဲ့အပြင် သူတို့ ကိုယ်တိုင်က ထိုးပေးနေတဲ့အတွက် လူငယ်တွေကို မှားယွင်းသော သတင်းအချက်အလက်တွေ ပေးသလို ဖြစ်နေစေပါတယ်။
အမှန်ဆို စဉ်းစားကြည့်တာနဲ့ ရင်နာစရာ ကောင်းလှတယ်။ ငယ်ရွယ် နုပျိုစဉ်မှာ မသိ နားမလည်လို့ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် ဘ၀ရဲ့ ပျော်ရွှင်စရာ အချိန်တွေဟာ နုပျိုစဉ်ကာလမှာ စိတ်ဆင်းရဲခြင်း၊ ပျော်ရွှင်မှု ဆိတ်သုဉ်းခြင်း၊ သိမ်ငယ်စိတ်များ ကြီးစိုးနေခြင်း အစရှိတဲ့ မကောင်းသော အရာတွေနဲ့သာ ဖြတ်သန်းခဲ့ရတယ်။
ဒါတွေဟာ တာဝန်ရှိတဲ့သူ (အထူးသဖြင့် ဆရာဝန်တွေ) သူတို့ အလုပ်ကို တာဝန်ကျေပွန်စွာ မထမ်းဆောင်ခဲ့ကြလို့ပဲ။
ဒါကြောင့် ဘယ်အရွယ်အစားဟာ သေးတယ်ဆိုတာကို သိချင်ရင်၊ အမှန်တကယ် ကြီးချင်တယ်ဆိုရင်လည်း ဘယ်နည်းလမ်းတွေက အန္ထရယ် မရှိဘူးဆိုတာကို သေသေချာချာ သိရှိရအောင် ဆရာဝန်တွေ အကြံပေးထားတဲ့ အောက်ဖော်ပြပါ လင့်ခ် ၃-ခုကို ဗဟုသုတအဖြစ် အရင် ဖတ်ကြည့်စေချင်ပါတယ်။
Penis enlargement (1) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=456:penis-enlargement-&catid=34:adult-readings&Itemid=49
Penis enlargement (2) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=376:penis-enlargement-2-&catid=34:adult-readings&Itemid=49
Penis enlargement (3) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=375:penis-enlargement-3-&catid=34:adult-readings&Itemid=49
ပြီးလို့မှ ထပ်သိချင်တယ်ဆိုရင် ဒေါက်တာ တင့်ဆွေဆီကို drswe01@gmail.com အီးမေးလ် ပို့ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။
တခြားသော ဆေးပညာ ဗဟုသုတ ရလိုသူတွေ ဒေါက်တာတင့်ဆွေရဲ့ ဆိုဒ်ကို မကြာခဏ ၀င်ကြည့်နိုင်ပါတယ်။
ယောက်ျားတိုင်း ရှိတာလေးနဲ့ ရောင့်ရဲနိုင်ခြင်း၊ ကောင်းမွန် မှန်ကန်သော နည်းလမ်းများဖြင့်သာ မိမိတို့ စိတ်အနည်းငယ် ကျေနပ်ရုံ ဆင်ခြင် ပြုလုပ်နိုင်ကြပါစေ။
လေးစားခင်မင်စွာဖြင့်
ကိုလူဖြူချော
7 Feb 2012 ( 4;34PM)
စကားချပ်။ ဒီစာကို ဖတ်ပြီး တစ်စုံတစ်ယောက် ဘေးဖြစ်မယ့်ဒုက္ခက ရှောင်ကြဉ်နိုင်ခဲ့ရင် ကျွန်တော့် မိတ်ဆွေအစား ရေးပေးရကျိုး နပ်ပါပြီ။ ဒါကြောင့် ကျွန့်တော့် ဆောင်းပါးကို တတ်နိုင်သလောက် အီးမေးလ်နဲ့ ဖြစ်ဖြစ် လက်ဆင့် ကမ်းကြခြင်းဖြင့် အမျိုးသား အချင်းချင်း ပညာပေး ကယ်တင်ကြပါလို့ ထပ်မံ တိုက်တွန်းလိုက်ရပါတယ်။

142 Comments
ဝမ်းသားပါတယ် ... ကိုယ် ပေးဝေ လက်ဆင့်ကမ်းလိုက်လို့ တစ်စုံတစ်ယောက် အကျိုးရှိသွားတော့ ကုသိုလ်ရတာပေါ့ ...
ဒီဘလော့လေး ဖတ်ရတာ အရမ်းဗဟုသုတရပါတယ် ...
ဒါပေမယ့် မမွှေရမနေနိုင်ဆိုတော့ ... ဟီးဟီး ...
တကယ့်ကို နှိုက်နှုက်ချွတ်ချွတ် အတွင်းကျကျ သိနေတာဆိုတော့ အင်း
သိနေဒယ် နော် သိနေဒယ် ... :)
နောက်တစ်ခါ HIV+ & AIDS အကြောင်း နှိုက်နှိုက်ချွတ်ချွတ်များ ရေးရင်လည်း ... ဟင်းးးးးးးးးးးးးးးးးး
စောစောစီးစီး လုပ်စရာ ရှိတာ လုပ်ထားလေ ကိုယ့်အတွက် ... အလုပ်သွားရတော့မယ် ...
တစ်ဆိတ်ရှိ ဒီ မယားနှစ်ယောက်က အပေးအယူတည့်စွာ ကိုယ့်ချစ်လင်ကို မွှေမယ် ... စမယ်ဆိုတာချည်းပဲ ...
ပြောသာပြောရတာပါ ... ကိုယ်ကလည်း ဒီ မယား ၂-ယောက်ကမှ မွှေတာ စတာ မကြားရရင် နေတတ်တော့ဘူး ...
ညီ့ အစီအစဉ်ကို ပြန်လည် သုံးသပ်နိုင်အောင် ခဏ ရပ်တန့်စေတဲ့အတွက် ၀မ်းသာပါတယ် ...
အစ်ကို ပေးထားတဲ့လင့်ခ်တွေ ဖတ်ကြည့်ပါ ... အကျိုးရှိစွာ ဘယ်လို ကိရိယာမျိုးအသုံးပြုနိုင်မလဲ၊ ဘယ်လိုမျိုး ကိရိယာလွတ် လေ့ကျင့်ခန်းတွေ လုပ်နိုင်မလဲ သိနိုင်ပါတယ် ...
စိတ်ကျေနပ်ဖွယ် အဆင်တန်ဆာများ ပိုင်ဆိုင် ရွှင်လန်းနိုင်ပါစေ ...
အဲ့ဒါလည်း ရပါတယ် ...
လိင်တံကို Elastic Bandage နဲ့ နေ့တိုင်း သက်တောင့်သက်သာရှိရုံ ခပ်ကြပ်ကြပ်လေး စည်းပေးထားရင် ပိုပြီး လုံးကျစ် သေးသွယ်သွားနိုင်ပါတယ် ...
ကိုယ်ဝန်ဆောင်သည်တွေ မီးဖွားပြီးရင် ဗိုက်ကို ပြန်ချပ်အောင် ပတ်တီးစည်းသလိုပေါ့ ...
အဲ့ဒါမှ မရဘူးဆိုရင် လူကိုယ်တိုင် ကိုယ့်နဲ့လာနေ လပိုင်းအတွင်း သေးသွားစေရမယ် ... ဘာလို့လဲဆိုတော့ Moses လေးရဲ့ လိင်အင်္ဂါကို အသုံးမပြုရအောင်ကို ကိုယ်က အချိန်နဲ့ တစ်ပြေးညီ ကူညီပေးမှာမို့လို့ပဲ ... ဟိဟိ
နောက်တစ်ယောက်ကလည်းရှိသေးတယ်ဗျ.. ကျွန်တော်နေတဲ့ နေရာကပဲ တလောကမှ အိမ်ထောင်ပြုသွားတဲ့ လူငယ်တစ်ယောက်ဗျ.. လူပျိုဘ၀တုန်းကတော့.. ကြီးလေကောင်းလေထင်ပြီး.. ကြီးဆေးတွေထိုးတာပေါ့ဗျာ.. အိမ်ထောင်ကျတော့ သူ့မိန်းမကမခံနိုင်လို့တဲ့.. သူနဲ့ကို မအိပ်ရဲလို့.. တစ်လလောက်ကြာမှာ ကွဲသွားပါရောလား.. (အိမ်ထောင်ကွဲသွားတာကိုပြောတာနော်.. တလွဲမတွေးကြပါနဲ့ ဟိဟိ..) ခုတော့ သူ့မှာ လိုချင်ပါလျှက်နဲ့.. ဘယ်သူမှ သူ့အနားမကပ်ရဲတော့လို့.. ယူပါကယ်ပါအုံးပြောနေကြတာဗျ..
ကျွန်တော် ထင်တာတော့ သူ့ရဲ့ လိင်အင်္ဂါက Not Evenly Big ဖြစ်နေတာ ထင်တယ်။ အများအားဖြင့် ဆေးထိုးထားတဲ့သူတွေက ဆေးထိုးပြီးစမှာ ညီညီညာညာ ကြီးအောင် (အရေပြား ညီညီညာညာ ထူအောင်) ဆေးလိပ် လိပ်သလို လက်ဖ၀ါး ၂-ဖက်နဲ့ ၅-ရက် တစ်ပတ်လောက် လှိမ့်ပေးရတယ်။ ဒါပေမယ့် ဘယ်လောက် ညီညာအောင် ကြိုးစား ကြိုးစား အချိန်ကာလကြာလာတာနဲ့အမျှ အဲ့ဒီ ညီညာမှုတွေ လျှော့နည်းလာပြီး ဖောင်းတဲ့နေရာကဖောင်း မဖောင်းတဲ့နေရာက မဖောင်း ဖြစ်လာတတ်တယ်။ လိင်တံက အရေပြားဟာ အခြားအရေပြားလို ၁-လွှာထဲ မဟုတ်ပဲ ၃-လွှာဆိုလား ရှိတဲ့အတွက် အလွှာကြားမှာ ရွေ့လျားသွားတာလို့ ဆရာဝန်တွေက ပြောကြတယ်။
ကျွန်တော် သိသလောက် သဘာဝအတိုင်း အချိုး ပြေပြေ အရမ်းကြီးတဲ့သူတွေ လောကမှာ အများကြီးပါ။ ဘယ်မိန်းကလေးကမှ မတန်ရင်ကာဆိုပြီး ပြန် မလွှတ်ကြပါဘူး။ အထူးသဖြင့် မျက်နှာများလေ့ မရှိတဲ့ အိမ်ထောင်ကျသွားသော မြန်မာ မိန်းကလေးတွေပေါ့။ အချိန် ပိုယူရတာကလွဲရင် အလိုလို အဆင်ပြေသွားကြတာချည်းပါပဲ။ အများဆုံး မင်္ဂလာဦးညမှာ ယောင်တာ၊ ပြုတာဖြစ်လို့ ဆေးခန်းပြရတာလောက်ပါပဲ။
အဲ့ဒီ ညီလေးနဲ့ခင်ရင် သေသေချာချာ မေးမြန်းကြည့်ပေါ့။ ကျွန်တော် ပြောသလိုမျိုး ဖြစ်နေတာဆိုရင် ဆေးရုံမှာ သွားပြီး ပြန်ခြစ်ထုတ်တဲ့ နည်း သို့ အဆင်ပြေအောင် ပြန်လုပ်ပေးနိုင်မယ့် နည်းတော့ ရှိမှာပါ။
လူပျိုပေါက်တုန်းက ကြားဖူးတာတော့ တစ်ချို့ အလုပ်မှာ အက်ဆီးဒန့် ဖြစ်ပြီး ရောက်လာတာ လိင်အင်္ဂါထိသွားလို့ ဖြတ်လိုက်ရပြီး ပေါင်တို့ တင်ပါးတို့က အသားစနဲ့ အစားထိုးလိုက်ရတယ်လို့ ကြားဖူးတယ်။
ခု ပြန်တွေးကြည့်တော့ လူတွေ ချဲ့ပြောတာလို့ ယူဆမိတယ်။ လိင်တံကို အသားစနဲ့ အစားထိုးလို့ ခုထိ မရသေးပေမယ့် လိင်တံချင်း အစားထိုး ကုသပေးလို့တော့ ရတယ်လို့ ဖတ်ရတယ်။ ဒါပေမယ့် ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်ဖို့ မလွယ်လောက်ဘူး။ တော်ရုံလူက မရောင်းဘူးလေ။ ဟိဟိ
နောက်ပိုင်း အသက် သိပ်မကြီးခင် သေတဲ့သူဆီက အလှူခံပြီး သုံးလို့ ရရင်တော့ ပို အဆင်ပြေလာမလားပဲ။
ကျွန်တော့်တို့ နာမည် ကောင်းကောင်း မခေါ်မချင်း ဘယ်တော့မှ ဟော့ဒေါ့တို့၊ ဘာနာနားတို့၊ အချောင်း သဏ္ဍန်ရှိသော အစားအစာ မှန်သမျှ စားခွင့်ပိတ်ပြီး ဒဏ်ခတ်တယ် ... ဒါပဲ ...
မြောက်ယာစံ ချောအလှကလျာ ဇကောဇကကြာနဲ့ အတော့ စိတ်ပျက်စရာကောင်းသော အိမ်သူ သက်ကျား ... အမ် .. သက်ထားအား ယဉ်ကျေး သိမ်မွေ့စေခြင်းအလို့ငှာ ချစ်ခြင်းအား သိုဝှက်ရင်း မျက်နှာတော် တည်ကြည်စွာဖြင့် မိန့်ဆိုလိုက်ရလေသည် ....
အထက်မှာ ဖော်ပြခဲ့ကြသလို ဖြစ်ရတာကလည်း အဲ့ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးတွေ၊ အထူးသဖြင့် အမျိုးသားတွေကို ဘေးဒုက္ခ မရောက်ရအောင် စေတနာ ရှေ့ထားပြီး ပညာပေးမယ့် ဆရာဝန်တွေရဲ့ လစ်ဟင်းမှုကြောင့်လို့ ပြောရမှာပါပဲ။
သာမန်လူတွေ အနေနဲ့ကတော့ ဒီလိုမျိုး ပြင်ပက အဆီ တမျိုးမျိုး၊ ဆီလီကွန် အစရှိတဲ့ အရာတစ်ခုခု (Foreign Body) ခန္ဓာကိုယ်ထဲကို ထည့်လို့ မရဘူးဆိုတာ ဘယ်လို သိနိုင်မှာလဲ။ သာမန်ဘွဲ့ရတွေတောင် မသိကြပါဘူး။
ဆေးထိုးကြတဲ့သူတွေ အကုန်လုံးနီးပါးက ဒီလိုတွေ ဖြစ်တတ်တယ်ဆိုတာကို ဘယ်သူက မသိလို့ ထိုးခဲ့မိကြတာချည်းပါပဲ။ မြန်မာနိုင်ငံမှာ ပိုတောင် ဆိုးသေး။ တစ်ချို့ဆရာဝန်တွေင ပညာမပေးတဲ့အပြင် သူတို့ ကိုယ်တိုင်က ထိုးပေးနေတော့ လူငယ်တွေကို မှားယွင်းသော သတင်းအချက်အလက်တွေ ပေးသလို ဖြစ်နေတာပေါ့။
အမှန်ဆို စဉ်းစားကြည့်တာနဲ့ ရင်နာစရာ ကောင်းလှတယ်။ ငယ်ရွယ် နုပျိုစဉ်မှာ မသိ နားမလည်လို့ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် ဘ၀ရဲ့ ပျော်ရွှင်စရာ အချိန်တွေဟာ နုပျိုစဉ်ကာလမှာ စိတ်ဆင်းရဲခြင်း၊ ပျော်ရွှင်မှု ဆိတ်သုဉ်းခြင်း၊ သိမ်ငယ်စိတ်များ ကြီးစိုးနေခြင်း အစရှိတဲ့ မကောင်းသော အရာတွေနဲ့သာ ဖြတ်သန်းခဲ့ရတယ်။
ဒါတွေဟာ တာဝန်ရှိတဲ့သူ (အထူးသဖြင့် ဆရာဝန်တွေ) သူတို့ အလုပ်ကို တာဝန်ကျေပွန်စွာ မထမ်းဆောင်ခဲ့ကြလို့ပဲ။
အထူးသဖြင့် အဲ့ဒီလို အဖြစ်ဆိုးတွေကို ဆင်းရဲပြီး ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေက အမျိုးသားတွေမှာပဲ တွေ့ရတယ်။
ဒါကြောင့် ကျွန့်တော့် ဆောင်းပါးကို တတ်နိုင်သလောက် အီးမေးလ်နဲ့ ဖြစ်ဖြစ် လက်ဆင့် ကမ်းကြခြင်းဖြင့် အမျိုးသား အချင်းချင်း ပညာပေး ကယ်တင်ကြပါလို့ ထပ်မံ တိုက်တွန်းလိုက်ရပါတယ်။
အထက်ပါ လိင်အင်္ဂါကိစ္စကိုလည်း စဉ်းစားကြည့်ကြရအောင်။ စာဖတ်သူ ရှိသလို စာမဖတ်သူရှိတယ်။ ကိုယ်ကျိုးစွန့် အနှစ်နာခံတဲ့ ဆရာဝန် ရှိသလို အသပြာဆရာဝန် လည်းရှိတယ်။ ဒီတော့ .. ဒီအဖြစ်အပျက်တိုင်းဟာ အကျိုးတရားတွေ ရှိလို့သာ ဒီအကြောင်းတွေ ရှိရတယ်။ ကျွန်တော်ဆို သိချင်စိတ်ရှိရင် ရအောင် ရှာဖွေလေ့လာပါတယ်။ ခေတ်ကာလက medium မျိုးစုံ ရှိနေပါပြီ။ ဆိုလိုချင်တာက အပြစ်တင်မယ်ဆိုရင်လည်း နည်းနည်းလေး လျှော့ပေါ့ပေးသင့်ပါတယ်။
WHO ရဲ့ Statement နဲ့ နိဂုံးချုပ်ရရင် - Ultimate responsibility for the performance of a country's health system lies with the government. နောက်ဆုံး လေ့လာဖူးတဲ့ နိုင်ငံရေး အဆိုတစ်ခုကတော့ " နိုင်ငံသားတိုင်းသည် မိမိတို့ နှင့်ထိုက်တန်သော အစိုးရတစ်ရပ်ကိုသာ ရရှိကြသည်"။ ဒီလိုဆို ကျွန်တော်တို့ အစိုးရကို အပြစ်တင်မလား ကိုယ့်ကိုကိုယ် အပြစ်တင်ကြမလား။
ဒီနေရာမှာတော့ ညီနဲ့ အစ်ကိုနဲ့က အနည်းငယ် ကွဲလွဲပါတယ်။ ဒါပေမယ့် ညီ့ကို ကွဲလွဲပေမယ့် နားလည်ပေးပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အနှစ် နှစ်ဆယ်ကာလမှာ မြန်မာနိုင်ငံမှာ သတင်းစာ၊ ကာတွန်း၊ ၀တ္ထု၊ မဂ္ဂဇင်းကလွဲလို့ ဘာမှ ဖတ်စရာ မရှိပါဘူး။ ကွန်ပျူတာဆိုတာ ဘယ်နေမှန်းတောင် မသိသေးဘူး။
ကျန်းမာရေးကဏ္ဏအတွက် ဘတ်ဂျက် သုံးစွဲမှုဟာ အခု ကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ စေတနာရှိတဲ့ ဆရာဝန်၊ တာဝန် သိတတ်တဲ့ဆရာဝန် အနည်းငယ်လောက်နဲ့တင် လုံလောက်ပါတယ်။ သူတို့မှတစ်ဆင့် ပညာပေးဆောင်းပါးတွေ ရေးခဲ့ကြမယ်ဆိုရင် အမျိုးသား အများစု မသိပဲ မနေပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသားထုကြီး စိတ်ဝင်စားတဲ့ ကိစ္စမို့လို့ပါပဲ။
အစ်ကိုဆိုရင် ဘွဲ့ရပြီးတဲ့အထိ အဲ့ဒီလို ဆိုးကျိုး ဖြစ်နိုင်တဲ့စာမျိုးသာ တစ်ခါမှ မဖတ်ဖူးတာ၊ ဆေးထိုးလို့ ကြီးတာတို့ ဘာတို့ အမျိုးသားတွေကြား ပျံ့နှံ့နေလို့ လူပျိုဘော် ၀င်ပြီးကတည်းက ကြားဖူးနေတာကြာပါပြီ။
ပြန်ပြောရရင် ဆရာဝန်တွေကိုယ်တိုင်က သူတို့ ရေးသင့်တယ်လို့ ပြောကြပေမယ့် ခုထိ သိရသလောက် မဖတ်ဖူးပါဘူး။
ဒါကြောင့် အစ်ကို့အနေနဲ့ ကျန်းမာရေးနဲ့ အဓိက ပတ်သက်တဲ့ ဆရာဝန်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားရခြင်းပါပဲ။
လူဟာ သိရင် လုပ်ဖို့ ချင့်ချိန် စဉ်းစားနိုင်တယ်။ အန္တရာယ် မရှိသော ကြီးအောင် ပြုလုပ်နည်းတွေ ရှိပါတယ်။ အဓိက အဲ့ဒါနဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေ ဖြစ်လာမယ့် နည်းလမ်းတွေကို ရှောင်ရှားနိုင်အောင် ပညာပေးဖို့ပါပဲ။
ကျန်တာက လူတစ်ဦးချင်းရဲ့ ရွေးချယ်မှုပဲ။ ဆေးလိပ်သောက်သလိုပေါ့။
ဆွေးနွေးမှုအတွက် ကျေးဇူးပါ Moses လေး ...
ပြောတော့တာ မစားရ ဘဇာမှ မဖြစ်တယ် ပြောတော်မူတယ်။ လူကတော့ ကောက်တော်မူသွားပြီ။
အင်း ... ခက်ကပြီ ... သိပ်ပြီး ဆောင့်အောင့် လျှောက်တော် မမူပါနဲ့ ... ညင်ညင်သာသာ လျှောက်တော်မူပါ ... တော်ကြာ မောင်တော်သာ သိတဲ့ နှမမချာရဲ့ အတုတွေ အကုန် ပြုတ်ကျ ကျန်နေတော်မူမှဖြင့် ရွှေရှက်တော်တွေ ကွဲကုန်ပါ့မယ် ...
ဒီလို လိင်အင်္ဂါကြီးအောင်လုပ်တာ သင့်တော်တဲ့ နည်းလမ်းမဟုတ်မှန်း အပတ်စဉ်ထုတ် ကျန်းမာရေး စာစောင်တွေမှာ အလျဉ်းသင့်သလို ဖော်ပြခဲ့ကြတာ လွန်ခဲ့တဲ့ ၇/၈ နှစ်လောက်ကတည်းကပါ။ ကျန်းမာရေး စာစောင် သိပ်မဖတ်တဲ့ ကျွန်တော်တောင် ခဏခဏ သတိထားမိခဲ့ပါကြောင်း ...
သိပ်ငယ်လွန်းတဲ့ ခလေးတွေကိုတော့ မဆိုလို ... အသက်အရွယ် အတော်အတန်ကြီးရင့်နေသော (ယူရီတို့, hm11, koz တို့အရွယ် - ဟိဟိ) ရောက်မှ လုပ်ပြီးမှ မကောင်းမှန်း သိရပါလေခြင်းဆိုရင်တော့ ဂရုဏာသက်ဖို့ လမ်းမမြင်မိပါကြောင်း .. :)
ဟုတ်ပါတယ်။ မြန်မာပြည်နဲ့ ကင်းကွာခဲ့တာ ဆယ်စုနှစ် ကျော်ခဲ့ပြီး မပြန်နိုင်သေးခဲ့တာ ၂၀၀၆ နှစ်ကုန် နောက်ဆုံး ပြန်ချိန်ကနေဆိုရင် ၅နှစ် ရှိပါပြီ။
ခု နောက်ပိုင်း ရေးသားလာတယ် ကြားရလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် ညီက "ဒီလို လိင်အင်္ဂါကြီးအောင်လုပ်တာ သင့်တော်တဲ့ နည်းလမ်းမဟုတ်မှန်း" ဆိုတာကို ဆရာဝန်တွေ ရေးတဲ့အတိုင်း ရေးတာလား၊ ဘာရယ်မဟုတ် ရေးသားကြကြောင်း သဘောရိုးနဲ့ ရေးလိုက်တာလားဆိုတာတော့ မပြောတတ်ဘူး။ သူတို့ ရေးတဲ့အတိုင်း ရေးသား ဖော်ပြတာဆိုရင်တော့ မှန်ကန်မှု မရှိပါဘူး။
အစ်ကို့ သူငယ်ချင်း မှားယွင်းတဲ့နည်းလမ်းကို အသုံးပြုမိချိန်မှာတောင် ဘေးထွက် ဆိုးကျိုး မရှိပဲ အချိန်သာ ပေးရသော င်္ကြီးအောင် ရှည်အောင် လေ့ကျင့်နည်းများ၊ မတော်တဆ ခွဲစိတ်ကုသပေးရင်း နည်းပါးသော ဆိုးကျိုး ဖြစ်ပွားတတ်သော ကြီးအောင်၊ ရှည်အောင် ခွဲစိတ်ကုသနည်းလည်း အဲ့ဒီအချိန် မတိုင်ခင်မှာကတည်းက ရှိနေပါပြီ။ အထူးသဖြင့် ဘန်ကောက်မှာ ခေတ်စားခဲ့တာ ကြာပါပြီ။
သွားပြီး ကမို့စ်ဆီမှာ ဒစ်ချာ့ လုပ်တာခဲ့။ ပြီးရင် မောင်တော် ချာ့ဂျင်း ပြန်သွင်းပေးမယ်။ :P
mh11 က လူပုံအလယ်မှာ မဖွင့်ဟစေလိုပါကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
သတင်းစာတို့ မဂ္ဂဇင်းတို့မှာ ဆိုရင်ရော အဆင်ပြေပါသလား လို့ ကူညီလိုသော စိတ်အရင်းခံ မေတ္တာဖြင့် ပြန်လည် ပျော်ရွှင် သင့်မြတ်ကြစေရန် အကြံပြု မေးမြန်းလိုက်ပါတယ်။
ကျွနုပ်ရဲ့ ဗာဂျင်ဘော်ဒီနှင့် နှလုံးသားနုနုထွဋ်ထွဋ်ကို မငဲ့မညာ .. ယခုကဲ့သို့ ကြမ်းတမ်းစွာ ဆိုရသလား .. မကြားဝံ့ မနာသာ .. !!!
40-year-old ဗာဂျင်ကြီးများလားကွယ် ... :P
စ၀င်မွှေပြီ ... ;-)
ဒါပေမယ့် အသက်လေးဆယ် ကျော် အပျိုစင်ပဲ ရမယ် .. :P
အခန်းထဲမှာဆို ဟီဟိ ( Moses, ကိုယ်ဘာမှဆက်မပြောဘူးနော်)
Moses က အဲ့ဒီကြီးလား ... ဘာတွေလဲကွယ် ... ခေါင်းတွေတောင် နောက်ချင်လာပြီ ...
ခုလို အကြံပြု ပြောကြားတဲ့အတွက် ကျေးဇူးပါ ... ပျော်ပါစေ ဆိုပြီး စကြ နောက်ကြမိတာပါ ... ဆင်ခြင်ပါ့မယ် ...
I don't appreciate leaf's comment.
Our comments did not offend him.
If he does not like to talk silly things, he can just get out or leave (which sounds similar with his nick)
But his comment did offend me.
We will talk silly things if we like. Who is he to come and judge us?
အပိုတွေရေးတော့ ဖတ်တဲ့သူလဲ မျက်စေ့ရှူပ်တာပေါ့
သူဘာမှသောက်ဆရာဝင်လုပ်စရာ အကြောင်းမရှိဘူး ... ရိုးရိုးဝင်လုပ်တာတောင်မဟုတ်ဘူး ... ခွီနေတဲ့လူတွေကို အဆင့်အတန်းမရှိဘူးဆိုတဲ့ ပုံစံ ပြောသွားသေးတယ် ...
ဟုတ်ပါတယ် ... ဒါပေမယ့် သူတစ်ပါးကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် သည်းခံ နားလည်ပေးလိုက်ပါ ညီ။ အစ်ကိုတို့က လူတိုင်း ဖတ်လို့ ရတဲ့နေရာမှာ စမိ နောက်မိတာကိုး။ အကြီးဖြစ်တဲ့ အစ်ကိုကပဲ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့သူတွေအားလုံးကို တောင်းပန်ပါတယ်။
ညီ ထင်တဲ့သူ မဟုတ်ပါဘူး။ သူက အစ်ကိုနဲ့ အရမ်းခင်တဲ့ အွန်လိုင်းသူငယ်ချင်း ဖြစ်နေတာ ကြာပါပြီ။ ဒီကိုလည်း လာမယ် မထင်တော့ပါဘူး။ လာဖြစ်ရင်လည်း အစ်ကို ပါနေတဲ့အတွက် ပြောမှာ မဟုတ်ပါဘူး။
ညီလေး ဖြစ်စေချင်သလို တော့ပစ်နဲ့ သက်ဆိုင်တာပဲ ဆွေးနွေး ဖလှယ်ကြစေချင်တာ အစ်ကို့ရဲ့ အန္တိမ ရည်ရွယ်ချက်ပါ။
ဒါပေမယ့် ဘလော့ဂ်တိုင်းမှာ ဒီလိုပဲ ဆွေးနွေးကြရင်း စကြနောက်ကြနဲ့ အပြင်ပန်းက ဟန်ဆောင် ထိန်းချုပ်ထားရတဲ့ အမောတွေ တင်းကြပ်မှုတွေကို တဒင်္ဂ ဖြေဖျောက်ကြရတာမို့ အလွန်အကျွံ မဟုတ်ရင် နားလည်ပေးကြမယ်လို့ ယူဆပါတယ်။
Leaf ကလည်း ကောင်းစေချင်လို့ ပြောတာပဲ။ နားဝင်ချိုအောင် အပြုသဘောဆောင် ပြောစေချင်ပါတယ်။ ဒါဆို Leaf ပြောတာကို အစ်ကို အပါအ၀င် အားလုံးက ပိုပြီး လေးစား အသိအမှတ် ပြုကြမှာပါ။
L I L ကလည်း အစ်ကို့ကို ခင်တဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ ဆက်မပြောတော့ဖို့ တောင်းဆိုပါရစေ။
ဆိုကျိုးတွေ ရေးပြလို့ သိပ်မကြောက်ပါနဲ့။ ဆေးထိုးတာ၊ ပြွန်နဲ့ စုတ်တာတွေနဲ့ မဟုတ်ပဲ အခြားသော မှန်ကန်တဲ့ နည်းတွေနဲ့ လုပ်နိုင်တာတွေ ရှိပါတယ်။ ဗဟုသုတအဖြစ် လင့်ခ်တွေကို ဖတ်ပြီး နှစ်သက်ရာနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ကိုလူဖြူချောက L I L သာမက ကျန်တဲ့ ချစ်ညီလေး ချစ်ညီမလေးနဲ့ လူတိုင်းကို ချစ်ပါတယ်။
ကိုလူဖြူချောမှာ ပေးလို့ မကုန်နိုင်တာဆိုလို့ မွန်မြတ် သန့်စင်တဲ့ အချစ်တွေသာ ရှိတာမို့ပါ။
Thu, Feb 9, 2012 at 9:00 AM
ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။ ကျွန်တော့်လိင်တန်ကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ လိင်ဆက်ဆံပြီးတိုင်း သုတ်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ် တွေကြောင့်ပါ။ သိချင်တာက ခွဲစိတ်ရင် အချိန်ဘယ်လောက်ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကို ရှောင်ကြဉ်ရမှာလဲ၊ ဆရာကော ဒီလိုလူနာတွေကို ကြုံဖူးလား၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား၊
Urologist ဆီးလမ်း အထူးကုဆရာဝန်ကနေ စစ်ဆေး-ဆွေးနွေး ဆုံးဖြတ်ပေးပါလိမ့်မယ်။ အခြေအနေကို မူတည်ပြီး ဘယ်နည်းနဲ့ ပြုပြင်ပေးမလဲ ဆိုတာအရ အချိန်၊ ကုန်ကျစရိတ်တွက်ရမှာပါ။ (့) မှာ ကုန်ကျစရိတ် နည်းတော့မနည်းပါ။ စင်္ကာပူထက်တော့ သက်သာမယ်ထင်ပါတယ်။
Dr. တင့်ဆွေ
၉-၂-၂ဝ၁၂
အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့တဲ့မေလက ယောက်ျားအင်္ဂါကို ပိုကြီးချင်လို့ ဆီလီကွန်ထိုးခဲ့တဲ့ အသက်(၂၂)နှစ်အရွယ် အမျိုးသားဟာ ထိုးပြီးနောက်နေ့၌ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ ဆီလီကွန်ထိုးသွင်းခဲ့တဲ့ အကျိုးဆက်အနေနဲ့ သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရတယ်။ သူ့ကို ဆီလီကွန် ထိုးသွင်းပေးခဲ့တဲ့ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးကိုလဲ လူသေမှုနဲ့ တရားစွဲထားပြီး အင်္ဂါနေ့က ပထမအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ထိုအမျိုးသမီးက သူမမှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ခုနှစ်သောင်းခွဲ ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ထောင်ထဲမှာ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
ဗဟုသုတ ရစေတယ် သိရလို့ ၀မ်းသာပါတယ်။ စာကို ဟိုမိုအတွက်သာမဟုတ် လူတိုင်း အထူးသဖြင့် အမျိုးသားတိုင်း ဖတ်နိုင်အောင် စကားလုံး ရွေးချယ် သုံးစွဲထားတာမို့ တတ်နိုင်သလောက် လက်ဆင့်ကမ်းပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
ညီတို့လို ကောင်းမွန်စေလိုသော လူတွေက မသင့်မမှန်ဘူး ထင်ရင် ညီအစ်ကို သူငယ်ချင်းတွေလို သဘောထားပြီး အပြုသဘောဆောင်ကာ သူတစ်ပါး ထိခိုက်နစ်နာစေသော၊ ရည်ရွယ်ချက်မပါသော စကားလုံး အသုံးအနှုန်းတွေနဲ့ ပြောဆို ဆွေးနွေး အကြံပြုမယ်ဆိုရင် အားလုံး Win-Win or Win-Win-Win ဖြစ်စေမှာ အမှန်ပါပဲ။
ညီ နားလည်မယ်လို့ ယူဆပါတယ်။
၁) ဘလော့ဒ်ကိုပဲဖတ်ပြီး ကောမန့်တွေကို မဖတ်ပါနဲ့
၂) ကောမန့်တွေ ဒီလို စကြ နောက်ကြတာ မဖတ်ချင်တဲ့အကြောင်း ယဉ်ကျေးစွာပြောပါ - ဘလော့ဒ်ပိုင်ရှင်သို့
၃) အတည်အတန့်ရေးထားတဲ့ ပညာပေးသက်သက် ဘလော့တွေ တခြားမှာ သန်းနှင့်ချီရှိပါတယ် - ရှာဖတ်လို့ရပါတယ်
ဘာကြောင့်များ လူတွေဟာ သူတစ်ပါးကို Over judgmental ဖြစ်လာသလဲ စဉ်းစားရခက်ပါတယ်။
အတွေးများစွာဖြင့်
Moses
ကောင်းမွန် မျှတသော ဆွေးနွေးမှုအတွက် ကျေးဇူးပါ။
စောက် ရေးမပါ စောက်ရာမရောက် စောက် ပတ်ပဲ ။
အစ်ကိုရဲ့ စိတ်သဘောထားက နေရာ ဒေသ အချိန်အခါပေါ် မူတည်ပါတယ်။
အခြားသူတွေအပေါ်မှာလည်း အဲ့ဒီလို နေရာ ဒေသ အချိန်အခါနဲ့ သူတို့ရဲ့ စိတ်ထား ဖြစ်ပေါ်နေမှုပေါ် မူတည်ပြီး လိုက်လျှောညီထွေ နေပေးခြင်း၊ နားလည်ပေးခြင်း ပြုကျင့်ပါတယ်။
ဒါပေမယ့် ဒီဆိုဒ်က အစ်ကို့ ဘ၀မှာ (ဘ၀မှာနော်) ပထမဆုံး အသုံးပြုတဲ့ မြန်မာဆိုဒ် ဖြစ်သလို မြန်မာ ဟိုမိုတွေနဲ့ အွန်လိုင်းမှာ (ဘ၀မှာ) ပထမဆုံး စကားပြောဖြစ်တဲ့ ဆိုဒ်လည်း ဖြစ်တယ်။
အဓိက ရည်ရွယ်ချက်က မမျှော်လင့်ပဲ ဒီဆိုဒ်ကို တွေ့ပြီး လူငယ်တွေက အားတက်သရော ကောင်းဖို့ ဆောင်ရွက်ရာမှာ တတ်အားသရွေ့ ပါဝင်ကူညီမယ်ဆိုပြီး ကောင်းနိုးရာရာတွေရေး (အချစ် ဇာတ်လမ်းဆိုရင်တောင် အကျိုးပြု ဇာတ်လမ်းမျိုး)၊ ကောင်းနိုးရာရာတွေကို ဆွေးနွေး ကွန်မန့်ရေးခဲ့ပါတယ်။
အစ်ကိုက စနောက်ခဲပါတယ်။ စနောက်ရင်လည်း ချစ်စရာ ပျော်စရာလေးတွေနဲ့ပဲ နောက်လေ့ရှိပါတယ်။ ဒီဘလော့ဂ်မှာလည်း ကိုယ့်ဘလော့ဂ်ကို လာအားပေးလို့ နည်းနည်း ပိုစမိ နောက်မိတာပါ။ ဒါပေမယ့် ညစ်တီးညစ်ပဲ့လို့ ဆိုရလောက်တဲ့ ကွန်မန့် မရေးခဲ့ပါဘူး။
ဒီတစ်ခုကလွဲရင်ပေါ့ ...
((ကoz လေး ...
သွားပြီး ကမို့စ်ဆီမှာ ဒစ်ချာ့ လုပ်တာခဲ့။ ပြီးရင် မောင်တော် ချာ့ဂျင်း ပြန်သွင်းပေးမယ်။ :P ))
ဒါလည်း အစ်ကို ထင်ပါတယ်။ တော်ရုံ ဘယ်သူကမှ အဲ့ဒါကို ညစ်ပတ်တယ် စုတ်ပဲ့တယ် ထင်မှာ မဟုတ်ပါဘူး။
အဲ့လိုပဲ ညီတို့ စကြ နောက်ကြတဲ့ အထဲမှာလည်း နည်းနည်း ညစ်ညမ်းတယ် ပြောလို့ရတာ အရေအတွက်အားဖြင့် ၂-၃ ခုလောက်သာ ရှိမယ် ထင်ပါတယ်။
ဒါပေမယ့် ညစ်ညမ်းတယ် စုတ်ပဲ့တယ်ဆိုတာကို လူတစ်ယောက်ချင်းစီရဲ့ သတ်မှတ်ချက် ပေတံကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ တူညီ စံနှုန်းနဲ့ မသတ်မှတ်နိုင်ပါဘူးလို့ပဲ ယူဆပါတယ်။
ပြန်ဆက်ရရင် ဒီလို ပြောလို့ ပျော်စေပျက်စေ ခါးအောက်ပိုင်းဆန်တာကို ပြောကြလည်း အစ်ကိုက ဘယ်လိုမှ မထင်ပါဘူး။ အစ်ကိုက လူကြီးပိုင်းရောက်နေတဲ့သူမို့ ဆင်ခြင်တာပါ။
နောက်တစ်ချက်က ဘာလို့လည်းဆိုတော့ ခုချိန်ထိ ဒီဆိုဒ်မှာ ဒီလို ပြောဆို နောက်ပြောင် အတည် ရေးသားတာတွေကို အတိုင်းအတာ အခြေအနေ ကာလတစ်ခုထိ နားလည်ပေးထားတယ်လို့ ယူဆထားလို့ပါပဲ။
တစ်နည်း လူဆိုတာ ဘယ်နေရာ ရောက်ရောက်၊ ရောက်ရှိတဲ့နေရာမှာ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကျင့်သုံးရင် ပြီးတာပါပဲ။
reading comments are even far more interesting, fun and entertaining than the original post.
ညီ့အနေနဲ့ စေတနာမှန်သော်လည်း သုံးစွဲတဲ့ စကားလုံး၊ ရေးသားတဲ့ စာရဲ့ အပျော့အမာ အားနည်းမှုကြောင့် စေတနာအမှားလို ဖြစ်သွားတယ်လို့ ရိုးသားစွာ ယူဆပါတယ်။
ဒါကြောင့် လောကမှာ စေတနာမှန်ရုံနဲ့ မပြီးပြည့်စုံဘူးဆိုတာ ပိုထင်ရှားပါတယ်။ အဲ့ဒီ စေတနာကို နားလည် အသိအမှတ်ပြုစေချင်ရင် အရင်ဆုံး စဉ်စား ဆင်ခြင်ပြီးမှ ပြောဆို ဆောင်ရွက်ရမှာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
အားလုံးပဲ နားလည်မှုနဲ့ ချစ်ခင်ကြပါစေ။
မမတို့ လို အထက်တန်း စား တွေ က ဒီလို မျိုး ပြောတာ ဆိုတာကို နားမခံ နိုင်ဘူး ဆို ဒီလို လေး လုပ် ပါ မမ ။
(၁) သုံးရက်လောက် ရေမချိုးဘဲ (ကန်တော့) မမ လီး က တော်တော် နံနေဘီ ဆိုရင်
(၂) အကြော လျှော့ပါမမ ။ တလွဲ မတွေးပါနဲ့  လက် ကြော ခြေကြော စသဖြင့်ပေါ့ အထူးသဖြင့် ခါးကြောကို လျှော့ ပါ ။ ခါးကြောကို အဓိက လျှော့ပါ မမ ။
(၃) ခါးကြော က တော်တော် လေး ပျော့သွားဘီ ဆိုရင် ၊ အင်မတန် ကို မှ ပျော့ပြောင်းသွားဘီဆိုရင် ဘာလုပ်ရမလဲ သိလား မမ
(၄) အင်း ........ ကိုယ့်လီး ကိုယ် ပြန်စုပ် ပါ မမ ။
ကျေးဇူးစ်
hurray!!!!! that's new, i'm gonna keep that in mind. hehe
bro ကိုအပြင်မှာမြင်ဖူးချင်လိုက်တာ အပြောအဆိုအေ၇းအသား အားကြီးကြိုက် :)
(ကို)Min Lwin ... ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း လူထဲက လူပါပဲ။ စာရေးတတ်တာပဲ ဖြစ်ကောင်း ဖြစ်မှာပါ။ အပြင်မှာ ဒေါသအရမ်းကြီးလွန်းလို့ အသက်လေးလည်း ရလာပြီဆိုတော့ ထိန်းနေရတယ်။ အသံကလည်း ထူပြာအက်အက်မို့ စကားပြောတာတောင် ရန်ဖြစ်တယ် ခဏခဏ အထင်ခံရတယ်။ ဟိဟိ
လူချင်းတော့ မတွေ့ရဲသေးတာကို ခွင့်လွှတ်ပါ။ တစ်ချိန် ချိန်ပေါ့။ ခုလောလောဆယ်တော့ အင်မတန်မှ အပုန်းတကာ အပုန်းလွန်နေသော နှစ်ချို့ပုန်း မလို့ပါ။
အဲ့ဒီနည်းက အရမ်းခက်ပါတယ်။ ကျွန်တော် ငယ်ငယ်က ရောဂီကျင့်စဉ် (Yoga) ကျင့်တုန်းက ပက်လက်အနေအထားကနေ ခြေနှစ်ချောင်စလုံး ခေါင်းပေါ်ကျော်သွားပြီး ခေါင်းအထက်ဖက်က ကြမ်းပြင်ပေါ် သွားထိနိုင်လောက်အောင် ပျော့ပျောင်းတာတောင် အဲ့လို လုပ်မရဘူး။
အဲ့ဒီနည်းကို ဟိုမိုတိုင်း လုပ်နိုင်ရင် အပြင်မှာ ရှုပ်တဲ့ကိစ္စ တော်တော် သက်သာသွားမယ် ထင်တယ်နော်။ ကိုယ့်အမြင်ကို ပြောပြကြည့်တာပါ။
http://en.wikipedia.org/wiki/Autofellatio
TPY ဘုန်းကြီးကျောင်းဆိုရင်တော့ စိတ်မကောင်းပါဘူးလို့ပဲ ပြောပါရစေ။
သူများတွေလို ပိုက်ဆံ မတတ်နိုင်တော့ ဝေးသီခေါင်ဖျား တစ်ခေါ်မျှော်သော် ဂျေဘီ (JB)နော်လို့ ပြောလို့ ရတဲ့ Ulu Ulu အရပ်ဒေသမှာ နေထိုင်တာကြောင့် ဘယ်သူ ချိန်းချိန်း၊ အပျင်းတစ်ပြီး သွားမတွေ့ဘဲ အိမ်နားကို လာတွေ့မှသာ မကောင်းတတ်သဖြင့် ဆင်းတွေ့တတ်သောကြောင့် တစ်ယောက်တည်း ဒါပေမယ့် ခြင်္သေ့ နှစ်ချို့ပုန်း ကွလို့ မာန်တင်းထားရသူပါဗျာ။
နေတာကတော့ ဘ ဒုတ် မှာလေ
တို ပါရိုးတို့ လိပ် ဆိုဒ် တို့လောက်တော့ စိတ်မဝင်စားဘူးတဲ့
တံချောင်း ပဂါတို့ ယူ တီး တို့ မတ်စိလင် တို့တော့ စိတ်ဝင်စားသတဲ့ ဟီဟိ..
အဲ့ဒီလို ပုံစံ မပြောနဲ့ နဖူးနဲ့ ခြေသလုံးရိုးနဲ့ ထိနိုင်တဲ့သူတောင် ဒီဆိုဒ်မှာ ရှာကြည့်ပါကွယ် ... ဘယ်နှစ်ယောက်များ ထွက်လာမလဲလို့ ... ဟွန်းးးးးးးးး
မပြောတော့ပါဘူး ... တော်ကြာ ဘာမြူတယ် ဘာဆွယ်တယ် ဖြစ်ကုန်မှာ စိုးလို့ ...
ညီမလေးရဲ့ အဖြေ မှားနေပါတယ်ကွယ် ...
အမှန်က အစ်ကိုက Woodlands မှာ နေပါတယ် ... (နေချင်ဟန်ဆောင်လိုက်ပြီ)
အဲ့လိုတော့ အတတ်မဆန်းလိုက်ပါနဲ့။ တော်ကြာ စိတ်မခိုင်လို့ပဲ ဖြစ်ဖြစ်၊ ဟိုက ခြောက်လွှတ်လို့ပဲ ဖြစ်ဖြစ် လိပ်ပြာနုနုလေး လွင့်စင်သွားသော် သို့ အနုတ်ခံခဲ့ရသော် ကျွန်တော့် ဇာတ်ကောင်တွေ ချစ်ကြည်နူးခဲ့ရတဲ့ ဘီဒုတ် ရေကန်ပြင်ကြီးမှာ ဖောင်ပြင်ကြီးနဲ့ နောက်နေ့ ခေါင်းကြီးပိုင်းတွေမှာ ပါလာခဲ့ရင် မြန်မာတွေ နာမည် ကြီးပြီးရင်း ကြီးနေပါဦးမယ်။
ဒါကြောင့် အများအကျိုးကို မျှော်ကိုးပြီး Woodlands ကိုသာ လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။
မေးတာကို ဖြေဖို့ ကျန်ခဲ့လို့ ရွှေစိတ်တော် မညိုရအောင်လို့ ပြန် ဖြေပေးလိုက်ပါတယ်။
((နှစ်ချို့ပုန်းဆိုတော့ နှစ်ချို့ဝိုင်လိုပဲ ဈေးကောင်းတယ်လို့ ပြောတာလားဟင်?? :p))
နှစ်ချို့ပုန်းက ငွေနဲ့ ၀ယ်ယူရတဲ့ အရာ မဟုတ် ချစ်မေတ္တာ သံယောဇဉ်နဲ့သာ ပိုင်ဆိုင်နိုင်တာမို့ ဈေးလည်း အရမ်းပေါနိုင်သလို ဈေးလည်း အရမ်းကြီးတယ်လို့ ယူဆနိုင်ပါတယ်။ :D
LIL ရေ.. လာခဲ့ .. သွားရှုပ်မနေနဲ့ လူကြီးတွေ စကားပြောနေတာ .. လာ ဒီကို ... ရေခဲချောင်းကျွေးမယ်နော် :)
L I L အရွယ်မငယ်တော့ဘူး ... ကိုယ်တို့က မြန်မာနော် ... ကိုရီးယားများ မှတ်နေလား ... Moses လေးလို ဗိုင်းကောင်းကျောက်ဖိ .. အဖိလွန်လို့ ကြေတဲ့အထိ ငြိမ်ငြိမ်နေ ...
ဒါပဲ အပြင် ခဏသွားလိုက်ဦးမယ် ...
အဆင်ပြေရင် ဖုန်းနဲ့ ထပ်မန့်မယ် ...
Morning wood, afternoon wood, evening wood, night wood တွေနဲ့ ဝန်းရံပြီး နေနေတာပေါ့နော် ဟီဟိ
မပြောတော့ပါဘူး ... တော်ကြာ ဘာမြူတယ် ဘာဆွယ်တယ် ဖြစ်ကုန်မှာ စိုးလို့ ...
If you were to do so, then you'd face to do the Jousting... LOL
by koz 23 mins ago
KLPC proper penis size ရှိမရှိတော့ ပြောတော့ဘူး
နေတာကတော့ ဘ ဒုတ် မှာလေ
တို ပါရိုးတို့ လိပ် ဆိုဒ် တို့လောက်တော့ စိတ်မဝင်စားဘူးတဲ့
တံချောင်း ပဂါတို့ ယူ တီး တို့ မတ်စိလင် တို့တော့ စိတ်ဝင်စားသတဲ့ ဟီဟိ..
ဘာကိစ္စ တိုပါ၇ိုး က ပါလာ၇တာတုန်း ဘု၇ားတ၇ားနဲ. ဘုန်းကြီးကျောင်းနဲ. နေတာ (အဲ ဘုန်းကြီးကျောင်းမှာ နေတာမဟုတ် သွားတဲ.လမ်းတောင် မေ.နေပြီ )
welcome to san francisco if you wanna know ... :P
လူကပဲ ဖြူတာလား ဟင်... ကျန်တာကော။
ဝင်ရေးချင်စိတ် မရှိတဲ့ကြားက ရေးသွားတဲ့အတွက်ရယ်၊ နှစ်သက်တဲ့အတွက်ရယ် ကျေးဇူးတင် ၀မ်းးသာပါတယ်။
ဟုတ်ကဲ့ ဖြူပါတယ်။
လူက ဖြူပြီးသားလေ ...ဒါကို ဖြူလား မေးလို့ ဖြူလို့ ဖြူတယ် ပြောတာကို ဘာဖြူတာတုန်းဆိုပြီး ပြန်မေးနေတော့ ဖြူတာကို ဖြူတာပါပဲလို့ ဖြူကြောင်းပဲ ပြောရမှာပါပဲ ...
ခေါင်းနောက်သွားပြီ။ ဆေးလိပ်သောက် လေးညင်းခံ လမ်းလျှောက်သွားတော့မယ်။
မမ leaf ရယ် ... သောက်ရှက်ကွဲခံပြီးတော့ comment ထပ်ရေးနေသေးသလား .. ခင်ဗျားရဲ့အခြေအနေကို ခင်ဗျား သဘောမပေါက်ဘူးနဲ့တူတယ် … ထပ်ရှင်းပြပေးမယ် ...
ခင်ဗျားရဲ့ comment ကိုဘယ်သူမှသောက်ဂရုမစိုက်ပါဘူးခင်ဗျာ ... နဂိုခွီနေကျအတိုင်းဆက်ခွီနေတာ လက်တွေ့ပါ ...
မမယူရီ့ blog မှာ comment မပေးဘူး ... ဟုတ်လား ... ခင်ဗျား comment တွေက အရမ်းသောက်ရေးပါတာဆိုတော့ မမယူရီက ခင်ဗျား comment မရလို့ အရမ်းဝမ်းနည်းသွားပါဦးမယ် ... ခင်ဗျားသာနဂိုကတည်းက သောက်ရေးမပါတဲ့ comment ၀င်မပေးရင် ဘာဆဲစရာ အကြောင်းမှမရှိပါဘူး .. မမယူရီကတော့ မဆဲရတာကြာလို့ ဆဲလို့ကောင်း မှကောင်းဆိုပဲ ဟိ …
မမယူရီနဲ့ ကျနော့်ကို နှုတ်ကြမ်းတယ်လို့ပဲထင်ထင် ဘယ်လိုပဲထင်ထင် ကျနော်တို့က သောက်ဂရုမစိုက်ပါဘူးခင်ဗျာ … သောက်ဂရုစိုက်ရလောက်အောင်လည်း ခင်ဗျားက သောက်ရေးလည်းမပါ သောက်ဆင့်လည်းမရှိဘဲ … ဟီးဟီး လွန်သွားသလား …
အဲတော့ ကိုယ့်အခြေအနေ ကိုသိပါ ...သောက်ရှက်ကွဲခံပြီး ရောင့်တက်မနေပါနဲ့ ...
(This is my final comment concerning leaf. Sorry KLPC)
ဒါနဲ့ စကားမစပ် မမ leaf ရေ... ကျနော် အရမ်းလေးစားအားကျတဲ့ ဗိုလ်ချုပ်အောင်ဆန်းလေ ... သူက သောက်သောက်သောက်ဆိုပြီ မာန်ပါပါပြောမှပြော (ဥပမာ သူပြောလေ့ ရှိတာက သောက်ကျင့်) .. ကျနော်ကလည်း သူ့လေးစားတဲ့လူဆိုတော့ သောက်ဆိုတာကို ထည့်သုံးရတာ ဂုဏ်ယူမှဂုဏ်ယူ ...
ခု လုပ်စရာ ခဏနားပြီး ၀င်ကြည့်တော့ တန်ပိုတွေ ပြန်တက်နေပြန်ရော ... တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေးသူကပေး၊ နားလည်မှုပေးတဲ့သူက ပေးလိုက်ပြီး ကျေအေးလိုက်ကြပါကွယ်။
ပျော်ရွှင်စရာ ရုံးပတ်ရက်မှာ ကြည်နူးရွှင်လန်းမှုတွေပဲ ရရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
လူ့စိတ်ဆိုတာ ဒေါသထွက်လွယ် ဆူဝေလွယ်တဲ့ မောဟသမားတွေမို့ စိတ်လောင်မြိုက်စဉ် တစ်ခဏမှာ တစ်ဖက်သား သို့ အခြားလူ မှားနေသည် ဖြစ်စေ၊ မှန်နေသည်ဖြစ်စေ မိမိ စိတ်ခံစားမှုကို ဦးစားပေးကာ မထိန်းချုပ်ပဲ ဒေါသအလျှောက် တစ်ဖက်သားအား နစ်နာနေရန် ရည်ရွယ်ပြီး ကြမ်းတမ်းစွာစေသာ်၎င်း၊ ညစ်ညမ်းစွာသော်၎င်း ပြောဆိုမိတတ်ပါတယ်။
မည်သို့သော ပုံစံဖြင့် ပြောစေကာမှု ပြောတဲ့ တခဏမှာ စိတ်ကျေနပ်မှုကို တိုတောင်းသော အချိန်ကာလ တစ်ခုအထိသာ ခံစားရသော်လည်း စိတ်ခံစားမှု ဒေါသအဟုန်များ ပြေပျောက်သွားသော်အခါ မိမိ ပြောဆိုမိသော အကြောင်းရင်းခံ စိတ်သဘောထားကို အခြားသူ သိသိ မသိသိ မိမိသာလျှင် အသိဆုံးမို့ ရှက်ရွံ့ခြင်းကို ကြာမြင့်သော အချိန်အတိုင်းအတာတစ်ခုထိ တစ်ယောက်တည်း ပြန်လည်ကာ ကြိတ် ခံစားရပါတယ်။ ဒါဟာ လူတွေ လူတွေတိုင်းမှာ ဖြစ်တတ်တဲ့ ဓမ္မတာတစ်ခုပါ။
ဒါကြောင့် ဒီလို ဖြစ်ပျက်ခံစားရတာတွေကို နားလည် လက်ခံ သဘောပေါက်ကြတယ်ဆိုရင် သဘောပေါက်တာနဲ့ တစ်ပြိုင်နက် အတတ်နိုင်ဆုံး ဆင်ခြင်သုံးသပ်ပြီး မိမိစိတ် အမြဲ နောက်ကြောင်း အေးချမ်းမယ့်လမ်းကို ရွေးချယ်ကြပါလို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်။
xxxxxx
လောကမှာ ကျွန်တော်တို့တွေ အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မမျှော်လင့်ပဲ ဖြစ်ပေါ်လာတဲ့ အရာရာတိုင်းဟာ ကိုယ် ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ သူများ ပြောဆိုတဲ့အပေါ်တိုင်းမှာ မမူတည်ပါဘူး။ ကိုယ့်ကို ပြောလာရင်လည်း ဘာကြောင့် ပြောသလိုဆိုတာကို နားလည် သဘောပေါက်အောင် မိမိကိုယ်ကို မညှာမတာ မညာတမ်း စမ်းသပ် စစ်ဆေးပါ။
အကယ်၍ ကိုယ်မှားနေလို့ သူများက အပြုသဘောဆောင်ပြောရင် ကျေးဇူးတင် လက်ခံလိုက်ပါ။
အကယ်၍ ကိုယ်မှားနေလို့ ကြမ်းတမ်းစွာ၊ ညစ်ညမ်းစွာ ပြောလာလျှင်လည်း ကိုယ့်ရဲ့ အသုံးမကျမှုကြောင့် ပြောခံရတယ်လို့ သဘောထားပြီး သင်ခန်းစာယူပြီး နောင် အပြောမခံရအောင် မှတ်သားလိုက်ပါ။
အကယ်၍ ကိုယ်မမှားပဲ အပြောခံရတာဆိုရင် လစ်လျှူရှုခြင်းခြင့်၎င်း (သို့) တစ်ဖက်သူရဲ့ ပြောဆိုမှု မှားယွင်းကြောင်းကို ကောင်းမွန်သော အပြုသဘောဆောင်သော ဆွေးနွေးပြောဆိုခြင်းဖြင့်၎င်း ကိုယ်နှင့်ယှဉ်ကာ မေတ္တာရှေ့ထား ပြောဆိုခြင်းဖြင့် ချစ်ခြင်းတရားများကို ရယူနိုင်ကြပါစေလို့ ကြားဖူး ဖတ်ဖူး တွေ့ကြုံဖူးတာတွေကို ပြန်လည် ဝေမျှလိုက်ပါတယ်။
လေးစားခင်မင်စွာဖြင့်
ကိုလူဖြူချော
I think you haven't read my comments from previous blog. So FYI, I try to copy and paste it here again.
xxxxxx
Hahaha I am also sick n tired of Law Ki and wish to Taw Hwet for the purpose of Law Kotta Yar.
BUT I do need at least Ah Sin 4persons to accompany me.
xxxxxx
by hm11 8 days ago
ဟိ . . .အဆင် ၄ ပါးတဲ့ . . ခေတ်သစ်တောထွက်နည်းလား။ မိုက်ဒလယ်ကွာ :P
xxxxxxx
Hello hm11 ...
Where have you been sleeping this modern ERA?
In this ERA, especially PLU ERA one more Lust Charity - Karma Darna (Optional) has been added. So since I'm still very young and strong, I pledge to practise this Lust Charity also for the sake of those poor creatures who are unable to escape Life-Cycle.
Now can you be able to clearly understand?
xxxxxxx
End of Copies of Comments.
ပြန်လည် ကြွမြန်းလာပြီကိုး ...
ဒီည မဲဆောက်လာပြီး ဂုဏ်ပြုပါတီ တက်ချင်သား။ လေယာဉ် လက်မှတ်လေး ပို့ပေးပါလားကွယ် ...
အဲ့လိုမျိုး မပြောပါနဲ့လား ... ကျွန်တော့် ဘ၀ဟာလည်း နှစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ ဘ၀မို့ပါ ...
ဒါပေမယ့် ကိုယ့်ဘ၀နဲ့ကိုယ် အသားကျနေပြီမို့ ပိုပြီး ၀မ်းမနည်းတော့ပေမယ့် ကယူရီရဲ့ အကြောင်းကို ကြားသိရတော့ နဂို ရှိရင်းစွဲ နုဖတ်ဖတ် ဖက်ဖူးဖျော့ရောင် နှလုံးသားလေးက တစ်ဖတ်ဖတ်နဲ့ လှိုက်ဖို ၀မ်းနည်းလာတာကြောင့် လာတက်ရောက်ဖို့ကို စိတ် လုံးဝ (လုံးဝ) လျှော့လိုက်ကာ စလုံးက ဝေးလံခေါင်ဖျား အရပ်ဒေသမှာ နေထိုင်ရာကနေပဲ ကယူရီတစ်ယောက် ဘရမ်းဒဒ် အ၀တ်အစားကောင်း၊ ကလပ်စစ် အသုံးအဆောင်ပစ္စည်းတွေကို လူအမြင် တင့်တယ်ရုံ အားကျမြတ်နိုးအောင် ဖြစ်သလို ၀တ်ဆင်ပြီး ညစာ ဂုဏ်ပြုပွဲမှာ အစစ အရာရာ အဆင်ပြေ ချောမွေ့စွာ ဖလန်း ဖလန်းထနိုင်ပါစေလို့ စေတနာ မေတ္တာ အကြင်နာ အရာရာ ရောမွေသမပြီး ဆုတောင်းပေးလိုက်ပါတယ်။
ဆင်းရဲနုံချာတဲ့ ကိုယ့်ဘ၀မို့ ညကျ အခန်းကျဉ်းထဲမှာ တစ်ကိုယ်တည်း ဂုဏ်ပြု သီဆိုဖို့အတွက် ၀တ်စရာ အ၀တ်အစား မရှိတာမို့ ဘယ်လို မိမွေးတိုင်း ဖမွေးတိုင်း အ၀တ်အစားနဲ့ သင့်တော်မလဲဆိုတာကို ရွေးရွယ်လိုက်ပါဦးမယ်။
ဘယ်လို ပြောလိုက်တာလဲ ... တွန့်တွန့်ထွင့် ဆိုသလို "အလှတွေ ပြချင်သေးတယ်" (အနုပညာ အလှတွေကို ဆိုလိုတာပါကွယ်) ...
ဒါပေမယ့်လည်း ကိုယ့်ဘ၀နဲ့ကိုယ်ပါကွယ် ... နှစ်ရက်လုပ်မှ တစ်ရက်စား၊ ၀တ်စရာ အ၀တ်မရှိလို့ သဘာဝအတိုင်း အလှပြနေရတဲ့ ဘ၀မှာ ဘယ်က ကင်မရာ၊ ဗီဒီယို ရီကော်ဒါတွေနဲ့ မှတ်တမ်းတင် ထားနိုင်မှာလဲ ...
အဲ့ဒီလို မှတ်တမ်းတင်နိုင်မှပေါ့ ... ဘွန်ဂျိုဘီက လေးစားရပြီး အဲရိုစမစ်က ကိုးကွယ်ရကာ စတီးလ်ဟာ့ဒ်က လက်ဖျားခါ ငုတ်တုတ်မေ့ရတဲ့ ကမ္ဘာတစ်ဝှမ်း နေရာလပ်မကျန် ထင်ပေါ်ကျော်ကြား သူသိများ ချစ်ခင်ကြရတဲ့ နာမည်ကြီး အနုပညာသည် ကဝေ အဆိုတော်ကြီး ဖြစ်နေပြီပေါ့ကွယ် ...
Click here to sign up now.