Mar 19th

ချစ်ခြင်းခွန်အား ပေးသနားပါ ( အပိုင်း-၂ )

By ph7love
အခန်း ( ၂  )

“ အဟင့်....”
ဒေါ်သက်ထားဆွေ တစ်ယောက် သားကိုကြည့်ကို မျက်ရည်မထိန်းနိုင်စွာဖြင့်ငိုနေမိပါသည်။
ကြည့်စမ်းပါဦး သားလေးသုတကို ဆေးရုံကုတင်လေးပေါ်မှာ သတိလစ်နေရှာတာလေ ။ခန္ဓာကိုယ်မှာလည်း ပိုက်တွေသွယ်ထားလိုက်တာမြင်လို့တောင်မကောင်းပါဘူး။
ဘာလို့အဲ့လိုဖြစ်ရတာလဲ ။ သားလေး ဘာကြောင့်အဲ့ဒီလောက်အထိဆိုးရွားသွားရတာလဲ
သူမ အမှား ကြောင့်လား ။
   အဲ့ဒါဆိုရင်တော့သားလေးကိုအရမ်းချစ်ခဲ့လို့မှားသွားတာပဲနေမှာပါ။ သူမတို့ရဲ့ နှလုံးသားတွေက သာမာန်ဖြစ်ခဲ့ပါလျှက်နဲ့ သားလေးကဘာလို့သာမာန်နှလုံးသားတွေထက်ပိုခဲ့ရတာလဲ
စိတ်ကရော ဘာလို့အဲ့ဒီလောက်အထိနူးညံ့နေရတာလဲ။
ယောက်ျားလေးအချင်းချင်း ချစ်သူရည်းစားထားကြတယ်တဲ့...။သားလေးကလေ ။ ကြားကြားချင်း သူမမယုံကြည်ရဲပါဘူး...သားလေးကအဲ့ဒီလိုတွေမလုပ်လောက်ပါဘူး...
ဆိုတဲ့အတွေး အသိတွေအားတင်းပြီးမွေးခဲ့ပေမယ့် သားလေးနဲ့သူ့ချစ်သူဆိုတာကိုသူမတွေ့ခဲ့ရပါသည်။ ကန်တော်ကြီးကထိုင်ခုံကလေးမှာလေ   ...။ သားလေးကို သူ့ချစ်သူဆိုသော သူ့ထက်အနည်း
ငယ်ကြီးလောက်မည့်ကောင်လေးတစ်ယောက်က တင်းတင်းကျပ်ကျပ်ကလေးဖက်ထားလိုက်တာ။သားလေးကလည်း သူ့ရင်ခွင်ထဲမှာ ရယ်မောနေလိုက်တာလေ ။
ဒီမြင်ကွင်းကို  မြင်မိတဲ့ အမေဖြစ်တဲ့သူမ ရင်ထဲမှာနင့်အောင်ကိုနာခဲ့ရပါသည်။ သားလေးဘာကြောင့်အဲ့ဒီလိုဖြစ်သွားရတာလဲ...
အဲ့ဒီအချိန် အဲ့ဒီအခါမှာ သူမလေ အသံမထွက်အောင်ကြိတ်ငိုမိခဲ့တာ သားလေးသိနိုင်မယ်မထင်ခဲ့ပါဘူး...သိလည်းမသိပါဘူး..မသိအောင်လည်းသူမနေခဲ့သည်လေ။
နောက်တစ်နေ့သားကောင်လေးနေတဲ့နေရာကိုသူမစုံစမ်းပါသည်။
ရခဲ့တဲ့လိပ်စာက တော်တော်ခမ်းခမ်းနားနားပါ တိုက်ကလည်းအကြီးကြီးဟီးထနေတာပါပဲ ။ခြံထဲမှာလည်း ပန်းကလေးတွေကစိုက်ထားတာအမယ်စုံရယ်ပါ...ထိုစဉ်ကအဖြစ်အပျက်တွေက မျက်လုံး
ထဲမှာ ကွက်ကွက်ကွင်းကွင်းကိုပြန်မြင်လာခဲ့ရပါသည်။
  သူမကားကိုထိုခြံထဲမောင်းဝင်လိုက်သည်နှင့် အိမ်ထဲကကောင်မလေးတစ်ယောက်ထွက်လာသဖြင့် 
“ သမီး အန်တီဒီအိမ်က အံ့ဘုန်းမြတ်နဲ့ တွေ့ချင်လို့ပါကွယ်...”
 “ ဟုတ်ကဲ့   ခဏထိုင်စောင့်ပါနော် အန်တီ သမီးသွားခေါ်ပေးပါ့မယ်....”
ထိုကောင်မလေးထွက်သွားတော့မှ သူမဆိုဖာခုံပေါ်မှာထိုင်ရင်း အိမ်ထဲကိုဝေ့၀ဲကြည့်လိုက်မိပါသည်။
အိမ်နံရံ တွေမှာချိတ်ထားတဲ့ပုံလေးတွေက အံ့ဘုန်းမြတ်ဆိုသော ကောင်လေးရဲ့ပုံတွေပါ ဘွဲ့ရဓတ်ပုံတွေ ပြီးတော့ပညာရည်ချွန်ဆုရပုံတွေ
ဒီလောက်ပညာတွေတတ်ပါလျှက်နဲ့ ဒီလောက်ခမ်းခမ်းနားနားနေနိုင်ပါလျှက် ရုပ်ကလေးတွေသနားကမားလေးတွေဖြစ်ပါလျှက်နဲ့ ဒီကလေးတွေဘာလို့ ဒီလိုဖြစ်နေကြရတာလဲ....
ရင်းထဲမှာလေးလံမွန်းကျပ်လာပါ၏။
 ခဏနေတော့အိမ်အပေါ်ထပ်မှ T shirt အင်းကျီအ၀ါလေးနှင့် အံ့ဘုန်းမြတ်ကဆင်းလာပါသည်။ ကောင်လေးက သူမကိုမသိသောကြောင့် ဇဝေဇ၀ါနှင့်သူမအားကြည့်လာတာသောအခါ...
“ အန်တီက သုတကိုရဲ့အမေပါသား....”
ထိုကောင်လေးရဲ့မျက်ဝန်းများဝိုင်းစက်သွားကာ အိမ်ထဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး
“မိစု မေမေတို့တွေရော...”
“ ဆိုင်သွားကြပြီအစ်ကိုလေး  ”
“ အခုအိမ်မှာဘယ်သူရှိလဲ....”
“မရှိဘူး အစ်ကိုလေး အားလုံးအပြင်သွားကြပြီ....”
“ အင်း ဒါဆိုနင်လည်း လုပ်စရာရှိတာလုပ် ဧည့်ခန်းထဲကိုမလာနဲ့နော်....”
“ဟုတ်ကဲ့...”
”သွားတော့....”
မိစုဆိုသောကောင်မလေးထွက်သွားတော့မှ သူသုတလေးရဲ့မေမေ၏မျက်နှချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ကာ
“ အန်တီ သားကိုဘယ်လိုသိတာလဲ....”
“ ဒီလိုပါပဲသားရယ်...စုံစမ်းရတာပေါ့.... ”
 ထိုစကား နှစ်ခွန်းနှင့်ပင် သူတို့စကားဝိုင်းမှာစစချင်းခေတ္တမျှတိတ်ဆိတ်သွားပါသည်။ ပြီးမှ
“ အန်တီ့နာမည်ကဒေါ်သက်ထားဆွေပါသား...”
“ဟုတ်ကဲ့....”
“ သားနဲ့ အန်တီ့သား သုတကိုတို့ရဲ့ပတ်သက်မှုကိုအတိအကျအန်တီသိချင်ပါတယ်သား....”
“ သား နဲ့သူက မိတ်ဆွေတွေပါအန်တီ ဘာဖြစ်လို့လဲ....”
“ကျွတ်  သားရယ် မင်းမလိမ်တတ်ဘူးလို့ပဲအန်တီထင်မိပါတယ်...အန်တီကပွင့်ပွင့်လင်းလင်းပြောဘို့သားဆီကိုအန်တီလာတာပါ...”
“ အန်တီကသားနဲ့သုတလေးကို ဘယ်လိုပတ်သက်တယ်လို့သိထားလို့လဲ.....”
“ ကောင်းပြီလေ သားကမသိချင်ယောင်ဆောင်နေမှတော့ အန်တီပြောရတာပေါ့...သားနဲ့သုတကိုကချစ်သူတွေလို့ အန်တီသိထားတယ် သိထားတဲ့အပြင် သားတို့နှစ်ယောက်တွေ့နေကျ
ကန်တော်ကြီးထဲကထိုင်ခုံလေးမှာသားတို့နှစ်ယောက်ထိုင်နေကြတာကိုလည်း အန်တီမြင်ခဲ့ပါတယ်....အဲ့ဒါဆိုရင် သားဘာဆက်ပြောမလဲ....”
သူဘာမှ ဆက်မပြောနိုင်တော့ နှုတ်ဆိတ်စွာဖြင့် ခေါင်းကိုငုံ့စိုက်ချလိုက်ပါသည်။
“ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို ပညာတွေတတ်ရဲ့သားနဲ့ အသိညဏ်တွေရှိရက်သားနဲ့ သားတို့ဘာလို့လုပ်နေကြတာလဲသား...”
“ ဘာကိုမဖြစ်နိုင်ရမှာလဲအန်တီ...သား သုတလေးကိုတစ်ကယ်ချစ်တာပါ...နှလုံးသားရှိတဲ့လူသားအချင်းချင်းပဲချစ်လို့ရပါတယ်...ယောက်ျားမှ မိန်းမမှချစ်လို့ရတာမျိုးမဟုတ်ပါဘူး...”
“ ဒီမှာသား သားကယောက်ျားလေး ပြီးတော့သားသုတကလည်းယောက်ျားလေး မင်းတို့နှစ်ယောက်ရဲ့အနာဂတ်ကိုသားတို့ဘယ်လိုဆက်လျှောက်ကြမှာပဲ....”
“ ယောက်ျားလေးချင်းက ချစ်လို့မရတော့ဘူးလားအန်တီ သားပြောခဲ့ပါပြီ နှလုံးသားရှိတဲ့လူအချင်းချင်း လက်ခံနိုင်လို့နှစ်နှစ်ကာကာချစ်ခဲ့ကြပါတယ်  ...ဒါကိုမဖြစ်နိုင်လို့လို့သားမထင်ဘူး...”
“ ကောင်းပြီသား ဒါဆိုသားတို့တွေးထားတဲ့ အနာဂတ် ပြီးတော့ ဘ၀ အဲ့ဒါတွေကိုသားဘယ်လိုစဥ်းစားထားသလဲ အန်တီ့ကိုပြောပြ အန်တီနားထောင်မယ်....”
“သားသူ့ကိုချစ်တယ်အန်တီ သူ့အတွက်ဆိုရင် သားအရာရာကိုစွန့်လွှတ်ရဲတယ် သူ့အတွက်ဆိုရင် သားဘာကြီးပဲဖြစ်သွားပါစေ သားဖြစ်သွားရဲပါတယ်...အနာဂတ်မှာသူ့ကိုသစ္စာရှိရှိချစ်သွားမယ်
အိမ်ထောင်တစ်ခုကိုနှစ်ယောက်အတူတည်ထောင်မယ် ...ရိုးရိုးလေးပါပဲ...”
“ မိုက်လိုက်တာသား...ရူးလိုက်တာကွယ်...အဲ့ဒီဘ၀ကအဓိပ္ပါယ်ရှိတယ်လို့ သားထင်နေတာလား....မှားတယ်သား...“
“ အနာဂတ်ဆိုတာ ကိုယ်နှစ်သက်ရာကို ကိုယ်ရွေးချယ်ထားတဲ့ တည်ဆောက်ထားတဲ့နိဗ္ဗန်ဘုံပါအန်တီ...အဲ့ဒါကိုပဲတည်ဆောက်ချင်ခဲ့တဲ့သားတို့က ရူးတာလား မိုက်မဲမိတာလား...သားကတော့
အဲ့ဒီလိုမထင်ပါဘူး...”
 “ကောင်းပြီသား သားကိုပြောလို့မရနိုင်ဘူးဆိုတာ အန်တီသိလိုက်ပြီ အဲ့ဒီလိုပဲ သားသုတကိုလည်းအန်တီပြောလို့မရဘူးဆိုတာ အန်တီ့ကိုအန်တီသိတယ်...ဒါကြောင့် သားကိုအန်တီမေတ္တာရပ်ခံ
ချင်တယ်...သားလေးသုက ကငယ်ငယ်လေးကတည်းကကျမ်းမာရေးမကောင်းဘူး ချိချိနဲ့နဲ့လေးဆိုတာလည်း သားသိမှာပါ ငယ်ငယ်လေးကတည်းကချူချာလာတဲ့သားလေးကို
ဘာအတွက်ကြောင့်မှ အန်တီတို့စိတ်မဆင်းရဲစေချင်ဘူး သားလေးဘ၀လှပဘို့ အေးချမ်းဘို့ စိတ်ချမ်းသာဘို့ဆိုရင်အန်တီတို့ဘာကိုမဆိုလုပ်ရဲပါတယ် ရင်ဆိုင်ရဲပါတယ်...ဒါပေမယ့်သား...
အဲ့ဒီယောက်ျားလေးအချင်းချင်းကိုတော့ အန်တီတို့လုံးဝလက်မခံနိုင်ဘူး....အဲ့ဒါဘ၀မဟုတ်ဘူးသား အဲ့ဒါကိုဘ၀လို့ထင်နေရင်သား တို့မှားနေကြတာပဲ...အဲ့ဒီအမှားအတွက်နဲ့ အန်တီ့သားလေး
ရဲ့ဘ၀ အဆုံးရှုံးမခံနိုင်ဘူး   အဲ့ဒါအတ္တကြီးမိတယ်ဆိုရင်မိခင်စိတ်ကြောင့်လို့ပဲလို့သားနားလည်ပေးပါ....ဒီမှာသားကိုတစ်ခုပြောလိုက်မယ်သား သားလေးသုတက နှလုံးမကောင်းဘူးသား
ပြီးတော့ သူ့သွေးတွေကလည်းပုံမမှန်ချင်ဘူးတဲ့...အန်တီရူးတော့မယ် အန်တီ့မှာဒီသားလေးတစ်ယောက်ထဲရှိလို့ စုပုံချစ်ခဲ့တာပါ အဆုံးရှုံးမခံနိုင်ဘူးသား ဘာမဟုတ်တဲ့ဘ၀တစ်ခုထဲမှာလည်း
သားလေးအနာဂတ်ကိုမနစ်မွန်းစေချင်ဘူး....ဒီကိစ္စကို အန်တီဘယ်နည်းနဲ့မှလက်မခံနိုင်ဘူးသား....အခုအန်တီပြောနေတာတွေက သားအတွက်ရော အန်တီ့သားတို့နှစ်ယောက်စလုံးအတွက်ပါ
အန်တီကတော့ မရ ရအောင်တားရမှာပဲသား....”
“ အန်တီအစွန်းရောက်နေပြီ လူဆိုတာကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ရင်သူများဝင်ထိန်းပေးဘို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပါသေးတယ်...homoဆိုတာ မိန်းကလေးကိုချစ်လို့မရဘူး...အဲ့ဒါကိုချစ်ရမယ်လို့
အမိန့်ပေးနေရင်လည်း အဲ့ဒီအမိန့်ပေးတဲ့လူအရူးပဲအန်တီ သုတလေးကိုသားနဲ့သဘောမတူဘူး မိန်းမပေးစားမယ်ဆိုရင် အဲ့ဒါအန်တီသုတကိုပိုနှစ်ရာရောက်မှာပါ ဘာလို့လဲဆိုတော့ သုတလေးက
homo လေ သားနဲ့အချစ်ဘူးဆိုရင်လည်း သူနောက်တစ်ယောက်ကိုထပ်ချစ်ဦးမှာပဲ အဲ့ဒီစိတ်ကိုအန်တီတားလို့မရပါဘူး လူတစ်ယောက်ရဲ့စိတ်ကိုခိုင်းလို့ရမယ်လို့အန်တီထင်နေတာလား....”
“ ဘာလို့မရရမှာလဲသား အန်တီ အန်တီ့သားကိုရအောင်ထိန်းနိုင်တယ် ရလည်းရရမယ်သား သုတလေးကိုအန်တီမွေးထုတ်ထားတာပါ အန်တီ့သားကိုအန်တီထိန်းနိုင်မှာပါ....”
“ကောင်းပြီလေ အန်တီလုပ်ကြည့်ပါ သားကတော့သုတလေးကိုအရမ်းချစ်တယ်....သူ့အတွက်ဆိုရင် သားဘာကိုမဆိုစွန့်လွှတ်ရဲပါတယ် ....”
“ သုတလေးကို သားတစ်ကယ်ချစ်ရင် သူ့ဘ၀အတွက် မင်းရင်းရဲရမှာပေါ့ နှလုံးသားကိုပဲဖြစ်ဖြစ်လေ .... အခုဒီကိစ္စကိုသားရပ်တန်းကရပ်ပေးပါသား အန်တီအမိန့်ပေးတာမဟုတ်ဘူးနော် မေတ္တာရပ်
ခံတာပါ.....သားရပ်တန်းက ရပ်ပေးပါလို့ပဲ အန်တီပြောချင်ပါတယ်...အန်တီကတော့ဘယ်တော့မှမလျှော့ဘူးသား သုတလေးကိုအန်တီမရရအောင်တားမယ်...”
သူမချိပြုံးလေး ပြုံးလိုက်ပါသည်...
“အန်တီပြန်မယ်သား သားမိဘတွေပြန်ရောက်လာရင်လည်း မကောင်းဘူး အန်တီ့ကိုခွင့်ပြုပါဦး....”
သူနှုတ်မှ ပြန်ပြောနိုင်ဘို့ခွန်အားများမရှိတော့တာကြောင့် ပြုံးရုံ ကလေးသာနှုတ်ဆက်လိုက်ပါသောအခါ အန်တီသက်ထားဆွေကသူ့အနားမှထွက်သွားပြီ။
သုတလေးရဲ့အနားကနေထွက်သွားပေးရမယ်လို့ပြောသွားတာလား....အဲ့ဒီလိုဖြစ်နိုင်လို့လား....အဲ့ဒီလိုလုပ်နိုင်ဘို့ရော ကျွန်တော့်မှာခွန်အားတွေရှိနေမယ်လို့ အန်တီထင်နေတာလား....
ကျွန်တော့်မှာအဲ့ဒီလိုခွန်အားမျိုးမရှိပါဘူး.....
ဒါပေမယ့် ကျွန်တော့်ကြောင့်သုတလေးကိုစိတ်မဆင်းရဲစေချင်ဘူး....အန်တီကမရရအောင်လိုက်တားမယ်ဆိုရင်သုတလေးတစ်ခုခုဖြစ်သွားနိုင်တယ်သိလား သုတလေးကကျမ်းမာရေးမကောင်းဘူး
သူစိတ်ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်မှာမဟုတ်လောက်ပါဘူး  ကောင်းပါပြီအန်တီ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်   ကျွန်တော်ကြိုးစားကြည့်ပါ့မယ်ဗျာ.......
သူ့ပါးပြင်ကိုယောင်ယမ်းစွာစမ်းပွတ်ကြည့်မိလိုက်တော့ မျက်ရည်များကပြည်လျှံနေပါ၏။ အဲ့ဒါချစ်ခြင်းတစ်ခုကိုလျှစ်လျှူရှုပစ်ရဘို့အတွက် အားမွေးတာတဲ့လား။ အားမွေးရုံလေးနဲ့တင်မျက်ရည်တွေ
ကျလာခဲ့သည်တဲ့.....စွန့်လွှတ်ဘို့ဆိုတာကတော့လေ.......
.....................................................................................

     အခန်း ( ၃ )
 သူမမနက်အစောကြီးဆေးရုံကိုထွက်လာခဲ့မိပါသည်။ဒီနေ့သားလေးဆေးစစ်ရမယ်လေ။ မနေ့ကဆရာဝန်ကြီးကပြောတယ် သားလေးရဲ့သွေးတွေကိုကြည့်ရတာသဘောမကျဘူးတဲ့..
ဘုရားဘုရား....သားလေးဘာများထပ်ဖြစ်ပြန်နေသည်မသိ။ သားလေးဘာရောဂါမှထပ်မဖြစ်ပါစေနဲ့ဘုရား....
သူမဆုတောင်းပြီး ကားကိုမောင်းလာခဲ့တာ ဆေးရုံဝင်းထဲတောင်ရောက်လာခဲ့ပါပြီ။သူမ ကားပေါ်မှာဆင်းကာ lift နှင့် သားအခန်းရှိရာသို့တတ်ခဲ့တော့သည်။
အခန်းထဲလည်းရောက်တော့ ကုတင်ပေါ်မှာ သားကမရှိ။ ကုတင်ဘေးမှာသားကိုအစောင့်အဖြစ်ထားခဲ့သော နာ့စ်မ ကလေးကသူမကိုမြင်မြင်ချင်း ပြာယာခတ်သွားပါ၏။
“ သမီးလေ အန်တီ့သား ဘယ်ကိုသွားလိုက်သလဲ.....”
သူမစိတ်ပူသွားပါသည်။ဟုတ်တယ် သားကအရမ်းအားနည်းနေတာလေ အခုချိန်လမ်းများများလျှောက်လို့မရသေးပါဘူး။ ဒီကလေးဘယ်တွေလျှောက်သွားနေတာပါလိမ့်
“အန်တီ....အန်တီ့သားက ...အန်တီ့သားက....”
နာ့စ် လေးရဲံစကားကအထစ်ထစ်အငေါ့ငေါ့....သူမ နာစ်လေး၏မျက်နှာရိပ်အား အကဲခတ်လိုက်ပါသည်။
မြင်လိုက်ရတဲ့အရိပ်တွေကတစ်ခုခုနိမိတ်ဆိုးကိုပြနေ သယောင်ယောင်
“ အန်တီ့သား အန်တီ့သားဘာဖြစ်လို့လဲသမီး...ပြောစမ်းပါ အန်တီ့ကိုမြန်မြန်ပြောစမ်းပါ.....”
“ဆေးရုံကနေ ဘယ်သူမှမသိအောင်ထွက်သွားပြီအန်တီ သမီးရှာကြည့်ပြီးပြီ ဒီဆေးရုံမှာမတွေ့တော့ဘူး....”
“ဟင်......”
သူမ လက်ထဲမှာကိုင်ထားသော သားစားဘို့ပျားလိမ္မော်သီးအထုပ်ကလေးလွှတ်ကျသွားပါ၏။
“ဘာ  ဘာပြောလိုက်တယ် အန်တီ့သား အန်တီ့သား ဆေးရုံကနေထွက်ပြေးသွားတယ်ဆိုတဲ့သဘောသားသမီး.....”
“ ဟုတ်တယ်အန်တီ....”
သူမရပ်တည်နိုင်စွမ်းတွေတောင်မရှိတော့ ခေါင်းထဲမှာမိုက်ခနဲ့ဖြစ်သွားကာ ယိုင်လဲပြိုကျသွားပါတော့သည်။
“ဟယ်  အန်တီ အန်တီ....ဟယ်.....”
 နာ့စ်၏အသံလေးကိုသာသူမနောက်ဆုံးကြားလိုက်ရပါသည်။ထို့နောက်တွင်မှာတော့......



Nov 26th

My love story (part 1)

By Alex aung

မည်းမှောင်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်ပြီး ပြတင်းပေါက်ကတစ်ဆင့် ငေးနေမိတာ အချိန် တော်တော်ကြာပါပြီ။ဘာတွေတွေးနေမိသလဲ ကိုယ့်ကိုယ်ကို ပြန်စိစစ်ကြည့်ရင် အရေးမပါတာလို့ ပြောမလား၊ တွေးကိုမတွေးသင့်တာလို့ ပြောရမလားကွာ။

အင်တာနက်ပေါ်လာတာ ကြာပြီဖြစ်ပေမဲ့ကိုယ်သိပ်မသုံးဖြစ်ပါ။ မေးလ်စစ်တာလောက်။ သတင်းကြည့်တာလောက်သာသုံးဖြစ်ခဲ့တာတောင်မကြာသေးပါဘူး။သူများတွေ ချက်ကြတာမြင်တော့ ကိုယ်လည်းသူတို့လို သူငယ်ချင်းတွေရပြီး စကားပြောချင်ခဲ့သူလေ။ အထီးကျန်တစ်ယောက်ထဲ နေထိုင် တတ်သူအတွက် စကားပြောဖော်တော့လိုတယ်မဟုတ်လား။ မိတ်ဆွေဖွဲ့တဲ့ Websiteတစ်ခုမှာ ကိုယ်မင်ဘာဝင်ခဲ့တယ်။ မကြာခင်မှာပဲ သူငယ်ချင်းတွေအများကြီး ရခဲ့တယ်။ အဲဒီထဲကမှ ထူးထူးခြားခြား သူငယ်ချင်းတစ်ယောက်ရခဲ့တယ်။သူကဖုန်းနံပါတ် တစ်ခုပေးတယ်။ဖုန်းဆက်ပါသူ့ဆီကို ဆိုတဲ့အမှာစကားကြောင့်လည်းပါတာပေါ့လေ။ ဖုန်းဆက်တော့ နွေးထွေးတဲ့စကားပြောဆိုမှုနဲ့ အတူ မင်းနဲ့ကိုယ်သူငယ်ချင်းဖြစ်ပြီနော် အိုကေတဲ့။ကိုယ်ကလည်း ၀မ်းသာစွာနဲ့ပဲ ကျေးဇူးပါလို့။ အခုချိန်ထိ နွေးထွေးတဲ့ဆက်ဆံမှုကို ရမှ မရခဲ့ဘူးတာဘဲ။ အဲဒီအတွက်ကျေးဇူးပါ သူငယ်ချင်းရယ်။

ကိုယ်တို့အပြန်အလှန်ညစဉ်ဖုန်းဆက်ကြတယ်။စကားပြောကြတယ်။ကြာလာတော့ တစ်ယောက်အကြောင်းသိလာကြတယ်။လိပ်စာအပြန်အလှန်ပေးပြီး စာရေးဆက်သွယ်ကြတယ်။ တစ်ပတ်ကိုနှစ်စောင်လောက်တော့ အနည်းပဲ။စာထဲမှာ သူ့ရဲ့အတွင်းရေးကအစ ထည့်ရေးလာတယ်။ အခက်အခဲတွေကိုတိုင်ပင်တယ်။သူ့ကောင်မလေးနဲ့ဘယ်လိုနေတာက အစ။ အဆင်မပြေလို့ ဘယ်လိုလုပ်ရမလဲစတာတွေကိုရောပေါ့။

သူကိုယ့်ကိုယုံကြည်လို့တိုင်ပင်တယ်၊ကိုယ်ကလည်းကြည်ကြည်နူးနူးနဲ့ ပြန်လည်ဖြေရှင်းပေးနိုင်သမျှ အကြံပေးဖြစ်တယ်။ကြာလာတော့ သူ့အတွင်းရေးကိစ္စတွေပါကိုယ့်ကိုဖွင့်ပြော ခံစားချက်တွေကို ဝေမျှနဲ့ ကြာလာတော့ ကိုယ့်ရင်ထဲမှာခံစားချက်တစ်ခုဖြစ်လာတယ်။ ဒါဟာဖြစ်သင့်သလား။ ကိုယ်မသိဘူး။ အံ့သြစရာပဲ သူပြောပြသလိုဆိုရင် မြန်မာပြည်ရဲ့နောက်ပိုင်းလူငယ်တွေမှာ ဒီလိုအတူနေကိစ္စတွေ ကပွင့်လင်းလာပြီလား။သူ့မှာ ကောင်မလေးတွေတင်မကဘူး မျိုးတူချင်းတောင် အတွေ့အကြုံရှိတယ် တဲ့။သူဘယ်သူနဲ့ ဘယ်လိုပတ်သက်ခဲ့တာ။သူဘယ့်သူ့ကိုနှစ်ခြိုက်ခဲ့တာ စတာတွေကိုပြောပြတဲ့အခါ ကိုယ့်ကို ညာနေတာလား၊ဘယ်လိုအဓိပ္ပာယ်နဲ့ပြောပြနေတာလည်း သံသယတွေ မ၀င်ခဲ့တာအခု ပြန်စဉ်းစားကြည့်တော့ ဘာလို့လဲ......သူ့ကိုဘာကြောင့်ယုံကြည်နေခဲ့တာလည်း.....။

မျှော်လင့်ရသောနေ့ မည်းမှောင်နေတဲ့ ဒီလိုညမှာ အသံလေးတစ်ခုကိုလွမ်းဆွတ်နေတယ်။မကြားရတာ တစ်ပတ်ရှိပြီ နော်။တိတ်ဆိတ်နေတဲ့ ညထဲမှာစာလည်းမဖတ်ချင်တော့ဘူး၊ကိုယ်သိပ်ကြိုက်တဲ့ သီချင်းကိုလည်း>> အိုး....တိတ်ဆိတ်နေတာနဲ့စာရင် ထဖွင့်လိုက်ပါဦးမယ်။တိုက်တိုက်ဆိုင်ဆိုင် သီချင်းလေးက ကိုယ့်ရဲ့ လွမ်းဆွတ်မှုကို ပံပိုးနေတာ Come Away With Me(Norah Jones)တဲ့။မင်းကိုယ့်နဲ့အတူ....လျှောက်လှမ်းနိုင်ပါ့မလား...။

တိတ်ဆိတ်တဲ့ည....လွမ်းဆွတ်နေတဲ့ည....မျှော်လင့်ချက်ထားမိနေသောည.....အထီးကျန်သူ တွေရဲ့ ထုံးစံအတိုင်း အတွေးနယ်ချဲ့ ကယောက်ကယက်ဖြစ်နေတာ.....ဟား.....။ - ကိုယ်ကတစ်ခုခုကို ပြောလိုက်တိုင်း မင်းကငြင်းဆန်တယ်ဆိုတာမရှိ အိုကေတဲ့။ကိုယ်က မင်းကိုချစ် တယ်လို့ပြောတော့ မင်းကလည်းကိုယ့်ကိုချစ်တယ်တဲ့ချစ်ခြင်းပြန်ပြောခဲ့တာ။

ဒါဟာ....> - သူ့ကိုသူငယ်ချင်းထက်သံယောဇဉ်ပိုနေတာကို သူလည်းသိတယ်၊ကိုယ်လည်းသိပါတယ်။ တစ်ယောက်ထဲ နေကျင့်ရှိနေတဲ့သူဟာ..ကြင်နာနွေးထွေးမှု၊ပြေပြစ်တဲ့ဆက်ဆံရေး ရှိသူ သူ့ကိုတွယ်တာတာဟာ >>> ..>ဒါမှမဟုတ် ကိုယ့်သံယောဇဉ်ကို သူပျက်ရယ်ပြုချင်တာလား။ကိုယ့်သံယောဇဉ်က သူများနဲ့မတူ တာတော့အမှန်ဖြစ်နေတာကိုးလေ။ သူငယ်ချင်းရေ မင်းအသံလေးတွေကို ပို့လွှတ်နေကျ၊ကိုယ်လည်း မင်းအသံကိုလက်ခံနေရတဲ့ ဆက်သွယ်ရေးကိရိယာ(ဖုန်း)လေးကို အခုပဲကောက်ကိုင်လိုက်ပါလား ကွာ။ကိုယ်မျှော်နေတယ်။ တမ်းတခြင်းဆိုတာ မျှော်လင့်မိသူအတွက်ပါ။ ရင်ခုန်ခြင်းဆိုတာ ချစ်မိသူအတွက်ပါ။ ကြည်နူးခြင်းဆိုတာ ယုယတတ်သူအတွက်ပါ။ လွမ်းခြင်းဆိုတာ မုန်းတတ်သူအတွက်ပါ။ အလွမ်းတွေနဲ့ ချစ်မိသူကိုယ့်အတွက်တော့ ရူးသွပ်ခြင်းပဲဖြစ်မှာပါ။ ဒီကဗျာလေးက ကိုယ့်အလွမ်းကို ကိုယ့်ခံစားချက်ကို ကိုယ့်အတွေးကို အထောက်အပံ့ ပြုဖော်ပြနေသလား။အလွမ်းဆိုတာ သူပြောသလို မုန်းတတ်သူအတွက်လို့ ကိုယ်တော့ မခံယူပါ။ကိုယ်ဟာချစ်တတ်သူသာ ဖြစ်တယ်လေ။ကိုယ့်အလွမ်းဟာ ဘာမျှော်လင့်ချက်လည်း သူ့ဆီကတုန့်ပြန်မှုတစ်ခုသာရချင်တာ.....>ထားပါတော့လေအခုကိုယ်သူ့ကို တမ်းတနေတယ် မျှော်လင့်နေတယ်.....။

ပြူတင်းပေါက်ဖွင့်လိုက်တော့ ဝေ့၀ဲနေတဲ့ လေပြေညှင်းတွေနဲ့အတူ ကြွေလွင့်နေတဲ့ သစ်ရွက်ကလေးတွေ ကလည်းကိုယ့်ကို မလွမ်းစေတော့ဘူး။ အိမ်ရဲ့မျက်နှာချင်းဆိုင်က ကြားနေရတဲ့ ပိုးအိစံရဲ့ အလွမ်းသီချင်းတွေကိုလည်း လိုက်ပါမလွမ်းဆွတ်တော့ပါ။ ကိုယ့်ရဲ့ အခန်းထဲမှာလည်း မီးတွေလင်းချင်းနေပါပြီ။ဂီတသံတွေလည်း ကြားနိုင်ပါပြီ။ ကိုယ့်ရဲ့ပျော်ရွှင်နေတဲ့ရယ်သံတွေကိုလည်းတစ်အိမ်လုံးကကြားရလို့ အဖေကတောင် မင်းဘာဖြစ်နေတာလည်းတဲ့။ ဒီလိုအဖြစ်အပျက်များကို မနက်ခင်းလေပြေတွေကယူဆောင်လာတယ်လို့ပြောရင် ရပါတယ်။မနက်ဆိုရင်ကိုယ်ဟာ နည်းနည်းနောက်ကျမှထလေ့ရှိတာ....ညညအိပ်မပျော်လို့ အိပ်တာနောက်ကျလိုပါပဲ။ဘာကြောင့်လည်းတော့ မမေးပါနဲ့တော့။

လူတစ်ယောက်>>>>မနက်မနက်ဆိုရင် ကိုယ်တို့လမ်းကြားကို အမြဲတမ်းဖြတ်သန်းနေတာ နေ့တိုင်းပါပဲ။ လမ်းတွေ အိမ်တွေကိုသူ့တာဝန်အရ လိုက်လံပို့ဆောင်တဲ့ စာတွေအထုပ်တွေအများကြီး။ ကလင် ကလင် လိုမြည်နေတဲ့ဘဲလ်သံက အိမ်ခြံဝမှာအတန်ကြာမြည်နေတာနဲ့ ကိုယ်ကိုယ် တိုင်ပဲ အိမ်ရှေ့ကိုထွက်လိုက်တော့ စာတစ်ထပ်နဲ့အတူမြင်နေရတဲ့ လူတစ်ယောက်ကြောင့် ကိုယ်နည်းနည်းပျော်သွားသလိုပဲ။ ဘာကြောင့်လည်းတော့ မမေးပါနဲ့တော့။

စာတွေ တရွက်ပြီးတရွက် ကိုယ့်ရှေ့က စားပွဲပေါ်မှာ ရောက်သွားသလို ကိုယ့်မျက်နှာပေါ်က အပြုံးကလည်း ပိုပိုကြီးလာသလိုပါပဲ။သူ့အပေါ် လွမ်းဆွတ်ခဲ့ရတာတွေ တမ်းတမျှော်လင့်ခဲ့ရတာတွေကို အဝေးမှာထားခဲ့လိုက်ပါပြီ။ အိုး.....အဲဒီလိုတော့ မလုပ်ပါနဲ့ကွာ ကိုယ်လာနိုင်အောင်ကြိုးစားမယ်။ကိုယ့်ဓာတ်ပုံကို လည်း အများကြီးပို့လိုက်မယ်။ကိုယ်က ကိုယ့်ရုပ်ဆိုးတယ်ထင်လို့ မှတ်တမ်းတင်ဓာတ်ပုံက လွဲလို့ အလှဓာတ်ပုံမရိုက်တာကြာလှပေါ့။

မင်းဓာတ်ပုံတစ်ပုံကိုပဲမြင်ဘူးသေးတယ်။ကိုယ်တို့ခင်မင်ကြတာ တစ်နှစ်တောင်ရှိပြီ ကိုယ်တို့ အပြင်မှာ တွေ့ကြမယ်။ရန်ကုန်ကိုလာခဲ့ပါ။ဓာတ်ပုံမပို့ရင်၊ လာမတွေ့ရင် သူငယ်ချင်းအဖြစ် ကရပ်စဲပစ်လိုက်လို့ရတယ်ဆိုတဲ့မင်းစကားကြောင့်.>>>မင်းကို ကိုယ်လည်းအမှန် တစ်ကယ် တွေ့ချင်စိတ်ကြောင့် ကိုယ်လာမယ် မင်းဆီကို။

လာမယ်......အခုလာမယ်.......မင်းနဲ့တွေ့ရတော့မယ်။ကိုယ်ချစ်တဲ့သူနဲ့တွေ့ရတော့မယ် ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီးပါလား။အပြင်မှာတွေ့ရင် သူကိုယ့်ကိုခင်ချင်ပါ့မလား။ ဒီထက်သံယောဇဉ်ထားချင်ပါ့မလား။ အဖေပြောသလို တခြားရန်ကုန်ကလူတွေလိုများ ကိုယ့်ဆီက ကိုယ့်ကိုအသုံးချလိုလို့...စသဖြင့် အတွေးတွေကတော့အများသား။ တော်ပြီကွာ မစဉ်းစားတော့ဘူး သွားမယ် ရန်ကုန်ကိုသွားမယ်။ စိတ်လှုပ်ရှားမှုများနှင့် စတင်တဲ့ခရီးဟာ အထူးအဆန်းဖြစ်နေတာတော့ အမှန်ပါပဲ။ တစ်ယောက်တည်းသွား....ကိုယ့်အားကိုယ်ကိုး ခရီးလေးမို့လေ။ ခါတိုင်းဆိုရင် မိသားစုဝင်တစ်ဦးဦးပါမှ ခရီးထွက်ကျင့်ရှိခဲ့တာပါ။

အပြစ်မဆိုသာတဲ့ အဖေ့ရဲ့ စိတ်မချခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ ကိုယ်ဟာ နည်းနည်းတော့ အားကိုချင်စိတ် ရှိနေသလိုပါပဲ။ ဒီခရီးဟာ ကိုယ့်အတွက် စွန့်စားခန်းကြီးဖြစ်သလို အဆန်းတကြယ် စိတ်လှုပ်ရှားမှုများဖြစ် ပေါ်စေတဲ့ခရီးလေးပါ။ အဖေကပြောတယ်...> ရန်ကုန်ကလူတွေရဲ့အကြောင်း၊ ခရီးစဉ်အကြောင်း၊ သူလာ မကြိုရင် ဘယ်လိုသွား ဘယ်မှာတည်း ဘယ်လိုလုပ်စတဲ့ မှာတမ်းတွေပေါ့။မိဘမေတ္တာပါ သလို စိတ်မချခြင်းတွေပါဝင်နေတဲ့ စကားသံတွေဟာ တစ်ခါတစ်လေ ကိုယ့်အတွက်နွေး ထွေးမှုကိုပေးသလို တစ်ခါတစ်လေတော့လည်း မကောင်းဘူးလို့ အဲဒီအချိန်က မခံစားတတ် ခဲ့တာအမှန်ပါပဲ။ခရီးသွားဖို့သာ စိတ်ကသန်နေတာလေ။ ဘာပဲဖြစ်ဖြစ်လေ အရွယ်ရောက်ပြီး ယောက်ျားလေးတစ်ယောက်အတွက် ကိုယ့်အားကိုယ် ကိုးလိုစိတ်ဖြစ်ပေါ်စေတဲ့၊ လောကသစ်တစ်ခုကို လျှောက်လှမ်းရသလို ခံစားရစေတဲ့၊ ကိုယ့်သံယောဇဉ်ရှိသူကိုတွေ့ရမယ့် ဒီခရီးဟာ အဆင်ပြေချောမွေ့ပါစေကြောင်း ကိုယ်ဆုတောင်းပါတယ်။

တဂျုံးဂျုံး.....ဂျုံး မည်နေတဲ့ ပုခက်လွှဲသလားထင်ရတဲ့ ရထားပေါ်မှာ အိပ်မပျော်ခြင်းများ စွာ အိပ်မပျော်သူဟာ ကိုယ်တစ်ယောက်ထဲလား။ ဘူတာတစ်ခုဝင်တိုင်း မည်မည်လာတတ် တဲ့ ရထားဥသြသံရယ် တံတားတွေကို အဖြတ်မှာ မည်လာတတ်တဲ့ တဂျုံးဂျုံး အသံတွေဟာ ကိုယ့်စိတ်လှုပ်ရှားနေတာကို တိုးမြှင့်စေတာတော့အမှန်ပါပဲ။ ရထားပြတင်းပေါက်ကနေ မည်းမည်းမှောင်မှောင်ထဲမှာ မြင်နေရတဲ့ လယ်ကွင်းတွေ၊ တောင်ပေါ်က စေတီတွေ၊ ညမှောင်မှောင်မှာ အလုပ်ရှုပ်နေကြတဲ့ လူတစ်ချို့ရယ်ကိုကြည့် ပြီး ဘာမှန်းမသိတဲ့ ခံစားမှုတစ်ခုဟာ ရင်ထဲမှာ တလှပ်လှပ်။

မနက်က ဘာမှန်းကိုမသိဘူး ရထားစီးခရီးသည်တွေ ဘူတာရုံမှာများမှများ...စုံစမ်းကြည့် တော့ အခုအဝေးပြေးကားခတွေ ဈေးတအားမြင့်နေတာကြောင့်ရထားစီးသူများလာတာတဲ့။ ဒါကြောင့်နေမှာ လက်မှတ်ကို သုံးရက်လောက်ကြိုဝယ်တာတောင် ကုန်ပြီတဲ့။တော်ပါသေး ရဲ့ ဘူတာက အမကကိုယ့်အသိဖြစ်လို့ သူကြိုဝယ်ပေးထားတာကိုပဲကျေးဇူးတင်နေရတာ။ မနက်ကျရင် ရထားကဘယ်နှနာရီဆိုက်မလဲ မသိဘူး။သူ့ကို ကိုယ်ဖုန်းဆက်ထားတဲ့အချိန် မဆိုက်ရင် သူကတော့ ရပ်စောင့်နေရတော့မှာ။ ဂျင်းအပြာရယ် တီရှပ်အဖြူရယ် သူဝတ်လာ မယ်။ဘူတာအထွက်က ရုပ်ထုတွေရှိတဲ့နားက ခုံတန်းမှာ သူစောင့်နေမယ်တဲ့။ အဖေပြော သလိုသူ ကိုယ့်ကိုယ် လိုလိုလားလားရှိပါ့မလား။ ရန်ကုန်မြို့ကြီးကကော ဘယ်လိုပုံစံလည်း ကိုယ့်ကို နွေးထွေးစွာကြိုဆိုမလား...အစိမ်းသက်သက်ကြိုဆိုမလား။ အခုချိန်မှာ ဘာမှမစဉ်းစားတာပဲကောင်းပါတယ်။ဒါပေမဲ့ ရထားသံတဂျုံး...ဂျုံးက ကိုယ့်ကို အိပ်မပျော်သူကို အိပ်မပျော်အောင်များ လုပ်နေသလား....ကွာ။

ငှက်ပျောသီးတွေ ရမယ်.....ငှက်ပျောသီးတွေ.....ရေရမယ်ရေ စတဲ့အသံတွေကြောင့် ရုတ်တရက်လန့်နိုးသွားတယ်။တိုးကြောင်ကလေးဘူတာရောက်ပြီမကြာခင် ရန်ကုန်ဘူတာ ကြီးကိုရောက်တော့မယ်ဆိုတာကြောင့် ကိုယ့်အထုပ်လေးတွေပြင်ဆင်ရပြီ မေ့မကျန်ခဲ့ အောင်ပေါ့။သေချာတာကတော့ ထိုးမုန့်ထုပ်တွေကိုသေချာစစ်ရတာပါပဲ။ သူကထိုးမုန့်ကြိုက်တယ် မဟုတ်လား။ ဘူတာထဲကို ၀င်ဖို့ ရထားဥသြဆွဲသံနဲ့ အတူကိုယ့်စိတ်တွေဟာ ပျော်ရွှင်သလိုလို၊စိုးရိမ်စိတ် ၀င်သလိုလိုနဲ့ ဟား...ဟား။လူတွေ လူတွေမြို့ထဲမှာ လူကျန်သေးရဲ့လားမေးရအောင် ဘူတာရုံမှာ ကြိတ်ကြိတ်တိုးနေတာ။အထုပ်အပိုးတွေကိုသေချာစွဲကိုင်ပြီး ဘူတာဝင်ပေါက် ဘက်ကို ထွက်လာခဲ့တယ်။ဟာ....သူ့ကိုလည်းမတွေ့ဘူး သေချာစောင့်နေမယ်ပြောပြီး တော့။အော်....ရှေ့ကလှမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်..သူလည်းကိုယ့်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေတယ်။ သေချာပါတယ် သူပြောတဲ့အတိုင်းပဲ ကိုယ့်ကို နှုတ်ဆက်တယ်။ မင်းကိုဘူတာထဲလာစောင့်သေးတယ်...ရထားနားကောလာရှာတယ်.. လွဲနေမှာစိုးလို့ ပြောထားတဲ့အတိုင်းဒီနားကစောင့်နေတာ စတဲ့ စကားတွေနဲ့နွေးထွေးစွာ ကြိုဆိုတယ်။

အခုမှတွေ့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အမ်းနေသလိုပါပဲ။

Nov 26th

My Love story (part 2)

By Alex aung

ကိုယ်တို့လမ်းလျှောက်လာကြတယ်...ဘတ်စ်ကားဂိတ်ကိုရောက်တော့မှ သူ့ခြေလှမ်းကိုမှီ တော့တယ်။အမြန်..အမြန် ခြေလှမ်းတွေ ကိုယ်တို့မန္တလေးနဲ့မတူတာတော့ အမှန်ပါပဲ။

ဘာပဲဖြစ်ဖြစ်လေ...အခုရန်ကုန်ရောက်ပြီ...သူကလည်းနွေးထွေးစွာကြိုဆိုတယ်...ကိုယ် အဆင်ပြေမှာပါ...။ ညအိပ်ရာဝင်ချိန်မှာ တွေးနေတတ်သည့်အတွေးများဖြစ်တဲ့ သူကျွန်တော့်ကိုချစ်ကော ချစ်ရဲ့လား၊အသုံးချဖို့...လိုအပ်နေလို့ဆိုတာကြောင့်လား၊ကိုယ့်သံယောဇဉ်အပေါ်သူတစ် မျိုးများ မြင်နေမလား စသည့်စသည့်အတွေးများဟာ ကျွန်တော့်ရင်ဘတ်မှခုန်ထွက်ခါ ပြူတင်းပေါက်လေးမှ တစ်ဆင့်ပြုတ်ကျသွားတဲ့ နေ့လေးတစ်နေ့ပါပဲ။

သူ့အခန်းရှိရာပထမထပ်ကို တက်လာ၊သူ့အခန်းလေးကို ၀င် မြင်လိုက်ရ တာတွေက ကွန်ပျူတာတင်ထားတဲ့ စာရေးစာပွဲရယ်၊ တီဗွီနဲ့ ဒီဗီဒီဖွင့်စက်တွေ ပြီးတော့ စားပွဲရဲ့တစ်နေရာမှာ ကိုယ့်စာတွေကို ဘူးနဲ့သေချာထည့်ထားတာတွေကို မြင်လိုက်ရတယ်။ ကိုယ်ဘာမှ မစားရသေးတာသူသိနေတာ အံသြစရာမကောင်းပေမဲ့.. သူပြင်ထားတွေကို အရင်စားမလား၊အား အရည်သောက်မပါဘူး အောက်ထပ်ကစားသောက်ဆိုင်ကို ငါးခေါင်းဟင်းချိုလှမ်းမှာမယ်၊ ရေအရင်ချိုးမလား၊ပြီးရင် မင်းဝတ်ဖို့ဘောင်းဘီက ဒီမှာနော် စတဲ့စကားသံတွေနဲ့ အတူ သူ့ရဲ့ကရုစိုက်မှုအတွက် ကျေနပ်မိတာတော့အမှန်ပါ။

ကိုယ့်နားကို ကပ်လာတဲ့ သူ့ဆီက ရတဲ့ကိုယ်သင်းရနံ့ဟာ ကိုယ့်ကို ခံစားမှုတစ်ခုပေးနေ သလိုစိတ်ထဲမှာခံစားရတာ တစ်မျိုးလေးပေါ့။ ဘယ်လိုမှ ရှောင်လို့မဖြစ်တဲ့ အခန်းကျဉ်းလေး....သူရုတ်တရက်ဝင်လာတာကြောင့် အခန်းတံခါး မပိတ်ထားမိတဲ့ ကိုယ့်အဖြစ်...သူ..သူတံခါးကို ပြန်မပိတ်ပဲ ၀င်လာခဲ့ပြီ။ ပြီးတော့ ပူနွေးစိုစွတ်တဲ့ အနမ်းတွေ....နူးညံ့တဲ့ အထိအတွေ့....ပထမဆုံးနေ့မှာပဲ ဦးဆုံး အတွေ့အကြုံကိုခံစားရတဲ့ ရင်ခုန်တာတွေဟာ အခုပြန်စဉ်းစားတဲ့အချိန်အထိ ပူနွေးနေဆဲပါ။

ဒီနေ့....ရန်ကုန်မရောက်ဘူးတဲ့ ကိုယ့်ကို ဘုရားအစုံ၊ပြည်သူ့ဥယျာဉ် စတာတွေကိုလိုက်ပို့ မယ်လို့သူပြောထားတာလေ။ကိုယ်ကတော့ နေရာဒေသ အသစ်ဖြစ်တာကြောင့်ရော၊ နေမြင့်အောင် အိပ်ကျင့်မရှိတာကြောင့်ရော အစောကြီးနိုးနေတာကြောင့် ထမင်းကြော်၊ မီးဖိုထဲက ရှိတဲ့ မုန့်ညင်းချဉ်လို စားစရာတွေကိုတောင် အသင့်ပြင်ပြီးနေတာကြာလှပေါ့။

Wow....မနက်ခင်း တံခါးပေါက်ကနေ ၀င်လာတဲ့လေနွေးနွေးနဲ့ အတူ လမ်းမပေါ်မှာ ရှင်းလင်းနေလိုက်တာ။လမ်းပေါ်မှာ သွားလာနေသူနည်းနည်းကလွဲလို့ လူသွားလူလာ သိပ်မရှိ ပါလား။ဒီအချိန်ဆိုရင် ကိုယ်တို့မန္တလေးမှာ ဆူညံနေပြီ။ မျက်နှာချင်းဆိုင်က ပုဇွန်တောင် အထက်တန်းကျောင်းအဆောက်အအုံကြီးကိုဆောက်နေတာ မြင့်မှမြင့်။ကိုယ်လို အမြင့် ကြောက်သူဆိုရင် ဒီလိုကျောင်းမျိုးမှာ တက်ဖြစ်မှာ မဟုတ်ဘူး။

ဟာ...ဟ အိပ်နေတာကလည်း ကလေးလေးကျနေတာပဲ ကွေးကွေးလေး။သူ့ပါးကိုနမ်း လိုက်တော့ ဟာကွာ မင်းကလည်းအေးစက်နေတာပဲတဲ့။သူ့ကို အတင်းနှိုး...သူကအတင်း ပြန်အိပ် ပျော်စရာတော့ အကောင်းသား။ ကိုယ်ချက်ထားတာတွေကို အားရပါးရစားနေတဲ့အတွက် ကိုယ်တော့ ၀မ်းသာကြည်နူး မိတာ အမှန်။သူက မင်းသာဒီမှာ အလုပ်ရလို့ ကိုယ်နဲ့အတူနေရင် ကိုယ်တော့ ၀က်ပုပ်ကြီး ဖြစ်လာမှာပဲတဲ့။မြန်မြန် အလုပ်ရပါရစေ အဆင်ပြေပါစေလို့ ကိုယ်ဆုတောင်းရတော့မှာပေါ့။ မင်းနဲ့ အတူနေခွင့်ရဖို့.....ပျော်ရွှင်နိုင်ဖို့.....။

ဒီနေ့မြို့အနှံ့လျှောက်လည်ကြတယ်။သူရယ် ကိုယ်ရယ် သူ့သူငယ်ချင်းတွေရော အပါအ၀င် ပေါ့။သူနဲ့ဘေးချင်းယှဉ်လျှောက်တာ သူမကန့်ကွက်ပေမဲ့ သူ့လက်ကိုကိုင်တာကိုတော့သူ သဘောမကျဘူးသိလား။သူများတွေ သဘောပေါက်သွားမှာစိုးလို့တဲ့ ဒိုင်ယာရီလေးရယ်။ ပြည်သူ့ဥယျာဉ်မှာ ရေကူးကြတယ်။တိရစ္ဆာန်ဥယျာဉ်မှာ ဓာတ်ပုံရိုက်ကြတယ်။ ဗိုလ်တစ်ထောင်မှာ ညောင်ရေလောင်းတယ် ဆိပ်ကမ်းမှာ လေညင်းခံရင်းစကားတွေပြော ဖြစ်ကြတယ် သိလား။သူနဲ့သွားလာနေထိုင်ရတာ သူများတွေအတွက်တော့ မသိဘူး။

ကိုယ့်အတွက်တော့ သူနဲ့ဆက်ဆံရတာရောနေထိုင်ရတာရော နွေးထွေးကြင်နာမှုအပြည့်နဲ့ပဲ ဒိုင်ယာရီ ရယ်။ သူနဲ့ ဈေးဝယ်ထွက်တော့လည်း ရယ်ရတယ်သိလား။ကိုယ်က အညာသားဆိုတော့ ဒီဇိုင်းကို သိပ်မကြည့်ဘူး ခိုင်ခံတဲ့ အကြမ်းခံတဲ့ ဒီဇိုင်းကိုရွေးတာလေ။သူက ဒီဟာက အောက်သွားပြီ မမိုက်တော့ဘူး။ဒါကအခုခေတ်စားနေတာ စသဖြင့်ရွေးတာပေါ့။ဒါနဲ့သူဝယ် တာကိုလိုက်ကြည့် ကိုယ်သဘောကျရင်ကိုယ်လည်းဝယ်ပေါ့လေ။ဈေးဝယ်သွားရင် ဘူးသီးကြော်စားဖြစ်ကြသေးတယ် အရမ်းကောင်းတာပဲ သိလား ဒိုင်ယာရီ။

ညကြတော့ ရွှေတိဂုံဘုရားကို သွားဖူးကြတယ်။အလွန်ကိုကြည်ညိုစရာကောင်းတာပဲ။ လူတွေလည်း အများကြီးပဲသိလား။ကိုယ်အစားအသောက်ပျက်မှာစိုးလို့ သူ့သူငယ်ချင်းလင် မယားကို အိမ်မှာလိုက်အိပ်ဖို့ခေါ်နေတယ်။ဘုရားမှာ ဆီမီးထွန်းဆုတွေတောင်း ဘာဆုတွေ တောင်းလည်းမမေးနဲ့နော်။ပြောပြရင် ရယ်စရာဖြစ်နေဦးမယ် ဒိုင်ယာရီရယ် မင်းသိပါတယ်။ လမ်း(၃၀)ရောက်တော့ လမ်းဘေးဈေးတန်းက ဟင်းချက်စရာတွေဝယ်ကြတယ်။ အိမ်ရောက်တော့ သူ့သူငယ်ချင်းက ရခိုင်ဝက်သားချက်ကြွေးတယ်။မအီဘူး အသားက လည်းပျော့မသွားဘူး သရက်သီးအမှည့်ကို ဒီအတိုင်းထည့်ချက်တာ။ထမင်းစားပြီးတော့ မင်္ဂလာဈေးက ၀ယ်လာတဲ့ ဒီဗီဒီခွေတွေကိုကြည့်ကြတယ်။သူကတော့ စောစောအိပ်တာ။ ကိုယ်ကတော့ ဆက်ကြည့်တယ်လေ။

ဟိုလင်မယားအိပ်မှ ကိုယ်လည်းမျက်နှာသစ်ပြီး သူ့ဘေးမှာ ၀င်အိပ်တော့ သူကလှမ်းဖက်။ နောက်မှပဲဆက်ပြောတယ်မယ်ကွာ ဒိုင်ယာရီကြီးရယ်နော်...။ သူနဲ့နေထိုင်သွားလာရတာ ကျေနပ်ကြည်နူးစရာလေးတွေပဲရှိတယ်လို့မထင်နဲ့နော်။ ကိုယ်မကျေနပ်သဘောမကျစရာလေးတွေကိုလည်းပြောပြရဦးမယ် ဒိုင်ယာရီရဲ့။ မနက်မိုးလင်းတော့ ကိုယ်လည်းနိုးနေပြီ၊သူက မျက်နှာတောင်သစ်ပြီးနေပြီသိလား။ ဟိုလင်မယားကတော့ ထတောင်မထသေးဘူး။ဗိုက်စာတယ် မနက်စာသွားစားကြမယ်တဲ့။ ကိုယ်တို့ဆီမှာက ကိုယ့်အိမ်လာတဲ့ သူငယ်ချင်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်သူတို့အတွက်ကို ရော နည်းနည်းဖြစ်ဖြစ်ကျွေးလေ့ရှိတာ လေနော်။သူကဘာမှ မပြောတော့ သူခေါ်တဲ့နောက် လိုက်သွားတယ်။ အုန်းနို့ခေါက်ဆွဲသွားစားတာပေါ့။ သူစားတဲ့အတိုင်း ဘဲသွေးထည့်စားတာ နည်းနည်းတော့ညှီသလိုပဲနော်။ဂရုတစိုက်ကျွေးတာ ကျေနပ်ပေမဲ့ ဗိုက်မ၀သေးတာသူ့ကို မပြောလိုက်ဘူး သိလား ဟီးဟီး။တော်ကြာ အညာသားအစားကြီးတယ်ဖြစ်မစိုးလို့လေ ဒိုင်ယာရီရဲ့။

သူ့အလုပ်က စနေနေ့မှာ နေ့တစ်ဝက်ထိလုပ်ရတာမို့ ဒီနေ့တော့ အလုပ်သွားလိုက်ဦးမယ် နော် သူ့သူငယ်ချင်းလင်မယားရဲ့ အိမ်ကိုလိုက်သွားတဲ့။ညနေကြမှ ပြန်ဆုံမယ်တဲ့။ ကိုယ့်စိတ်ထဲမှာ တစ်မျိုးကြီးပဲ သူနဲ့ပဲနေချင်တာ ဆိုတဲ့စိတ်ဖြစ်နေမိတာ လုပ်သင့်တာ ဖြစ်သင့်တာကို လုပ်ရမှာပေါ့နော် အဲဒီလိုပဲဖြေသိမ့်ရတာပေါ့ ဒိုင်ယာရီရဲ့။ သူ့သူငယ်ချင်းအိမ်က ကလေးဆေးရုံဝင်းထဲမှာပဲလေ။ဘိလိယက်ခုံထောင်ထားတာကွ။ ကိုယ့်ကိုဘိလိယက် ၀ါ သနာပါရင်ကစားပါလားတဲ့။ကိုယ်က မကစားတော့ဘူးလို့ သူတို့ကစားတာကိုပဲထိုင်ကြည့်ဖြစ်ခဲ့တယ်။

သူ့သူငယ်ချင်းလင်မယားကလည်း ကိုယ့်အပေါ် ကောင်းပါတယ်။ ရန်ကုန်က သူငယ်ချင်းအချင်းချင်းတောင်မှ ရာထူးကြီးကြီး၊၀င်ငွေကောင်း တဲ့ သူငယ်ချင်းက သူငယ်ချင်းတွေကြားမှာ ဆရာကြီးပဲနော်။ကိုယ်ထင်တာကိုပြော တာနော် ဒိုင်ယာရီ တစ်မျိုးမထင်နဲ့ဦး။ ညနေကိုယ်တို့ ၆နာရီလောက်မှ ဗိုလ်မြတ်ထွန်းလမ်းက ကိုယ့်အချစ်ဆုံးလေးရဲ့ တိုက်ခန်း ကို ကိုယ်တို့ပြန်လာကြတယ်။သူကပြန်ရောက်လို့ ကာရာအိုကေဖွင့်ပြီးသီချင်းဆိုနေပြီ။ သူသီချင်းတော်တော်ဆိုနိုင်တာပဲ။ မနက်အလုပ်မသွားခင်လည်းဆို ညညအိပ်ယာမ၀င်ခင် လည်းဆို။တစ်ယောက်တည်းနေရတာ ပျင်းလို့သီချင်းဆိုရင်း ၀ါသနာပါသွားတာတဲ့။ သူ့သူငယ်ချင်းလင်မယားက ဒီညကြာဇံကြော်ရယ်၊ထမင်းပေါင်းရယ် လုပ်ကျွေးတယ်။ သူကတော့ ဘာဖြစ်ဖြစ်စားတာပဲ။ချေးမများဘူးသိလား။ဒီလင်မယားကလည်း သူ့အပေါ် ကောင်းပါတယ်။နောက်တစ်ပတ်သူတို့မလာဖြစ်ရင်စားဖို့ အကြော်အလှော်တွေလည်း လုပ်ပေးတယ်။ဘာလူမျိုးလည်းတော့မသိဘူး ရခိုင်ဟင်းတွေတော့တော်တော်ချက်နိုင် တာပဲ။ကိုယ်လည်း စားကောင်းကောင်းနဲ့စားလိုက်တာ။

ညမအိပ်ခင် ဗိုလ်တစ်ထောင်ဘုရားကိုသွားကြသေးတယ်။ဆိပ်ကမ်းမှာလည်းသွားထိုင်ဖြစ် တယ် ။ စကားထိုင်ပြောနေလို့ကောင်းတုန်း ဆိပ်ကမ်းအလုပ်သမားအချင်းချင်းရန်ဖြစ်ပြီး ဓားနဲ့ခုတ်ကျလို့ ရဲတွေလာတော့ သူ့သူငယ်ချင်းမိန်းမက သွားစို့ ပြန်စို့တဲ့ ကြောက်နေတဲ့ ပုံစံပဲ။ ကိုရီးယားသရဲကားရယ်၊Promiseဆိုတဲ့ ကိုရီးယားတရုတ်ဖက်စပ်ကားရယ်ကြည့်ကြတယ်။ သူကတော့ ကိုရီးယားသရဲကားတွေတော်တော်ကြိုက်တယ်နဲ့တူတယ်။စီဒီတွေမှအများကြီး ပဲ ။ကိုယ်လည်း သရဲကားကြည့်လို့ကြောက်တဲ့ပုံစံနဲ့ သူ့နားကပ်ထိုင်ပြီးကြည့်တာပေါ့ ဒိုင်ယာရီရဲ့။ ကိုယ်ရန်ကုန်ကိုလာရောက်လည်ပတ်တဲ့ သူနဲ့တွေ့ဆုံတဲ့ကာလဟာ လက်ချိုးရေတွက်လို့ ရပါတယ်။ဒီလို ရေတွက်လို့ရတဲ့နေ့တွေထဲမှာ သူနဲ့ခွဲခွာရတော့မယ့် အပြန်ခရီးကို စတင်ဖို့ ပြင်ဆင်ရတဲ့နေ့ကိုတော့ မရောက်ချင်ဆုံးပါပဲ။ဒါပေမဲ့ အခုရောက်လာခဲ့ပြီလေ။ သူလိုက်ပို့တဲ့ ယုဇနပလာဇာမှာ၊မင်္ဂလာဈေးမှာ ဘာပစ္စည်းမှ မည်မည်ရရ မ၀ယ်ဖြစ်ခဲ့ ပါဘူး။

သူဝယ်ပေးတဲ့ လက်ဆောင်၊ရထားပေါ်မှာ စားဖို့ဝယ်ပေးတဲ့မုန့်တွေ ကိုလက်ခံယူပြီး ကြိုက်မကြိုက် ပြန်မပြောခဲ့တော့ သူကမင်းဘာဖြစ်နေတာလည်းတဲ့၊မျက်နှာကလည်း တစ်မျိုးပဲ ကိုယ်နဲ့နေရတာ မကြိုက်လို့လား၊ကိုယ်ဝယ်ပေးတာ မနှစ်သက်လို့လား၊ ကိုယ့်ဘက်က တာဝန်မကျေတာဘာရှိလို့လဲ မေးတယ်....ကိုယ်ကတော့ ဘာမှမရှိပါဘူး လို့ပြန်ပြောခဲ့ပေမယ့် ရင်ထဲမှာတော့ ၀မ်းနည်းနေတယ်၊ပူဆွေးနေတယ်ဆိုတာ သူသိအောင် မပြောပြခဲ့ပါဘူး။ မွန်းကော်ဖီဆိုင်မှာ အတူစားဖြစ်တဲ့ မုန့်နဲ့ကော်ဖီတွေကလည်း ကိုယ့်ကို မချိုမြိန်စေတော့ သလို၊ညနေတိုင်း ၀ယ်စားနေကြ ဘူးသီးကြော်ဟာလည်း အရသာမရှိသလိုပါပဲ။သူသိမှာပါ လေ ပုံမှန်စားနေကျ အားရပါးရစားတဲ့ကိုယ့်ပုံစံနဲ့မတူဘဲ ထူးခြားမှုရှိနေတာကို။ဒါကြောင့် သူတိတ်ဆိတ်စွာ ကိုယ့်ဘေးကအဖော်ပြုပေးနေတာ.....။

ရန်ကုန်မှာ နေခွင့်ရတဲ့ဒီရက်လေးမှာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးဖို့ သူစီစဉ်ပေးတာကို ကိုယ် မငြင်းဖြစ်ပါ။မနက်စော စော သူ့သူငယ်ချင်းရဲ့မွေးနေ့ပွဲလုပ်ရာ လမ်း၅၀ကို သူ့သူငယ်ချင်းလင်မယားရယ်၊ကိုယ်တို့ နှစ်ယောက်ရယ်သွားဖြစ်ကြတယ်။ သူ့ရဲ့သူငယ်ချင်းတွေအပေါ်နွေးထွေးစွာကူညီတတ်ပုံ၊ ဘုရားတရားကြည်ညိုပုံတွေကို ပိုသိခဲ့ရပါတယ်။ နေ့လည်ပိုင်းမှာ တိရစ္ဆာန်ဥယျာဉ်သွားပြီးရေကူးကြတယ်။နည်းနည်းတော့ရယ်ရသလိုပါပဲ။ အားလုံး ရေမကူးတတ်ကြဘူးလေ။သူတို့ထက်စာရင် ကိုယ်ကကူးတတ်တော့ ၀မ်းနည်းတာ တွေမေ့ထား အားရပါးရကူးပစ်လိုက်တော့တာ။ သူ့သူငယ်ချင်း လင်မယားကဒီနေ့ သူတို့အိမ်ကိုပြန်တော့မှာဖြစ်သလို ကိုယ်ဟာလည်း နောက်တစ်နေ့မနက်မှာ ပြန်ရတော့မှာပါလား။မတွေးချင်ပေမဲ့ လက်တွေ့မှာ ဒီလိုဖြစ်နေတာ ဆိုတော့လည်း....။

သူ့သူငယ်ချင်းကို ကိုယ်မနက်ဖြန်ပြန်တော့မှာဖြစ်ကြောင်း၊ရန်ကုန်ရောက်ခိုက်ချက်ပြုတ် ကျွေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းတွေကိုပြောဖြစ်ပါတယ်။သူကမေးတယ် ပြန်ဖို့ပြင် ဆင်တဲ့နေရာမှာ ဘာတွေကျန်ခဲ့သလဲတဲ့။ကိုယ်ကတော့ အားလုံးပြည့်စုံပါပြီလို့။ မဟုတ်ဘူး မင်းရဲ့ မေတ္တာတွေ၊သံယောဇဉ်တွေ ကျန်နေခဲ့မှာတဲ့။ ဟုတ်တယ်...ကိုယ့် သံယောဇဉ်က တော့ အမျှင်တန်းနေခဲ့မှာပါ။

ကိုယ်ရဲ့ သံယောဇဉ်တွေ၊မျှော်လင့်ချက်တွေ....တမ်းတမှုတွေ........တွေ။ စွန့်ခွာသွားတဲ့...ထားခဲ့ရတဲ့ခံစားမှုမျိုးကို တစ်ခါမှ နင့်နင့်သီးသီးမခံစားဖူးပါ။အရာရာ ဆုံးရှုံး ခဲ့ရတဲ့၊ ဆွန့်လွှတ်ထားခဲ့ရတဲ့ ခံစားမှုမျိုးကိုပေါ့။အခုတော့ ကိုယ်ဟာ ကမ္ဘာမြေက ထွက်ခွာ သွားရတဲ့ အာကာသယာဉ်တစ်စီးရဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ၊ အေးချမ်းမှုတွေပေးတဲ့ စိမ်းလန်းရာကမ္ဘာမြေကို ဝေးကွာလာတဲ့ အရှိန်နှုန်း တဖြည်းဖြည်း မြန်လာသလို ကိုယ့်ရဲ့ ၀မ်းနည်းမှုနှုန်းဟာလည်း တရိပ်ရိပ်ပါ။ ရထားပြူတင်းပေါက်ကနေ နှုတ်ဆက်နေတဲ့ မင်းကို တစ်ခါလေးပဲ လှည့်ကြည့်ခဲ့တာ မင်းကို မနှုတ်ဆက်ချင်လို့ ဥပေက္ခာပြုထားခဲ့တာ မဟုတ်ပါဘူး။ဝမ်းနည်းနေတဲ့ ၊ မျက်ရည်ဝဲချင်ချင် ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို မင်းမြင်တွေ့သွားမှာ စိုးရိမ်လို့ပါ။ပတ်ဝန်းကျင်က ကြည့်လာမည့် မျက်လုံးတွေကိုလည်း မမြင်ချင်လို့ဆိုတဲ့အသိလည်းပါတာပေါ့ကွာ။

ရထားလက်မှတ်ကို ၀ယ်လို့အဆင်မပြေတုန်းက ကိုယ်တော်တော်ဝမ်းသာသွားတယ်။ဘာ ကြောင့်လည်း ခရီးသွားဖို့ အဆင်မပြေဖြစ်နေတာကိုလို့ဆိုရင် ကိုယ်ရန်ကုန်ရောက်ရောက် ခြင်း ရထားလတ်မှတ်ကို ၀ယ်ဖြစ်အောင်ဝယ်ဖို့ အဖေကမှာလိုက်တာကို ဘာကြောင့် လျစ်လျူရှုဖြစ်တာလည်း...မင်းနဲ့တတ်နိုင်သမျှ ကြာကြာနေမယ်ဆိုတဲ့ မဖြစ်ညစ်ကျယ် စိတ်ကူးလေးပေါ်လာလို့ ဆိုမင်းရယ်မလား။ ထားလိုက်ပါတော့လေ.....မင်းနဲ့ မကြာခင်ဆုံမယ်ဆိုတဲ့ စိတ်ကူး၊သူလည်း ကိုယ့်လိုဝမ်း နည်းမနေမှာလားဆိုတဲ့အတွေးတွေနဲ့ ကိုယ်ဟာ ရထားကြီးခေါ်ဆောင်ရာကို ဝေ့လည်လည် မျက်ရည်တွေနဲ့ တစ်ညလုံး လမ်းဘက်ကိုသာ ကြည့်ရင်းလိုက်ပါခဲ့တာ....တဖြေးဖြေးနဲ့ မင်းရှိရာရန်ကုန်ကို ဝေးကွာခဲ့တာ...ဝေး. ...ဝေး။ မှောင်မိုက်နေတဲ့ ညများကိုဖြတ်သန်းရဦးမယ်....ကိုယ့်ရဲ့ အခန်းထဲက ကက်ဆက်တွေတီဗီ တွေလည်းနှုတ်ဆိတ်နေကြလိမ့်ဦးမယ်။

အဖေ့ရဲ့ မင်းဘာဖြစ်နေတာလည်း မေးသံကိုလည်း မကြာခဏကြားရဦးမယ်။ ဘာကြောင့်လည်း မမေးပါနဲ့။ ဘယ်တော့မှလည်း မပိုင်ဆိုနိုင်တဲ့၊ ရယူပိုင်ဆိုင်ခွင့်များ၊ တွေးတောင်မတွေးတောသင့်တဲ့ အပြုအမူ များကို မျှော်လင့် တမ်းတမက်မောမိတဲ့ ကိုယ်တို့အဖြစ်ဟာ တက်မက်မှုလား၊ စမ်းသပ်မှုလား၊ အချစ်တစ်ခုလား ဘာမှမသေချာမရေရာတဲ့ အကြောင်းအရာတစ်ခုလား မသိပါ။ ကိုယ့်ရင်ထဲမှာတော့ မင်းမရှိရင် မဖြစ်တော့လောက်အောင် ဆိုတဲ့ခံစားမှုမျိုးကို ခံစားနေရပါတယ်။ပိုတယ်လို့များ မင်းထင်မလား...။ဘာကြောင့်ဆိုတာကိုတော့ မမေးပါနဲ့ ကွာ။ ကိုယ်တို့ ရှေ့ဆက်ရမဲ့ဘ၀မှာ သူငယ်ချင်းအဖြစ်၊ မိတ်ဆွေအဖြစ် ရှိနေဦးမယ်၊ရှိနေကြမယ် ဆိုတာ နှစ်ဦးသားနားလည်နေကြတယ်၊မကြာခင်ပြန်ဆုံမယ်....ဒါပေမဲ့ ချစ်ခွင့် ပိုင်ဆိုင်ခွင့် ဆိုတာတော့ မရှိ....လုံးဝ...လုံးဝ။ “နီးစပ်ဖို့လည်း မလွယ်တော့ဘူး၊ ဝေးသွားဖို့လည်း မခံနိုင်ဘူး၊ တွဲလက်ကလေး လွတ်ကာ သွားချိန်၊တို့နှစ်ယောက်နှုတ်ဆက်ချိန်လေးတွေ ပြန်မြင်ယောင်မိတယ်......တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ”....သီချင်းလေးမင်းကြားဖူးမှာပါနော်။

ဟုတ်တယ် ကိုယ်တို့အချစ်တွေ ဟာလည်း ဆောင်းအိပ်မက်တွေပါ။အိပ်မက်ဆိုတာ နိုးလာချိန်မှာ ဘာမှမဟုတ်တာဘဲနော်..။ အေးစက်နေတဲ့ မိုးဖွဲတွေနဲ့အတူ ဝေ့၀ဲတိုက်ခတ်လာတဲ့ လေများကြောင့် လိုက်ကာတွေလှုပ် ရမ်းလာကြပြီ။ကိုယ့်ရဲ့ အခန်းလေးလည်းအေးစက်မာကျောလာတော့မည်။အေးစက်နေတဲ့ အခန်းထဲမှာ အထီးကျန်နေသူဟာကိုယ်တစ်ယောက်ထည်း။ သီချင်းတွေ၊ရုပ်ရှင်တွေ၊စာအုပ် တွေဟာ ကိုယ်နဲ့အဝေးဆုံး....။ ပြန်လည်တွေးဖြစ်နေတဲ့ ကိုယ့်ရဲ့ခရီးတစ်ခုအကြောင်း....ကိုယ့်ဘ၀မှာ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်လေးတစ်ခု....တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းချစ်သူ အားလုံး အခုအခါမှာတော့ တမ်းတမှု လွမ်းဆွတ်မှုတစ်ခု အဖြစ်သာ....။

အချစ်ဆိုတာ အနေနီးစပ်မှုလား၊လူပုဂ္ဂိုလ်နဲ့ သက်ဆိုင်ပါသလား၊နေရာဒေသ ပတ်ဝန်း ကျင် .....ကိုယ်တို့ အချစ်ကရော ဖြစ်သင့်ပါသလား...စိတ်လှုပ်ရှားမှုလေးပဲလား...အတွေးပေါင်းများစွာ...။ မတွေးချင်ဘူး...ဒါပေမဲ့ ရှေ့ဆက်ရမယ့်ကိုယ့်ဘ၀အတွက် မေ့နိုင်အောင် သာမာန်အဖြစ် အပျက်လေးတစ်ခု အဖြစ်သာ သဘောထားနိုင်အောင်ကျိုးစားရဦးတော့....မည်။ ကိုယ့် ကမ္ဘာ...ကိုယ့်အခန်းငယ်လေး မီးအလင်းရောင်ကင်းစွာ...အသံတိတ်ဆိတ်စွာ...အေးစက်နေတဲ့ အခန်းထဲမှာ ဂွမ်းစောင်ထူများရဲ့နွေးထွေးမှုကို သူ့ရင်ခွင်အဖြစ်စိတ်ကူးရင် ရင်း......။

ကျွန်တော်ရေးသားခဲ့သော စာလေးတွေနဲ့ပတ်သက်ပြီး.... - ကျွန်တော်ရေးထားတာတွေဟာ ဖတ်ရတာအဆင်ပြေချင်မှပြေပါ့မယ်။ကြိုတင်ရေးထား တာ မဟုတ်ဘဲ စိတ်ကူးထဲမှာပေါ်လာတဲ့ဟာကို လက်တန်းရေးခဲ့လို့ပဲဖြစ်ပါတယ်။ - ဖတ်ကောင်းအောင် ၀တ္ထုအသွင်ပေါ်လာအောင်မရေးဖွဲ့ခဲ့နိုင်ပါ။ဒိုင်ယာရီမှတ်တမ်းတစ်ခု အဖြစ်ပုံစံသာရေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲဒါတွေဟာ အဖြစ်မှန်တွေဖြစ်ပါတယ်။စိတ်ကူးသက် သက်မဟုတ်ပါ။ -အင်တာနက်သုံးရာကနေခင်မင်ခဲ့ရတဲ့ ချစ်ခင်နေဆဲသူငယ်ချင်းတစ်ယောက်အကြောင်းနဲ့ ကျွန်တော့်ရဲ့ ရန်ကုန်သွားခရီးစဉ်ကို ရောနှောရေးထားခြင်းဖြစ်ပါတယ်။ စိတ်ထဲမှာ ခံစားမိသမျှကို မျှဝေတဲ့သဘော၊ဖွင့်ဟလိုက်တဲ့သဘောပါပါတယ်။တခြားရည် ရွယ်ချက်မျိုးမရှိပါ။ ဖတ်မိသူရော၊မဖတ်မိသူများကိုပါ....ကျေးဇူးတင်ပါတယ်။

Mar 2nd

အတူဖြတ်သန်းခဲ့ကြတဲ့ နှင်းပတ်လည်နေ့များ အပိုင်း(၂)

By Practitioner Lay

“ပြည့်ဖြိုးထ တော့လေ ကျောင်းသွားရမယ်မလား” အမေရဲ့

နှိုးသံကိုကြားလိုက်သည်။ဒီနေ့က ကျောင်းမသွားပဲ ကိုသက်တံ့ကို လိုက်ပို့ရမယ့်နေ့လေ။

ကျွန်တော်လည်း သွက်လက်စွာအိပ်ရာမှ ထပြီး မျက်နှာသစ် ရေချိုး အ၀တ်အစားလဲကာ

ဒိုင်းမွန်း သို့ထွက်လာခဲ့သည်။ ကိုတော်ချောက ၀ီရိယက တယ်ကောင်းသကိုး။

ကျွန်တော့ထက် ကြိုရောက်နေတယ်လေ။

“စောင့်နေတာ ကြာသွားပြီလား”

“မကြာသေးပါဘူး ညီလေးရ အကိုက ရပါတယ် သွားချင်တဲ့သူပဲ စောင့်ရမှာပေါ့”

“ကဲကဲ အဲ့ဆိုလဲသွားရအောင်လေ”

“ ညီလေးတစ်ခုခုစားဦးလေ မစားတော့ဘူးလား”

“ဟာတော်ပါပြီ မစားတော့ပါဘူး”

“အင်း အင်း အဲ့ဆိုလဲ ဆာတဲ့အချိန် လမ်းက ဆိုင်မှာ ၀ယ်စားတာပေါ့ကွာ”

ဒီလိုနဲ့ ဒိုင်းမွန်း ပလာဇာမှ ထွက်လာပြီး ဘုရားစုံဖူး ပြီး ကျတော် တို့ ကစားကွင်း တွေ ပန်းခြံတွေလဲ

စုံအောင်သွားတယ်ဗျ။

အဲ့ဒီနောက်မှ ကျတော်လဲ ဗိုက်ဆာလာပြီမို့ကျတော်ပြောလိုက်တယ်။

“ကျတော်တို့ကျောင်း ကိုကော ရောက်ဖူးလား”

“ ရတနာပုံတက္ကသိုလ်လား”

“အင်း ဟုတ်တယ်လေ သွားမလား ဦးပိန်တံတားလဲ သွားရင်းပေါ့”

“ညီလေး သဘောလေ သွားပါဗျာ”

ကျတော်လဲ ဆိုင်ကယ်နဲ့သုတ်ခြေတင်ပြီးအသားကုန်မောင်းလိုက်တာပေါ့ဗျာ။ဦးပိန်တံတားပေါ်လမ်း

လျှောက်ရင်း အဆုံးလည်းရောက်ရော ဗိုက်ကတော်တော်ဆာနေပြီမို့…………………ဆိုင်ကလေးတစ်

ဆိုင်ကိုဦးတည်လိုက်တယ်ဗျာ။

အဲ့ဆိုင်လေးက ရတနာပုံ Friend လို့ခေါ်တဲ့ဆိုင်ကလေးပေါ့။ မန်းတလေး ရတနာပုံတက်နေတဲ့သူတွေ

ဆိုရင်တော့သိကောင်းသိပါလိမ့်မယ်။ friend က မိန်းနားမှာ တစ်ဆိုင် ဂျီတီစီသွားတဲ့နားမှာတစ်ဆိုင်

ရတနာပုံမှာ တစ်ဆိုင်ရှိတယ်လေ။ အဲ့နောက်စားသောက်နေရင် စကားစ တယ်ဗျ။

“ညီက ညဖက်ဆိုအပြင်သွားလားကွ”

“အင်း သူငယ်ချင်းတွေနဲ့ Cafe’ Blue မှာထိုင်တယ်လေ”

 “ဟုတ်လား အကို့ကိုရောညီ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးလေကွာ”

“ရပါတယ် ကျတော်မိတ်ဆက်ပေးမယ်လေ ညကိုလာခဲ့လေ ညာဖက်က ဒေါင့်ဆုံးဝိုင်းလေးမှာအမြဲထိုင်

တယ် 8 နာရီလောက်ပေါ့”

“ok လေ”

ဒီလိုနဲ့ ထမင်းစားပြီး သူ့ကို သူ့အိမ်ကိုဝင်ပို့လိုက်တယ်လေ။

အဲ့နောက် ကျတော်လဲ အိမ်ပြန် ရေမိုးချိုးလိုက်တယ် ။ ပြီးတော့ ကျတော်Computer

game ဆော့နေရင်း တော်တော်ကြာမှ အခန်းထဲက ထွက်ဖြစ်တယ်ဗျ။ ထမင်းစားပြီး

ကိုးရီးယားကား

လေးတောင်ငမ်းလိုက်သေးတယ်ဗျ။ “စိတ်၏စေ၇ာ” လေဗျာ။ကြိုက်ကြတယ်မလား ဟီး။

8နာရီထိုးခါနီးမှ ထွက်လာလိုက်တယ် ။ Cafe Blue ကိုလေ။

အဲ့နောက်မှ ကိုသက်တံ့ ရောက်မလာသေးဘူး။ သူငယ်ချင်းတွေကတော့စုံနေပြီဗျ။

ဆေးကျောင်းက လှိုင်ထွန်း။

GTC က မင်းမင်း။

UFL တရုတ်က ဥာဏ်လင်း။

ကျတော်ကတော့ အညံ့ဆုံး ရတနာပုံကပေါ့။

အားလုံးကတော့ ဟိုမိုတွေပါပဲ။ ငယ်ပေါင်းတွေဆိုတော့အားလုံးသိတယ်လေ။

ခဏနေကျတော့ ကားတစ်စီးရောက်လာတယ် နံပါတ်ကတော့ ၉ဂ/***** ပဲ။

“ကားကကောင်းလှချီလားကွ” ဥာဏ်လင်းကပြောသည်။

အဲ့နောက်မှာ မင်းမင်းက “ဘာလဲ မင်းကစီးချင်လို့လား စီးချင်ရင် အဲ့ကားပိုင်ရှင် ဘဲဖြစ်ဖြစ်

စော်ဖြစ်ဖြစ် အပိုင်ကပ်လိုက်ပေါ့ ဟားဟားဟား”

“ဟေ့ကောင်တွေ တိတ်တိတ်နေကြစမ်း အဲ့ဒါ ငါ့မိတ်ဆွေကွ ငါခေါ်ထားတာ”

“ပြည့်ဖြိုး မင်းဘာ ဇယားတွေ ရွှေ့လာပြန်တာလဲကွာ ရှင်းရပေါင်းလဲ မနည်းတော့ဘူးနော်

ကြည့်လုပ်ပါကွာ”

“ဟေ့ကောင် လှိုင်ထွန်း ပြည့်ဖြိုးတဲ့ကွ မပိုင်ရင်ခြင်တောင်မရိုက်ဘူးသိလား ကဲကဲ လာနေပြီ

တိတ်တိတ်နေကြစမ်း”

“ညီလေးတို့စောင့်နေတာကြာသွားပြီလား”

“ရပါတယ် ကျတော်တို့ကထိုင်နေကျပဲ ခင်ဗျားသာ

ကျတော်တို့မရှိရင်ယောင်လည်လည်ဖြစ်နေမှာ

အော်မိတ်ဆက်ပေးရဦးမယ် ဒါက ဆေးကျောင်းက လှိုင်ထွန်း။

GTC က မင်းမင်း။

UFL တရုတ်က ဥာဏ်လင်း။ မှတ်ထားနော် လမ်းမှာတွေ့ရင်မခေါ်နဲ့ ပိုက်ဆံချေးလိမ့်မယ်။”

“ပြည့်ဖြိုး မင်းက ဧည့်သည့်ရှေ့မှာ ငါတို့ကိုအရှက်ခွဲထားတာလားကွ အကိုက ရုပ်လဲချောတယ်

သဘောလဲကောင်းတယ်ကွ မင်းလိုမဟုတ်ဘူး ငါကတော့မြင်မြင်ချင်းချစ်သွားပြီ ဟီး”

“အောင်မာ မင်းကများ…………… အကိုဒီကောင်တွေပြောတာ ဘာမှ သဘောထားမနေနဲ့

အလကားကောင်တွေ”

အကိုကတော့ရယ်ပြီး “ညီလေးတို့ အဖွဲ့ကပျော်စရာကောင်းသားပဲ အကိုက အရမ်းခင်သွားပြီ”

“ဒါနဲ့ ပြည့်ဖြိုး ကိုယ်နဲ့ခဏလိုက်ခဲ့ပါလား ရမလား ညီလေးတို့ကိုတော့ အားနာပါတယ်”

“အော် သူငယ်ချင်းတွေပါတယ်လေ”

“ရပါတယ် ညီလေးတို့ရတယ်မလား”

“ရတယ် အကိုခေါ်သာသွား ဒီကောင်မရှိတော့ နာငြီးသက်သာတယ်”

“အေး အေး မင်းတို့တွေ့မယ် ငါပြန်လာရင် သေပြီသာမှတ်”

ကျတော်ကို ခေါ်သွားတာက တစ်နေရာ ဘယ်လဲဆိုတော့ မိန်းထဲကို လူရှင်းပြီးလေလေး

တစ်ဖြူးဖြူး

တိုက်နေတဲ့ သစ်ပင်အောက်လေးကိုလေ။

“ညီလေး ဆင်းလေ စကားပြောရအောင်လို့”

“ဟုတ်ကဲ့ ဘာပြောမှာလဲ ကဲပြော”

ကျတော့်ကို ရုတ်တရက် ဖက်လိုက်တယ် ဗျာ ။

“ညီလေးကို ကိုယ် အရမ်းချစ်တယ်ကွာ”

“ဗျာ”

ပြောပြောဆိုဆိုနဲ့ ကျတော့်ရဲ့ နုနယ်တဲ့ပါးလေးကိုခပ်ဖွဖွ နမ်းရှုံ့လိုက်တယ်လေ။

ပါးကမှတဆင့် နှုတ်ခမ်းဆီကိုနယ်ကျွံလာပါရော။ ပထမတော့ ကျတော်လဲ ပါးစပ်ကိုပိတ်ထား

တယ်လေ ဒါပေမဲ့ သူရဲ့ ယုယမှုကြောင့် လျှာနှစ်ခု ပလူးမိနေပြီလေ။ ဆယ့်ငါးမိနစ်ကြာတော့

“တော်လောက်ပြီထင်တယ်”

“ညီ ရှက်သွားလား”

“မရှက်ပါဘူး ကျတော်လဲ အကို့ကိုမြင်မြင်ချင်း ချစ်မိပါတယ် ၀န်ခံပါတယ် အကို့လို ရုပ်ရည်

ရော ဘာမှ ပြောစရာမရှိတာကို ဘာမှမပြောလိုပါဘူး”

“အင်းပါ ညီလေးကို ကိုတစ်သက်လုံးချစ်မှာပါနော်ယုံပါ”

ပြောရင်းနဲ့ အကြင်နာမိုးတွေရွာပြန်ရော ။ ကျတော်လဲ မျက်လုံးမှိတ်ပြီး

အသာလေးပဲ ငြိမ်နေမိလိုက်တယ်ဗျာ။

 

ဆက်လက်အားပေးဦးနော်

                                                                   BoyEmoSexy

Feb 13th

ထိုသူ (၁)

By konyi

‘လုံးဝမဖြစ်နိုင်ဘူး ကိုကြီး’

‘ ပူတူး  မင်း  ကိုကြီးကို တစ်ချက်တော.စာနာကွာ  ကိုကြီး သူကိုမစွန်.လွတ်  နိုင်ဘူး ပူတူး’

‘ကိုကြီး စိတ်ကို ပူတူးသိတယ် ကိုကြီး ငယ်ငယ်ကတည်းက ကိုကြီး မှာ ယောက်ကျားလေးချစ်သူ၇ှိခဲ.မှန်း လည်း ပူတူးသိတယ်’

‘မင်းလည်း သိနေတာပဲ ပူတူး၇ယ်  ကိုကြီးတို.ကိုလက်ခံပေးပါ’

‘ လက်မခံနိုင်ဘူး ကိုကြီး   ယောက်ကျားလေးနှစ်ယောက် အတူ ပေါင်းသင်းနေမယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး..

နောက်ပြီး ပတ်ဝန်းကျင်ကဘယ်လိုပြောကြမလဲ အဒီမပြောတွေ ပူတူးမခံနိုင်ဘူး  ကိုကြီး ကို ပူတူးအဖေ တစ်ယောက်လိုေ၇ာ ချစ်တယ်  ဖေဖေနဲ.မေမေဆုံးပြီးကတည်းက ကိုကြီးစောင်.ေ၇ှာက်ခဲ.တာပဲ  ပူတူးတို.မှာ

ဒီညီအစ်ကိုနှစ်ယောက်ထဲ၇ှိတာ ပူတူးတို.ဘ၀ထဲကိုအပြင်လူဝင်လာတာ လက်မခံနိုင်ဘူး ကိုကြီး’

ကိုကြီး မျက်လုံးမှာ မျက်၇ည်တွေနဲ.ပူတူးတွေ.ပါတယ်  ……ပူတူး ၇က်စက်သူပဲဖြစ်ပါစေ   ပူတူး ပတ်ဝန်းကျင်ကိုကြောက်တယ် ……

‘ပူတူး၇ယ်  ကိုကြီးတောင်းပန်းပါတယ် ကိုကြီးငယ်ငယ်ကတည်းက သူ.ကိုပဲကိုကြီးချစ်ခဲ.တာ ဖေဖေမေမေ တို.

ကိုကြီးတို.ကိုခွဲခဲ.တယ်  အခုတစ်ကြိမ်ပြန်တွေ.တော. သူ.ကိုအဆုံး၇ှုံးမခံနိုင်ဘူး  သူကို ကိုကြီးချစ်တယ်’

‘အဒါဆို၇င်ကိုကြီးကေ၇ှ.တိုးမယ်ပေါ.   သူ.ကိုလိုချင်၇င်ပူတူးဆိုတဲ.ကိုကြီး၇ဲ.ညီလေးကိုစွန်.လွတ်လိုက်ပါ’

 

ကျွန်တော် ချက်ချင်းပင်  ပြေးထွက်သွားလိုက်သည်  ကျွန်တော် လက်မခံနိုင် ပါ ကျွန်တော် အတွက် ကိုကြီးဆုံး၇ှုံး၇သလိုခံစား၇ သည်  တစ်ဆက်ထည်းမှာပဲ မမြင်ဘူးတဲ. ဦးခန်.ဇေ ဆိုတဲ.အစ်ကိုကြီး၇ဲ.

ချစ်သူ ဦးမင်းနိုင်  ကိုလည်း မုန်းမိသည်  ပူတူးဘ၀လေးထဲနေ ပူတူးကိုကြီးကိုဆွဲမထုတ် သွားကြပါနဲ.ဗျာ

ပူတူးမျက်၇ည်တွေသုတ်ကာ  taxiပေါ်တက်လိုက် သည်   

 

‘ကားဂိတ်ကိုမောင်းပေးပါ’

ဒီနေ. သည် ပူတူးတို.ညီ အစ်ကိုနှစ်ယောက်ကြားမှာ အခါးသီးဆုံးဖြစ် သည် ကိုကြီးက ဒီလောက်ထိမိုက်၇ူး၇ဲ

ဆန်လိမ်.မည်လို. ပူတူးမထင်  ။။။။

 ဖေဖေနှင်.မေမေ သည် ပူတူး 10နှစ်သားကတည်းက ကားအက်ဆီးဒင်.တစ်ခုကြောင်.ဆုံးပါ သွားခဲသည် 

ထိုအချိန်မှစပြီး  ကိုကြီးက အဖေနေ၇ာကိုဝင်ယူကာဦးစီးခဲ.သည်  အခုပူတူး အသက်နှစ်ဆယ်ပြည်.ပြီ  ကိုကြီး က ပူတူးထက် 10နှစ်ကြီး သည်

 

 

 

အမြဲတန်း အသက်ငယ်ငယ် လုပ်ငန်း၇ှင်ဆိုတဲ.အမည်နဲ.ကောင်မလေးတွေကြားမှာေ၇ ပန်းစားနေတဲ.ကိုကြီး

လို လူက……….

ပူတူး မျက်၇ည်တွေကိုမထိန်းနိုင်ပါ    ပူတူး  အဖေနဲ.အမေကို သတိ၇လိုက်တာ 

 

11111111111111111111111111111111111111111111111

ကျွန်တော် ၇န်ကုန်ေ၇ာက်တော. ကျွန်တော်၇ဲ. ကျောင်းအတူတူတက်တဲ.သူငယ်ချင်း

ဖိုးနေ အိမ်ကိုပဲ တန်း သွားလိုက် သည် ဖိုးနေက ကျွန်တော် အတွက် အ၇င်နှီးဆုံး သူငယ်ချင်း

တစ်ယောက်ဆိုသောကြောင်. သူ.ကိုတိုင်ပင် ကာ၇င်ဖွင်.နိုင်မည် ။

 

‘မင်းပြောတာ ဟုတ်တယ်ပူတူး ငါတို.လည်းလုံးဝလက်မခံနိုင်ဘူး မင်းမန်းတလေးကိုမပြန်နဲ.

ငါအိမ်မှာပဲနေလိုက်  ဒီမှာနေပြီး မင်းအစ်ကိုကြီး၇ဲ. ဦးမင်းနိုင်ဆိုတဲ.လူအကြောင်းကို စုံစမ်း၇မယ်’

‘ဟုတ်တယ် နေ  ငါ ဘယ်လိုလုပ်၇မလဲ ငါကိုအကြံပေးပါဦး  ငါကတော. သူတို.နှစ်ယောက်ကို  မ၇၇

အောင်ခွဲမယ် နေ’

‘ မင်းလုပ်သင်.တယ် နေ  မင်း နေ၇ာမှာဆိုလည်း ငါလည်း ဒီတိုင်းပဲလုပ်မှာပဲ  ပထမဦးဆုံး  မင်းအစ်ကိုကြီး

ပြောတဲ.ဦးမင်းနိုင် ဆိုတဲ.သူကိုတွေ.ဖူးအောင် အ၇င်လုပ်၇မယ် ပြီးမှ ငါတို.ဆက်တိုင်ပင်တာပေါ’

‘ဦးမင်းနိုင်က ၇န်ကုန်မှာနေတာ နေ  ငါထဲမှာတော. သူ. လိပ်စာ၇ှိတယ် သူ နေတဲ.နေ၇ာကိုငါတို. ဇေယျာပါခေါ်ပြီး

သွားစုံးစမ်းတာပေါ.’

ပူတူး  နှုတ်ခမ်းတစ်ဖတ်ကိုဖိကိုက်လိုက် သည်  ကျွန်တော် ခင်ဗျားကို မုးန်တယ်ဦးမင်းနိုင် …………

………………………………………………….

 

111111111111111111111111111111

Taxi တစ်စီး ထိုး၇ပ် သွား သည် ကားပေါ်တွင်ကောင်လေးချောချော သုံးယောက်နှင်. ကား driver တစ်

ယောက်ပါ သည် ။

 

‘ ငါတူတို.ပြောတာဆိုေ၇ှ.ကခြံပဲ’

‘အဒါဆိုကားခဏ၇ပ်ပေးပါ’

‘ကဲ ဖိုးနေေ၇ာက်ပြီး ဘယ်လိုဆက်လုပ်မှာပဲ သူကိုတွေ.ဖို.နည်းလမ်း၇ှာကြပါဦး’

‘ဒီလိုလုပ် အိမ်ေ၇ှ.ကဘဲ သွားတီး ကွာ အဒါဆို ထွက်လာမှာပဲ’ ဇေယျာက ၀င်ပြောလိုက် သည်

‘အင်းကောင်းပြီး ဇေယျာ အဒါဆို ဘယ်သူသွားတီးမလဲ’

‘ငနေ မင်းသွားတီး’

 ‘မတီး၇ဲပါဘူး အဒီအကြံမင်းပေးတာဆိုတော. မင်း သွားတီး ဇေယျာ’

‘ဟုတ်တယ်’ ကျွန်တော်ကပါဝင်ထောက်ခံလိုက် သည်။

ကျွန်တော် ကားထဲကပဲ လှမ်းကြည်.နေလိုက် သည်  ဘဲလ်ကို  ဇေယျာကြောက်ကြောက်နှင်.တီးလိုက် သည်

ခဏကြာတော. ခြံစောင်နဲ.တူတဲ.လူတစ်ယောက်ထွက်လာ သည် 

‘ဘယ်သူ.ကိုတွေ.ချင်လို.လဲကလေး’

‘ကျွန်တော်ဦးမင်းနိုင်နဲ.တွေ.ချင်လို.ပါ’

‘အေးခဏစောင်.ဦး သွားပြောလိုက်ဦးမယ်’

ခြံစောင်.ဦးကြီး အိမ်ထဲသို.၀င်သွားတော. ဇေယျာကားပေါ်ပြေးတက် လာသည်။

‘ဦးလေး လူထွက်လာတာနဲ.မောင်းတော.’

ခဏကြာတော. အိမ်ထဲက မျက်မှန်နဲ.လူတစ်ယောက်ထွက်လာလည် အ၇ပ်က 5.8လောက်၇ှိမည်

၇ုပ်၇ည်ကတော.အစ်ကိုကြီးလို သန်.သန်.ပြန်.ပြန်.ပါပဲ

ခြံေ၇ှ.တံခါးမှာ လူမတွေ.တော. ထို သူကြောင်သွားတဲ.ပုံတွေ.လိုက်၇သည်

‘မောင်း  မောင်း  ဦးလေး’

uuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuu

ဆက်၇န်

 

Mar 19th

ရန်ကုန်မှာ ရွာတဲ့မိုး ... အခန်း(၂)

By Dennis Naing

ရန်ကုန်မှာ ရွာတဲ့မိုး

 

အခန်း (၂)

 

သူတို့နှစ်ယောက်ကို ထိုကောင်လေးက ကြည့်နေဆဲ ။ သူ ထိုကောင်လေးကို တစ်စုံတစ်ခု ရှင်းပြရန် ကြိုးစားမိသည် ။ သူတို့ကို တစ်ချက် ပြုံးပြပြီးနောက်တွင်တော့ ထိုကောင်လေး ပြန်ထွက်သွားလေသည် ။ သူ အခုမှ ယောင်ယောင်မှားမှားနှင့် ထိုကောင်လေးကို ခေါ်မိသည် ။

 

ဟို … သည်မှာ … သည်မှာ …

 

ထိုကောင်လေးက သူ့ကို လှည့်ကြည့်ပြီး မေးဆက်ပြသည် ။

 

ဟို … ဟိုလေ …

သြော် … သည်နေ့ကိစ်စလား … စိတ်မပူပါနဲ့ … ငါ ဘယ်သူ့ကိုမှ မပြောပြပါဘူး … ငါ နားလည်ပေးလို့ ရပါတယ် … ပြီးတော့ မင်းလည်း ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ … ဘယ်တော့မှ ငိုရအောင် မလုပ်ပါနဲ့ …

မ … မဟုတ်သေးဘူး … ဟိုဟာ …

 

သူ စကားတွေ ထစ်အ နေတုန်းမှာပင် ထိုကောင်လေးကက သူတို့ကို လက်ပြ နှုတ်ဆက်ကာ ထွက်သွားလေသည် ။ သူ စိတ်ညစ်စွာဖြင့် သက်ပြင်းကိုသာ လေးလေးကန်ကန် ချမိလေသည် ။ ၀န်းမိုင်းက သည်အခြေအနေကို နှစ်သက်သွားပုံရသည် ။ သူ့မျက်နှာက ပြုံးလို့ ပျော်လို့ ။ သူ့ပေါင်ပေါ်တွင်ပင် လှဲချကာ အိပ်လိုက်သေးသည် ။ အိမ်တွင် ၀မ်းနည်းလာသော သူငယ်ချင်းကို သူ အပြစ်လည်း မပြောချင်တော့ ။ ၀န်းမိုင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုခံစားလို့ မရခြင်းကိုတော့ သူ အသေအချာ သိနေလေသည် ။

 

*****************************************************************

 

သည်နေ့ ကျောင်းရောက်တော့ သူ ထိုကောင်လေး ဘေးတွင် ၀င်ထိုင်မိသည် ။ မနေ့က ကိစ်စကို ထိုကောင်လေးကို သူ ရှင်းပြ ချင်သေးသည် ။ သို့သော် ရုတ်တရက် သူ  ဘာပြောရမည် မသိသေး ။ စကားများ အစပြုဖို့ကို သူ အသည်းအသန် ရှာနေရသည် ။

 

ဟို … ဟိုလေ …

 

သူ ခေါ်လိုက်တော့ ထိုကောင်လေးက တစ်ချက် လှည့်ကြည့်ပြီး တစ်ဘက်သို့ ပြန်လှည့်သွားသည် ။ ထိုကောင်လေး လှည့်သွားသောဘက်ကို ကြည့်လိုက်တော့ စာသင်ဆောင် အပြင်ဘက် … ။ သြော် … မိုးတွေ ရွာနေတာပါလား … ။ ရန်ကုန်မိုးကို သည်တစ်ခါတော့ သူ ကြည်နူးမိသလို ရှိသည် ။ သူ ချစ်ရသော သူအနားတွင် အတူရှိနေရလျှင် ငရဲသည်ပင် သူ့အတွက် သာယာဖွယ် ဖြစ်လိမ့်မည်ဟု သူ ထင်သည် ။

 

မနေ့က မြင်ကွင်းက အမှန်တော့ အဲ့လို မဟုတ်ပါဘူး …

 

ထိုကောင်လေးက သူ့ကို လှည့်မကြည့် ။ မျက်နှာကို တစ်ဖက်သို့ လှည့်ထားဆဲ ။ ဒါလည်း ကောင်းပါသည် ။ အနည်းဆုံးတော့ သူ မျက်နှာ မပူရတော့ဘူးပေါ့ ။

 

တကယ်တော့ ငါနဲ့ ၀န်းမိုင်းနဲ့က ရိုးရိုးသားသား သူငယ်ချင်းတွေပါ …

 

အပြင်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာနေပြီ ဖြစ်သည် ။ အတန်းချိန်စရန် မိနစ် နှစ်ဆယ်ခန့် လိုသေးသောကြောင့် ကျောင်းသားအားလုံး အတန်းထဲ ပြန်မရောက်ကြသေး ။ ရန်ကုန်မိုး အစိုးမရသည်မှာ တကယ်မှန်သည် ။ ဂျန်န၀ါရီလကြီး မိုးရွာနေသည်ကတော့ နည်းနည်း လွန်သည် ထင်သည် ။ ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နေသောကြောင့်ဟု သိရသည် ။ မှတ်မှတ်ရရ သူနှင့် ထိုကောင်လေးတို့ ဆုံခဲ့သော အချိန်များတွင် အများသောအားဖြင့် မိုးရွာနေတတ်လေသည် ။

 

ငါမင်းတို့အကြောင်းလည်း စိတ်မ၀င်စားဘူး … မင်းတို့အခြေအနေကိုလည်း ငါ မသိချင်ဘူး … ကျေးဇူးပြုပြီးတော့ ငါ့ဘာသာ နေပါရစေ … ငါ့ကို မနှောင့်ယှက်ပါနဲ့ …

 

သူ ကြားလိုက်ရသော ထိုကောင်လေး အသံများက အက်ကွဲကာ ရှိုက်သံများ ပါနေကြသည် ။ ဒါဖြင့်ရင် သည်ကောင်လေး ငိုနေတာပေါ့ ။ အခန်းအရှေ့ဘက်ကို ထိုကောင်လေး မျက်နှာလှည့်လိုက်သောအခါတွင် ထိုကောင်လေး မျက်ဝန်းမှ မျက်ရည်များကို သူ မြင်လိုက်ရသည် ။ သူ ချစ်ရသော သူတစ်ယောက် ငိုနေသည်ကို တွေ့လိုက်ရသောကြောင့် သူ ထိတ်ထိတ် ပြာပြာ ဖြစ်သွားရသည် ။ ဘာဖြစ်လို့ ငိုတာလဲ ။ သူ နှစ်သိမ့်ရန် ကြံရွယ်စဉ်မှာပင် ထိုကောင်လေးသည် သူ့အနားမှ ပြေးထွက်သွားလေသည် ။

 

လေအတိုက်တွင် ပိတ်သွားသော ထိုကောင်လေး၏ စာအုပ်မှ နာမည်ကို သူ တယုတယ ဖတ်လိုက်မိသည် ။

မြတ်မင်းစည်သူ …

ထိုနာမည်ကို သူ နောက်တစ်ခါ ထပ်ခေါ်ကြည့်လိုက်တော့ သူ့ရင်ထဲတွင် နွေးသွားရလေသည် ။

 

****************************************************************

 

XXX ရန်ကုန်မှာ ရွာတဲ့မိုးရယ် …

      လူကိုတမင်တကာ ငြိုးတယ် …

      ကြင်နာသူချင်း ဝေးရလေအောင်ကွယ် …

 

      အပြင်မှာ ရွာတဲ့မိုးနဲ့ …

     ရင်မှာရွာတဲ့မိုးနဲ့ …

     ဘယ်အရာပိုကာသဲမယ် … ငါ မသိခဲ့ …

 

    အာကာတစ်ခွင် ညိုကာမှိုင်းတယ် …

    ခါလွန်မှာ ရွာတဲ့မိုးရယ် …

    ရွာလေတဲ့မိုး ရွှဲရွဲစိုသော်လည်း …

 

    နာကျင်စွာ ကျန်နေခဲ့တယ် …

    သည်ရင်က ဒဏ်ရာများရယ် …

     ကြင်နာသူ ဘယ်ဆီမလဲကွယ် ငါ မသိတယ် …

 

စာကြည့်တိုက် အောက်ထပ်က စာမေးပွဲခန်းဘေးတွင် သူ ရပ်နေမိသည် ။ သည်နေရာက လူ အသွားအလာနည်းသည် ။ မြတ်မင်း သည်နေရာတွင် တစ်ယောက်တည်းထိုင်ကာ သီချင်းဆိုနေသည် ။ သူ နံရံအကွယ်မှ နေပြီး သီချင်းကို နားထောင်နေမိသည် ။ မိုးသည်းသည်းထဲတွင် သီချင်းသံက သူ့နားထဲသို့ ချိုသာစွာ ၀င်ရောက်နေသည် ။ ရုတ်တရက် သီချင်းသံ ရပ်သွားသည် ။ ငိုရှိုက်သံက ပိုမိုကျယ်လောင်လာသည် ။ ဆေးလိပ်အနံ့တစ်ချို့ကိုလည်း သူ ရှူရှိုက်မိသည် ။

 

မသင်္ကာသောကြောင့် သူ နံရံအကွယ်က ထွက်ကာ မြတ်မင်း အနားသို့ တိုးသွားမိသည် ။ ဘုရား ဘုရား … ။ သူ အံ့သြသွားရသည် ။ မြတ်မင်းသည် ကိုယ့်အသားကိုယ် ဆေးလိပ်မီးနှင့် ထိုးနေလေသည် ။ သူ မြတ်မင်း အနားသို့ ပြေးသွားမိသည် ။ မြတ်မင်းလက်က ဆေးလိပ်ကို အတင်းလုသည် ။ မြတ်မင်းက မပေး ။ သူ့လက်ကိုပါ ဆေးလိပ်မီးနှင့် ထိုးမိသည် ။

 

ဟေ့ကောင် … ရပ်လိုက်တော့ … မင်း ရူးနေလား …

မင်းက ဘယ်သူလဲ … မင်းက ဘာမို့လို့ ငါ့ကို လာအမိန့်ပေးနေတာလဲ …

ငါ့အရှေ့မှာ မင်းတစ်ခုခု ဖြစ်သွားမှာ ငါ မလိုလားလို့ပဲ …

ဒါဖြင့်ရင် မင်း ဘာလို့ လိုက်လာတာလဲ … မင်းကိုငါ မလိုအပ်ဘူး … ငါ့ တစ်ယောက်တည်း နေပါရစေ …

 

သူ ဆေးလိပ်ကို လုလိုက်နိုင်ပြီဖြစ်သည် ။ ထို့နောက်တွင် ဆေးလိပ်ကို မိုးရေတွေထဲသို့လွှင့်ပစ်လိုက်မိသည် ။ ငိုနေသော မြတ်မင်း မျက်နှာလေးကို ကြည့်ပြီး သူ့ရင်ထဲတွင် ထပ်တူ စိတ်မကောင်းဖြစ်မိရသည် ။ မြတ်မင်း၏ ဆံစများက လေအတိုက်တွင် မျက်နှာကို တစ်ချက်တစ်ချက် အုပ်သွားစေသည် ။ သူ ထို ဆံစများကို သပ်ကာ နားရွက်နောက်သို့ စုပေးလိုက်သည် ။

 

မြတ်မင်းက ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေရာမှ ထိုနေရာမှ ချာကနဲ လှည့်ထွက်သွားလေသည် ။ သူလည်း မြတ်မင်း အနောက်က လိုက်ခဲ့သည် ။ သူတို့နှစ်ယောက် အခန်းထဲ ရောက်သည်အထိ စကားတစ်လုံးမှ ထပ်မပြောဖြစ်တော့ ။

 

***************************************************************

 

သား … မေမေ အိမ်ထောင် ပြုတော့မယ် …

 

မေမေ့ စကားကြောင့် သူ အံ့သြသွားသည် ။ ဖေဖေဆုံးသည်မှာ လေးနှစ်ခန့်ရှိပြီ ဖြစ်သော်လည်း မေမေ့တွင် သူ သံသယဖြစ်လောက်အောင် အခြား ယောက်ျားတစ်ယောက်နှင့် ဆက်ဆံရေးမျိုး မရှိဖူးခဲ့ ။ ယခုတော့ မေမေ့ဘ၀တွင် သူ တစ်ယောက်တည်းသာ ရှိသည်ဟု သူခံယူထားသောအရာက မှားယွင်းသွားမှန်း သူ သိလိုက်ရချေပြီ ။ သူ ၀မ်းနည်းစိတ်ဖြင့် တစ်ချက် သက်ပြင်းရှိုက်လိုက်မိသည် ။

 

အိုကေလေ … မေမေ အဆင်ပြေရင် ပြုပါ … သား မေမေ့ကို ဘာမှ မစွက်ဖက်ပါဘူး …

သားမကြိုက်ရင် မေမေ အိမ်ထောင် မပြုပါဘူး …

မဟုတ်တာပဲ မေမေရယ် … ကျွန်တော့်ကြောင့် ဘယ်သူ့ဘယ်သူရဲ့ ဆုံးဖြတ်ချက်ကိုမှ ပြောင်းလဲအောင်လုပ်ဖို့ ကျွန်တော် ဆန်ဒ မရှိပါဘူး မေမေ …

 

သူ ဖေဖေ့ကို တိတ်တိတ်လေး တောင်းပန်လိုက်မိသည် ။ ဖေဖေရယ် … ။ မေမေ့ကို လုံခြုံတဲ့ ဘ၀တစ်ခု တည်ဆောက်ပေးနိုင်ဖို့ အဖော်မွန်တစ်ယောက်လိုတယ်ဆိုတာ ဖေဖေသိမှာပါ ။ ဒါကြောင့် သား မေမေ့ကို ခွင့်ပြုခဲ့တာပါ ။ ဒါပေမယ့် သား တခြားသူတစ်ယောက်ကို အဖေလို့  ခေါ်မှာ မဟုတ်သလို ဖေဖေ့ကို ချစ်သလို မချစ်ဘူးဆိုတာလည်း ဖေဖေ ယုံပေးပါ ။

 

*********************************************************************

 

ဝန်းမိုင်း ကွန်ပျူတာကို ကလိရင်း အထဲက မန်းတူမန်းကားများကို တွေ့တော့ သူ အစက အံ့သြသွားမိသည် ။ ၀န်းမိုင်းကတော့ ဘာမှ မဖြစ်သလို ရယ်ကျဲကျဲလုပ်ရင်း သူ့ဘေးတွင် လာထိုင်သည် ။ သူ မန်းတူမန်း အောကားကို မြန်မြန် ပိတ်လိုက်ရသည် ။

 

ဟေ့ကောင် … ဆက်ကြည့်လေကွ … ဘာဖြစ်လို့ ပိတ်လိုက်တာလဲ …

ဟင့်အင်း … ငါ မကြည့်ဘူး …

ကြည့်ပါကွ … တူတူ ကြည့်ကြတာပေါ့ …

 

ဝန်းမိုင်းက သူ့ လက်မောင်းကို ကိုင်ရင်း ပြောလာသည် ။ သူ့ကိုယ်တွင် စွပ်ကျယ် တစ်ထည်သာ ရှိသည်မို့ လက်မောင်းကြွက်သားများနှင့် ရင်အုပ်ကြွက်သားများက အမြှောင်းလိုက် ပေါ်နေသည် ။ ဘောင်းဘီတို တစ်ထည်သာ ၀တ်ထားသည်မို့ ပေါင်နှင့် ခြေသလုံးမှ ကြွက်သားများကိုလည်း မြင်နေရသည် ။ ၀န်းမိုင်းလက်က သူ့ဆီးစပ်နားကို လာရောက်ပွတ်သပ်လေသည် ။

 

ဟေ့ကောင် … ဘာလုပ်တာလဲ …

မင်းကလည်းကွာ … ငယ်ငယ်တည်းက တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးနေတာပဲ … ဘာတွေ ရှက်နေတာလဲကွ …

အာ … အခုဟာက မတူဘူးလေ … မသိဘူးကွာ … မသိဘူး …

 

သူ ပြောပြီး မက်တပ်ရပ်လိုက်သည် ။ ၀န်းမိုင်းမျက်နှာက တည်သွားသည် ။ သူ့ကို ၀န်းမိုင်းက မေးခွန်းတစ်ခု မေးလာသည် ။

 

မင်း ဟိုကောင်လေးကို ချစ်နေတာလား …

 

သူ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ။ ချစ်နေတာလားတဲ့ ။ သည်မေးခွန်းကို သူ ရုတ်တရက် ပြန်မဖြေတတ်ပါ ။ ၀န်းမိုင်းအရှေ့တွင် သူ ဟိုမိုတစ်ယောက်ဆိုတာကို သူ ၀န်မခံချင်ပါ ။

 

မိုးဟိန်း … ငါ မေးနေတယ်လေ … မင်း အဲ့သည့် မြတ်မင်းစည်သူ ဆိုတဲ့ အကောင်ကို ချစ်နေတာလားလို့ …

ဝန်းမိုင်း … မင်း မြတ်မင်း နာမည်ကို သိနေတာလား …

နာမည်တင် မဟုတ်ဘူး … သည်ကောင့်နောက်ကြောင်းတွေပါ ငါ အားလုံးသိတယ် … မင်းအချစ်နဲ့ မတန်တဲ့ကောင်ပါကွာ …

မင်း ဘာတွေ အာလုံး သိတာလဲဟင် …

သူ့ ရည်းစားက ငါ့အစ်ကို တစ်ဝမ်းကွဲ … အခု ဘန်ကောက်မှာ အလုပ်သွားလုပ်နေတယ် … ပြသနာတစ်ခု ဖြစ်ခဲ့လို့ သူ့ကို ဟိုက ထားသွားခဲ့တာ … ပြီးတော့ … ပြီးတော့ ငါ့အစ်ကိုနဲ့ အဲ့ကောင်နဲ့က တူတူ အိပ်ဖူးတဲ့ ပတ်သက်မှုမျိုး … ဒါကြောင့်မို့ သည်ကောင်က မင်းအချစ်နဲ့ မတန်ဘူး … ငါ မင်းကို သူနဲ့ သဘောမတူနိုင်ဘူး …

 

ဝန်းမိုင်း စကားကြောင့် သူ့ရင်ထဲတွင် နာကျင်သွားရသည် ။ တူတူ အိပ်ဖူးတဲ့ ပတ်သက်မှုမျိုး ။ သည်စကားကသာ သူ့နားထဲတွင် စွဲကျန်နေလေသည် ။

*****************************************************************

 

သူ သည်နေ့ ဆေးရုံတွင် လူနာကို ရောဂါရာဇ၀င်မေး လေ့ကျင့်နေသော်လည်း စိတ်က မပါလှ ။ မြတ်မင်း အကြောင်းသာ ခေါင်းထဲ ရောက်နေသည် ။ ထူးဆန်းသည်က မြတ်မင်းကို သူ မုန်းမသွားဘဲ သနားစိတ်နှင့် ချစ်စိတ်ကသာ ပိုမို တိုးလာမိသည် ။ သူ့ဘေးက လူနာကုတင်တွင် လူနာကို စမ်းသပ်မှု လေ့ကျင့်နေသော မြတ်မင်းကို သူ တစ်ချက်လှည့်ကြည့်မိသည် ။

 

လူနာကို စမ်းပြီးတော့ မြတ်မင်းက အခန်းဘက်သို့ ပြန်ထွက်သွားသည် ။ သူ မြတ်မင်း အနောက်က လိုက်လာခဲ့သည် ။

 

မြတ်မင်း …

 

သူ့ခေါ်သံကြားတော့ မြတ်မင်းက လှည့်ကြည့်သည် ။ သူ မြတ်မင်း အနားကို တိုးကပ်သွားလိုက်သည် ။ မြတ်မင်း လက်ကို သူ လှမ်းဆွဲကိုင်လိုက်သည် ။ သူ ကြိုးစားအားတင်းကာ စကားတစ်ခွန်းကို ထစ်ထစ် အအ ပြောလိုက်သည် ။

 

ငါ … ငါတို့ တွဲကြရအောင် …

 

သူ့စကားအဆုံးတွင် မြတ်မင်းသည် သူ့ကို နားမလည် မျက်လုံးများနှင့် ကြည့်နေလေတော့သည် ။

 

******************************************************************

Jan 16th

တစ်ခါတုန်းက ( ၂ )

By Play boy
* ဆရာကြီးတစ်ယောက်နဲ့  တစ်ခန်းထဲနေပြီး guitar  မတီးတတ်လို့  မဖြစ်ဘူးဆိုပြီး  မင်းငါ့ကို
ဇွတ်သင်ပေးခဲ့တယ်..။
ယောက်ျားလေးတစ်ယောက်ဟာ    guitar တီးတတ်ရမယ်တဲ့   .. ဟုတ်လား...။

ည လူခြေတိတ်ချိန်လောက်မှာ   ဟိုး...အဆောင်နောက်ဖက် ခြံထောင့်နားက  စိန်ပန်းပင်ကြီးအောက်မှာ ရှိတဲ့ ခုံတန်းလျားလေးမှာ  ငါတို့ ၂ ယောက် guitar ခိုးသင်ခဲ့ကြတယ်။
ငါ့ကို မင်းရဲ့ရင်ခွင်ထဲမှာ  ထားပြီး  ငါ့လက်ပေါ် မင်းလက်ကဖိရင်း guitar  cord တွေကို  မင်းသင်ပေးခဲ့တာ ..။ 

Guitar   သံစဉ်တွေနဲ့အပြိုင် စည်းချက်ညီညီမြန်နေတဲ့    တစ်ယောက်ရဲ့ရင်ခုန်သံတွေကို တစ်ယောက်ကကြားခဲ့ရတယ်ဆိုပါတော့..။

အဲဒီတုန်းက စိန်ပန်းပင်ကြီးတစ်ဝိုက်မှာ  ခြောက်တတ်တယ်လို့နာမယ်ကြီးတဲ့  ခေါင်းပြတ်သရဲကိုရော..၊  ညတရေးနိုး  round လှည့်တတ်တဲ့ guide ဆရာတွေကိုရော ငါတို့မေ့ထားခဲ့ကြတယ်လေ...။

ငပျင်း  ငါက  လက်နဲနဲနာလာတာနဲ့  မသင်ချင်တော့ဘူးပြောတော့ တစ်ပတ်မှာ ၁ ခါ   ည ၁၂ နာရီကျမှ  သင်ရတဲ့ မိနစ် ၂၀ စာ အခမဲ့ guitar  သင်တန်းလေးကို  ဖျက်လိုက်ရတော့   မင်းစိတ်ဆိုးခဲ့သေးတယ်..။

နောက်ပိုင်းစိတ်ကူးပေါက်မှပဲ   နှစ်ယောက်သား   အဲဒီနေရာကိုရောက်ဖြစ်တော့တယ်..။
လသာတဲ့ ညတစ်ချို့မှာ မင်းရဲ့သီချင်းသံကို နားထောင်ရင်း  မင်းကိုမှီပြီး...တခါတလေ မင်းရင်ခွင်မှာနေပြီး ငါအိပ်ပျော်သွားတတ်တာ  တကြိမ်တခါ  မကဘူးထင်ပါရဲ့..။
ဘယ်တော့မှ မင်းငါ့ကို မနိုးခဲ့ဘူးနော်...။အဲဒီအတွက်နဲ့ မင်းအရိုက်ခံရတာ  ငါမှတ်မိသေးတယ်...။

*  အဲဒီတုန်းက  တိုင်မှုးစာမေးပွဲဖြေဖို့   တပတ်အလို( ငါ့ diary  အရဆို November 21 ပဲ  )..။
 ညနက်နက်မှာ စာအတူတူ ကျက်ကြရင်း  ခေါင်းတွေမကြည်ဘူးဆိုလို့  မင်းငါ့ကို သီချင်းငြီးပြသေးတယ်...။ ဆရာတွေသိရင် မလွယ်ဘူးဆိုတာ သိနေရဲ့သားနဲ့ မင်း ငါ့ကို လိုက်လျောခဲ့တာပဲ..။

ဆောင်းရဲ့အအေးဒဏ်ကို  မင်းကိုယ်ငွေ့နဲ့ အံတုရင်း  သီချင်းတွေရဲ့ချော့သိပ်မှုအောက်မှာ စာကျက်ရတာ ပင်ပန်းလွန်းလို့ ငါဘယ်လို အိပ်ပျော်သွားမှန်းမသိဘူး..။
နိုးလာတော့  မင်းနဲ့  coil တက်ထားတဲ့ သချာင်္ဆရာက  ငါ့တို့ဘေးကိုရောက်နေပြီလေ..။

အဲဒီအကြောင်းကို  အဆောင်မှုးသိတော့   မနက် English သင်တဲ့အချိန်  အတန်းသား   ၃၅  ယောက်ရှေ့မှာ  မင်းရော  ငါရော  အရိုက်ခံရတယ်..။ ဆရာရဲ့အဓိပ္ပါယ်အမျိုးမျိုးထွက်တဲ့  ပြစ်တင်စကားတွေကို မင်းမျက်နှာနီနီနဲ့  နားထောင်ခဲ့ရတာ...။ ခပ်ပိန်းပိန်း ငါကတော့ ဘာမှ နားမလည်ဘူးလေ...။

အားလုံးရှေ့မှာ မင်းအရှက်ကွဲရတာ  ငါ့ပယောဂ  မကင်းပေမယ့်  အိုးကမပူ  စလောင်းက ပူပြီး စိတ်ကောက်တဲ့ငါ့ကို မင်းပဲ ပြန်ချော့ခဲ့တာ မဟုတ်လား...။

အဲဒီနောက်တော့  ဆရာကြီးနဲ့  ဘယ်လိုအတိုက်အခံလုပ်ပြီး  တီးခွင့်ရထားမှန်းမသိတဲ့  မင်းသိပ်မြတ်နိုးတဲ့ guitar လေး အသိမ်းခံလိုက်ရတယ်လေ..။

ဘာပဲဖြစ်ဖြစ်ပေါ့ကွာ...အဆောင်နေစဉ်သက်တမ်းတလျှောက်လုံး  မင်းရဲ့သံစဉ်တွေကို တစ်ယောက်တည်း မူပိုင်ခံစားခွင့်ပေးခဲ့တဲ့အတွက်  မင်းကို  ထာဝရ ကျေးဇူးတင်နေမှာပါ..။  အရာအားလုံးက  ခုပြန်တွေးတော့  လွမ်းစရာပါပဲကွာ..။
Jan 1st

မင်းအတွက်ဆိုရင် ဘာမဆို (၁၁)

By just need somebody to love

‘ငါ…  ငါ… ’

 နောက်တော့… ၀ါကျတစ်ကြောင်းပြည့်စုံတဲ့အထိ သူပြောဖို့မကြိုးစားတော့ဘဲ  ကျွန်တော့်ပုခုံးနှစ်ဖက်ကို တွန်းထုတ်လိုက်သည်။

နောက်တော့ … ခြေလှမ်းကျဲကျဲနှင့် ကျောခိုင်းလိုက်ကာ ကျွန်တော့်ကိုချန်ထားခဲ့သည်။

ထို့နောက်တွင် ကျွန်တော့်ခေါင်းထဲ မိုက်ကနဲဖြစ်ပြီး မဟန်နိုင်တော့ဘဲ … ယိမ်းယိုင်ကာ ရေထဲထိုးကျသွားပါသည်။

‘ဗွမ်း…’

…………………………………………………………………………………………….

(၁ရ)

ငါလည်း မိုက်လို့ရတယ်

နိုးလာသည်နှင့်တပြိုင်နက် ခေါင်းအလွန်ကိုက်နေတာကို သတိထားမိသည်။ တစ်ကိုယ်လုံးတွင် ပူစပ်ပူလောင်ဖြစ်နေပြီး အသက်ရှူရသည်လည်းခက်ကာ နှာစေးနေပြီ။

ကျွန်တော် တကယ်ကိုဖျားနေပြီ။

နေပါဦး… ကျွန်တော့်ဘယ်ဘက်လက်တစ်ဖက်က တင်းကြပ်ကြပ်နှင့် ဘာဖြစ်လို့ နေရခက်နေတာလဲ…။

အဲ…

ကျွန်တော့် ကုတင်ဘေး အစွန်းတွင် လက်နှစ်ဘက်တင်ကာ… အသက်ရှူသံပြင်းပြင်းနှင့် အဲလ်ဘတ်အိပ်နေသည်ပဲ။ ကုတင်စွန်းပေါ် မှေးတင်ပြီး ပိုက်ထားသည့် သူ့လက်နှစ်ဖက်တွင် … တစ်ဖက်က ကျွန်တော့်လက်ဖဝါးကို တင်းတင်းကြပ်ဆုပ်ထားလျက် နှစ်ခြိုက်စွာ အိပ်နေသည်။

နှစ်ခြိုက်စွာလို့သုံးနှုန်းရသည်က… သူ့မျက်နှာကိုမြင်ရ၍မဟုတ်ပါ။ သူ့အသက်ရှူသံရယ်၊ လှုပ်ရှားမှုမရှိငြိမ်သက်နေတာရယ်ကြောင့် မှန်းဆပြောလိုက်ခြင်းပါ…။

ကျွန်တော်ရုန်းလိုက်ရင် ကောင်းမလား…။ အင်း… ရုန်းရမှာပေါ့…။

သူက ဘာဖြစ်လို့ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး အနားမှာ လာအိပ်ပျော်နေရတာလဲ…။ အလုပ်မဟုတ်လိုက်တာ…။

ဒါပေမယ့်… ကျွန်တော် မရုန်းလိုက်မိပါ။

တစ်ခါတစ်လေ… စိတ်ရဲ့ဆုံးဖြတ်ချက်အတိုင်း လူကလိုက်ပြီးလှုပ်ရှားရတယ်ဆိုပေမယ့်… အခုလို ရုန်းဖို့ စိတ်က ဆုံးဖြတ်လိုက်ပြီးတာတောင်မှ မရုန်းမိတာမျိုးတွေ ကျွန်တော်တို့ကြုံတတ်ပါသည်။ ထိုအခါမျိုးတွင် ကျွန်တော်ကိုယ့်ကိုယ်ကို အရမ်းမုန်းတီးပါသည်။

ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်ပါသလဲ…။ ကိုယ့်ကိုယ်ကို ၊ ကိုယ့်စိတ်ကို ကိုယ်မပိုင်တဲ့ဘဝတွင် ဘာများ ပျော်စရာဆိုတာ ရှိနိုင်ပါလိမ့်ဦးမလဲ…။ ရှိလာနိုင်မယ့် မျှော်လင့်ချက် လင်းရောင်ခြည် အရိပ်အမြွက်လေး မြင်ရပါတော့မလဲ…။

အခုလိုမျိုးက အဆတစ်ရာမက ပိုမိုဆိုးရွားပါသည်။ ကိုယ့်စိတ်ရဲ့…( လုပ်သင့်မလုပ်သင့် မှန်မှန်ကန်ကန်ဆင်ခြင်ဆုံးဖြတ်တတ်ပြီး စေခိုင်းလိုက်တဲ့ ပကတိစိတ်ရဲ့ ) အမိန့်ကို … ဘာမှမဟုတ်သော အကြောင်းအရာ ၊ အခြေအနေတစ်ခုက ထိန်းချုပ်နိုင်စွမ်းရှိနေတာ … အင်မတန်ဆိုးရွားပါသည်။

သူငါ့ကို စိတ်မဝင်စားဘူး…။ သူ့အတွက် ကျဆုံးပျော်ဝင်သွားတာမျိုးလုံးဝအဖြစ်မခံရဘူး ဆိုသော ကျွန်တော့်၏…( ဘယ်အရာထက်မဆို ခိုင်မာပြင်းထန် လေးနက်.. ကျော်လွှားနိုင်ခဲ့ပါသော ) မာနသည် အဲလ်ဘတ်ဆိုတဲ့လူတစ်ယောက် ကျွန်တော့်လက်ကို ဆုပ်ကိုင်ထွေးပိုက်ပြီး ကလေးတစ်ယောက်လိုအိပ်နေသည်ဆိုသော အခြေအနေတစ်ရပ်က အေးအေးဆေးဆေးပင် နင်းချေပစ်လိုက်သည်။

ကျွန်တော်ဆိုလိုတာက …

အဲလ်ဘတ်ထံမှ ‘မရုန်းလိုက်ပါနဲ့နော်’… ဟု တောင်းဆိုစကားတစ်ခွန်းတစ်လေကြောင့် ကျွန်တော်က အားနာပါးနာ ရပ်တန့်ပြစ်လိုက်ရတာမျိုးမဟုတ်ဘဲ… ကိုယ့်ဘာသာကိုယ်… ၊ကိုယ့်ကိုယ်ကို ကိုယ်တိုင်ပြန်တိုက်သော စစ်ပွဲတွင်တောင်မှ တစ်ယောက်တည်း လူမသိသူမသိ (စက္ကန့်နဲ့အမျှ) ရှုံးနိမ့်လဲပြိုနေရတယ်ဆိုတာမျိုးက ဘယ်လောက်များ

ကြေကွဲ အားငယ်ဖို့ကောင်းလိုက်ပါသလဲ…။

ကာယကံရှင်ကိုယ်တိုင်က… ဘာမှ မသိလိုက်ရဘဲ အိပ်ပျော်နေသည့်အချိန်တွင်… ကျွန်တော့်လို လူတစ်ယောက်က သူဆုပ်ကိုင်ထားသည့်လက်တစ်ဖက်အောက်က ကိုယ့်ကိုယ်ပိုင်လက်ကို ဆွဲနုတ်သိမ်းယူပစ်လိုက်ဖို့ မတတ်နိုင်ဘဲ ငြိမ်သက်ကျေနပ်နေမိနေပါသည်တဲ့…။

သည်ထက်ဆိုးတာ ပြောရဦးမလား။

 … သည်ခြံဝန်းအကျယ်ကြီးထဲတွင်… တောပမာနက်ရှိုင်းအုပ်မှိုင်းနေသည့် သစ်ပင်ပေါင်းများစွာတို့၏ အနောက်ဘက်အစွန်းကျကျ သည်အိမ်ခန်းအကျဉ်းကလေးထဲတွင်… ကျွန်တော်ဖန်းတီးသောစစ်မြေပြင်အကျယ်အပြန့်ကြီးပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ရန်သူမရှိဘဲ  အလဲအကွဲရှုံးနိမ့်နေသည်တဲ့…။

ကျွန်တော် တိတ်တခိုးကြွေနေသောကောင်လေးတစ်ယောက် ဖျားနေသည့်ကျွန်တော့်ကုတင်ဘေးတွင် ကျွန်တော့်လက်အားဆုပ်ကိုင်လျက် အိပ်ပျော်နေရှာသည်ဟူသော အဖြစ်အပျက်ဟာ အင်မတန်မှပဲ ကြည်နူးဆွံ့ပျံ့စရာကောင်းသည်ဆိုတာ ဘယ်လိုမှ ငြင်းဆန်နိုင်အားမရှိစွာ… ဟုတ်ပါသည်ဟု ကျွန်တော်ဝန်ခံပါသည်။

သို့ပေမယ့်… ကျေနပ်တာတွေ၊ ကြည်နူးပီတိဖြာတာတွေရဲ့ အခြားတစ်ဖက်မှာ… အဲလ်ဘတ်ဟာ ကျွန်တော့်အတွက်ဟုတ်မနေဘူးဆိုတဲ့ အသိဆိုးက သွေးပျက်လောက်အောင် နှိပ်စက်နေပြန်သည်။

ပြီးတော့ ဆွံ့ပျံ့ဖွယ်ကောင်းသည့် ရေကန်ပေါ်ဖြတ်ခင်းထားသော ရေလယ်တံတားလေးပေါ်တွင် ကိုယ်သဘောကျနေသည့်ကောင်လေးတစ်ယောက်က ကိုယ့်ကိုအပြင်းအထန်နမ်းရှိုက်ခဲ့သည်ကို မပျော်ရွှင်နိုင်ရပါဘဲ… သူငါ့ကိုရွဲ့နေတာဟူသော အသိကြောင့် ကြောက်လန့်သွေးပျက်နေမိရသည်တဲ့…။

ဒါဆိုရင်…ကျွန်တော်ကဘယ်လိုများ…

နေစမ်းပါဦး…

ဘုရားရေ…

အခုမှပဲ… ကျွန်တော် ရေကန်ထဲ ပြုတ်ကျသွားခဲ့တာ မှတ်မိသည်။

အဲသည်တုန်းက နေနည်းနည်းပူစပြုနေတာရော…၊ မီးဖိုထဲမှာ ပင်ပန်းခဲ့တာရော…၊ အစောကြီးထခဲ့ရတာတွေရော ပေါင်းစပ်ပြီး လူက မဟန်နိုင်ဖြစ်နေသည့်အထဲတွင်… သူကျွန်တော့်ကို ဆွဲနမ်းပစ်လိုက်သောကြောင့်… မူးဝေသတိလစ်ပြီး ရေကန်ထဲပြုတ်ကျသွားသည်။

ဒါဖြင့် ကျွန်တော့်ကို ဘယ်သူဆယ်ခဲ့တာလဲ…။ ကျွန်တော်သည်အခန်းထဲ လမ်းလျှောက်ဝင်လာတာမျိုး၊ လမ်းတစ်လျှောက် သူ့ကို ရန်တွေ့ကြိမ်းမောင်းလာတာမျိုး … ဘာမှတစ်ခုမှ ခေါင်းထဲ မှတ်မိသိရှိမနေပါ…။

ကျွန်တော် သတိလစ်နေခဲ့တာလား…။

ဖျတ်ကနဲ ပြေးဝင်လာသော အသိတစ်ခုကြောင့်… လွတ်နေသော လက်တစ်ဖက်နှင့်… စောင်အောက်ကို လှန်ကြည့်ပစ်လိုက်တော့… အဖျားရှိန်ကြောင့် ပူနေခဲ့သော မျက်နှာသည် ဘယ်လိုပူမှန်းမသိ ပူနွေးရဲတက်လာကာ… သတိပြန်လစ်ချင်သလိုလို ဖြစ်သွားသည်။

ကျွန်တော့်ကိုယ်ပေါ်တွင် ကျွန်တော်မနက်က ဝတ်ခဲ့သော အဝတ်အစားများရှိမနေပါ…။ အသစ်ဖြစ်နေသည်။

သူကျွန်တော့်တစ်ကိုယ်လုံးကို မြင်သွားပြီပေါ့…။ ရှက်စိတ်က ဒေါသအသွင်သို့ ကူးပြောင်းကာ… တွေဝေချိနဲ့နေခဲ့ရသော ခုနက အင်အားတို့က ပြန်လည်ပြည့်ဝလာသည်။

သူဆုပ်ကိုင်ထားသော ကျွန်တော့်လက်ကို ဆတ်ကနဲဆွဲထုတ်ပြီး ကုတင်ပေါ်ထထိုင်လိုက်သည်။

လှုပ်ရှားမှုကြောင့်… သူလူးလွန့်ကာ…မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို မော့ကြည့်လာသည်။ တကယ်အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသည့်မျက်ဝန်းများဟု ကျွန်တော် အရင်ကဆိုရင်ဖြင့် တွေးမိကောင်းတွေးမိနိုင်သည်။ ဒါပေမယ့် .. အခုမရတော့ပါ။

‘ခွပ်…’

သူ့မျက်နှာပေါ် လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီးသည့်နောက် ကျွန်တော်အခန်းတံခါးကို ဝုန်းကနဲဆွဲဖွင့်ကာ… အိမ်ကြီးဘက်သို့ထွက်လာခဲ့လိုက်သည်။

လမ်းတစ်လျှောက်တွင်… မြင်မြင်သမျှသော အရာများကို ထိုးကြိတ်ကန်ကျောက်လာခဲ့ရင်း ဖြေလာခဲ့သောဒေါသများသည် ပြောလျော့သက်သာမသွားဘဲ… ပိုပိုတိုးများလာကာ… ကျွန်တော့်တစ်ကိုယ်လုံး ဘယ်အစိတ်အပိုင်း၊ ဘယ်နေရာမှမဆို… အချိန်မရွေးပေါက်ကွဲပြုတ်ထွက်သွားတော့မတတ်… တင်းကြပ်ပြည့်လျှံလာလျက်ရှိသည်။

သွားပြီ…။ ဘာများ အသုံးကျတော့မှာလဲ…။

ခြုံလေးတစ်ခုမျှ၏အကွယ် လူသူပြတ်လတ်မနေသည့်နေရာတွင်တောင်မှ… သတိကင်းလွတ်မနေသည့်လူတစ်ယောက်ကို အလိုမပါဘဲ နေ့ခင်းကြီးမှာ သူဆွဲယူနမ်းပစ်လိုက်ဖို့ ဝံ့ရဲနေသည့်အခါ… လူသူဝေးသော နေရာရှိအခန်းတစ်ခန်းထဲတွင်…သတိလစ်နေသော လူတစ်ယောက်ကို… သူ… ဘာမဆို…

ဘာကို စူးနစ်နာကျင်နေမှန်းမသိဘဲ… ရင်ထဲလှိုက်တက်လာကာ… အိမ်ကြီးဘေးက… သစ်သားခုံတန်းကိုလှမ်းမြင်လိုက်သောအခါ… ထိုခုံတန်းဘေး… မြက်ခင်းပေါ်တွင်ထိုင်ချပစ်လိုက်ရသည်။

မနက်တုန်းက သူနမ်းခဲ့တာကို သတိရမိပြန်သဖြင့် အင်္ကျီအောက်အနားဖြင့် ဆွဲသုတ်ပြစ်သည်။

 အဲလ်ဘတ်ဆိုတာ အဲလိုလူတစ်ယောက်တဲ့လား…။

ကျွန်တော်သိတဲ့ ၊ ကြိတ်ပြီးသဘောကျမိတဲ့ ၊ အမြဲတမ်း…တစ်ဖက်သားကိုဆွဲဆောင်နိုင်တဲ့လူတစ်ယောက်မှာ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အမူအရာ၊ အပြုအမူဆန်းများလည်း ရှိသေးတယ်ဆိုတာ ကျွန်တော် လက်ခံလိုက်ရတော့မည်။  

တကယ်တမ်းကျ ကျွန်တော်အဲလ်ဘတ်ဆိုတဲ့လူတစ်ယောက်ကို ကောင်းကောင်းမသိသေးဘူးပေါ့။ ဇေယျတုဆိုရင်တောင်မှ… အော... ဇေယျတုလည်း ဘာများထူးသေးလို့လဲ…။

အမြဲတမ်း ကိုယ့်စိတ်အလို၊ ကိုယ့်ဆန္ဒချည်း

ရှေ့တန်းတင်ဦးစားပေးပြီး… လုပ်ချင်တာတွေကို ပြုံးပြုံးနဲ့လုပ်ခဲ့တာချည်းမဟုတ်လား…။ ဖြစ်သမျှကို နောက်မှပဲ တောင်းပန်ရလည်း… တောင်းပန်ရပါစေ… လောလောဆယ်တော့ ..လုပ်ချင်တာကို တစ်ဖက်သားဘက် မငဲ့ကွက်ဘဲ လုပ်ပစ်လိုက်တာချည်းပဲမဟုတ်လား…။

တွေးလိုက်၊ ဒေါပွလိုက်၊ အင်္ကျီအောက်အနားဆွဲယူပြီး သုတ်လိုက်နှင့် အလုပ်ရှုပ်နေတုန်း… အနောက်မှနေ၍ အဲလ်ဘတ်၏ အသံဝင်လာသည်။

‘ဟား… သုတ်လှချည်လား…’

သူ့လေသံက တစ်မျိုးကြီးရယ်…။

အင်မတန် ရယ်ဖွယ်ကောင်းတဲ့ ရယ်စရာတစ်ခုကိုကြားလိုက်ရသည့်အတွက်… ရယ်ဖို့ကြိုးစားသော်လည်း သူ့အတွက်… ရယ်သံလေးထွက်လာဖို့ဆိုတာ အလွန်တရာမှ ခက်ခဲနေရတာမျိုး…။

တိတ်ဆိတ်နေသည့် သည်ခြံဝန်းထဲမှာ… သေချာနားစွင့်ရင်ဖြင့် တီးတိုးပြောသံတောင်မှ သေချာကြားနိုင်သေးသည်ပဲ…။ သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ်ထဲကို အပြင်းအထန် ရှိုက်သွင်းလိုက်၊ ရှူထုတ်လိုက်လုပ်နေတာကို ပိုတောင် သဲသဲကွဲကွဲကြားရသည်။

သူသိပ်ပြီး စိတ်လှုပ်ရှားနေတာပဲ…။ ဘာလို့လဲ…။

ကျွန်တော်သူ့ကို လက်သီးနဲ့ထိုးပစ်ခဲ့လို့လား…။ အဲတာဆိုလည်း မတတ်နိုင်ပါ…။

အမှန်က… အဲသည်ထက်ကို လုပ်ပစ်လိုက်ရမှာ…။

ကျွန်တော်လှည့်မကြည့်တော့… သူကျွန်တော့်အရှေ့ဘက်မှာ လာရပ်သည်။

‘ငါက……  အဲလောက်တောင်…… ရွံဖို့ကောင်းနေလား…’

ကျွန်တော်အံ့အားသင့်သွားသည်။

သည်အချိန် သည်အခြေအနေမျိုးမှာ… ဘယ်လိုပဲဖြစ်နေနေ…လေကိုအပြင်းအထန် ရှိုက်သွင်းနေတဲ့ သူ့ရင်ဘတ်ထဲကထွက်လာတဲ့စကားဟာ တစ်ခြားတစ်ခုခုဖြစ်သင့်သည်။

အခုဟာက ကျွန်တော် လုံးဝကို မမျှော်လင့်ထားတာကြီး…။

သူ့မေးခွန်းက သိပ်ပြီးရိုးရှင်းသည်။ ငါက..အဲလောက်တောင်ရွံဖို့ကောင်းနေလား တဲ့…။

တစ်ခါတစ်လေမှာ သိပ်ပြီးရှင်းလင်းနေတာမျိုးက… နားလည်ရပိုခက်သည်မဟုတ်လား…။

သူမေးချလိုက်တဲ့ မေးခွန်းမှာ… စကားလုံးအားဖြင့် တာသိပ်မသွားသော်လည်း သူ့လေသံကတော့ ကျွန်တော့်ကျောကို စိမ့်သွားစေသည်။

မရဲတရဲကျွန်တော်ခိုးကြည့်လိုက်တော့… ကြောက်ဖို့ကောင်းလောက်အောင် ပျက်ယွင်းနေသည့် သူ့မျက်ကိုမြင်လိုက်ရသည်။

အော… တစ်ခါမှ သူ့မှာ.. အဲလောက်ခံစားချက်တွေများနေလိမ့်မယ်..၊

(သူအဲလောက်ခံစားတတ်နေလိမ့်မယ်)လို့ ကျွန်တော်မတွေးခဲ့ဖူးပါ…။

ဒါပေမယ့်..တစ်မျိုးကြီးဖြစ်မနေဘူးလား…။ ကျွန်တော်ဆိုလိုတာက… သူကျွန်တော့်ကိုနမ်းသည်…၊ကျွန်တော့်အဝတ်အစားကို ကျွန်တော့်ခွင့်ပြုချက်မရဘဲ လဲသည်…။ ကျွန်တော့်တစ်ကိုယ်လုံးကို သူမြင်သွားပြီဖြစ်လို့… ကျွန်တော်ရှက်ဒေါသထွက်ပြီး သူ့ကိုထိုးပစ်သည်။

ဒါဆို…သူ့ဘက်က တုံ့ပြန်ချက်က… ဘာများဖြစ်နိုင်မှာမို့လို့လဲ…။ သူပြန်ထိုးမှာလား…။ ဒါမှမဟုတ်ရင်…ကျေပြီလို့သဘောထားပြီး သူမသိချင်ယောင်ဆောင်လိုက်မှာလား…။ အဲတာတွေထဲက တစ်ခုခုဖြစ်ရမှာပါ။

ဖြစ်သင့်တာပါ…။

အခုတော့… တစ်ခုခုဟာ သိပ်ပြီးတော့လွဲနေပြီ…။

 လက်နှစ်ဘက်ကို ထားစရာနေရာမရှိစွာ… ဟိုဒီလွှဲရမ်းရင်း… သူ့မျက်နှာမော့နေသည်။ အနည်းငယ်ရောင်ကိုင်းနေသော ဘယ်ဘက်ရှိညိုနေသည့်မျက်ကွင်းတစ်ကွက်မှလွဲ၍ သူ့မျက်နှာတွင်မက… လည်ပင်းမှ အကြောစိမ်းများပါ… ရဲတောက်ကာဖြင့် အဲလ်ဘတ်တစ်ယောက် ဆောက်တည်ရာမရဖြစ်နေကြောင်းကိုဖော်ပြသည်။

ထို့နောက် သူရှေ့တိုးငုံ့ကိုင်းလာပြီး ကျွန်တော့်လက်မောင်းနှစ်ဖက်ကို တင်းတင်းကြပ် ဆွဲမကာ… သူနှင့်မျက်နှာချင်းဆိုင်ရပ်စေသည်။

‘မင်းမျက်လုံးထဲမှာ ငါက အဲလောက်ရွံဖို့ကောင်းနေလား…’

အေးစက်နေသော အသံ၏နောက်ကွယ်တွင် ကျွန်တော်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိသော တစ်စုံတစ်ရာပုန်းခိုနေသည်။

ထိုတစ်စုံတစ်ရာဟာ ဘာများလဲဆိုတာကျွန်တော် ခန့်မှန်းဖို့မတတ်နိုင်ပေမယ့်… ကောင်းတဲ့လက္ခဏာတော့ မဟုတ်နိုင်ပါ…။

ကျွန်တော်ကြောက်ပါသည်…။ သူ… သူဘာလုပ်ဦးမလို့လဲဆိုတာကို တွေးပြီးကျွန်တော်ကြောက်သည်…။ အင်မတန်ယောက်ျားပီသသူတစ်ယောက်၏ ယောက်ျားဆန်သော ဒေါသကို ကျွန်တော်ကြောက်သည်။

အဲလ်ဘတ်တစ်ယောက် ကျွန်တော့်ကိုနာကျင်အောင်များ လုပ်တော့မှာလားဆိုသည့်အတွေးကိုလည်း ကျွန်တော်ကြောက်သည်။

ကျွန်တော့်ကို ရက်စက်မည်ဟုကျွန်တော်မမျှော်လင့်ဆုံးသော လူတစ်ယောက်က အသွင်ပြောင်းပြီး… ကျွန်တော့်ကို ရက်စက်လိုက်မှာကို ကျွန်တော်ကြောက်သည်။

ထိုလူရဲ့လုပ်ရပ်ထက် သူ့အတွင်းစိတ်ထဲက… ကျွန်တော့်ကိုနာကျင်စေလိုလို့ဟူသော ခံစားမှုကို ကျွန်တော်ကြောက်ရွံ့ နာကျင် အောင့်မျက်ရပါသည်။  ကျွန်တော် ခံစားလို့ရနေသည်။ သူတစ်ခုခုလုပ်တော့မှာပါ…။

‘ဇေယျတုလိုမဟုတ်ဘူးပေါ့…၊ ဇေယျတုလို အစ်ကိုချင်းထပ်ပြီးချွဲနေမှ မင်းကသဘောကျတယ်လား…၊ယောက်ျားလိုလိုမိန်းမလိုလို ပြောင်ချော်ချော်လုပ်နေမှ မင်းက စိတ်ဝင်စားတာလား’

ဘုရားရေ…။ သူဘာတွေပြောနေတာလဲ…။

ကျွန်တော်က ဘာဖြစ်လို့ ဇေယျတုကို သဘောကျရမှာလဲ…။

သူ့မျက်နှာကြီးတိုးကပ်လာပြန်တော့ ကျွန်တော်ကြောက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

ကျွတ်…။ အခုက အိမ်ကြီးအနီးမှာ…

သူဘာဖြစ်နေတာလဲ…။ တစ်ယောက်ယောက်မြင်သွားရင်ဖြင့်… ကျွန်တော်တော့..သွားပြီ…။

‘မင်းဘာလို့ငါ့ကို ထိုးလိုက်သလဲဆိုတာ ငါသိတယ်’

‘…… ’

‘မင်း -င်ကိုရော စမ်းကြည့်သေးလား…၊ လုပ်ပါ…’

ဘုရား…။

သူကျွန်တော့်လက်ကို လွှတ်ပေးလိုက်သည်။ ပြီးတော့လက်ပိုက်ရင်း မေးငေါ့ကာပြောသည်။

‘လုပ်စမ်းပါ…၊ ငါက…တစ်ဖက်လူကို မညှာတတ်ဘူးကွ၊ မင်းသွေးဘာတွေ ထွက်ကောင်းထွက်နေလိမ့်မယ်…’

အိုး…၊ ကျွန်တော် ဘာပြောရမှန်းမသိတော့ပါ။ ကျွန်တော်အဲလိုပဲတွေးနေလိမ့်မယ်လို့ သူထင်နေခဲ့တယ်ပေါ့…။ ဆိုလိုတာက… သူကျွန်တော့်ကို … ဟိုဒင်း… ထိတောင်မထိဘူးပေါ့နော်…။

ဟင့်အင်း…။ ကျွန်တော်ပြောချင်တာက… အဲလောက်ထိလည်း… …

သူကျွန်တော့်ကို လျှောက်ပြီး ထိတွေ့တာမျိုးလောက်ပဲ… ဆိုလိုတာပါ။

ဒေါသတွေ အားလုံးပျောက်ပျက်ကာ သူ့ကိုအားနာစိတ်များဝင်လာသည်။ နည်းနည်းလည်းရယ်ချင်သွားသည်။ ကျွန်တော် သိပ်အတွေးခေါင်တာပဲ…။

‘အဟက်…’

ကျွန်တော်တစ်ချက်ရယ်လိုက်မိသည်။

သို့သော် သူလိုက်ပါမရယ်ပါ။ သူမျက်နှာမှအစ တစ်ကိုယ်လုံးအထိ ရယ်စရာနဲ့ပတ်သက်တာ ၊ ရယ်စရာအငွေ့အသက် ဘာတစ်ခုမှ ကျွန်တော်ဖမ်းဆုပ်လို့ရမနေပါ။

ရယ်ရမယ့်အစား… သူ့အသံများတိမ်ဝင်သွားသည်။

‘ဘာကြောင့်များ..မင်းငါ့ကို အဲလိုလူလို့ထင်သွားရတာလဲ…’

‘ငါ..အဲလို မရည်ရွယ်…’

‘ဇေယျတုမှာ ငါ့ထက်သာတာ ဘာများရှိလို့လဲ…’

‘ငါ…’

‘ပြောစမ်းပါ…၊ ငါ.. ’

အနည်းငယ်တုန်ယင်စပြုသော သူ့နှုတ်ခမ်းများကို ကျွန်တော်လက်ဖျားနှင့်လှမ်းပိတ်လိုက်သည်။ ကျွန်တော့်လက်များထိပ်တွင် ပူနွေးနူးညံ့သော သူ့နှုတ်ခမ်းဖျားတို့၏ တုန်ခါမှုကို ခံစားလို့ရနေသည်။

‘ငါပြောတာ နားထောင်ဦး…’

သို့သော် ဘာမှမပြောလိုက်ခင် သူ့ကိုအရင် ခါးမှ သိုင်းဖက်ပစ်လိုက်သည်။ သူ့ရင်ခုန်သံကို ကျွန်တော်ကြားနေရသည်။ ကျွန်တော်နှင့် သူ့နှလုံးသားတို့ အင်မတန်နီးသည့်အကွာအဝေးတွင် ရှိနေကြသည်။

စကားလုံးအဖြစ်… ကျွန်တော်တို့ ပြေလည်မှုတစ်ခုဆီရောက်မသွားခဲ့သော်လည်း… အသံတိတ်နားလည်မှုအားဖြင့်တော့… ကျွန်တော်တို့နှစ်ယောက် အရင်ထက်… ပို၍ … … … လူချင်း၊ စိတ်ချင်း၊ ခံစားမှုချင်း … နီးကပ်သွားသည်ဟု ခံစားမိလိုက်သည်။

အတွေးထဲပြေးဝင်လာသော ဇေယျတု၏ မျက်နှာလေးကိုမြင်ရသောအခါ… ကျွန်တော်ကြိုးစားပြီးဖျောက်ပစ်လိုက်သည်။ အားတင်းလိုက်စမ်းပါသံလွင်…။ ဒါလောက်တော့ မင်းတတ်နိုင်ပါတယ်…။

‘ငါ…’

ကျွန်တော် အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ လုပ်ပါ…၊ ပြောလိုက်စမ်းပါ…။

‘ငါ… ငါလေ…’

ငုံ့မိုးကြည့်လာသော သူ့မျက်နှာပေါ်တွင်… တလက်လက်ဖျာနေသော တောက်ပသည့် မျှော်လင့်ခြင်းများ ယှက်သန်းနေသည်။ ကြည့်စမ်းပါ… ၊သူကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်ကို…။

သူလည်း ကျွန်တော့်ကို ချစ်မနေဘူးလို့ ဘယ်သူပြောနိုင်လဲ…။

‘ငါ..မင်းကို…’

.........................................................

Aug 18th

တိုးတိတ်

By kokomin

တိုးတိတ်စွာကြိတ်မှိတ် တစ်ရေးအိပ်မိတယ်။သူချော့သိပ်တဲ့ညတွေ ရင်ထဲခွေရစ် ခေါင်းလေးကိုနှစ်လို့ပေါ့။ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲ လွမ်းပဲလွမ်းရအောင် အမှောင်ကမ္ဘာမှာ မင်းမရှိတဲ့အခါ နေရတာမသတ်သာပါဘူးကွာ။

တိုးတိတ်စွာကြိတ်မှိတ် မျိုသိပ်ရတဲ့မျက်ရည် ကြေကွဲမှူဒဏ်ရာ ရင်ထဲဆို့နင့်လို့လာတယ် ဘယ်မှာလည်းချစ်သူ ပူလောင်စွာခံပြင်း မင်းမရှိရင်မနေတတ်လို့ပါ။

တိုးတိတ်စွာကြိတ်မှိတ် အိပ်ပျက်ရတဲ့ညတွေမှာ မျိုသိပ်ကာမျက်ရည်မို့ ဆို့ဆို့နင့်နင့် ငါမျှော်လင့်တဲ့ရင်ခွင် ရှင်သန်ချင်ပါတယ် ။ နင်ပြန်လာရင်လေ ရင်ခွင်တစ်ခုလုံး အတင်းကျပ်ဆုံးဖက်ထားချင်တယ် ။ကိုကိုမင်း
Sep 8th

သင့်မျက်လုံးကို ငှားပါ

By DARE2DO

ကျနော်တို့ မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခု  ထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေး ပါရစေ။ အဲဒီအလှူက ငွေကြေး အကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့ အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ ရပါတယ်။ အချိန်လေး နည်းနည်းလောက် ပေးနိုင်ရင် ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ

မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသား ၇၁ ဦး ရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာ သင်ကြားနေတဲ့ ကျောင်းသား ၇၉ ဦး ရှိပါတယ်။ အဲဒီ မျက်မမြင် ကျောင်းသားတွေ ဖတ်နိုင်အောင်လို့ စီမံထားတဲ့ မျက်မမြင်စာအုပ်တွေ ရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တု တွေကို မျက်မမြင် စာအုပ်ထုတ်ဖို့ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် Talking Book အဖြစ်နဲ့ ထုတ်ဝေဖို့ စီစဉ်တာပါ။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသ စာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Book အဖြစ် ပြောင်းလဲ ထုတ်ပေးပါတယ်။အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့ နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်း အင်အားနဲ့ မလုံလောက်တဲ့ အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။

အသံအလှူရှင်တွေ အနေနဲ့ ကိုယ်အားတဲ့ အားလပ်ရက်တွေမှာ ကျောင်းမှာ ရှိတဲ့ အသံသွင်းခန်းမှာ သွားရောက်ပြီး အသံဒါန ပြုနိုင်ပါတယ်။ Talking Book အဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာ အဆင်သင့် ရှိနေပါတယ်။ အသံအလှူရှင်တွေ အနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဆောင်းပါး တစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းက စပြီး လုံးချင်းစာအုပ်တွေ အထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေ အနေနဲ့ ကိုယ်တိုင် အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်း နိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံ အရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။

အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ် လှူဒါန်းချင်ရင်ပဲ ဖြစ်ဖြစ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၊ အမှတ် ၁၆၅၊ ဗဟိုလမ်း၊ ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ အီးမေးလ် mcfb@mptmail.net.mm ကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက် မှာလည်း လေ့လာ နိုင်ပါတယ်။
မဆီမဆိုင်ပဲ ပြောရမလား ….  အဆိုတော် လေးဖြူရဲ့ သင်၏နားကိုငှားပါ ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့် အနေနဲ့ သင့်မျက်လုံးကို ငှားပါ လို့ ပြောလိုက်ချင်ပါတယ်။

Credit @ http://www.mandalaygazette.com/?p=22653