May 24th

ထားရစ်ခဲ့၍...ကျန်ရစ်ခဲ့ရသော (၄)

By ခေတ်သစ်နေ
"ဒီနေ့ပြီးသွားရင် အားလုံးမေ့လိုက်တော့...သူလည်း သူ့ဘ၀နဲ့သူ အဆင်ပြေသွားမှာပါ၊မင်းလည်း မင်းကိုမင်း အဆင်ပြေအောင်ကြိုးစားပေါ့"

သက်ပိုင်ရဲ့ စကားကြောင့် မသိမသာအကဲခတ်သလိုကြည့်လာတဲ့ ကားသမားရဲ့ အကြည့်ကိုလွဲပြီး ကျွန်တော်ကားပေါ်မှဆင်းလိုက်သည်။ မဆိုစလောက် ရုတ်တရက်ရွာချလာတဲ့ မိုးစက်အချို့က ကျွန်တော်ကို လာမိတ်ဆက်သည်။ တစ်ညလုံး မအိပ်ရသေး၍ ကျွန်တော်ခေါင်းတွေ မူးနောက်နေသည်။ မငိုခဲ့ပေမယ့် အလိုလိုကျဆင်းခဲ့ရသော မျက်ရည်တွေကြောင့် မျက်ဝန်းတွေသည်လည်း နွမ်းလျနေခဲ့ပါပြီ။ အခုတော့ ကျွန်တော့်မှာ ချစ်သူကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့အတွက် လက်ကျန်အား အနည်းငယ်သာ ကျန်တော့မည်ထင်သည်။

"အားတင်းထားပေါ့ကွာ၊နောက်တော့လည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ"

ကျွန်တော့်ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားပေးလာတဲ့ သူငယ်ချင်းကို ပြန်၍ပြုံးပြလိုက်သော်လည်း တကယ်တော့ ကျွန်တော်ငိုချင်နေခဲ့တာပါ။ အခုအချိန်မှာ မည်သူတစ်ဦးတစ်ယောက်ရဲ့ နှစ်သိမ့်မှုကမှ ကျွန်တော့်အတွက် အသုံးမ၀င်တော့တာ အသေအချာပါ။

ဘာပဲဖြစ်ဖြစ်လေ။အခုတောင် ချစ်သူရဲ့ မင်္ဂလာပွဲရှိရာ ဟိုတယ်ရှေ့ကိုတောင်ရောက်လာခဲ့ပြီပဲ။ ဒီကပြန်ထွက်လာတာနဲ့ သူပြောသလိုမေ့ပစ်ဖို့ ကျွန်တော်ကြိုးစားရတော့မည်။ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့လည်းပေါ့။

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တွေညှို့မှိုင်းနေလိုက်တာများ ကျွန်တော်ဒဏ်ရာတွေကို ဆွနေသလိုပင်။နာရီကြည့်လိုက်တော့ မနက်(၁၀)နာရီခွဲ။ကျွန်တော်မှတ်မိနေသေးသည်။ ပြီးခဲ့တဲ့နှစ်၊ ဒီလိုရက်မှာ ကျွန်တော်တို့ ချစ်သူတွေ စဖြစ်ခဲ့ကြတယ်လေ။ ချစ်သူကို ပထမဆုံးအကြိမ် အနမ်းတစ်ပွင့်ခြွေခဲ့တာလည်း ဒီအချိန်လောက်ပင်။ အခုတော့.......

"ကောင်လေးက မိုက်ရူးရဲဆန်လိုက်တာအေ၊ကြားရတာ စိတ်မချမ်းသာစရာ"

"ဟုတ်ပါ့၊ ဦးလင်းခန့်တော့ ရင်ကျိုးပြီပေါ့၊သူ့မှာဒီသားလေး တစ်ယောက်တည်းရှိတာ"

ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှ ထွက်လာသော မိန်းမနှစ်ဦးဆီမှ လွင့်ပျံလာသော စကားသံ တစ်ချို့ ကျွန်တော့်နားထဲသို့ ထိခိုက်စူးရှစွာဝင်လာသည်။ သူတို့လက်ထဲတွင်လည်း လက်ဖွဲ့ထုပ်တွေဆွဲလို့။ သေချာပါတယ်။ သူတို့ စကားအရ သူတို့ ချစ်သူရဲ့ မင်္ဂလာပွဲက ပြန်ထွက်လာတာ။ ဘုရား ဘုရား...... ချစ်သူ ဘာတွေများလျှောက်လုပ်လိုက်သလဲ။ မင်္ဂလာပွဲကရော ဘာတွေများဖြစ်ကုန်တာလဲ။ အတွေးပေါင်းများစွာက ကျွန်တော့်အာရုံကို ရှုပ်ရှက်ခတ်သွားစေသည်။

ကျွန်တော်တို့ မင်္ဂလာခန်းမထဲရောက်တော့ လူတစ်ချို့ကိုသာ ဟိုတစ်စ ဒီတစ်စသာ တွေ့ရသည်။ အမှန်ဆို ဒီအချိန် ခန်းမထဲလူအပြည့်ရှိနေသင့်သည် မဟုတ်လား။ ချစ်သူရော၊ ချစ်သူကိုလည်း ကျွန်တော်ရှာမတွေ့ပေ။

"ခင်ဗျားရောက်လာသေးတယ်နော်"

အသံကြား၍ လှည့်ကြည့်လိုက်တော့ ကောင်လေးနှစ်ယောက်။ ကျွန်တော်နှစ်ကြိမ်တိတိ ဆုံခဲ့ဖူးသော ချစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ကျွန်တော်တွေ့ခဲ့ဖူးတဲ့  နှစ်ကြိမ်တိုင်တိုင်လုံး အမြဲပြုံးရွှင်နေခဲ့တဲ့ သူတို့ရဲ့ မျက်နှာ၊ သူတို့ရဲ့ မျက်ဝန်းမှာ အခုတော့ မျက်ရည်တွေကို ကျွန်တော်တွေ့နေရသည်။ အဲဒီ မျက်ရည်တွေရဲ့နောက်မှာ ကျွန်တော့်ကို မုန်းတီးမှု၊ နာကျည်းမှုတွေ ကပ်ပါလာသည်ကိုလည်း ကျွန်တော်သိသည်။

"ဖြူစင်ရော၊ဖြူစင်ကိုမတွေ့ပါလား၊ မင်္ဂလာပွဲကရော"

သူတို့ ကျွန်တော့်အမေးကို မဖြေပါ။ ကျွန်တော့်ကိုသာ စူးစူးရဲရဲစိုက်ကြည့်ရင်း လက်ထဲသို့ စာရွက်လေးတစ်စောင်သာ လှမ်းပေးသည်။

"ဖြူစင် မနေ့ညက လာပေးသွားတာ၊ဒီနေ့ ခင်ဗျားလာရင်ပေးဖြစ်အောင်ပေးလိုက်ပါလို့ ကတိတောင်းသွားလို့"

ကျွန်တော့် အမေးကို မဖြေပဲ စာတစ်စောင်ကိုသာ အတင်းထိုးပေးနေတဲ့ သူတို့ရဲ့ အပြုအမူတွေ သူတို့ရဲ့ တုန်ယင်နေတဲ့အသံတွေက ကျွန်တော့်ရဲ့စိတ်တွေကို သည်းခံနိုင်ရည်မဲ့သွားစေခဲ့သည်။

"ငါမေးနေတယ်လေ၊ ဖြူစင်ရောလို့"

လိုတာထက်ပိုကျယ်သွားတဲ့ ကျွန်တော့်အသံကြောင့် သူတို့ဒေါသတွေပေါက်ကွဲပွင့်အံထွက်လာခဲ့သည်။ အဲဒီဒေါသတွေနဲ့ အတူ ကျွန်တော်မမျှော်လင့်ထားသော စကားတစ်ခွန်း.......

"ဖြူစင်ကို ခင်ဗျား သိပ်တွေ့ချင်နေတယ်ထင်တယ်၊ သူ့နောက်လိုက်သွားလေ"

"ခင်ဗျားကောင်းကောင်းကြီး အသုံးချခဲ့တဲ့ ဖြူစင်ကမရှိတော့ဘူးဗျ။သူဆုံးပြီဗျ၊ သူဆုံးပြီ"

မဖြစ်နိုင်ဘူး။ လုံးဝကိုမဖြစ်နိုင်တာပါ။ ကျွန်တော့်နှလုံးသားတွေ အေးခဲရပ်တန့်သွားလောက်အောင်ကို တုန်ယင်နေခဲ့သည်။ သူတို့ပြောတော့ မနေ့ညကပဲ ဒီစာကို လာပေးသွားတာတဲ့။အခုတော့ ဆုံးပြီတဲ့။ဘာတွေလဲ။ဘာတွေဖြစ်ကုန်တာလဲ။ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ကျွန်တော်မသိ။ ကျွန်တော်သိတာ တစ်ခုပဲရှိသည်။ သူ ကျွန်တော့်ကို ဒီလိုတော့ ထားခဲ့မှာမဟုတ်။ ကျွန်တော် သူ့ကိုလမ်းခွဲခဲ့ရတာလည်း ဒီလိုအခြေအနေဖြစ်ဖို့ မဟုတ်။အခုတော့.......
အတားအဆီးမရှိ ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့ပင် ကျွန်တော်သတိမရတော့...

"မဖြစ်နိုင်ဘူး၊ ငါလက်မခံနိုင်ဘူး၊ မနေ့ညကပဲလာသွားတယ်ဆို၊ ရှင်းအောင်ပြောစမ်းပါ"

"ခင်ဗျား လက်မခံနိုင်လည်း မတတ်နိုင်ဘူး၊ မနေ့ညက လာသွားတာလဲ အမှန်ပဲ၊ ဒီမနက်မှ သူ့ကိုသွားနိုးတော့မှ သူအသက်မရှိမှန်းသိရတာ၊သူ သူ့ကိုသူ သတ်သေသွားတာ..."

"သူ အဲလိုဖြစ်အောင် ဘယ်သူကလုပ်လိုက်လဲဆိုတာကိုပါ ခင်ဗျားကိုပြောပြရမလား၊ တကယ်ဆို ဒီလမ်းကို သူသွားရမှာ မဟုတ်ဘူး...ခင်ဗျားသွားရမှာ၊ သန္ဓေယုတ်တဲ့ကောင်"

နာကျည်းပေါက်ကွဲစွာ ပြောဆိုနေသော သူတို့စကားသံတွေက ကျွန်တော့်နားထဲတွင် ကြားတစ်ဝက် မကြားတစ်ဝက်။ အခုအချိန်မှာ ကျွန်တော်ဘာကိုမှ မကြားချင်တော့တာ အမှန်ပါ။ ထိခိုက်နာကျင်စွာ ငိုကြွေးနေသော သူတို့ကိုလည်း ကျွန်တော်မုန်းသည်။ ချစ်သူဆုံးပြီလို့ပြောထွက်ရက်တဲ့ သူတို့ရဲ့ အသံတွေကိုလည်း ကျွန်တော် မုန်းသည်။

အို....အရာအားလုံးကို ကျွန်တော်မုန်းသည်။အခုဘေးနားမှာ ရှိတဲ့ လူတိုင်းကိုလည်း ကျွန်တော်မုန်းသည်။  ကျွန်တော့်ကိုကျွန်တော်လည်း မုန်းသည်။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကိုလည်း ကျွန်တော်မုန်းသည်။

အခုအချိန်မှာ ကျွန်တော်ချစ်တာ တစ်ယောက်ပဲ။ 'ဖြူစင်ခန့်' ဆိုတဲ့ကောင်လေးတစ်ယောက်။ ဟုတ်တယ်။ သူ့ကို ကျွန်တော်သိပ်ချစ်ခဲ့တယ်။ ကျွန်တော် သိပ်ချစ်ခဲ့တယ်ဆိုတာ သူ့ကို ကျွန်တော်ပြောပြရမယ်။ဘာကြောင့် သူ့ကို ကျွန်တော်ထားခဲ့ရသလဲဆိုတာကိုရောပေါ့။ကျွန်တော်ပြောပြချင်နေမိပြီ။ သူ ကျွန်တော့်အနားမှာမရှိတဲ့ အချိန်တွေမှာ ကျွန်တော်ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာကိုပါပြောပြချင်နေမိပြီ။ ပြီးတော့ သူ့ဆီက 'ချစ်တယ်' ဆိုတဲ့ စကားကို နောက်ထပ်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်ကြားချင်နေမိပြီ ချစ်သူ............

                                                ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

















Apr 22nd

ရေလှိုင်းရဲ့ချစ်သူ

By ina

တစ်သိမ့်သိမ့်ရှိုက်ငိုနေသော သူငယ်ချင်းလေးနွေနှောင်းကို ကြည့်ပြီး နှစ်သိမ့်ပေးဖို့ စကားလုံးတွေဆွံ့အနေခဲ့ရတဲ့ရေလှိုင်း။
နွေနှောင်းရဲ့နောက်ကျောမှ အသာယာ ထွေးပိုက်ပြီး အားပေးဖို့ စကားလုံးတွေ ရှာမတွေ့နိုင်သလို ရေလှိုင်းကိုယ်တိုင်လည်း မျက်
ရည်လွယ်သူမို့ မျက်ဝန်းမှာဝေ့ဝိုင်းလာတဲ့ မျက်ရည်စတွေကို နွေနှောင်းမသိအောင် ပုတ်ခက်ရင်း...နွေနှောင်းရဲ့ကျောပြင် လေးကို
အသာယာထွေးပိုက် နေမိတယ်..။နှစ်သိမ့်ပေးချင်သူရဲ့ ဆန္ဒတွေဟာအရာမဝင်ပေမယ့် ရေလှိုင်းရင်ထဲက ကြေကွဲမှုတွေ
ကို နွေနှောင်းတစ်ယောက် နားလည်မှာပါလို့ တွေးရင်း ရေလှိုင်းကိုအားကိုးတစ်ကြီးဖက်ထားတဲ့ နွေနှောင်းရဲ့ခန္ဒကိုယ်လေးအားခပ်တင်း
တင်းပြန်လည်ထွေးဖက်မိရင်း...။

.......................................။.................................

နွေနဲ့လှိုင်းဟာ ငယ်သူငယ်ချင်းတွေဖြစ်သလို တစ်ရပ်ကွပ်ထဲနေကြသူတွေမို့ အမြဲတမ်းသွားအတူတူလာတူတူနဲ့ အရမ်း
လည်းချစ်ကြတဲ့သူငယ်ချင်းတွေပါ..။နွေက အသားဖြူဖြူ၊ဆံပင်ရှည်ရှည် သေးသေးသွယ်သွယ်မို့ လှိုင်းနဲ့ယှဉ်ရင် အရပ်
နည်းနည်းပုတယ်ဆိုပေမယ့် မိန်းမချောချောတဲ့နွေကတစ်ကယ်ကိုလူချစ်လူခင်ပေါများသူပါ...။ကျောင်းတက်စဉ်ကာလ
တစ်လျှောက်လုံးလည်း ထင်ပေါ်တဲ့နွေကြောင့် ဘာမဆိုင်ညာမဆိုင် လှိုင်းကပါ အလိုလို နာမည်ကြိးခဲ့ရသေးတယ်..။ချစ်
သူတွေဝိုင်းဝိုင်းလည်ခဲ့သူနွေတစ်ယောက် စိတ်ကြိုက်ရှာမတွေ့သလို သူရင်ခုန်ရမယ့်မတွေ့လို့ဆိုပြိးကြေးကခပ်များများ
ဝိုင်းဝန်းပိုးပန်းသူတွေကို ကြံကြံဖန်ဖန် အပြစ်တင် ပြောဆိုတက်သူပါ..။နွေကပြည့်စုံတဲ့မိသားစုကဖြစ်သလိုမောင်နှမ
နှစ်ယောက်ထဲရှိတဲ့ နွေက လှိုင်းကိုဆို အရမ်းလည်းဆိုး အရမ်းလည်းတွယ်တာသူလေးပါ..။စားစရာအသစ်အဆန်းဆိုရင်
လည်းလှိုင်းအိမ်ကို မရောက်ရောက်အောင်လာပို့ရင်ပို့ မပို့ရင် လှိုင်းကို အလည်ခေါ်ပြိး တသိတရခေါ်ကြွေးတက်သူပါ။

သွားသွားစားစား၊မခွဲအတူဆိုပေမယ့် ကျောင်းပြီးသွားတော့ နွေရဲ့အမကြိးက ကိုယ်ပိုင်စီးပွားရေးလုပချင်တဲ့် နွေးအတွက် အလှဖန်တီးတာဝါသနာခံရှိတဲ့နွေကို သင်တန်းတွေတက်စေပြီး သင်တန်းလည်းပြိးရော ကိုယ်ပိုင်
ဗြူတီပါလာဆိုင်နဲ့အတူ အလှကုန်ပစ္စည်း စတိုးဆိုင်လေးပါ တွဲဖွင့်ပေးတော့ ဝါသနာပါတဲ့ နွေရဲ့အစဉ်တစ်စိုက်
ကြိုးစားမှုအောက်မှာ တစ်ဖြည်းဖြည်းနာမည်ရလာခဲ့တယ်လေ..။တစ်ကယ်ဆို ကျောင်းပြိးကတည်းက ဟိုယောင်
ယောင်ဒီယောင်နဲ့ နွေးရဲ့ဆိုင်မှာ အချိန်တော်တော် ကြာရေလှိုင်းလည်း ကူညီပေးခဲ့ဘူးလို့ နွေးရဲ့အောင်မြင်စပြုနေတဲ့
စီးပွားရေးလုပ်ငန်းလေးကို အားကျရင်း နွေတို့လို ငွေကြေးအလုံအလောက်မရှိတဲ့လှိုင်းတို့အဖို့ ဘဝအတွက် ရုန်း
ကန်ဖို့ရာ နိုင်ငံခြားကို အလုပ်ထွက်လုပ်မှပဲ ဖြစ်နိုင်မှာမို့ သင်တန်းလေးတွေရှာဖွေတက်ရင်း လှိုင်းချစ်တဲ့ မိသားစုနဲ့
အတူ ချစ်ရတဲ့သူငယ်ချင်း နွေကိုခွဲခွာခဲ့ရတယ်လေ..။

အဝေးရောက်နေပေမယ့် ချစ်ရတဲ့နွေနဲ့အဆက်သွယ်မပြတ်ခဲ့ပါဘူး..။မကြာခဏ ဖုန်းပြောဖြစ်သလို အပြန်အလှန်
အတွေ့အကြုံလေးတွေ ဝေမျှရင်း တစ်နှစ်လောက်ကြာတော့ လှိုင်း ဆီကို ရင်ခုန်ရတဲ့သူတွေနေပြီဆိုတဲ့ သတင်းနဲ့
အတူ ရေပက်မဝင်အောင် အမြဲပြောတဲ့ ချီးမွန်းစကားတွေနဲ့အတူ နွေကြောင့် သူငယ်ချင်းအတွက် လှိုင်းမှာ ပီတိ
ဖြစ်ခဲ့ရတယ်...။အမြဲလိုလို ဆုံဖြစ်တိုင်းလည်း တဖွဖွပြောတက်တဲ့ နွေ ကြောင့်လည်း နွေရဲ့ချစ်သူဆိုတဲ့သူအ
ကြောင်းလှိုင်းမှာ အလွတ်ကို ရနေပါရောလေ...။

သက်တမ်းပြည့်လို့ လှိုင်းမြန်မာပြည်ပြန်ရတော့မယ်ဆိုတဲ့အကြောင်း ဝမ်းသာအားရနွေးဆီဖုန်းဆက်တော့ နွေ
တစ်ယောက်ဆေးရုံတင်ထားရတယ်ဆိုတော့ လှိုင်းစိတ်တွေပူလိုက်ရတယ်....နောက်နှစ်ရက်လောက်ဆို ဆေးရုံ
ကဆင်းရမယ်ဆိုတဲ့အကြောင်းနဲ့ နွေသက်သာနေပြီလို့နွေရဲ့မိခင်ဖြစ်သူက စိတ်မပူဖို့ ပြောတာတောင် လှိုင်း
မှာတော့ နွေးဆေးရုံကဆင်းလာဖို့ရက်ကိုစောင့်ရတာ ပင်ပန်းရပါဘိနဲ့နော်...။အားရဝမ်းသာ နွေဆေးရုံက ဆင်း
တဲ့နေ့ လှိုင်းဖုန်းဆက်တော့ ..နွေးတစ်ယောက် စကားတော်တော်နဲ့မပြောပဲ ငိုနေလိုက်တာ...နွေရဲ့ချစ်သူက
လမ်းခွဲခဲ့လို့ပါတဲ့လေ...။

ဘယ်လိုလူမျိုးလဲဆိုတာ သေချာမသိရပေမယ့် နွေပြောသလောက်ဆို ဘာအပြစ်မှမယ်မယ်ရာရာမရှိပဲ နွေးကို
ထားခဲ့တဲ့လူကို လှိုင်းအမှုန့်ခြေပစ်ချင်လောက်အောင်မုန်းပါတယ်..။ဘယ်လိုပဲ ကြည့်ကြည့် နွေလို မိန်းမချောချောတဲ့ကောင်လေး
တစ်ယောက်ကို ထားခဲ့နိုင်တဲ့ အဲဒီလူကိုလည်း အံသြမိပါတယ်..။ရုပ်ရည်၊ပညာ၊ငွေကြေးအဆင့်အတန်း ပြည့်
စုံတဲ့ နွေကိုမှ ဘာအတွက်များ ထားသွားနိုင်တာပါလိမ့်လို့ တွေးရင်း ဒေါသတွေတစ်လိမ့်လိမ့်တက်ခဲ့ရတယ်..။
အဲဒီလူကောင်းမှု ကြောင့် လှိုင်းပြ့န်လာမယ့်ရကကို နွေကျန်းမာရေးမကောင်းလို့ လာမကြိုနိုင် ခဲ့ဘူး
လေ..။အမျှော်လင့်ကြိးမျှော်လင့်ခဲ့ရတဲ့ အပျော်လေးတွေ အဲဒီလူကြောင့်ပဲ ပျက်စီးခဲ့ရတယ်လေ...။

 

ဘာရယ်လို့ အကြောင်းပြချမယ်မယ်ရာရာမပြနိုင်ခဲ့ပဲ  လမ်းခွဲစို့လို့ ပြောခဲ့တယ်ဆိုတဲ့ နွေရဲ့ချစ်သူ။

ရင်ခုန်သံ တွေကို မညာချင်ဘူးနွေရယ်တဲ့ ...နွေကို ကိုယ်ဘဝရဲ့လက်တွဲဖော်အဖြစ် ဘဝတစ်သက်တာ

လက်တွဲဖို့ မဖြစ်လို့ပါတဲ့...ပြီးတော့နွေးက အမှန်တစ်ကယ် ချစ်ဖို့ကောင်းပြီး အဖက်ဖက်ကပြည့်စုံတဲ့

သူပါတဲ့....အဲဒီလိုတွေပြောပြီးလမ်းခွဲသွားတဲ့နွေချစ်သူ...။

 

..........................။........................................

 

ခွဲခွာနေတာ(၃)နှစ်ရှိပြီဖြစ်တဲ့ လှိုင်းကို ချစ်ရတဲ့သူငယ်ချင်းလေး လာမကြိုပေမယ့် မျှော်လင့်စောင့်ဆိုင်း

နေမယ့် လှိုင်းရဲ့ခွဲခွာနေရတာကြာပြီဖြစ်တဲ့မိသားစုတွေ နဲ့ ပြန်လည်ဆုံတွေ့ရမှာမို့လှိုင်း တစ်ယောက်

အဆမတန် ရင်ခုန်နေခဲ့ရတယ်..။အင်းဒီလိုအချိန်လေး ချစ်ရတဲ့ နွေသာ လာကြိုခဲ့မယ်ဆိုရင် လှိုင်း

ပိုပျော်မိမှာလို့ တွေးရင်း နွေနေမကောင်းဖြစ်အောင်လုပ်တဲ့လူကို ဘာရယ်မဟုတ် အသံတိတ်မေတ္တာပို့

နေမိတဲ့လှိုင်း..။

 

လေယဉ်ပေါ်ကဆင်းပြီး အကောက်ခွန်းဌာနကိုအဝင်   နိုင်ငံသားများသာဆိုသော ဝင်ပေါက်မှာ လှိုင်းတစ်

ယောက်ဝင်တန်းစီရင်း မျက်လုံးမှလည်း ကြိုနေမယ့် မိသားစုကိုရှာဖွေနေမိတယ်....လေ..။များပြားလှတဲ့

လူအုပ်ထဲမှာ အသဲသန်ရှာဖွေရင်း.....

 

ဟော....

 

တွေ့ပါပြီ..။မှန်တွေခြားထားတဲ့ အပြင်မှာ လှိုင်းကို လာကြိုနေတဲ့ မိသားစု.။လှိုက်ခနဲ ခုန်လာတဲ့ပီတိ၊။

အသာယာလက်လှမ်းပြရင်း...

 

စောရီးနော်...ကိုယ်.....

 

အသံရော နောက်ကနေဆက်ခနဲ တွန်းလိုက်သလိုကြောင့် လှိုင်းခန္ဒကိုယ်လေး..ရှေ့ကိုတော်တော်လေး ငိုက်

ကျသွားရတယ်။အသာယာကိုယ်ကိုပြန်လည်မတ်ရင်း အသံရှင် ကို လှိုင်းလှည့်အကြည့်

အားပါးပါး နည်းတဲ့အရပ်ကြိးပါလား...လို့တွေးရင်း နေကာမျက်မှန်ကို ဟန်ပါပါတပ်ထားတဲ့လူတစ်ယောက်..။

ချောမောပြေပြစ်တယ်ဆိုတာထပ် ယောက်ျားဆန်ဆန် တည်ငြိမ်ဟန်အပြည့် သူ့ဟန်ပန်ကြောင့် လှိုင်းရဲ့

နှုတ်ခမ်းတွေက သူကိုကြည့်ပြိးပြုံးမိရက်သားဖြစ်နေခဲ့တယ်..။လှိုင်းရဲ့အပြုံးကို သဘောကျသလို သူကလည်း

ခေါင်းဆတ်ခနဲ့ငြိမ့်ပြိးအသိမှတ်ပြုတော့  ဘာရယ်မဟုတ်ပဲ လှုင်းတစ်ယောက်ရှက်သွေးဖျာခဲ့ရတယ်..။

သြော် ..ငါ့နဲ့နော်...ခိုးကြည့်ကာမှလူုမိရသလားလို့လဲ တိတ်တိတ်လေးအပြစ်ဆိုရင်း ကြိုလင့်နေပြီဖြစ်တဲ့

မိသားစုကို အရှက်ပြေလက်လှမ်းပြရင်း....တစ်ကိုယ်တည်းအတွေးတွေနဲ့ပြုံးလိုက်မိတဲ့လှိုင်း....။

 

ကိစ္စတွေပြိးလို့ စောင့်ကြိုနေတဲ့အမေနဲ့အတူ မိသားစုတွေနဲ့ ဆုံမိပြီလည်းဆိုတော့ လူတွေအများကြိးရှိ

နေတဲ့ လေဆိပ်ဆိုပေမယ့် လှိုင်းမရှက်နိုင်စွာပဲ အမေရင်ခွင့်ငိုသို့ပြေးဝင်ပြိးငိုမိတယ်....လေ။ လှိုင်းအမေ

က လှိုင်းကိုအလိုက်သင့် ပြန်လည်ထွေးဖက်ရင်း အတော်ကြာမှ သတိပြန်ဝင်တဲ့လူတစ်ယောက်လို ဘာရယ်

မဟုတ် ပတ်ဝန်းကျင်ကိုသတိထားမိတော့ လှိုင်းကိုပြုံးပြီးကြည့်နေတဲ့ဟိုလူ..။ရှက်စိတ်ကြောင့် ထူပူနေ

တဲ့လှိုင်း...။ခဏလေးပါပဲ...အသင့်ဆိုက်လာတဲ့ကားပေါ်တက်ရင်း လှိုင်းကို လက်ပြပြီးထွက်ခွာသွားသော

ထိုလူကိုဘာရယ်မဟုတ်လှိုင်း မြင်ကွင်းထဲကပျောက်သွားတဲ့ အထိကြည့်နေမိတယ်...။

................................................။.................................................

 

ပြန်ရောက်ရင်အပျော်တွေအတိုးချပြီး ပျော်မယ်လို့အားတင်းခဲ့ပေမယ့် ချစ်ရတဲ့နွေက အပြင်သွားဖို့ဆိုရင်

အရင်လိုမဟုတ်ပဲ အသဲသန်ခါးသိးစွာငြင်းဆန်နေတက်ပြိး ဆိုင်နဲ့အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့မယ်လှိုင်း

ရယ်ဆိုပြိး..တစ်နေကုန်သူရဲ့ဆိုင်လေးမှာပဲ အချိန်ကုန်နေတော့တာ..လှိုင်းဘယ်လိုခေါ်ခေါ်မလိုက်တော့

လှိုင်းတစ်ယောက်တည်း အပြင်တွေသွား.ရတာပေါ့..။ဒီနေ့လည်း လှိုင်း မေမေမှာတဲ့ ဆေးတစ်မျိုးဝယ်ဖို့

မြို့ထဲထွက်တာ..မရောက်တာအတော်အတန်ကြာပြီဖြစ်တဲ့  ဆူးလေဘုရားလမ်းမပေါ် ခြေခြင်းလိမ်အောင်

လျှောက်နေကြတဲ့ လူတွေကို ကြည့်ရင်း လှိုင်းဘာရယ်မဟုတ် အလွမ်းပြေကြည့်နေမိတယ်လေ..။လှိုင်းရောက်

ခဲ့တဲ့နိုင်ငံမှာ အခုလို လူတွေအများအပြားသွားလာတာမရှိသလောက်ဆိုတော့ မဖွံ့ဖြိုးဘူးပဲပြောပြော ၊ချစ်

ရတဲ့အမိမြေကို ပြန်လည်ခြေချခွင့်တဲ့နွေးထွေးမှုမျိုးကိုဘာနဲ့မှ မလဲနိုင်ဘူးဆိုတဲ့အသိကြောင့် တစ်ယောက်ထဲ

ပြုံးနေမိရင်း..

 

အမြဲတမ်း တစ်ယောက်ထည်းပြုံးနေကြထင်တယ်

 

အနားကပ်ပြီး မေးလာတဲ့အသံကြောင့် လှိုင်းလှည့်ကြည့်မိတော့

 

ဟင်

 

အင်းဟုတ်တယ်ကိုယ်ပါ မှတ်မိမယ်ထင်ပါတယ်နော်...လေဆိပ်မှာကိုယ်တို့ဆုံဖူးကြတယ်လေ

 

လှိုင်းဘာမှပြန်မပြောဖြစ်ပဲ ပြုံးရုံသာပြုံးဖြစ်ပြီးသူက လှိုင်းရဲ့အပြုံးကို သဘောပေါက်နားလည်စွာပဲ

 

အချိန်ရမယ်ဆိုကိုယ်တို့စကားပြောရင်း တစ်ခုခုစားရအောင်လို့ဖိတ်ခေါ်ပရစေ

 

လို့ယဉ်ကျေးစွာဖိတ်ခေါ်ခဲ့တော့ ...

 

ကိုယ်က မိုးယံပါ

 

ဟုတ်ကဲ့ကျွှန်တော်ကရေလှိုင်းပါ..

 

အပြန်အလှန်မိက်ဆက်ဖြစ်ရင်း..။။။။။

........................။...............................................

မအားဘူးလားလှိုင်းရယ် ဘယ်တွေသွားနေတာလဲ တစ်နေကုန်

 

နွေရယ် နွေလိုမှ လှိုင်းက ကိုယ်ပိုင်လုပ်ငန်းမရှိတာ အခုလည်းနိုင်ငံခြားကသာပြန်လာတယ် ရလာတဲ့ငွေလေးနဲ့

လုပ်ငန်းလုပ်ဖို့ဆိုတာ တစ်ကယ်တန်းစုံစမ်းကြည့်တော့မလွယ်ပါဘူး နွေရ အခုလည်း အဒေါ်ဖွင့်ထားတဲ့ ဆိုင်

လေးမှာ တွဲပြီးတစ်ခုခုများလုပ်လို့ရမလားလို့ ပညာသင်အနေနဲ့ အရောင်းဝယ်အကဲခတ်ကြည့်နေတာ မလွယ်ပါဘူး

နွေ ရယ် လှိုင်းမှာရှိတဲ့ ငွေက လိုက်မမှီလောက်ဘူး...အဲဒါအဒ်ါကပညာယူအနေနဲ့ဆိုင်ဝိုင်းထိုင်ကြည့်ဆိုလို့ နေ့ဝက်

လောက်ဝိုင်းထိုင်ရင် လုပ်ကြည့်နေတာ ဖြစ်နိုင်ရင်နွေလိုပဲ အိမ်မကွာလုပ်ငန်းလေးလုပ်ချင်တာပေါ့..ပြိးတော့ လှိုင်းက

နွေးလိုလဲ စိတ်မရှည်တော့..ညစ်တယ်နွေရယ်...

 

အင်းပါအင်းပါ.....တစ်သက်လုံးအပျိုကြိးလုပ်လှိုင်း...နွေရှာကျွေးမယ်သိလား..

 

အောင်မယ်နွေးက ရည်းစားလေးတစ်ခါပြတ်တာနဲ့

ဟင်..တစ်ကယ်ပြောတာလှိုင်းရ....ပြိးတော့ နွေအရမ်းကြောက်သွားတဲ့အချစ်ကို

နောက်တစ်ခါမြည်းစမ်းဖို့ အင်အားမရှိတော့ဘူး..သူလုပ်ရက်တယ်လှိုင်းရယ်...နွေရင်မှာအခုထိနာကျင်နေတုန်း

ပုံမှန်ဖြစ်အောင် မနည်းရပ်တည်နေရပေမယ့် နွေလေ...နွေ..

 

ပြောရင်းမျက်ရည်တွေဝဲလာတဲ့ နွေကြောင့် လှိုင်းက

 

နွေရာ အဲလောက်လဲ ဝမ်းမနည်းပါနဲ့တော့ကွာ.နွေပင်ပန်းတာပေါ့နော်...ခုဆို လှိုင်းလည်းပြန်ရောက်နေပြီပဲ

 

လှိုင်း..နွေလေ သူကိုလှိုင်းပြောသလို မေ့ပစ်လိုက်ချင်ပါတယ်...အဲလိုဖြစ်ချင်လို့လည်းသူနဲ့ပါက်သက်ကမျှ

အမှတ်တရတွေမကျန်အောင်ဆိုပြီး ဓါတ်ပုံတွေလက်ဆောင်တွေအားလုံး မီးပုံရှို့ပစ်လိုက်တာဘာတစ်ခုမှမ

ကျန်ခဲ့ရအောင်ဆိုပြီး ...အဲလိုလည်းလုပ်ပြိးရော..နွေးလည်းဆေးရုံရောက်သွားတော့တာပဲ.....ဒါပေမယ့်

နွေရင်ထဲကအမှတ်တရတွေကိုတော့ နွေကိုယ်တိုင် မဖျက်စီးနိုင်ခဲ့ဘူး..အချိန်ပြည့်အလုပ်ထဲမှာစိတ်နှစ်

ထားရပေမယ့် ...နှလုံးသားထဲမှာပြည့်နေတဲ့အမှတ်တရတွေနဲ့အတူ...နွေအခုချိန်ထိ....သူကိုချစ်နေတုန်း

ဆို တာနွေဘယ်လိုမှညာလို့မရဘူးလှိုင်းရယ်...

 

အင်းပါအင်းပါနွေရာ..လှိုင်းနားလည်တာပေါ့...ဖြစ်နိုင်ရင်လေ...အဲဒီလူကိုလှိုင်းလေ ရန်တွေ့လိုက်ချင်တယ်

 

ထားပါ လှိုင်းရာ...လှိုင်းလဲနွေကြောင့်မခံမရပ်နိုင်ဖြစ်နေတာ...

 

လှိုင်းကတော့လေနွေအရင်လို ပျော်ရွင်နေတာပဲမြင်ချင်တယ်နွေရယ်....

 

နွေလည်းကြိုးစားနေပါတယ်လှိုင်း..ရယ်

 

အင်းပါအင်းပါ ..သြော်ဒါနဲ့ နွေ လှိုင်း အခုတစ်လောအဒေါ်ဆိုင်မှာ အလုပ်သင်ပေါ့လေ...အဲဒါသွားလုပ်မှာမို့

 

လှိုင်းလာဖြစ်မယ်မထင်ဘူး...ဒါပေမယ့် လှိုင်းဖုန်းဆက်မယ်လေနော်...

 

အင်းပါလှိုင်းရယ်လုပ်ပါ..နွေ သိပါတယ်.......

 

...................................။.....................................

နိုင်ငံရပ်ခြားသွားပြိးစုဆောင်းလာတဲ့ ရင်းနှီးငွေလေးနဲ့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ချင်တဲ့ လှိုင်း တစ်ကယ်တမ်း

လုပ်ချင်တဲ့လုပ်ငန်းမှာ အစဉ်တစိုက်ဝင်လုပ်ဖြစ်တော့...တစ်ကယ်မလွယ်မှန်းနားလည်လာခဲ့ရတယ်လေ...။

အဲဒီလို အချိန်လေး အတွင်းမှာလုပ်ငန်းတွေလေ့လာနေရင်းနဲ့ပဲ သူနဲ့လှိုင်း နဲ့လည်း ပိုလို့ရင်းနှီးလာခဲ့တယ်..။

အဒေါ်ဆိုင်မှာပညာသင်ပြိး ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားနေတဲ့ လှိုင်း အကြောင်း သူသိတော့

အချိန်ရရင်ရသလို လှိုင်းရှိရာကိုရောက်လာတက်ပြီး  တစ်ခါတစ်လေလည်းသူကအလျှင်းသင့်ရင်သင့် သလို လှိုင်း

နဲ့ အချိန်ကြာကြာဖြုန်းတက်တယ်လေ..။အချိန်တွေ ကြာလေလေ လှိုင်ထံအလာစိပ်လို့ သူက လှိုင်းအဒေါ်နဲ့တောင်

ရင်းနှီးနေပြီလေး...။သူ့အကြောင်းနွေကို တိုင်ပင်ရအောင်လည်း...နွေကလည်းသောကတွေနဲ့ ပြိးတော့ မသေချာသေး

တဲ့ အနေထားတစ်ခုမှာ နှုတ်မကျွံချင်သေးတာနဲ့ သူ့အကြောင်းကို နွေကို မပြောဖြစ်သေးဘူး...။လှိုင်းများ ချစ်သူရပြီ

ဆိုရင်..နွေပိုလို့ ကြေကွဲနေမလားဆိုတဲ့ စိုးရိမ်စိတ်လေးကြောင့် ..သူနဲ့လှိုင်းအကြောင်း နွေကို ခုချိန်ထိ မပြောဖြစ်သေး

တဲ့လှိုင်း..။

 

သူအကြောင်း ဆိုရလောက်အောင်လဲ..လှိုင်းအနေနဲ့  သေသေချာချာလည်းမသိရသေး...။သူပြောသလောက် ကတော့.

သူကနိုင်ငံခြားဖက်စပ်ကုမ္မဏီတစ်ခုရဲ့ ရှယ်ရာဝင်တစ်ယောက်ဖြစိသလို ၊မကြာခဏလည်းနိုင်ငံခြားခရီးထွက်ရတဲ့သူ၊

ပြီးတော့ တစ်ဦးတည်းသောသားဖြစ်သလို သိပ်အချမ်းသာကြိးမဟုတ်ပဲ..ဟိုမိုကိုချစ်တတ်ပြီး ..ကိုယ်ပိုင်ကားလောက်တော့ စီးမယ်ဆို စီးလို့ရ

ပါတယ်တဲ့လေ...။အဲလောက်ပါပဲ...သူပြောသမျှ..က။အဲလောက်ဆိုရုံတင်ဆိုပေမယ့် ...လှိုင်းနဲ့တော့ကွာခြားလွန်း အားကြိး

နေပါပြီ...။သူ့ပြောသလိုသူ့အနေအထားဆို လှိုင်းလို ရုန်းကန်နေရတဲ့ ဘဝသမားနဲ့မလိုက်ဖက်ပါဘူးလေ...။လှိုင်းနေရာမှာ

နွေနဲ့သူနဲ့သာဆို...အရမ်းကိုလိုက်ဖက်မှာပဲ လို့ ဘာရယ်မဟုတ်အတွေးတွေဝင်နေမိတဲ့လှိုင်း....။

 

သံယောဇဉ်နဲ့အချစ်ဆိုတာ မသင့်တော်ဘူးမဖြစ်သင့်ဘူးဆိုတိုင်း တားဆီးလို့မရဘူးဆိုတာ နွေပြောနေကျစကားလိုအခု

လည်း လှိုင်းခံစားတက်နေပြီ နွေ..။သူလာနေကျအချိန်ဆို ဘာရယ်မဟုတ် ရင်တွေခုန်ပြီး မျှော်နေတက်ပြီ..။လာနေကျအချိန်

ထပ်နောက်ကျနေပြီဆို စိတ်တွေထွေပြားပြိး ဘာကိုအလိုမကျမှန်းမသိ...သူ့မျက်နှာမြင်လိုက်ရတဲ့ခဏ ရင်ထဲမှာစမ်းချောင်း

လေးဖြတ်သွားသလို ..အေးမြနေလိုက်တာ..။တစ်ခါတစ်လေ..သူခရီး(၃)ရက်လောက် ထွက်ရတဲ့နေ့တွေဆို လှိုင်းရင်ထဲမှာ

ဟာတာတာနဲ့ သူလာမယ့်ရက်ကိုလက်ချိုးရေ ပြီး စောင့်မျှော်ရတာ လှိုင်းအတွက် လောကငရဲပါပဲ...အဲလိုရက်တွေဆို...အ

လိုက်တသိများ သူ့ဆီကဖုန်းဝင်လာရင်....ပြောစရာစကားလုံးတွေပျောက်ဆုံးပြီး  ရင်ထဲမှာ အပျော်တွေစီးဆင်းနေပြန်ရော

လေ..။..သူ့ဆီက သတိရလိုက်တာလွမ်းရယ် လို့ ပြောတိုင်း မွေးညှင်းစိမ်းလေးထရလောက်အောင် လှိုင်းစိတ်တွေလှုပ်ရှား

ခဲ့ရတာလှိုင်းကိုယ်တိုင်အသိဆုံးပါပဲလေ..။

 

ခရီးက ပြန်ရောက်တိုင်းလည်း ခဏလေးဖြစ်ဖြစ်အချိန်ပေးပြိးလှိုင်းဆီကို မရောက်ရောက်အောင်လာတဲ့အခါမျိုး ဘယ်လို

ကြည်နူးမိမှန်းမသိအောင် ပဲ အရမ်း ကြည်နူးမိတဲ့အခါ လှိုင်းအပေါ် အလိုက်သိတဲ့သူကို အရမ်းပဲတွယ်တာခဲ့ရတယ်..။

မမေ့မလျှော့ဝယ်လာတက်တဲ့ လက်ဆောင်လေးတွေထပ် သူကိုမြင်ရတဲ့ခဏ လှိုင်းရင်ထဲကြည်နူးမိတိုင်း အဲဒီလို အချိန်

တွေ အတိုင်းပဲ သူနဲ့ရာသက်ပန် တည်ရှိနေချင်တဲ့လှိုင်းရဲ့စိတ်တွေကို သူကသိမ်းသွင်းနိုင်စွမ်းရှိခဲ့တယ်လေ...။အဲလိုသေ

ချာနေပြီဖြစ်တဲ့ လှိုင်းကို ..သူက ချစ်ခွင့်တောင်းတာတဲ့ တစ်နေ့...

 

လှိုင်း..ကိုယ်လှိုင်းကို အရမ်းချစ်နေမိပြီ..

သေချာတယ်ကိုယ်လှိုင်းကလွဲပြီး ဘယ်သူမှ မချစ်နိုင်သလို လှိုင်းဘယ်လို အနေအထားပဲဖြစ်ဖြစ် လှိုင်းကို

ကိုယ်သစ္စာရှိရှိချစ်ပါ့မယ်...ဘယ်တော့မှမပြောင်းလဲတဲ့မေတ္တတွေနဲ့ပါလှိုင်း..

 

ဒါပေမယ့် လှိုင်းဘဝအခြေနေ ကိုမိုးယံမိဘအသိုင်းဝိုင်းလက်ခံနိုင်လောက်တဲ့အနေအထားမဟုတ်ဘူးနော်

သဘာဝကိုလွန်ဆန်နေတဲ့ လူသားတွေဖြစ်နေတာကို

သေချာစဉ်းစားစေချင်တယ်...လှိုင်းတို့အသက်အရွယ်က အချစ်တစ်ခုကိုဦးစားပေးစဉ်းစားရမယ့် အရွယ်မဟုတ်တာ

ကိုမိုးယံသိမှာပါ.....ဘာအတွက်နဲ့ဘယ်သူမှမနာကျင်စေချင်ဘူးကိုမိုးယံ

 

လှိုင်းဆိုလိုတာကို ကိုယ်သဘောပေါက်ပါတယ်...

အရာတွေအားလုံးထပ် ကိုယ်က လှိုင်းကိုမြတ်မြတ်နိုးနိုးချစ်တာ...ကိုယ်အဆုံးရှုံးမခံနိုင်ဘူးလှိုင်း

 

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့အသက်အရွယ်တွေမှာ...ခံစားချက်တွေအပြင် ဦးနှောက်ကို

ပါထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင်လှိုင်းရင်ထဲမှာ..သူ့အတွက်အဖြေဆိုတာသေချာနေပြီးသားလေ..။

 

ကောင်းပြီ ကိုမိုးယံ..လှိုင်းကို အချိန်ပေးပါ ..လှိုင်းစဉ်းစားပရစေ..၊ဘဝတစ်သက်တာအရေးမို့ လှိုင်အလေးထားပြီး

စဉ်းစားရမှာမို့ပါ..လာမယ့် Sunday မှ ပြန်ဆုံကြမယ်လေ...

 

ကိုယ့်အတွက်ကံကောင်းခြင်းတွေနဲ့ပျော်ရွင်ဖွယ်ရလဒ်တစ်ခု လှိုင်းဆီက မျှော်လင့်နေတယ်ဆိုတာတော့

မမေ့နဲ့နော်....

 

လှိုင်းဘာမှမပြောပဲ ပြုံးပြီးသူ့ကိုကြည့်နေမိတယ်...။လှိုင်းခေါင်းကို ချစ်စနိုးအသာပုတ်ပြိး ထွက်သွားတဲ့သူ့နောက်

ကျောကိုကြည့် ပြီး သေချာနေပြီဖြစ်တဲ့ Sunday ကို လှိုင်းတစ်ယောက်ကြိုတင်ရင်ခုန်နေမိတော့တယ်လေ.....။

 

.....................................................။................................................................

 

လာမယ့် Sunday မတိုင်ခင် နွေကို အသိပေးရမယ့် ဆိုတဲ့အသိကြောင့် ဘာရယ်မဟုတ်လှိုင်းရင်တွေ ခုန်နေလိုက်တာ..။

တိုက်တိုက်ဆိုင်ဆိုင် နွေကလည်း ဆိုဒ်အတွက်လိုတာလေးတွေ ဝယ်ပြီး မတွေ့တာကြာပြီဖြစ်တဲ့ လှိုင်းတို့နှစ်ယောက်အေး

အေးစေးစေး အပြင်မှာစကားပြောကြတာပေါ့ဆိုတော့...။နွေကထင်တာထပ်စောပြိး လှိုင်းရှိရာ အဒေါ်ဆိုင်ကိုရောက်လာတော့..

သူငယ်ချင်းနှစ်ယောက် မသွားတာကြာပြီဖြစ်တဲ့ မြို့ထဲတစ်နှံ့လျှောက်သါားရင်း အတိတ်တွေကိုတူးဖော် အပြန်အလှန် စနောက်

ရင်း တစ်ကယ်ကိုကြည်နူးစရာလေးပါ..။အခုလို မရယ်မောတာကြာပြီလို့ နွေကဆွေးဆွေးမြေ့မြေ့လေးပြောတော့

လှိုင်းရင်ထဲ မကောင်းလိုက်တာ...။အပျော်လေးတွေပျက်သွားမှာဆိုးလို့ နွေရဲ့မျက်နှာနွမ်းနွမ်းကိုကြည့်ပြိး လှိုင်း

ဘာလုပ်ရမလဲမသိအောင်...တွေဝေနေခဲ့တယ်လေ..။

 

မင်္ဂလာဈေးရောက်တော့ နွေကမှာနေကျ ဆိုင်တွေမှာ သူလိုတဲ့ပစ္စည်းလေးတွေလာပို့ပေးဖို့ မှာနေတာကြည့်ရင်း သြော်

နွေရယ်လို့ မချိတင်ကဲရေရွက်ရင်း...။ အချိန်တော်တော်လေးလှည့် ပတ်လိုက်တာ မင်္ဂလာဈေးတစ်ခုလုံးလည်းနှံရောပေါ့....။

နေ့လည်စာစားချိန်လည်းကျော်နေပြီမို့တစ်ခုခုစားကြရအောင်ဆိုပြီး ဆိုင်သောက်ဆိုင်တန်းတွေဘက်ကိုသူငယ်ချင်းနှစ်ယောက်

စကားတစ်ပြောပြောနဲ့လျှောက်လာလိုက်တာ...ရုတ်တရက် နွေးက တစ်စုံတစ်ခုကိုမြင်တွေ့သွားတဲ့ဟန်ဖြင့်

 

လှိုင်း ..နွေးတို့တခြားအထပ်ကိုသွားရအောင်...လာ

 

ဟင်ဘာလို့လဲနွေးရဲ့ဘယ်သူကိုတွေ့လို့လဲ...နွေရာ...

 

ဟိုတစ်ယောက်လေ....သူ..သူ..ဒီမှာရှိနေတယ်..

 

ဘာနွေကိုထားသွားတဲ့လူလားနွေ ဟုတ်လား..

 

အင်းဟုတ်တယ် လှိုင်း လာပါလှိုင်းရယ် ..ဘာမှပြသနာမရှာပါနဲ့နော်..ပြိးတော့ နွေသူ့ရှေ့မှာဘာမှမဖြစ်သလို

နေပြဖို့ အဆင့်သင့်မဖြစ်သေးလို့ပါလှိုင်းရယ်.....နွေတောင်းပန်ပါတယ်နော်...လာပါလှိုင်းရယ်နွေးတို့တခြား

သွားရအောင်နော်...

 

ပြောရင်းမျက်ရည်တွေတွင်တွင်ကျနေပြီဖြစ်တဲ့နွေကို လှိုင်း မကြည့်ရက်စွာပဲ...

 

အင်းပါနွေရယ်..လှိုင်းတို့သွားကြတာပေါ့ ဒါပေမယ့် လှိုင်းကိုအဲဒီလူပြအုန်းလေနွေရ လှိုင်က မြင်တောင်မမြင်ဖူးဘူး

လေ...အခုလိုကြုံတုန်းလှိုင်းကိုပြနော်...စိတ်ချ..နွေစိတ်ပူသလိုမျိုး လှိုင်း ပြသနာရှာဖို့မဟုတ်ပါဘူးနွေရယ်နော်...

 

အင်း..ဟိုးထောင့်ချိုးအကွေ့မှာတွေ့လား..မိုးပြာရောင်ရှပ်လက်ရှည်နဲ့ နွေတို့နဲ့ဘေးတိုက်အနေထား ရှိနေတဲ့သူ

လေ..

 

နွေညွှန်ပြရာသို့ လှိုင်းကြည့်မိရင်း....လှိုင်းမျက်လုံးတွေကြက်သေသေသွားခဲ့ရတယ်...။။မဖြစ်နိုင်ပါဘူးဆိုပြိး

သေချာကြည့်မိနေပေမယ့် သူမှသူအစစ်..။နွေပြတဲ့ နွေရဲ့ချစ်သူဟောင်းဆိုတာ လှိုင်း ရဲ့မျှော်လင့်ချက်တွေ

စုဝေးရာ Sunday ရဲ့အရှင်သခင်ပါလား...။ယူကြုံးမရတဲ့စိတ်တွေအပြင် ..ဆုံးရူံးပြိဆိုတဲ့အသိ...လုပ်ရပ်လိုက်တာ

ဆိုတဲ့အသိတွေကြောင့် လှိုင်းရဲ့ခန္ဒာတစ်ခုလည်း သွေးလည်ပတ်မှုတွေပြောင်းပြန်တွေဖြစ်ကုန်ရပြီလေး..။

ရုတ်တရက်အမြင်မှာခံစားမှုကို နွေးရှေ့မှာထိန်းချုပ်ဖို့ အင်အားမရှိခဲ့ပေမယ့် နွေကတော့ သူ့အပူနဲ့သူမို့

လှိုင်းကို ထိုနေရာနှင့်ဝေးရာသို့အတင်း ဆွဲခေါ်လာတော့...ရပ်တည်ဖို့အင်းအားမရှိတဲ့လှိုင်း....နွေးရဲ့ခေါ်ဆောင်

ရာနောက်မှာ အလိုက်သင့် လိုက်ပါရင်း...။

 

.....................................။..........................................

 

ဘယ်ပြောတယ် လှိုင်း...ပြန်လာတာမှမကြာသေးဘူးအခုပြန်ထွက်မယ်ဟုတ်လားဘာတွေဒီလောက်လောဘတွေကြိးနေတာ

လဲလှိုင်းရယ်.....အခုလည်းလှိုင်းလုပ်ငန်းစမယ်ဆို စလို့ရနေပါပြီလှိုင်းရ...လှိုင်းပဲမြန်မာပြည်ကိုလွမ်းတယ်ဆို

လှိုင်းမရှိရင်နွေ ကဘယ်သူနဲ့နေရမှာလဲ လှိုင်းရယ်.....ဆုံးဖြတ်ချက်ပြင်ပါအုံးနော်လှိုင်း..

 

မျက်ရည်တွေတွင်တွင်စီးရင်း...လှိုင်းကိုတားနေတဲ့နွေးကိုဖတ်ပြီး လှိုင်းလည်းမျက်ရည်တွေကျလာခဲ့တယ်..။ဘာရယ်မှ

မသိနားမလည်ရှာတဲ့ သူငယ်ချင်းလေးကတော့ လှိုင်းကို ခင်တွယ်လို့..လှိုင်းကတော့......ဆက်ပြိးမတွေးရဲအောင်

ပဲ အသဲထဲကထိအောင်ခါးနေတဲ့ရင်ထဲကဒဏ်ရာတွေကို ဘယ်လိုများဒီသူငယ်ချင်းလေးသိအောင်ပြောပြရမှာပါ့လိမ့်

နော်...။

 

လှိုင်း...နွေပြောနေတာမကြားဘူးလားလှိုင်းရယ်......နော်မသွားပါနဲ့တော့လှိုင်းရယ်...နော်...နွေကိုမသနားဘူးလား

ဟင်..လှိုင်း..

 

နွေရယ်...ဘဝဆိုတာ..အမြဲတမ်းဖြစ်စေချင်သလိုမှ မဖြစ်တာ...နွေရဲ့လှိုင်းလည်း ကိုယ့်မြေကိုယ်ရေမှာပဲ အခြေချနေ

ထိုင်ချင်တာပေါ့ နွေ...ဘဝအတွက်ကြတော့ အရွယ်ရှိတုန်းလေး ကြိုးစားမှလေ..နွေရ...အခုလှိုင်းလုပ်ငန်းလုပ်ဖို့ဝင်

ပြိးလုပ်ကိုင်ကြည့်တော့ လှိုင်းမှာသာ အရင်းနှီးအလုံအလောက်ရှိရင်...လှိုင်းလုပ်ချင်တာလုပ်ခွင့်ရမယ်ဆိုတဲ့အသိ၊

အဲဒါလေးကြောင့် လှီုင်းအခုလို ထပ်ပြိးစီစဉ်လိုက်ရတာပါ နွေရယ်...လှိုင်းလည်း ချစ်တဲ့နွေကို ထားပြိးလှိုင်းချစ်တဲ့

မြန်မာပြည်ကြီးကို ခွဲချင်ပါ့မလားလို့..မငိုပါနဲ့နွေရာ...နွေငိုတော့..လှိုင်းလည်းငိုချင်တာပေါ့..

 

နွေတော့လှိုင်းကိုနားမလည်တော့ပါဘူး  လှိုင်းလည်းအရင်လိုမဟုတ်ဘူး..နွေကကိုကံမကောင်းတာနေမှာ...

နွေချစ်တဲ့သူတွေမှန်သမျှ နွေနားမှာဘယ်သူမှကြာကြာမနေချင်ကြဘူး...

 

ပြောလည်းပြောငိုလည်းငိုနေတဲ့နွေကိုကြည့်ပြီး...လှိုင်းရင်ထဲက ခွင့်လွတ်ပါနွေရယ်လို့တိတ်တဆိတ်တောင်းပန်နေမိတယ်..။

နွေရဲ့ အလွမ်းတွေသံယောဇဉ်တွေ၊နာကျင်မှုတွေကို လှိုင်းအခု ကောင်းကောင်းကြိးခံစားတက်နေပါပြီနွေရယ်...။နွေရော

လှိုင်းပါ အရင်ဘဝက ဘာတွေလုပ်ခဲ့မိလို့ အခုလိုနာကျင်ခဲ့ကြတာပါလိမ့်နွေရယ်...။

 

.........................................။......................................................................

 

ရေလှိုင်းရဲ့ စကားတွေက

ကျွန်တော်ရင်ကို နာကျင်စေခဲ့တာပါ.။

 

လူယုတ်မာ..ခင်ဗျာ အစကတည်းက သိနေခဲ့တယ်မလား...လှိုင်းတို့သူငယ်ချင်း နှစ်ယောက်ကို..ယောက်ျားစစ်စစ်

ဖြစ်ပြီးယုတ်မာလိုက်တာ.....မိန်းမတစ်ယောက်တောင်လိုက်လို့မမှီဘူး...ပြောပါအုံး..နွေကခင်ဗျာအပေါ်ဘာတွေ

များနာကျဉ်းစေခဲ့လို့...နွေကိုနာကျင်စေခဲ့ရတာလဲ...ပြိးတော့..လှိုင်းကရောဘာအတွက် ခင်ဗျာကြောင့်

အခုလို နာကျင်နေရတာလဲ....ထွက်သွားးခင်ဗျားမျက်နှာမမြင်ချင်ဘူး..

 

ကိုယ်ရှင်းပြပရစေလှိုင်း....နွေနဲ့ပါက်သက်ပြီး ကိုယ်ဘက်ကမှားတယ်ဆိုတာ ကိုယ်မငြင်းပါဘူးလှိုင်း

ချစ်သူ ထားတယ်ဆိုတာ....အချိန်မရွေးလမ်းခွဲခွင့်ရှိတယ်...ပြီးတော့ နွေက အဘက်ဘက်ပြည့်စုံသင့်

တော်တဲ့တစ်ယောက်ဆိုတာ ..လည်းကိုယ်လက်ခံတယ်...ဒါပေမယ့်  ကိုယ်မချစ်တဲ့တစ်ယောက်

ကိုတစ်သက်စာ လက်တွဲဖို့ဆိုတာ ကိုယ်အတွက်ဘယ်လိုမှမဖြစ်နိုင်ဘူးလှိုင်း...အခုနေနွေနာကျည်းတယ်

ဆိုတာနောင်တစ်ချိန် နာကျဉ်းတာနဲ့စာရင် အများကြိးကောင်းပါတယ်လှိုင်း

ပြီးတော့ လှိုင်းကို ချစ်တယ်ဆိုတာ...နွေနဲ့မဆိုင်ပါဘူးလှိုင်း..လှိုင်းနဲ့ကိုယ် ပါတ်သက်ခဲ့တာ နွေနဲ့ဘယ်

လိုမှမသက်ဆိုင်တဲ့ ပါက်သက်မှုတွေနဲ့ တွေ့ခဲ့ကြတာပါလှိုင်း...ပြိးတော့ ကိုယ်တစ်ကယ်ကို နှစ်နှစ်ကာ

ကာချစ်ခဲ့မိတာပါလှိုင်း...

 

မပြောနဲ့မကြားချင်ဘူး ခင်ဗျားရဲ့အလိမ်အညာတွေကို မကြားပရစေနဲ့ လှိုင်းတောင်းပန်ပါတယ်...အခုချက်ချင်း

လှိုင်းရှေ့ကထွက်သွားပေးပါ...ကျေးဇူးပြုပြိး လှိုင်းဘယ်တော့မှ ခင်ဗျားမျက်နှာမမြင်ပရစေနဲ့

 

ခါးခါးသီးသီးပြောနေတဲ့လှိုင်းနှုတ်က စကားတွေကကျွန်တော်ရင်တွေ ကိုအစိတ်စိတ်အမွှာမွှာခွဲလိုက်သလိုပါပဲ

လှိုင်းရယ်..။နွေနဲ့ချစ်သူတွေဖြစ်ကတည်းက နွေတစ်ဖွဖွပြောလို့ လှိုင်းဆိုတဲ့နာမည်တစ်ခုကို ကျွန်တော်ရင်းနှိး

နေခဲ့တာမှန်ပေမယ့် နွေရဲ့သူငယ်ချင်းလှိုင်းမှန်း သိခဲ့လို့လှိုင်းရဲ့အချစ်ကို တောင်းခံခဲ့တာမဟုတ်ရပါဘူးလှိုင်း။

ကိုယ်နဲ့လှိုင်းနဲ့ စတင်ဆုံစည်းခဲ့ကြတာ.....လှိုင်းပြန်စဉ်းစားမယ်ဆိုရင် နွေနဲ့ ဘယ်လိုမှမပက်သက်ဘူးဆိုတာ

လှိုင်းသိနေမှာပါ....ခက်တယ်လှိုင်းရယ်.....ဘဝဆိုတာ လိုသလိုမဖြစ်ကြတဲ့ဘဝတွေမှာ ကိုယ်တို့ရဲ့နှလုံးသားတွေ

ဘယ်ဘဝဝဋ်ကြွေးတွေကြောင့်များနာကျင်နေကြရမှာပါလိမ့်လှိုင်းရယ်...။ကိုယ်သိနေမြင်နေကြတဲ့ ကိုယ့်ရင်

ထဲက အချစ်တွေကို လှိုင်းမြင်နေမယ်ဆိုတာကိုယ် ယုံကြည်သလို  လှိုင်းနှုတ်ကဖွင့်မပြောပေမယ့် လှိုင်းရင်ထဲ

မေတ္တာတွေကိုလည်း ကိုယ်မြင်နေပါတယ် လှိုင်း...။ကိုယ်တို့တွေ အချစ်စစ်မှန်ရင်....ပြန်လည်ဆုံတွေ့ကြမှာပါ..။

 

..................................................။...............................................................

ခွဲခွာခဲ့တာကြာပြီဖြစ်တဲ့ အမိမြေကို နောက်တစ်ကြိမ် ပြန်လည်ခြေချဖို့ ရက်တွေက တဖြည်းဖြည်းနီးလာပြိလေ...။

တည်ငြိမ်ပြီ ထင်ထားတဲ့ ခံစားချက်တွေကလည်း အတွေးတွေနဲ့တောင်ရုတ်ရက်ခတ်နေဆဲပါပဲ...။အလုပ်က

ပြန်လာလို့ စားပွဲပေါ် အသင့်ရောက်နေတဲ့ စာအိပ်လေးကို...အသာကောက်ကိုင်းရင်း..

စာအိပ်ပေါ်က...လက်ရေးဝိုင်းဝိုင်းလေးတွေရဲ့ ပိုင်ရှင်ကို အတက်သိနေရင်း...အားရဝမ်းသာစားဖောက်

ဖတ်ဖို့ လှိုင် ကြိုးစားရင်းးးးးး

 

သို့........

 

                  ချစ်ရတဲ့လှိုင်းရေ......အခုဆို နွေနဲ့အတူ မြန်မာပြည်မှာ လှိုင်းကို စောင့်မျှော်နေကြသူတွေ

အများကြိးဖြစ်နေပြီးမို့ အမြန်ဆုံးပြန်ခဲ့ပါလို့ မှာကြားပရစေ ချစ်ရတဲ့လှိုင်း....အဓိကစောင့်မျှော်နေသူ

ကတော့..သူများမဟုတ်ပါဘူးလှိုင်းရေ..နွေကိုယ်တိုင်ပါပဲ....နွေရဲ့အချစ်သူငယ်ချင်းလှိုင်မရှိပဲ နွေရဲ့အသက်(၃၀)ပြည့်မှာ ပရဟိတအလှုပွဲကြီးကို

မကျင်းပချင်တာကြောင့် သနားညှာတာသောအားဖြင့် အမြန်ပြန်ခဲ့ပေးပါနော်လှိုင်း..

ပြီးတော့လေ..အရာရာအတွက် နွေကို ခွင့်လွတ်ပါ လှိုင်းရယ်.....လှိုင်းအခုလို နောက်တစ်ကြိမ် ပြန်

ထွက်သွားရတာ..နွေရဲ့အပြစ်လည်းမကင်းပါဘူးဆိုတာနွေကလှိုင်းရဲ့အချစ်ဆုံးသူငယ်ချင်းတစ်

ယောက်ဖြစ်ခဲ့ပါရက်နဲ့ လှိုင်းရင်ထဲကိုမမြင်ခဲ့ဘူးလေ...။အဲဒီအတွက်လည်းလှိုင်းကို အရမ်းပဲအားနာ

မိပါတယ်..လှိုင်းရယ်....လှိုင်းကတော့ နွေးရဲ့ဆန္ဒမှန်သမျှအကုန်အကဲခတ်နိုင်ခဲ့ပေမယ့် နွေးကတော့

လှိုင်းဖြစ်သမျှကိုဘာမှမသိခဲ့ပါဘူး....လှိုင်း အဲဒီအတွက်နွေးကိုခွင့်လွတ်ပါလှိုင်းရယ်......။အခုနွေရဲ့ချစ်သူ

က သင်္ဘောသားတစ်ယောက်ပါင်္လှိုင်း...ရေ...လှိုင်းကိုသူနဲလဲမိတ်ဆက်ပေးချင်

တယ်လေ....ပြီးတော့

အဲဒီအကြောင်းတွေကို ကိုမိုးယံကိုယ်တိုင်လာပြောပြမှ နွေက အားလုံးသိခဲ့ရတာပါ..လှိုင်းရေ....

အခုဆို လှိုင်းတစ်ယောက် မြန်မာပြည်ပြန်လာဖို့ မျှော်လင့်ချက်တွေနဲ့အများကြိးနဲ့စောင့်မျှော်နေကြ

တဲ့ သူတွေရဲ့ဆန္ဒပြည့် အောင်....အမြန်ဆုံးပြန်ခဲ့ပါတော့နော်......ချစ်ရတဲ့လှိုင်းလည်း....လွမ်းနေမယ်

ဆိုတာ နွေလည်းသိပါတယ်နော်.....ချစ်ရတဲ့သူငယ်ချင်းလှိုင်း ရွင်လန်းချမ်းမြေ့ပါစေလို့....

 

ချစ်တဲ့

လှိုင်းရဲ့နွေ...

 

နွေရဲ့စာလေးကိုဖတ်ပြီး လှိုင်းစိတ်တွေလှုပ်ရှားမှုကြောင့် စာခေါက်လေးက လှိုင်းရဲ့လက်ထဲမှာ

တစ်ဆက်ဆက်တုန်နေပါရောလား...။အိမ်ပြန်ချိန်တွေ များစွာထဲက ဒီတစ်ခါတော့ လှိုင်းအတွက်

အလှပ ဆုံး အိမ်ပြန်ချိန် တစ်ခု ကြိုလင့်နေပြီဆိုတဲ့အသိကြောင့် လှိုင်း....ရင်တွေတလှပ်လှပ်နဲ့

အရင်နေ့တွေထပ် ပိုခုန်နေမိတဲ့ လှိုင်းရင်ခုန်သံတွေအတွက်.........။။။။။။။။။။

 

ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေ..။

 

မှတ်ချက်။     ။bottomမမတွေရဲ့နေရာမှာ ခဏတာဝင်ပြီးခံစားတင်ပြလိုက်ပါသည်။ခံစား

မူမပြည့်စုံပါက ကျွှန်တော်ရဲ့ချွတ်ရွင်းချက်သာဖြစ်ပါတယ်။တိုက်ဆိုင်မူပါခဲ့ရင်လဲခွင့်

လွတ်ပေးဖို့ တောင်းပန်ပါတယ်။

 

                                                                            အဝေးက(ညီလေးမောင်)

 

Nov 8th

ငါတို.ဘာဖြစ်လို. မချမ်းသာကြတာလဲ

By Dezin
မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
 ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
 အဲဒီမေးခွန်းက -
 မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
 ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင်မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

 သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ
၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။
ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့်
လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို
ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
 ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ
မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ
ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ
 ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊
ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။
အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန်
စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား
ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး
အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း
စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

 ၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့
အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို
နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ
လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ
နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈
နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။
မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေးဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ်
ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့
မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။


၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။
Aug 26th

ကလေးကို ... အခန်း(၂၇)

By Dr. Min Khant
အခန်း(၂၇)

မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး ...

ကျွန်တော် အရူးလို အော်ဟစ်လိုက်မိသည် ။

ငါတို့လည်း အစက ကလေးလေး ငါတို့ကို စနေတယ် ထင်တာ ... မင်းကိုပါ သူပြောလိုက်တော့မှ ငါတို့ သံသယ ဖြစ်လာတာ ...

ပိုင်စိုးက သက်ပြင်းချသည် ။ မင်းဇေယျာ၏ မျက်နှာတွင်လည်း ၀မ်းနည်းမှုကို အတိုင်းသား မြင်နေရသည် ။ ကျွန်တော် ထိုနေရာတွင် ဆက်လက် ရပ်နေနိုင်စွမ်းမရှိတော့ ။ ထိုနေရာမှ ကျွန်တော် အမြန်ဆုံး ထွက်ပြေးသွားရပေလိမ့်မည် ။

ထိုနေရာမှ အမြန်ဆုံးထွက်လာခဲ့လိုက်သည် ။ ကျွန်တော် ကန်ဘောင်ဘက်ထွက်လာပြီး တစ်ယောက်တည်း ငိုနေမိသည် ။ ကံကြမ္မာဆိုတာ သည်လောက်တောင် ဆိုးရသလားနော် ။ ကလေးလေး မသေစေရဘူး ... ကျွန်တော့်ရင်ထဲမှ စကားသံ တိုးတိုးလေး ထွက်လာသည် ။ တကယ့်ကို တိုးတိုးလေးရယ်ပါ ... ။

ဘယ်လောက်ကြာသွားသည် မသိ ။ နေခ ကျွန်တော့် ပုခုံးကို လာပုတ်တော့မှ ကျွန်တော် အသိ ပြန်ဝင်လာသည် ။ နေခက ကျွန်တော့်ဘေးတွင် ၀င်ထိုင်သည် ။ ကျွန်တော်တို့နှစ်ယောက်ကို အတွဲအထင်နှင့် တချို့က လှည့်ကြည့်လှည့်ကြည့် လုပ်သွားကြသေးသည် ။ လူတွေနှယ်နော် ။ စပ်စုတတ်လိုက်ကြတာ ။

သိင်္ခ ... ငါ့ကို မင်းဇေယျာ ပြောလို့ ငါလိုက်လာတာ ... မင်းကိုယ်မင်း ပြန်ကြည့်ဦး ... ဘာတွေ ဖြစ်နေတာလဲ ...

မသိတော့ဘူး နေခရယ် ... ငါ ရူးချင်တယ် ... လဲလို့ရရင် ငါ လဲပေးလိုက်ချင်တယ် ... ကလေးလေးရဲ့ အသက်နဲ့ ငါ့ရဲ့အသက် လဲပေးလို့ရရင် ငါလဲပေးလိုက်ချင်တယ် ...

သိင်္ခရယ် ...

နေခက ကျွန်တော့် ကျောကုန်းကို ပုတ်ပေးသည် ။ ပြီးတော့ သူ အံ့သြစွာ ထအော်သည် ။

သိင်္ခ ... သည်နှင်းဆီပန်းတွေက မင်း ၀ယ်ထားတာလား ...

ပေါက်ပေါက်ရှာရှာ ... ငါ ဘာလို့ဝယ်ရမှာလဲ ...

ကျွန်တော် ကြည့်လိုက်တော့ နှင်းဆီပန်းတွေက ကျွန်တော့်ဘေးမှာ ... ။ ဘယ်သူများ လာထားသွားပါလိမ့် ။ ခုနက ပိုင်စိုးတို့ပေးတော့ ကျွန်တော် စားပွဲပေါ်တင်ခဲ့သည် ။ အခုတော့ ဘေးရောက်နေသည် ။

စာတစ်စောင်ပါ ပါလာ၍ ကျွန်တော် ဖတ်ကြည့်လိုက်သည် ။

မငိုပါနဲ့ကွာ ... မင်းငိုတော့ ငါ တကယ်မနေတတ်ဘူး ... ငါပါလိုက်ငိုချင်တယ် ...

ဒါဆို စာပို့တဲ့လူက ကျွန်တော့် အနီးအနားကပဲပေါ့ ။ ရုတ်တရက် ကျွန်တော် နေခကို ကြည့်လိုက်မိပါတယ် ။ သူ ငိုမနေပါဘူး ။ ဒါပေမယ့် သူ့မျက်လုံးတွေက ကြေကွဲနေသလိုပဲ ။ ပန်းတွေ ပေးနေတာ နေခများလား ။ ကျွန်တော် တွေးရင်း ခေါင်းမူးသွားသည် ။




ညနေရာက်တော့ ကျွန်တော် ကလေးလေးအိမ်ကို ရောက်သွားသည် ။ ကိုမွန်မြတ်မင်းက တံခါးလာဖွင့်ပေးသည် ။

ညီလေး ... ဘာကိစ္စ ရှိလို့လဲ ...

ကျွန်တော် ကလေးလေးနဲ့တွေ့ချင်တယ် ...

သူ အခု ဘယ်သူနဲ့မှ မတွေ့ချင်ဘူးတဲ့ ညီလေး ပြန်သွားတာ ပိုကောင်းမယ် ထင်တယ် ...

ခဏလေးပါဗျာ ... ကျွန်တော် အိမ်ထဲတော့ ၀င်လို့ရတယ် မဟုတ်လား ...

ရပါတယ်ညီ ... ခဏနော် ...

ကိုမွန်မြတ်မင်း ကျွန်တော့်ကို တံခါး ဖွင့်ပေးသည် ။ ကျွန်တော် အထဲဝင်သွားပြီးကလေးလေး အခန်းတံခါးကို သွားခေါက်လိုက်သည် ။

ကလေး ... ငါ့ကို တံခါးဖွင့်ပေးကွာ ...

သိင်္ခ ... ပြန်ပါတော့ကွာ ...

ကိုမွန်မြတ်မင်းက လာတားသည် ။ ကျွန်တော် ဂရုမစိုက်နိုင်ပါ ။

ကလေးလေး ... ငါတောင်းပန်ပါတယ် ... ဖွင့်ပေးပါကွာ ... မင်းမှာ ဘာရောဂါပဲရှိရှိ ငါ ဂရုမစိုက်ဘူး ... ငါ မင်းကို ချစ်တယ် ... ငါ မင်းနဲ့ တွေ့ချင်တယ် ...

ပြန်တော့ သိင်္ခ ... ဟန်လေး အိပ်နေတယ် ...

ကိုမွန်မြတ်မင်း လာဆွဲတော့ ကျွန်တော် ရုန်းပစ်လိုက်သည် ။ အခန်းတံခါးကို အဆက်မပြတ်ထုနေမိသည် ။

သိင်္ခ ... ပြန်ပါတော့ကွာ ...

သည်တစ်ခါ ကြားလိုက်ရသည်က ကလေးလေးအသံ ။ အသံက တိုးတိုးလေး ... ။ ပြီးတော့ ရှိုက်သံတွေပါ ရောထွေးနေသည် ။

ပြန်တော့နော် သိင်္ခ ... ငါ နေမကောင်းဘူး ... စကားမပြောနိုင်သေးဘူး ...

ကျွန်တော်ပါ လိုက်ငိုမိသည် ။

နောက်ဆုံးတော့ ကျွန်တော် ချစ်သော ကလေးလေး စိတ်ချမ်းသာရန် ကျွန်တော် ပြန်ထွက်လာလိုက်သည် ။ ကိုမွန်မြတ်မင်းက နားမလည်သလိုမေးသည် ။

ဟန်လေး ဘာဖြစ်လို့လဲ သိင်္ခ ...

အစ်ကို ... ကျွန်တော် တောင်းပန်ပါတယ် ... ကလေးလေးကို သေသေချာချာ စောင့်ရှောက်ပေးပါနော် ... သူ့ကို နေမကောင်းမဖြစ်စေနဲ့နော် ...

အင်းပါ ... ငါ အမြဲစောင့်ရှောက်ပါတယ် ... ဟန်လေးကို ...

မဟုတ်ဘူး ... ကျွန်တော် ပြောတာ ... ကလေးလေး ... ကလေးလေးလေးမှာ သွေးကင်ဆာ ရောဂါရှိနေတယ် ...

ဘာ ...

ကိုမွန်မြတ်မင်း ကျွန်တော့်ကို မယုံသလို ကြောင်ကြည့်နေသည် ။

ကျွန်တော် ချက်ချင်း ထိုနေရာက ပြန်ထွက်လာလိုက်သည် ။


နောက်ရက်တွေ သွားလည်း ကလေးလေး ကျွန်တော့်ကို ရှောင်နေခဲ့သည် ။ ကျွန်တော်တို့ အဖြစ်က သည်လိုနဲ့ ပြီးဆုံးသွားရမှာလား ။ ကျွန်တော် လက်မခံနိုင်ပါ ။ ကလေးလေးကို ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော် ချစ်နေပါသေးသည် ။



ရုံးရောက်တော့ ဝေဦးက စိတ်တွေဆိုးနေသည် ။

မနေ့က မင်းရောက်မလာတော့ ရုံးမှာ အလုပ်တွေ အကုန်လုံး ငါ တစ်ယောက်တည်း လုပ်ရတော့မလို့ ...

ဆောရီးကွာ ... ငါ စိတ်တွေ လွတ်ပြီး ရုတ်တရက် ထွက်သွားမိလိုက်တာ ... မင်း အကုန်လုပ်လိုက်ရလား ...

ဟီး ... ငါ မလုပ်ပါဘူး ... ကိုလိုရာပြည့် အကုန်လုပ်ပေးသွားတယ် ...

 ကျွန်တော် ပြုံးပြီး ကိုလိုရာပြည့်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ရသည် ။

နောက်မငိုနဲ့တော့နော် သိင်္ခ ...

ကိုလိုရာပြည့်စကားက မနေ့က စာနှင့် ဆင်တူနေသောကြောင့် ကျွန်တော် အံ့သြသွားရသည် ။ သို့သော် အလုပ်ကိုသာ ကျွန်တော် စိတ်ပြန်နှစ်လိုက်ရသည် ။ တခြားအရာတွေကို ကျွန်တော် စဉ်းစား မနေနိုင်ပါ ။




ကိုမွန်မြတ်မင်းက ဘေးနားတွင်ရှိသော သစ်ရွက်များကို အကြောင်းမဲ့ ထိုးခြွေနေသည် ။

အစ်ကို ... ကလေးလေး ဘာပြောလဲ ...

ဟုတ်တယ် ညီလေး ... ဟန်လေးမှာ သွေးကင်ဆာ ရှိနေတယ်တဲ့ ...

မဖြစ်နိုင်တာဗျာ ... သူနောက်နေတာနေမှာပါ ...

ဆေးစစ်ချက်မှာ အဲ့သည့်အတိုင်းပဲလို့ ဟန်လေးပြောတယ် အစ်ကို့ကို ပြောပြပြီး သူငိုနေသေးတယ်  ...

ကျွန်တော် မယုံကြည်ရက်ပါ ။ ကလေးလေးမှာ ရောဂါရှိဦးတော့ ။ ကျွန်တော် ကလေးလေးကို ချစ်ပါသည် ။

အစ်ကို ... ကျွန်တော့်ကို ကူညီပါဗျာ ... ကျွန်တော် ကလေးလေးနဲ့ စကားပြောချင်တယ် ... တွေ့ချင်တယ် ... သူ့ကို မတွေ့ရတာ ကြာနေပြီ ...

အစ်ကိုကလည်း ဟန်လေးကို ချစ်တဲ့ လူတစ်ယောက်ပဲဆိုတာ မင်း မမေ့နဲ့ဦးနော် သိင်္ခ ...

အာ ... ဟုတ်သားပဲ ...

ကျွန်တော် ခေါင်းကုပ်နေမိသည် ။ ကိုမွန်မြတ်မင်းက ပြုံးပြီး ကျွန်တော့်ခေါင်းကို ပုတ်သည် ။

အရူးလေး ... ငါ ကူညီပါ့မယ် ... ငါချစ်တဲ့သူ ပျော်တာကို ငါလည်း မြင်ချင်ပါတယ် ... ဟန်လေးက မင်းကို ရှောင်နေပေမယ့် သူ့စိတ်ထဲမှာ မင်းကို အရမ်းတွေ့ချင်နေတာ ... မင်းကို တွေ့ရင် သူ ပျော်သွားလိမ့်မယ် ...

ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ...

ငါ နားလည်ပါတယ် သိင်္ခရယ် ... ငါ့ဘ၀မှာ ဘယ်တော့မှ လိုတာတွေ မရခဲ့ပါဘူး ... အဖြည့်ခံ သက်သက်ပါ ... မဟုတ်ရင်လည်း လိုချိန်မှာသုံးတဲ့ အရုပ်တစ်ရုပ်လို ဖြစ်နေပါပြီ ... ငါ့ကို ဟန်လေးရဲ့မိဘတွေက သူတို့ သားအရင်းမရခင်မှာ လိုလို့ သုံးခဲ့ကြတာပါ ... ငါဟာ ဘယ်တော့မှ ပထမ မဖြစ်ခဲ့ပါဘူး ...

အစ်ကိုရယ် ...

ကျွန်တော် စိတ်မကောင်းစွာ ဆိုမိသည် ။

ငါ့ကို စွန့်ပစ်ခဲ့တဲ့ မိဘတွေကို ငါသိပ်မုန်းတာပဲ ... ငါ့ကို ကိုးလလွယ် မွေးခဲ့ပြီးမှ သည်လောက်လေးတောင် မကျွေးမွေးနိုင်ကြဘူးလား ... ငါ ကန်စွန်းရွက်နဲ့နေ့တိုင်း စားရလည်း ကျေနပ်ပါတယ် ... အဓိက လိုအပ်နေတာ အချစ်ပါပဲကွာ ... ဒါပေမယ့် သူတို့တွေ ငါ့ကို စွန့်ပစ်ခဲ့ကြတယ်လေ ...

အစ်ကို့ မိဘအရင်းတွေကို အစ်ကို တွေ့ချင်နေတာလား ... ဟုတ်လား အစ်ကို ...

ဟင့်အင်း ... ဘယ်တော့မှ မတွေ့ချင်ဘူး ... တကယ်လို့ တွေ့ခဲ့ရင်တော့ ငါမေးချင်တယ် ... ငါ့ကို ဘာလို့ စွန့်ပစ်ခဲ့ကြတာလဲလို့ ... သူတို့သေသွားတာ မဟုတ်ရင် ငါ ခွင့်မလွှတ်နီုင်ဘူး ... လုံးဝခွင့်မလွှတ်ဘူး ... ငါ ကလေးဘ၀တစ်လျှောက်လုံးခံစားခဲ့ရတဲ့ ခံစားမှုရဲ့ နည်းနည်းတော့ သူတို့ကို ပြန်ခံစားစေချင်တယ် ...

ပြောရင် ကိုမွန်မြတ်မင်း လက်တွေ တုန်လာသည် ။ အနီးရှိတိုင်ကို သူ့လက်သီးဆုပ်ပြီး ဆွဲထိုးလိုက်လေသည် ။

အခန်း(၂၈) ဆက်ပါဦးမည် ... ။
Dec 17th

ဒီခောတ်လူငယ်တွေမှတ်မိရအောင်ပါ...

By DARE2DO
ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန အောက်မေ့ဖွယ်
သက်ဦး Tuesday, 14 December 2010 18:13

ကျနော်က အဲဒီ အချိန်တုန်းက ၉ တန်း ကျောင်းသား အဖြစ် အ ထ က (၁) ဒဂုံမှာ ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ ဒီဘက်ပိုင်း ၈၈ အရေးတော်ပုံ ကာလ အခေါ်အဝေါ် နဲ့ဆိုရင် အကသ ကျောင်းသားပေါ့။ ကျနော်တို့ အိမ်က လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို အမြဲယူပါတယ်။

သတင်းစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်တဲ့ အကြောင်း၊ ရုပ်ကလာပ်ကို မိသားစုက မြန်မာပြည် ပြန်ယူပြီး ဦးနေ၀င်း အစိုးရက ကြံတော သင်္ချိုင်းမှာ မြှုပ်နှံခွင့် ပေးတဲ့ အကြောင်း ဖတ်ရပါတယ်။ ဦးသန့်ကို မြှုပ်နှံမယ့် ဂူနေရာက ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်းအုတ်ဂူရဲ့ ခြေရင်း နေရာမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူတချို့က ဒီလိုမိန်းမရဲ့ ခြေရင်းမှာ မြှုပ်နှံရမလား ဆိုပြီး မကျေနပ်တဲ့ ပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။

ကျနော် ကိုယ်တိုင်ကလည်း သတင်းစာဖတ်ပြီး တွေးမိပါတယ်။ ဒီလို အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြံတောလို နေရာမှာ မြှုပ်ရလားလို့ ရင်ထဲမှာ ဘ၀င်မကျ ဖြစ်ခဲ့မိပါသေးတယ်။ ဟိုနိုင်ငံ(အမေရိကား) မှာဆိုရင် အခမ်းအနား ကြီးကြီး ကျယ်ကျယ်နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာလို့ တွေးမိပါတယ်။

အဲဒီနောက် ကျနော် ကျောင်းတက်တဲ့အခါ ကျောင်းမှာ နောင်တော် တက္ကသိုလ်ကျောင်းသားကြီးများက ဦးသန့် အလောင်းကို လုယူမယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ကျောင်းသားတွေကြားမှာ သတင်း တော်တော် ပျံ့နေပါတယ်။ ကျောင်းသား တော်တော် များများကလည်း ဒီသတင်းကို စိတ်ဝင်တစားရှိကြပြီး တိုးတိုးတိတ်တိတ် ပြောကြ ဆိုကြပါ တယ်။

ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုကြလဲ ဆိုရင် ကျနော်တို့ ကျောင်းမှာ ထိပ်တန်းအစိုးရ အရာရှိကြီးများရဲ့ သားသမီးများ ရှိနေကြလို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ဒီသတင်း တော်တော်ပျံ့ နေပါတယ်။ ဒီလိုနဲ့ အသုဘ ချတဲ့ နေ့ကို ရောက်လာပါတယ်။ နေ့ခင်းလောက်မှာပဲ ဦးသန့်အလောင်းကို တက္ကသိုလ် ကျောင်းသား များက လမ်းကနေ ဖြတ်လုပြီး ပင်မတက္ကသိုလ် (မိန်း) ထဲကို ယူဆောင် သွားတယ်ဆိုတဲ့ သတင်းကို ကြားရပါတော့ တယ်။

နောက်တနေ့မှာပဲ (ကျောင်းပိတ်ရက်လို့ ထင်ပါတယ်) ကျနော့် ဘေးအိမ်က အစ်ကိုတယောက်က ကျောင်းထဲ သွားမယ် လိုက်မလားလို့ခေါ်ပါတယ်။ သူက ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတယောက်ပါ။ ကျနော်က လိုက်မယ် ဆိုပြီး မနက် ၁၁ နာရီလောက်မှာ သူနဲ့ ကျနော် တက္ကသိုလ် ကျောင်းကို လိုက်သွားခဲ့ ပါတော့တယ်။

ကျနော်တို့ ဘုန်းကြီးလမ်း စံပြ ရုပ်ရှင်ရုံ ရှေ့ကနေ အမှတ် ၉ လိုင်းကားကို စီးခဲ့ကြပါတယ်။ ပြည်လမ်း မာလာဆောင် မှတ်တိုင်ရောက်တော့ ဆင်းပြီး မာလာဆောင် အပေါက်ဘက်ကနေ ၀င်ခဲ့ကြပါတယ်။ မာလာဆောင် ၀င်ပေါက်မှာ ကားဝင်တဲ့ ၀င်ပေါက်ကို ပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ဖွင့်ပေးထားပါတယ်။ ၀င်ဝင်ခြင်း ကားဝင်တဲ့ ၀င်ပေါက်ရဲ့ အနောက်ဘက်မှာ စားပွဲကြီး ၂ လုံး ဆက်ပြီး အပေါ်က အ၀တ်စ (အနီရောင်လား၊ အစိမ်းရောင်လား မမှတ်မိတော့ပါ) အကြီးကြီး တခု ခင်းထားပါတယ်။ အဲဒီ အပေါ်မှာငွေအကြွေတွေ အများကြီးနဲ့ ငွေစက္ကူ ပိုက်ဆံပုံကြီးကို တွေ့ရပါတယ်။ လာသမျှ လူတွေက အလှူငွေတွေ ထည့်ကြတာပါ။

စားပွဲဘေးမှာတော့ နဖူးမှာ အ၀တ်စ အနီစည်းပြီး လွယ်အိတ် စလွယ်သိုင်းထားတဲ့ ကျောင်းသား ၂ ယောက် ရပ်စောင့် နေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း ပါလာတဲ့ အိမ်က မုန့်ဖိုးကို အပြန် လမ်းစရိတ်ချန်ထားပြီး အလှူငွေထဲ အကုန်ထည့်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ၀င်လာကြတဲ့ လူတွေလည်း တော်တော်များပါတယ်။ ပွဲတော်ကြီး တခုလို စည်စည်ကားကား ဖြစ်နေပါတယ်။

ဦးသန့်ရဲ့အခေါင်းကို ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ ထားပါတယ်။ ပြည်သူတွေက ဘွဲ့နှင်းသဘင် မျက်နှာစာဘေး ဘယ်ဘက် အပေါက်က၀င်၊ ညာဘက် အပေါက်က ထွက်ပြီး ဦးသန့်ရုပ်ကလာပ်ကို ဂါရ၀ ပြုကြပါတယ်။ စံနစ်တကျနဲ့ တန်းစီပြီး ဂါရ၀ ပြုကြပါတယ်။ ဘွဲ့နှင်းသဘင် ခမ်းမရဲ့ရှေ့ တည့်တည့် မျက်နှာစာ လှေကားထစ် အပေါ်ဆုံးမှာ တရားဟောစင်ကလေး တခုရှိပါတယ်။

အဲဒီကနေပြီးတော့ ကျောင်းသားများက တဦးပြီးတဦး တရားတက်ဟောကြပါတယ်။ ဘွဲ့နှင်းသဘင် မျက်နှာစာ ရှေ့က ပန်းခြံနဲ့ ဘယ်ဘက်ခြမ်း ကမူလေးပေါ်မှာ ရှိနေတဲ့ သစ်ပင်ပေါ်တွေနဲ့ နေရာအနှံ့ အပင်ပေါ်တွေမှာ လော်စပီကာတွေကို ချိတ်ဆွဲထားကြပါတယ်။ တရားဟော တဲ့ အသံကို ဟိုးခပ်ဝေးဝေးကတောင် ကြားကြ ရပါတယ်။ ဗုံးခွဲခံခဲ့ရတဲ့ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာမှာ ဦးသန့် ရုပ်ကလာပ်ကိုမြှုပ်နှံဖို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဗိသုကာ ပညာရှင် ကျောင်းသားတွေက ဦးသန့်ရဲ့အုတ်ဂူကို ပုံစံဆွဲပြီး လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ၀ိုင်းဝန်း လုပ်အားပေး ကြတာပါ။ ကျနော်တို့လည်း အုတ်တွေ ၀ိုင်းသယ်ပြီး စီပေး၊ ဘိလပ်မြေ (မဆလာ) တွေ ၀ိုင်း သယ်ပေးနဲ့ တပျော်တပါးကြီး လုပ်အားပေးပါတယ်။

နောက်ပြီး ပြည်သူတွေက ကျောင်းသားတွေစားဖို့ ထမင်းထုပ်တွေ လာလှူဒါန်းကြပါတယ်။ ထမင်းထုပ်ပုံကြီးက တော်တော်ကြီးပါတယ်။ ကြိုက်တဲ့သူ ယူစားနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ ရှေ့တင်ပဲ ဒေါ့ဂျစ်ကားကြီးနဲ့ အသက် ၅၀ ၀န်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီးတယောက် အအေးပုလင်းတွေ ကားတစီးတိုက် လာပြီး လှူတာကို တွေ့ရပါတယ်။

ကျနော်တို့လည်း အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်း ယူပြီး ဘွဲ့နှင်းသဘင် မျက်နှာစာရှေ့ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူ စားသောက်ရင်း ကျောင်းသားတွေ ဟောတဲ့ တရားကိုနားထောင်လိုက်၊ လက်ခုပ်လက်ဝါးတီး အားပေးလိုက်နဲ့ ကျောင်းမှာ တနေကုန်တာပါပဲ။

ညနေစောင်းလောက်မှပဲ အိမ်ပြန်လာကြပါတယ်။ နောက်တနေ့ မှာလည်းပဲ မနေ့ကလိုပဲ ဘတ်စ်ကားစီး၊ မာလာဆောင်မှာ ဆင်း၊ ပါလာတဲ့မုန့်ဖိုးထဲက ကားခ ချန်ပြီး ကျန်တာအကုန် အလှူငွေထည့်၊ အုတ်ဂူအတွက် လုပ်အားသွားပေး ခဲ့ပါတယ်။ ဒီနေ့မှာတော့ လူကပိုများလာ သလိုပဲ။ နောက်ပြီး သံတမန်တွေ လာပြီး ဂါရ၀ပြုတာကိုလည်း တွေ့ရပါတယ်။

ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟော စင်ငယ် ကနေပြီး ကျောင်းသားတွေက “နိုင်ငံခြား သံရုံးတွေက သံတမန်များ၊ နိုင်ငံခြားသားများ၊ ဧည့်သည်များ လာရောက် ဂါရ၀ပြုနေပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေက နိုင်ငံကြီးသား ပီသစွာ စည်းကမ်းတကျ ပြုမူနေထိုင်ကြပါ။

နောက်ပြီး ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေ ကျောင်းထဲ ရောက်နေတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ သတိရှိကြပါ” ဆိုပြီး မကြာခဏ ကြေညာပါတယ်။ ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေဆိုတာ ထောက်လှမ်းရေးတွေနဲ့ ဗိုလ်နေ၀င်း အလိုကျ ပါတီ ကောင်စီဝင်တွေကို ပြောတာပါ။

ကျနော်တို့လည်း ကျနော်တို့ ရပ်ကွက်က ကောင်စီဥက္ကဋ္ဌနဲ့ မျက်နှာချင်းဆိုင် တွေ့ပါသေးတယ်။ အဲဒီအခါမှာ သူ့ မျက်နှာ ပျက်သွားတာကို တွေ့ရပါတယ်။ ကျောင်းဝန်း ထဲကိုလည်း စစ်တပ်က ၀င်ပြီး စီးမယ့် သတင်းတွေ ထွက်နေပါတယ်။ အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်းယူပြီး သစ်ပင်အောက် သွားနားရင်း တရားဟောတာ နားထောင်လိုက်နဲ့ မနေ့က အတိုင်းပါပဲ။ ထူးခြားတာကတော့ ဒီနေ့မှာ လူပိုပြီးများလာပါတယ်။

အဓိပတိ လမ်းမကြီး တလျှောက် လူတွေဝင်လိုက်ထွက်လိုက်နဲ့ အတော့်ကို စည်စည်ကားကား ဖြစ်နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟောစင် မှာလည်း ကျောင်းသားတွေတယောက်ပြီးတယောက် တရား တက်ဟောတာ အဆက်မပြတ်ပါပဲ။ အဲဒီထဲမှာ အသက် တော်တော်ငယ်တဲ့ ကျောင်းသူ တယောက်လည်း တရား တက်ဟောတာကို တွေ့ ရပါတယ်။

တော်တော်သတ္တိရှိပုံရပြီး ကျောင်းသားတွေ ကြားထဲမှာ မိန်းကလေးဆိုလို့ သူတယောက်တည်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ကျနော့် အိမ်ရဲ့ တဘက်လမ်းထဲက ကျနော် သိတဲ့ ကျောင်းသား အစ်ကိုကြီး တယောက်ကိုလည်း တရားဟောတဲ့ အထဲမှာ ပါတာကို တွေ့ရပါတယ်။ သူက ဟိန္ဒူ-ဗမာ ကပြား တယောက်ပါ။ အဲဒီအရေးအခင်း အပြီးမှာ အဖမ်းခံရတယ်လို့လည်း ကြားပါတယ်။ ကျောင်းသားတွေဟောတဲ့ တရားထဲက ကျနော် မှတ်မိတဲ့ ပုံပြင်တပုဒ်ရှိပါတယ်။ အခုချိန်ထိ အဲဒီပုံပြင်ကို စိတ်ထဲမှာ စွဲနေပါသေးတယ်။

အဲဒါကတော့ “တခါတုန်းက ဗမာပြည်ကြီးဟာ ဆင်းရဲလွန်းလို့ ဦးနေ၀င်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုပြီး လေယဉ်ပျံ တစင်းပေါ် တက်ပြီး ကောင်းကင်ကနေ ဗမာပြည်ကြီးကို ၀ဲပြီး ကြည့်ကြပါတယ်။ ဦးနေ၀င်းက သူ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဘယ်လိုလုပ်ရင် ဗမာပြည်ကြီး ချမ်းသာမလဲ ဆိုတာကို အကြံတောင်း ပါတယ်။  အဲဒီ အခါမှာ ၀န်ကြီးတယောက်က ကောင်းကင်ကနေ ရွှေတွေကြဲချလိုက်ရင် ကောင်းမယ်၊ တခြား တယောက်ကလည်း စိန်တွေ ကြဲချ လိုက်ရင်ကောင်းမယ်၊

နောက်တယောက်ကလည်း ငွေတွေကြဲချလိုက်ရင် ကောင်းမယ်ဆိုပြီး တယောက် တပေါက် အကြံ ပေးကြပါတယ်။ အဲဒီမှာပဲ လေယာဉ်မောင်း (ပိုင်းလော့) က ဦးနေ၀င်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဗမာပြည်ကြီး တကယ်ချမ်းသာတာကို မြင်ချင်ကြလား ဆိုပြီးမေးပါတယ်။ အားလုံးက မြင်ချင်ပါတယ်ပေါ့။

အဲဒါဆို သူပြောတဲ့ အတိုင်း လုပ်မလားပေါ့။ လုပ်ပါ့မယ်ပေါ့။ ဒါဆိုရင် အခု လေယာဉ်တံခါးကို ဖွင့်ပြီး အားလုံး တယောက်ပြီး တယောက် အောက်ကိုသာခုန်ချကြ ပေတော့လို့ ပြောလိုက်ပါတော့တယ်” ဆိုတဲ့ ပုံပြင်ပါ။ နားထောင်ကြတဲ့ လူတွေဟာ လက်ခုပ်တွေတီးပြီး အော်ဟစ် သြဘာပေးလိုက်ကြတာ ကျောင်းဝန်း တဝန်းလုံး မိုးထိအောင် အသံတွေ ဆူညံသွားသလိုပါပဲ။

အဲဒီညနေ အိမ်မပြန်ခင် အချိန်မှာပဲ ကျောင်းကို စစ်တပ်က ၀င်စီးတော့မယ်၊ ကျောင်းသားကြီးတွေက ကျောင်းသား ငယ် တော်တော်များများကို ရှောင်ခိုင်းနေတယ်၊ အမာခံလောက်သာ ဦးသန့်အုတ်ဂူအတွက် ကျန်နေရစ်မယ် စတဲ့ သတင်းတွေကို ကြားရပြီး ကျနော်တို့လည်း အိမ်ပြန်လာကြပါတော့တယ်။ နောက်ရက်ပိုင်းမှာပဲ အစိုးရ စစ်တပ်က ညဘက် ကျောင်းကို ၀င်စီး၊ ဦးသန့် အခေါင်းကို ဘူဒိုဇာနဲ့ တိုက်ယူပြီး အခု ရွှေတိဂုံဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်း အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဦးသန့်အခေါင်းကို ကာကွယ် ခဲ့တဲ့ အမာခံကျောင်းသားများ အဲဒီမှာပဲ ကျဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အလံဟာ ကျောင်းသား သွေးတွေ စွန်းခဲ့ ရပါတယ်။

ကျောင်းသား တော်တော်များများလည်း အဖမ်းခံခဲ့ ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော့် ဘ၀မှာ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို မြင်ခဲ့ရတဲ့ ပထမဦးဆုံး အကြိမ် အဖြစ်အပျက် တခုပါ။ ဒီဆောင်းပါးလေးနဲ့ အရေးတော်ပုံတိုင်းမှာ ကျဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်း ရှင်လူ အပေါင်းကို အလေးပြုလိုက်ပါတယ်။

(ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အာရှတိုက်တွင် ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ ၁၀၁ နှစ်မြောက် မွေးနေ့ဖြစ်သည်)
မူရင်း http://www.irrawaddymedia.com/bur/index.php/special/2010-03-04-07-10-48/5231-2010-12-14-11-16-46
Oct 4th

ရှန်တီမှော်ကျောင်း (၃၀) မီးလျှံမှော် (၂)

By Ram

ရှန်တီမှော်ကျောင်း (၃၀) မီးလျှံမှော် (၂)

မင်္ဂလာပါ

ကျွန်တော် မီးနဲ့ လုပ်ရတဲ့ အစီအရင်တွေကို ပြောပြပေးနေပါတယ်။ အရင်အပတ်ကတော့ အချစ်နဲ့ ပတ်သက်တာပေါ့။ ဒီအပတ်မှာတော့ မကောင်းတဲ့ကံကို ဖယ်ရှားရှင်းလင်းပစ်ဖို့ မီးလျှံမှော်ပညာကို  သင်ပါမယ်။

ထုံးစံအတိုင်း မီးပြုလုပ်ပါ။ ည အချိန်မှာ လုပ်ရပါမယ်။ မင်းရဲ့ ဒယ်အိုး ( ငွေဝင် အစီအရင်လုပ်တုန်းက ဒယ်အိုး ) ထဲမှာ အရက်ပျံ သို့ မဟုတ် ဓာတ်ဆီ ထည့်ပြီး  မီးတောက်စေလိုက်ပါ။ ဒယ်အိုးနဲ့ မလုပ်ချင်ရင်   ဆီမီးခွက်နဲ့ လုပ်ရင်လည်း ရပါတယ်။ ဆီမီးခွက်ထဲမှာ အရက်ပျံ သို့မဟုတ် ဓာတ်ဆီ သို့မဟုတ် ဖယောင်းအရည် သို့မဟုတ် ပဲဆီ တစ်ခုခု ထည့်ပြီး မီးတောက်စေလိုက်ပါ။ ဖယောင်းရည်နဲ့ ပဲဆီဆိုရင်တော့ မီးစာ လိုမယ်နော်။

အလျား ၃ လက်မ အနံ ၃ လက်မ (၃x၃) စာရွက်တစ်ခု ရအောင်ဖြတ်ပါ။   အဲဒီစာရွက်ထဲမှာ မင်နီနဲ့ BAD LUCK  ဆိုတာ ရေးပါ။ ဒီနောက်မှာ မင်းအခု ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို အခက်အခဲတွေကို ကံမကောင်းတာတွေကို စိတ်ညစ်နေရတာတွေကို လိုတိုရှင်း ရေးလိုက်ပါ။ ဒီ့နောက်မှာတော့ အဲဒီ စာရွက်ကို မှင်နက်နဲ့ ကြက်ခြေခတ်အကြီးကြီး ခတ်ပစ်လိုက်ပါ။ ဒီလိုလုပ်နေစဉ် အတောတွင်းမှာ မင်းဟာ.. မင်းရဲ့ ကံဆိုးကံညံ့တွေ စိတ်ညစ်စရာတွေ အခက်အခဲတွေ ဒုက္ခတွေ ဟာ မင်းဆီကနေ အဝေးဆုံးကို ရောက်သွားပြီ။ မင်းရဲ့ ပြဿနာတွေ ပြေလည်သွားပြီ။ ဒီဒုက္ခတွေ ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူးလို့ စိတ်ကူးနေရပါမယ်။ စာရွက်ကို မီးထဲ ထည့်လိုက်ပြီး ဒီဂါထာလေးကို သုံးခေါက် ရွတ်ဆိုပါ။

          "Fire, fire burning bright 
             turn my darkness into light! 
            Take away my bad luck ill, 
                bring me nothing but goodwill. 
                 Bad luck came and stayed to long, 
                 be gone forever, be gone, be gone! 
             With this fire burning bright, 
                  bring me good luck, bring me light!" 
            "SO MOTE IT BE!"

ဂါထာကို သုံးခေါက် ရွတ်အပြီးမှာ ခေတ္တ ခဏ ထိုင်ပြီး မင်းရဲ့ ကံဆိုးကံညံ့တွေ ဝေးလွင့်ပျောက်ကွယ်သွားကြပြီ။ ကံကောင်းလာပြီ ဆိုတာကို ထိုင်ပြီး တွေးနေပေးပါ။ ဗုဒ္ဓဘာသာဝင် ဖြစ်မယ်ဆိုရင်တော့

“ဖုဋ္ဌဿ လောကဓမ္မေဟိ

စိတ္တံယဿ နကမ္ပတိ

အသောကံ ၀ိရဇံ ခေမံ”  ဆိုတဲ့ မင်္ဂလသုတ်တော်လာ တရားစာပိုဒ် ဂါထာကလေးကို ရွတ်ဆိုနေလိုက်ပါ။

၅ မိနစ်ခန့် ထိုင်နေအပြီးမှာ မီးကို ငြှိမ်းပစ်လိုက်လို့ ရပါပြီ။ မင်းရဲ့ မကောင်းသောဘေး မကောင်းသောရန် မကောင်းသော ကံတရားတွေဟာ အခုချိန်က စပြီး မင်းနဲ့ ဝေးရာကို ရောက်ပါပြီ။

လေးစားစွာဖြင့်

ဝေယံကျော်

 

 

Jun 13th

Everyone is perfect. We are just perfect in the eyes of different people.....!

By PRINCE TAKASHI SARKO

Why do we need to practice if there is nobody perfect in this world. ?

 

      I may not be pretty, not  skinny, or funny. I do mess up. I made some bad choices. I , i make a lot of mistake.  I made some bad friends. I did some things I shouldn’t have. But I’m not perfect, I never was an I never will be. I may not be perfect but I am me. This is what i am. i have a broken heart. My friends and I sometimes fight and some days nothing goes right. But when I think about it and take a step back I remember how amazing life truly is and that maybe… Just maybe… I like being imperfect!To be honest i feel so badly to be good even though i cant be perfect.I fall, I rise, I make mistakes, I live, I learn, I've been hurt but I'm alive. I'm human, I'm not perfect but I'm thankful

 

   I start understand something a few years laters Everyone is perfect. We are just perfect in the eyes of different people. I know i am not perfect but i am always working with my heart . i want everything about me is good so i do my best even though it make me up set. I am down but dont count me so fast i will get up again. i just need time to rest cause i have to go very long way.  I don't pretend to tell people how to live their lives other than to do the right thing and work hard. Everything else should take care of itself.

 

     If you are perfect.You haven’t lived.You know why?Because you never learn anything because you are so perfect.Because you never felt sadness and rejection.Because you are perfect no one will be good enough for youBecause you are perfect I don’t want to be like you.I like to work hard for something and feel pride. Because you are perfect you wont be able to live through the things that normal human beings would.I don’t want be perfect because all these things are a part of life.   I work hard and I will always work hard. But I feel very lucky with the way that it has all come together.One thing for take note, if you work hard on something, it’s still not perfect, just better than before.  

 

   no one would love you for being perfectit’s like no one hates you for being imperfect. you just need to be who you are. you dont need to lost your self on the other people. once you lost it you will lost these person too. So be your self and let them love you as who you are.If someone would ask me who I want to be with? I would simply say, 'Someone who can understand that I'm not perfect.'

        I am not perfect but i always workhard and day after day i will be so colse to be perfect. 

 

                   BY:TAKA
tarkarshi.sarko@gmail.com
555586_432396106786579_522950736_n.jpg 

 

Mar 14th

နှလုံးသားနှင့်ရင်း၍ - အပိုင်း (၄)

By Bhone Latt Yone

နှလုံးသားနှင့်ရင်း၍

အပိုင်း (၄)

 

ကလပ်ကပြန်တော့ … မနက် နှစ်နာရီ မတ်တင်းနေပြီ ….

သူကျနော့်ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း ကျနော့ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ် …. ပုခုံးထက်မှာ သူ့ရဲ့မေးလေးကိုတင်းရင်း …

 

“သိပ်ချစ်တယ် ဘုန်း ရယ်”

“ကျနော်လဲ ချစ်ပါတယ် ….. ကဲ …. ပြန်မယ် …. ဟူးးးးးးးးးးးး … ဟားဟားဟားဟား”

 

စိတ်လွတ်ကိုယ်လွတ် အော်ပြီ အကျယ်ကြီးရီပစ်လိုက်သည် ….

 

“ဘုန်း … ကျနော်တွေဘာတွေလုပ်မနေနဲ့တော့ကွာ …. ဘုန်းက .. ခုနှစ်လပိုင်းမွေးတယ် . သွန်းက ရှစ်လပိုင်း လလယ်လောက်မွေးတယ် … သိပ်မှမကွာတာ ….”

“ကျနော်လို့ပြောတာ အကျင့်ပါနေလို့ပါဗျာ …”

“ဒါဆို … ကျနော်က ဘုန်းလို့ခေါ်မယ် …. ကျနော်ကို … သွန်းလို့ပဲခေါ် … ဘယ်လိုလဲ …”

“အင်းကောင်းသားပဲ …..”

“မပြန်ချင်သေးဘူး ဘုန်းရယ် …. ဗိုက်လဲဆာသလိုပဲ … တစ်ခုခုသွားစားရအောင် …”

“အင်း ကောင်းသားပဲ … ဘုန်းလဲ ဗိုက်ဆာနေတာနဲ့အတော်ပဲ … ဆေးကျောင်းဘက်မှာ အလင်းဆိုင်ရှိတယ် … အဲဒီဘက်သွားရအောင် …”

“အင်းသွားလေ …”

“ဒါနဲ့ တစ်ခုမေးအုံးမယ် … ဘုန်းနဲ့ ချစ်သူဖြစ်သွားတော့ … အခုလို ညဘက်မဟုတ်ဘဲ … နေ့ခင်းဘက်ကော တွဲသွားရဲလို့လား … သွန်းက …”

“အော် ဘုန်းရယ် … ကိုယ့်ချစ်သူနဲ့ တွဲသွားတာပဲ … ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ … ဘုန်းကော ….”

“ဘုန်းအတွက်က စိတ်ချပါ …. ဘုန်းကလေ … ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး … ခပ်ချေချေပဲ … အခြားသူတွေဘာပြောပြော ကိုယ်ကတော့ … နှလုံးသားရှိပြီး ချစ်တတ်တဲ့သူတိုင်း … လိင်ခွဲခြားမှုမရှိ ချစ်ခွင့်ရှိတယ်လို့ပဲ ယူဆတယ် …”

“ဟုတ်တယ် … သွန်းလဲ ဒီအတိုင်းပဲ ….”

“ကဲ ရောက်ပြီ …. ဆင်း”

 

နှစ်ယောက်သား ခပ်တည်တည်ဖြင့် ဆိုင်ရှေ့ ထောင့်ကျတဲ့ စားပွဲရွေးထိုင်လိုက်တယ် ….

 

“ကဲ ဆရာလေး ဘာရလဲ”

“ထမင်းကြော် . ခေါက်ဆွဲပြုတ် . စမူဆာ . အာပူလျှာပူ …………..”

“ကျနော့်ကို အာပူလျှာပူတစ်ပွဲ … သွန်းကော ဘာစားမလဲ”

“ကျနော့်ကိုလဲ . အဲဒါပဲပေး ….”

“ဒါဆို အာပူလျှာပူ နှစ်ပွဲပေါ့ ….”

“ဟုတ်”

 “ဒီဆိုင်လေးကမဆိုးဘူး သိလား သွန်း … တစ်ညလုံးလည်း လူပြတ်တယ်မရှိဘူး …. ဒီနားမှာ အဆောင်တွေလဲရှိတယ် … ကျောင်းသားတွေအများဆုံးလာစားကြတာ ….”

“အဲဒီတော့ … ဘုန်းက တစ်ခါတလေ သူငယ်လာထောင်တယ်ဆိုပါတော့ …”

“သူငယ်ထောင်စရာလား … စဉ်းစားလေ ….ေိေိ”

 

ချစ်စဦး ချစ်သူနှစ်ယောက် ကြည်နူးမှုတွေဖြာပြီး ပတ်ဝန်းကျင်အရာအားလုံးကို မေ့ထားလိုက်တယ် …. အော် … အချစ်ရဲ့စွမ်းအားတွေပါလား ……

အာပူလျှာပူရောက်တော့ … နှစ်ယောက်သား … ခေါင်းမဖော်တမ်း မြိန်ရည်လျှက်ရည် သောက်ကြတာ … စကားပြောဖို့တောင်မေ့နေကြတယ် ….

 

“ဟား … ဗိုက်တောင်တင်းသွားတယ် …. သွန်း … ၀လား … မ၀သေးရင် မှာနော် … ဘာသောက်အုံးမလဲ …”

“ဟင့်အင်း … ၀ပြီ … လာ ကျုံးဘက် သွားပြီး လမ်းခဏလျှောက်ရအောင် …. ဗိုက်ချောင်အောင်လေ … ငါးမိနစ်လောက်လျှောက်ပြီးမှ ပြန်မယ် …. ဘယ်လိုလဲ”

“အင်းကောင်းသားပဲ …. ရွှတ်ရွှတ် … ရှင်းမယ် …”

“ဘယ်လောက်လဲ ညီလေး …”

“အကြော်ပါလား အကို ….”

“အဲ … မသိဘူးကွဲ့ … လာချပေးတဲ့တစ်ယောက်ကိုမေးကြည့်ပါလား …”

“ဟုတ် .. ခဏနော် …”

“……………”

“အကို …. ၁၀၀၀ ပါ အကို …”

“အော် … အင်း … ရော့ပါဗျာ …”

“ဟုတ်”

“Thank You”

…….

 

နှစ်ယောက်သား ကျူံးဘက်ထွက်လာခဲ့သည် …. ကျူံးဘက်မှာ ငါးမိနစ်ကျော်ကျော်လောက်လမ်းလျှောက်ပြီး … အဆောင်ကို ပြန်လာခဲ့တယ် …. အဆောင်ကိုပြန်ရောက်တော့ … သုံးနာရီတောင်ထိုးနေပြီ ….. တော်ပါသေးရဲ့ … သွန်းဆီမှာ … လူဝင်တံခါးမသော့ပါလို့ …. အဆောင်ရှင်က … အဆောင်တံခါးမသော့အပို တစ်ချောင်းစီကို အဆောင်နေသူတွေကို တစ်ချောင်းစီပေးထားတယ် … အဲဒီတစ်ခုတော့မဆိုးဘူး … အပြန်နောက်ကျတဲ့သူတွေအတွက် အိုကေပဲ …

အဆောင်ရောက်တော့ … ကျနော်က ရေချိုးခန်းထဲဝင်ကိုယ်လက် သန့်ရှင်းလေးလုပ်တယ် … ထွက်လာတော့ .. ကိုယ်တော်ချောက အိပ်ရာပေါ်မှာ ပက်လက် ….

 

“ကဲ ကိုယ်တော်ချော … သွား ကိုယ်လက် သန့်ချေ …. အပျင်းကြီးတယ် …. သွား လိမ္မာတယ် … သွား ….”

 

သူရေချိုးခန်းထဲဝင်တုန်း … ကျနော်ဝတ်ဖို့ ည၀တ်အင်္ကျီထုတ်ပြီး .. လဲဝတ်လိုက်သည် …

မနီ က အဲဒါတွေ အားကိုးတယ် … ကျနော့်အထိန်းလို့ မပြောရဘူး … အကုန်အလိုက်သိတယ် … အင်္ကျီတွေ Fashion ကျကျ ၀တ်ဖို့ဆို ဦးနှောက်ခြောက်နေစရာမလိုဘူး …. သူဆင်တာသာ ၀တ် …. လန်ထွက်သွားစေရမယ် … အခုလဲ … ည၀တ်အင်္ကျီပါထဲ့ပေးဖို့မပြောလိုက်ရဘူး … တစ်ခါတည်းပါပြီးသား … အဲဒါကြောင့် မနီ ကကျနော်လက်ဆွဲဖြစ်နေရတာ …..

မကြာပါဘူး …. ကိုယ်တော်ချော အိပ်ချင်တဲ့ မျက်နှာဘေးနဲ့ ပြန်ထွက်လာတယ် …. ကုတင်ပေါ်တက်ဖို့ကြံတုန်း …

 

“ဟေ့ . ဟေ့ . ဟေ့ … ခဏ . ခဏ … မညစ်ပတ်နဲ့ … အ၀တ်လဲပြီးမှအိပ် … ဇီဇာကြောင်တယ်ပြောလဲ မတတ်နိုင်ဘူး …. လာ … ည၀တ်အင်္ကျီလဲပြီးမှ အိပ် ….”

“အင်းပါ …. ဇီဇာကြောင်တယ်မပြောပါဘူး … မပြောရက်ပါဘူး … ကဲ လဲပါပြီဗျာ ….”

 

အဲ …. ကောက်ခါငင်ခါ အင်္ကျီချွတ်လိုက်သည် …. အင်္ကျီတင်တော့ ဘာမှမဖြစ် …. ဘောင်းဘီပါ ချွတ်ပစ်လိုက်တယ် …. ခန္ဓာကိုယ်မှာ … အ၀တ်အစား ဗလာနတ္ထိ … အသားကလဲ ဖွေးဥနေတာပဲ …. ရင်တွေလဲ တစ်ဒိန်းဒိန်းခုန်လာမိတယ် …. ရုတ်တရက် … သူ ဒီဘက်ကို လှည့်ဖို့ ကြိုးစားဟန်တူသည် … ခန္ဓာကိုယ်နဲနဲလှုပ်လာသည် …

 

“ဟိတ် … အ၀တ်တွေ မြန်မြန်ဝတ်တော့လေ … လှည့်လာဖို့ မကြိုးစားနဲ့နော် … ဟင်းဟင်း …”

အဲဒီတော့မှ …. ဗီရိုထဲက ည၀တ်အင်္ကျီနဲ့ ဘောင်းဘီကို ၀တ်လိုက်သည် ….

ပြီးတော့ … ချိုမြသော အပြုံးလေးနဲ့ ကျနော့်လက်ကို ဆွဲပြီး …. မက်မက်မောမော နမ်းရှိုက်ရင်း …. နှစ်ယောက်သား … ကုတင် မွေ့ရာပေါ် လဲလျောင်းမိသွားသည် ….

ထို့နောက် … လူချင်းနဲနဲ ခွာပြီး …. ကျနော့်ရင်ခွင်ထဲမှာ သူ့မျက်နှာအပ်ထားပြီး …. ကျနော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည် ….

 

“သိပ်ချစ်တာပဲ ဘုန်းရယ် …. ကျနော့်ကို ဘယ်တော့မှ ပစ်မသွားပါနဲ့နော် …. တစ်ချိန်မှာ အိမ်ထောင်ပြုကို ပြုရမယ်ဆိုရင် … ကျနော့်ရဲ့ အိမ်ထောင်ဖက်က ဘုန်း တစ်ယောက်ထဲပဲ ဖြစ်စေချင်တယ် …. အဲဒါ ကျနော့်ဘ၀ရဲ့ ဆန္ဒပါ ….”

“သွန်း … အစားကို ကုန်အောင်စား … စကားကို ကုန်အောင်မပြောနဲ့တဲ့ … သွန်း ဘုန်းကိုချစ်တဲ့အချစ်ကို ဘုန်း အကြွင်းမဲ့ယုံပါတယ် …. ဒါပေမယ့် … ဘုန်းတို့ သွန်းတို့က ငယ်သေးတယ်လေ …. ခုဆို နှစ်ယောက်စလုံး … ၁၇ တောင်မပြည့်သေးဘူး … အနာဂတ်ကကြောင်းတွေကို အခု ပစ္စုပ္ပန်မှာ မပြောပါနဲ့လား သွန်းရယ်နော် … ခုအချိန်မှာ ဘုန်းတို့ .. တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်နေရင်ပဲ … ပြည့်စုံနေပါပြီ … နော် …”

“အင်း ….”

“ကဲ အိပ်ကြစို့ …. မီးပိတ်လိုက်တော့ …. တံခါးကော သေချာပိတ်ခဲ့ရဲ့လား …”

“အံမလေး … ဆရာရယ် … ပိတ်ခဲ့ပါတယ် … ကဲ မီးပိတ်ပြီ ….”

 

မီးပိတ်လိုက်တော့ … ညမီး .. အရောင်ဖြဖြအောက်ကမှာ .. နှစ်ယောက်သား အတွေးကိုယ်စီ နှုတ်ဆိတ်နေမိသည် ….

ကျနော်တို့နှစ်ယောက်စလုံး … သူစိမ်းနဲ့အတူ နှစ်ယောက်ထဲသီးသန့် ပထမဆုံး နီးနီးကပ်ကပ်နေခြင်းဖြစ်လို့ …. တစ်မျိုးကြီးဖြစ်နေမိသည် ….

ချစ်သူနဲ့အတူ အနီးဆုံး အတူနေရလို့လဲ … ရင်တွေ ခုန်နေမိသည် ….

သူ မီးရောင်မှိန်မှိန်ထဲကနေ ကျနော့်ကို စိုက်ကြည့်နေသည် ….

ကျနော်လဲ သူကိုပြန်ကြည့်ရင်း … သူ့နှဖူးကို ယုယစွာ နမ်းလိုက်သည် …. ထိုစဉ် …

 

“ဘုန်း …. သွန်း ဘုန်းနဲ့ ချစ်ချင်တယ် …”

“အခု ချစ်သူတွေဖြစ်နေပြီပဲလေ …. ဘာလိုသေးလို့လဲ …”

“အဲဒါကိုပြောတာမဟုတ်ဘူးလေ …. ဘုန်း သွန်းကို ချစ်ချင်တယ်ဆိုရင်လဲ … သွန်း … ကျေကျေနပ်နပ်ပဲပေးဆပ်မှာပါ ….”

 

အဲဒီကျမှ … ကျနော် ငပိန်း … သဘောပေါက်တော့သည် …

 

“သွန်း …”

 

သူ ကျနော့်ကို စိုက်ကြည့်နေသည် ….

 

“ဘုန်းပြောမယ်နော် …. ဘုန်း သွန်းကို ချစ်တယ်ဆိုတာ အဲဒီကိစ္စကြောင့်ချစ်တာမဟုတ်ဘူး သွန်း …. သွန်းကို ဘုန်း … ဖြူဖြူစင်စင်ချစ်တာပါ … လောလောဆယ် … ချစ်သူဖြစ်တဲ့ ပထမဆုံးနေ့မှာ … ဘုန်းတို့ … ဖြူဖြူစင်စင်ပဲ နေကြမယ် … ဘယ်သူမှ မသိဘူးဆိုပေမယ့် … ကိုယ့်လိပ်ပြာကို သန့်အောင်နေကြမယ်နော် … ဒီနေ့ညက ဘုန်းတို့ရဲ့ မင်္ဂလာဦးညမဟုတ်သေးဘူး …. ဘုန်းနဲ့သွန်း ချစ်သူဖြစ်တဲ့ ပထမဆုံးညပဲရှိသေးတယ်လေ …. ဘုန်းပြောတာ နားလည်လား …”

“အင်း … ဘုန်းရယ် …. သွန်းလေ …. ဘုန်းကိုချစ်မိတာမမှားဘူးသိလား …. ကဲ ဘုန်း အိပ်တော့ … ဘုန်းလဲ ပင်ပန်းရောပေါ့ …. မနက်သင်တန်းတက် … ညနေ Guide ပြနဲ့ …. အခုလဲ … ကလပ်မှာ သွန်းတို့ … ကဲခဲ့ပြီ ……….. ဘုန်း ..”

“ဟင်”

“ဘုန်းရင်ခွင်ထဲမှာလေ …. ဒီလိုပဲ တစ်သက်လုံး နေသွားချင်တယ် … ဘုန်းရယ် …”

“အော် သွန်းရယ် …. ဖြစ်လာမှာပါ ….ဘာမှ တွေးပူမနေပါနဲ့ …. ကဲ .. အိပ်တော့နော် …. Good Night .. အဲ .. မှားလို့ … Good Morning …. Sweet Dream …. ချစ်တယ် သိလား ….”

“ Imm .. Me too ..”

Aug 18th

အချစ်ရဲ့ရင်ခွင်မှ ချစ်သစ်ပင်လေး (part 1) MHS

By laxy na na
Dear Reader . ဒီစာဟာကျနော် ဖြစ်ချင်တဲ့အကြောင်းတစ်ခုကိုရေးထားတာပါ။အိပ်မက်တစခုပေါ့…။ ပြီးတော့စာလုံးရေးမှာတာလေးတွေ ဖတ်လိုအဆင်မပြေရင်ခွင့်လွတ်စေချင်တယ်..။ From gayguyneeder@gmail.com နေပူပြင်းပြီး နွေဦးမှာရွက်တွေကြွေခဲ့တဲ့နေ့မှာ မန္တလေးရဲ့ တစနေရာမှအိမ်ကြီးတစ်အိမ်ကို ရောက်ခဲ့သည်။ထိုသူ့အမည်သည် **မောင်ကျော်မင်း** ပါ။ သူ့မှာအူကြောင်ကြောင်၊အအ ဖြစ်တာအကျင့်လိုလို ဖြစ်တတ်တဲ့ရောဂါတစ်မျိုးရှိပါတယ်။သူ၏အူကြောင်မှုကြောင့်အမြဲလို လိုပင် အရှက်ကွဲနေဆဲပါ။ သူမန္တလေးကို သူ့အဒေါ်အိမ်ကိုသွားနေပြီး ပညာသက်နေသူတစ်ဦးပါ။ သူ့မှာယောက်ကျား မပီတ တဲ့အတွက်လည်းသူ့အဖို့သနားစရာကေင်းလှပါသည်။သူ့မှာသနားတတ်တဲ့ စိတ် လည်းရှိတယ်။ချစ်တတ်တယ် ကြင်နာတ်လွန်သည့်စိတ်ဓါတ်တွေနဲ့ပြည့်သည်။ မန္တလေးရဲ့ရာတီဥတုကတော့ အားလုံးသိတဲ့အတိုင်းပဲ အရမ်းပူတဲ့နေ့ 1း00 ခန့်တွင် Taxi car မှာထွက်လာသော နည်းနည်းပိန်ပိန်နဲ့ ဆံပင်လည်းပွပြီးနည်းနည်းကောက် နေပြီး အ၀တ်အစားမှာလည်း ပေပြီးနည်းနည်းညစ်ပတ် နေသော လူငယ်တစ်ယောက် ကို
Oct 29th

ပြောရအုံးမယ် သူငယ်ချင်းကောင်းယောင်းမတို့ရေ (5)

By PRINCE TAKASHI SARKO
  တာကာ့ရဲ့ပေးစာတွေဟာ တိုတယ်လို့ညည်းညည်းနေတတ်တဲ့ ယောင်းမအတွက်ဒီတခါအရှည်ကြီးလာပြီ မအော်ရဘူးနော်လို့။ဒီတခါ အင်တာနက်ထိုင်ပြီး အညောင်းမိတယ်လို့အကြောင်းပြပြီး အမျိုးသားအနှိတ်ခန်းတွေကိုသွားသွား တတ်တဲ့ယောင်းမလေးအတွက်ပါကွယ်။ အေး ယောင်းမရေ သွားတာက အဓိကမဟုတ်ပါဘူး ယောင်းမရဲ့အကိုနဲ့တာကာနဲ့တည်းခိုခန်းသွားမဲ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးကိုပါ ယောင်းမကမျက်စောင်းထိုးလာတာမကောင်းဘူးကွယ်။ချက်တင်တက်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ ယောင်းမရယ် ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀ အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်နှင့် ကြုံဖူးကြမှာပါ။ အေးလေ အဲဒီတော့... ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန် အောက်ပါနည်းလမ်း(၁၀)ချက်အတိုင်း လိုက်နာကြည့်ပေါ့။
 ၁။ Type နေတုန်း ခေါင်းလှုပ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက်

၂။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင် ရှေ့နောက် တောင်ပံခတ်သလို ခတ်ရန်။  ဒါက ကိုယ်က ကြက်မကြီးပါလို့ ကြေငြာသလိုလည်းဖြစ်တော့ အပြန်အော်ဒါရရင်လည်း အမြတ်ပေါ့ကွယ်။ဒါပေမဲ့ ယောင်းမလည်း သိတဲ့အတိုင်းပဲ ကြက်ငှက်တုက်ကွေးကိုလည်း အားလုံးကသိထားတော့ သိပ်မမျှော်လင့်ပါနဲ့ကွယ်။ ယောင်းမအကိုဆိုကြောက်လွန်းလို့ တာကာ့ရင်ခွင်ထဲကကို ထွက်ဖြစ်တော့ဘူး။(ဟယ် ကိုကို လူဆိုး)

၃။ တစ်ချား Chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။(ဒါက ဖင်လည်းလှစေတယ် ယောင်းမရဲ့ ဟွန်းနော် နောက်မှ လုံးကြီးပေါက်လှ ကြီးဖြစ်မှ လာပြီး ကျေးဇူးတင်မနေနဲ့။)

၎။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ နန့်တန့်တန့်အမူအရာဖြင့် ပတ်ပြေးရန်။ (ဒါကတော့ ကိုယ်ဘယ်လို ပွင့်ကြောင်းပြတာနော်)

၅။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့ ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။ဘေးမှာအဆင်လေးတွေရှိရင်လည်း သူတို့ရဲ့ပခုံးပေါ်ကို ခေါင်းလေးမှီပြီး ငိုလိုက်ပါ။

၆။ သီချင်းများလိုက်ညည်းနေခိုက် ပခုံးနှစ်ဖက်ကို ဘယ်ညာ တင်ချ လုပ်နေရန်။

၇။ ကျင်ကြီး/ကျင်ငယ် သွားပါက ခြေဖျားထောက်၍ ခြေစုံခုန်သွားရန်။

၈။ ရေအိမ်မအားသေးပါက ခြေကိုဆန့်တန်း၍ ဘယ်ညာ ခတ်နေရန်။ (ရေထိုင်ကူးနည်း)

၉။ Signout မလုပ်ခင် လက်နှစ်ဖက် အပေါ်ထောင်၍ တာ့တာပြရန်။(ဘေးမှာ သူငယ်ရှိရင်လည်း တလက်စတည်း ထောင်လိုက်ဖို့လည်း မမေ့နဲ့နော်)

၁၀။ ကွန်ပျူတာ ပိတ်ခါနီး ဘယ်ညာ အလေးပြုပါ။
         ဒီနည်းလေးတွေက ဘဝနဲ့ရင်းပြီးသင်ယူထားရတာမို့ ယောင်းမလေးအတွက် အကျိုးရှိမှာပါကွယ်။မှန်မမှန် သိချင်ရင် ယောင်းမအကိုကိုသာ မေးကြည့်လိုက်ပါ။ သူကတော့ အားလုံးသိကြီး( ဟီး ဟီး ဟီး ရှက်တယ်တော် ရှက်မိပါရဲ့)........................
                                                                                                         အချစ်များစွာဖြင့် ..................tarkarshi.sarko@gmail.com