Jul 12th
မင်းစိုင်းသန့်ကျော် အပိုင်း(၁)
By မင်းစိုင်းသန့်ကျော်
မင်းစိုင်းသန့်ကျော် အပိုင်း(၁)
ဦးမင်းကျော်၏ လက်သီးသည် အိမ်တံခါးနံရံကို ပြင်းထန်စွာ ထိုးနှက်လိုက်မှုကြောင့် ဒေါ်နန်းစန္ဒာ အလန့်တကြားနှင့် အနောက်ဆုတ်မိလိုက်ရသည် ။
ပြောစမ်း … ဒါ ဘယ်သူနဲ့ ရတဲ့ ကိုယ်ဝန်လဲဆိုတာကို …
မဟုတ်ပါဘူး ကိုကြီးရယ် … နန်း မလိမ်ရပါဘူး … တကယ်ပြောတာပါ …
ဘာ … မလိမ်ဘူးဟုတ်လား … ဒါဆို သည်ကိုယ်ဝန်က ငါနဲ့ရတဲ့ ကိုယ်ဝန်လို့ ပြောချင်တာလား …
ဟုတ်ပါတယ် ကိုကြီးရယ် … ကိုကြီးက လွဲပြီး ဘယ်သူနဲ့မှ နန်း မဖောက်ပြန်ခဲ့ရိုးအမှန်ပါ …
လိမ်ချင်ဦးဟာ … သည်မိန်းမ လိမ်ချင်ဦး …
ဦးမင်းကျော်၏ လက်သီးများသည် အိမ်တံခါးနံရံဆီမှတစ်ဆင့် ဒေါ်နန်းစန္ဒာ၏ ကိုယ်ပေါ်သို့ ကျရောက်လာလေသည် ။ တစ်ခါမှ မရိုက်မနှက်ခဲ့ဖူးသူ လင်ယောက်ျား၏ ရိုက်နှက်မှုကြောင့် ဒေါ်နန်းစန္ဒာ အံ့သြသွားခဲ့ရသည် ။
ကိုကြီး … နန်း … နန်း သစ္စာဆိုရဲပါတယ် …
ဘာ … နင့်လို ဖောက်ပြန်တဲ့ မိန်းမရဲ့ ပါးစပ်က သစ္စာဆိုဦးမယ် … ဟုတ်လား … အဲ့သည့်အစား နင့်အသက်နဲ့ပဲ သက်သေပြလိုက်ပါလား … ဟမ် … ငါ ရှက်လွန်းလို့ သည်လောကကြီးမှာတောင် မနေချင်တော့ဘူး … နင်သိရဲ့လား …
ပြောပြောဆိုဆိုနှင့် ထပ်မံ ရိုက်နှက်ပြန်တော့သည် ။ ဦးမင်းကျော်၏ ရိုက်နှက်မှုများကြားတွင် ဒေါ်နန်းစန္ဒာ ငိုယိုတောင်းပန်ရုံမှလွဲပြီး မတတ်နိုင်ခဲ့ချေ ။ စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးချိန်တွင် ဦးမင်းကျော် အရက်ပုလင်းကို ကိုင်ပြီး ရပ်ကွက်ထဲ ပြန်ထွက်သွားခဲ့လေသည် ။
ဦးမင်းကျော် ထွက်သွားတော့မှ ဒေါ်နန်းစန္ဒာ စိတ်ရှိလက်ရှိ ငိုကြွေးတော့သည် ။ ကံတရားကြီးရယ် ။ ရက်စက်လိုက်တာ ။
သားကြောဖြတ်ထားသော ယောကျာ်းတစ်ယောက်၏ ဇနီးသည်တွင် ကိုယ်ဝန်ရှိနေခြင်းသည် သေချာပေါက် ဖေါက်ပြန်ခြင်းပင် ဖြစ်နေလေသည် ။ ထို့ကြောင့်လည်း ဒေါ်နန်းစန္ဒာ မိမိ မလုပ်ခဲ့သည့်အပြစ်အတွက် နှိပ်စက်ခံရပေဦးတော့မည် ။
ဒေါ်နန်းစန္ဒာ မိမိဗိုက်ကို မိမိ ပွတ်ရင်းက ကလေးလေးကို တိုင်တည် စကားဆိုမိလိုက်သည် ။
ကလေးရယ် … အမေ မင်းကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်ကွယ် … အမေ … မင်းအဖေကလွဲရင် ကျန်တဲ့ယောက်ျားအားလုံးနဲ့ ကင်းရှင်းတယ်ဆိုတာ အမေ သစ္စာဆိုရဲပါတယ်ကွယ် …
နောက်ပိုင်း ရက်များတွင် အခြေအနေသည် ပိုပို ဆိုးလာခဲ့လေသည် ။ ဦးမင်းကျော်သည် နေ့စဉ် အရက်သောက်ကာ ဇနီးသည်ကို နှိပ်စက်လာခဲ့သည် ။ ရပ်ကွက်ထဲတွင်လည်း ဒေါ်နန်းစန္ဒာ၏ မကောင်းသတင်းများသည် ပျံ့နှံ့လာခဲ့လေသည် ။
ရပ်ကွက်ဘုန်းတော်ကြီးကျောင်းက ဆရာတော်ထံတွင် လျှောက်တင်ပြီး ငိုယိုမိတော့ ဆရာတော်က အရင်ဘ၀က အတိတ်ကံ ၀ဋ်ကြွေးကြောင့်ဟု ပြောကာ တရားဟောလေသည် ။ ဆရာတော့် တရားကြောင့် ကိုယ်ဝန်ချိန်တွင် မိမိကိုယ်ကို သတ်သေဖို့ စိတ်ကူးကို စွန့်လွှတ်ခဲ့သည် ။
ထိုသို့ဖြင့် ကိုယ်ဝန် ရင့်မာလာသည်နှင့်အမျှ လင်ယောက်ျားဖြစ်သူ၏ ရိုက်နှက်စွပ်စွဲမှုတို့မှာ ပိုမိုဆိုးရွားလာသည် ။ သို့သော် ကလေး၏ ကုသိုလ်ကံကြောင့် ကိုယ်ဝန်ပျက်ကျမှု မဖြစ်ခဲ့ချေ ။ ဦးမင်းကျော်မှာ စီးပွါးရေးလည်း စွန့်ကာ အရက်သမားလုံးလုံး ဖြစ်ခဲ့ချေပြီ ။
ဒေါ်နန်းစန္ဒာမှာ စိတ်ဆင်းရဲခြင်းကြီးစွာဖြင့် ရှင်သန် နေထိုင်လာခဲ့ရလေသည် ။
ထိုသို့ဖြင့် …..
တော်သလင်းလ၏ လပြည့်နေ့ညတွင် မိုးများ လေများ အကြားတွင် ကြာသပတေးသား သားငယ်တစ်ယောက်ကို မွေးဖွါး သန့်စင်ခဲ့လေသည် ။
မီးဖွါးမည့်နေ့နှစ်ရက်အလိုတွင် ဒေါ်နန်းစန္ဒာ၏ အစ်မ အကြီးဆုံး နယ်မှ ရောက်လာခဲ့သည် ။ ဒေါ်နန်းစန္ဒာ မီးဖွါးရန်အတွက် အထောက်အကူ ရခဲ့လေသည် ။
ကလေးက ချစ်စရာလေး … တစ်လုံးတစ်ခဲလေးတော့ … ဘာနာမည်ပေးမလဲ … သူ့အဖေနဲ့လည်း သိပ်တူတာပဲ … လူချောလေး ဖြစ်မှာ …
အကြောင်းမသိသော အပျိုကြီးကတော့ သူ ပြောချင်ရာတွေကိုသာ စွတ်ပြောနေတော့သည် ။ ဒေါ်နန်းစန္ဒာ ကလေးလေးကို ရင်ခွင်ထဲတွင် ပိုက်ချီလိုက်သည် ။ ပြီးတော့ နို့ဦးရည်ကို ကလေးငယ်သောက်ရန်အတွက် ဖန်တီးပေးလိုက်သည် ။
မိမိ နို့ချိုကို သောက်သုံးနေသော ကလေးငယ်ကိုကြည့်ပြီး အတိုင်းမသိ ကြည်နူးစိတ်က ရင်ထဲသို့ ဖြတ်သန်းသွားခဲ့ရသည် ။
ကြာသပတေးသားလေးဟဲ့ … ဘာနာမည်ပေးမလဲ …
ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ ဆရာတော် ဦးနန္ဒာဝံသ ဆိုတာရှိတယ် … ဆရာတော့်ကို လျှောက်တင်ပြီး မေးကြည့်ပေါ့ အစ်မကြီးရယ် …
ဒေါ်နန်းစန္ဒာစကားကြောင့် ဒေါ်နန်းသစ္စာက ဆရာတော်ကို လျှောက်တင်မည်ဆိုကာ ထွက်သွားလေသည် ။
ကလေးငယ်ဟာ ဘ၀မှာ သူတစ်ပါးထက်ကို ထင်ပေါ်လိမ့်မယ် … သူ့ဇာတာဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ ဇာတာပဲ …
ဆရာတော်၏ ဟောကြားချက်ကို ဒေါ်နန်းသစ္စာ နားမလည်နိုင် ။ မျက်လုံးကို တောင်ကပ် မြောက်ကပ်နှင့် စဉ်းစားနေမိလေသည် ။
ဟဲ့ … ဒကာမကြီး … ကလေးက ကြာသပတေးသား ရာဇာဖွါးဟဲ့ … အောင်လံထူစစ်သူကြီးပွဲဆိုတဲ့ မဟာဘုတ်နဲ့ကြည့်ရင် သူ့နာမည် အညွန့်က ကြာသပတေးရဲ့အထက်မှာ အင်္ဂါ ၊ အင်္ဂါအထက်မှာ သောကြာ ၊ သောကြာ အထက်မှာ တနင်္လာ ဆိုပြီး ဖြစ်နေတာ … သည်တော့ သူ့နာမည်ကို သည်လိုပေးလိုက်မယ် … သူ့အဖေက မွန် ၊ အမေက ရှမ်းဆိုတော့ မျိုးရိုးနာမည်လည်း မပျောက်အောင် မင်းစိုင်းသန့်ကျော်လို့ ပေးလိုက်မယ် … ဘယ့်နှယ့်လဲ …
မင်းစိုင်းသန့်ကျော် … အရမ်းကောင်းတဲ့ နာမည်ပါဘုရား … တင်ပါ့ဘုရား …
ထိုနာမည်ရသည်နှင့် ဒေါ်နန်းသစ္စာသည် ၀မ်းသာ ကြည်နူးစွာ အိမ်သို့ ပြန်လာခဲ့လေသည် ။
သို့သော် …. အိမ်သို့ရောက်သောအခါတွင် ကြိုးဆွဲချ သတ်သေထားသော ညီမဖြစ်သူ၏ အလောင်းက ဆီးကြိုနေလေသည် ။
ဒေါ်နန်းသစ္စာ ရင်ကို ဖိလိုက်ပြီး ကြမ်းပြင်တွင်ငိုနေသော ကလေးကို ကောက်ချီလိုက်သည် ။ ညီမဖြစ်သူ ကျန်ခဲ့သော ကလေးကို စောင့်ရှောက်ဖို့တာဝန် ဒေါ်နန်းသစ္စာတွင် အပြည့်အ၀ ရှိလေပြီ ။
ကံဆိုးလိုက်တဲ့ ကလေးရယ် …
ရပ်ကွက်က လူကြီးတွေ ဦးဆောင်ပေးမှုဖြင့် ဒေါ်နန်းစန္ဒာကို မြေမြှုပ်သဂြိုလ်လိုက်ကြသည် ။ ထိုနေ့မှစကာ ဦးမင်းကျော်ကိုလည်း ဒေါ်နန်းသစ္စာ မတွေ့ရတော့ ။ ဦးမင်းကျော်သည် အိမ်သို့ လုံးဝ ပြန်မလာခဲ့တော့ ။
ရပ်ကွက်ထဲမှ လူတွေ၏ ပြောစကားကို ကြားရသောအခါ ညီမအတွက် ခံပြင်းမိကာ ညီမယောက်ျားဖြစ်သူကိုလည်း နာကျည်းမုန်းတီးမိသည် ။
ထိုသို့ဖြင့် မင်းစိုင်းသန့်ကျော်ဆိုသော ကလေးငယ်ကို စောင့်ရှောက်ရန် တာဝန်သည် ဒေါ်နန်းသစ္စာ၏ တာဝန်သာ ဖြစ်လာခဲ့သည် ။
ထိုအရာများသည်ကား မင်းစိုင်းသန့်ကျော်ဆိုသော ကလေးငယ်တစ်ယောက် လောကကြီးထဲသို့ စတင် ၀င်ရောက်လာခဲ့ခြင်းပင် ဖြစ်လေသည် ။
အပိုင်း၂ ဆက်ရန် …
Sep 20th
နှစ်အချိုးတစ် (ဇာတ်သိမ်း)
By Dr. Min Khant
ညီ … စာတွေ လုပ်နေရဲ့လား …
အင်း … စာလုပ်နေတာ … အခုက … ဒါပေမယ့် ကိုကြီးကို အရမ်းတွေ့ချင်နေတယ် …
သည်တစ်ခါ စာမေးပွဲပြီးရင် တွေ့မယ်လို့ ပြောထားတယ်လေ … ညီရဲ့ …
အင်းပါ … သိပါတယ် … ညီ အောင်အောင် ကြိုးစားနေပါတယ် …
ဒါဆို စာဆက်လုပ်တော့နော် ညီ … ချစ်တယ်နော် … တာ့တာ …
ချစ်တယ် … ကိုကြီး … တာ့တာ …
ဖုန်းချလိုက်ပြီး ကျွန်တော် ပြုံးလိုက်သည် ။ အင်း ။ ညီလေး ။ သည်တစ်ခါတော့ စာမေးပွဲ တကယ်အောင်အောင် လုပ်စမ်းပါကွာ ။
***********************************************
ဆရာနေမျိုးဟန်က အခု ဟိုမို စာတမ်းကို ပြုစုနေတာလေ …
အောင်မိုးညီက ပြောပြလာသောကြောင့် ကျွန်တော် အံ့သြသွားရသည် ။
အဲ့သည့်ဆရာက ဟိုမိုလေ … သူတို့ဌာနက ဆရာမတစ်ယောက်ဆိုရင် ဆရာ့ကို အသည်းအသန်လိုက်ကြိုက်တာ …  ဒါပေမယ့် ဆရာက လုံးဝ ပြန်မကြိုက်ဘူး … ဆရာမ ပြောတာ အစုံပါပဲ ... အခြောက်မ … ဂျီပုန်းမတဲ့ … ယောက်ျားဖြစ်ပြီး မိန်းမ တစ်ယောက်ကိုတောင် မကြိုက်နိုင်ရအောင် သူက လင်လိုက်ရှာနေတာတဲ့ …
အောင်မိုးကတော့ သည်လိုပဲ ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း ကျွန်တော့် ရင်ထဲတွင် တစ်မျိုးကြီး ခံစားသွားရသည် ။ သည်တစ်လော အလိုလိုနေရင်းနှင့် စိတ်က အားငယ်နေတတ်သည် ။
အခြောက်တွေဆိုတာ လောကကို ဘာမှ ကောင်းကျိုးပြုတဲ့ဟာတွေ မဟုတ်ဘူး … အားအားရှိ လင်ပဲ လိုက်ရှာနေကြတာ …
ဘုရားဘုရား ။ သည်လိုစကားတွေကို ကျွန်တော် ထပ်ကြားရပြန်သည် ။ သည်တစ်လော အစ်ကိုနှင့်ရော ဥက္ကာနှင့်ပါ ကျွန်တော် မတွေ့ဖြစ် ။ သည်လိုစကားတွေကို ကျွန်တော် ကြောက်သည် ။ ကျွန်တော် အပြောခံရမည်ကို ပို၍ပင် ကြောက်မိသည် ။ အားငယ်စိတ်ကလည်း ခဏခဏ ၀င်မိသည် ။ သည်အခြေအနေမျိုးတွင် ကျွန်တော် ဆရာဝန်တစ်ယောက်ထံတွင် ဆေးကုသမှု ခံသင့်သည် ထင်သည် ။ ထိုဆရာဝန်ကလည်း ကိုနေမျိုးဟန်သာ ဖြစ်ရမည် ။ ကျွန်တော် ဆရာ့ဆီသို့သွားပြီး ဆွေးနွေးမှ ဖြစ်တော့မည် ။
**********************************************
ဆရာ … ဆရာက ဟိုမိုစာတမ်း တစ်ခု ပြုစုနေတယ်ဆို …
အင်းလေ … ဘာဖြစ်လို့လဲ …
ဘာအကြောင်းတွေလဲ ဆရာ …
ဟိုမိုတွေကို လူတွေ ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက လက်ခံလာအောင် နည်းလမ်းတကျနဲ့ သူတို့ရဲ့ အကြောင်းတွေကို လေ့လာပြီး စာတမ်းတင်မှာပါ …
ဘာဖြစ်လို့ အဲ့သည့်လိုမျိုး စာတမ်းကို ရေးတာလဲဟင် ဆရာ …
ဘာဖြစ်ရမလဲ စစ်သွေးရဲ့ … ဟိုမိုတွေကို ချစ်လို့ပေါ့ … သူတို့ဘ၀တွေကို နားလည်လို့ပေါ့ …
ဒါဆိုရင် ဆရာ့ကို ကျွန်တော် တိုင်ပင်ချင်တယ် … ကျွန်တော် ဟိုမိုတစ်ယောက်ဆိုတာ ဆရာ သိပါတယ်နော် … ကျွန်တော် အခုတစ်လော စိတ်ဓါတ်တွေ ကျနေတယ် ဆရာ … ကျွန်တော့်ကိုယ် ကျွန်တော် ဟိုမိုဖြစ်ရတာကို အရမ်းအထင်သေးမိနေတယ် … ကျွန်တော် ဘာကိုမှန်း မသိ ကြောက်နေမိတယ် ဆရာ …
ဖြစ်တတ်ပါတယ် စစ်သွေးရယ် … ဒါပေမယ့် ဟိုမိုဆိုတာ မင်းထင်သလိုမျိုး နိမ့်ကျတဲ့ သတ္တ၀ါမဟုတ်ပါဘူးကွာ … သူတို့မှာလည်း သူတို့ ကိုယ်ပိုင် အသိဥာဏ်နဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ရှိပါတယ် … သူများတွေက မိန်းမကို ကြိုက်ချိန်မှာ သူတို့က ယောက်ျားကို ကြိုက်တယ် … ဒါပဲ ကွာတယ်လို့ ဆရာက ယူဆတာပဲ …
ဒါပေမယ့် ဆရာရယ် … ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးပဲ …
ဟိုမိုဖြစ်လို့အားငယ်နေစရာ မလိုပါဘူးကွာ … ဟိုမိုတွေဆိုတာ တခြားလူတွေထက် စောင့်ကြည့်ခြင်းကို ပိုခံရတဲ့သူတွေကွ … မင်းရဲ့ အပြုအမူကို ထိန်းချုပ်ပြီး မင်းရဲ့ စွမ်းရည်ကို ထုတ်ပြခဲ့ရင် သူတို့မင်းကို ဘယ်အထင်သေးရဲတော့မှာလဲ … မဟုတ်ဘူးလား …
ဒါပေမယ့်ဆရာရယ် …
ကိုယ့်ကိုယ်ကို ဟိုမိုလို့ မမြင်ဘဲ လူသားတစ်ယောက်လို့သာ မြင်စမ်း စစ်သွေး … မင်းရဲ့ sexual ခံယူချက်က မင်းဘ၀မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့သာ ပါဝင်တာပါ … ဘ၀အတွက် ကြိုးစားရာမှာ မင်းဟာ ဟိုမိုတစ်ယောက်ဖြစ်နေလို့ သူများလုပ်နိုင်တာကို မလုပ်နိုင်ဘူးဆိုတာ မရှိစေရဘူး … မင်းဟာ သူများထက်တောင် ထူးချွန်တဲ့သူ ဖြစ်နေရမယ် … ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာကိုယ်တိုင်လည်း ဟိုမိုပဲ စစ်သွေး … ဒါကြောင့် ဟိုမိုတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့အတွက် သည်စာတမ်းကို ပြုစုနေတာပဲ … သည်နိုင်ငံမှာလည်း ဟိုမိုတွေအတွက် လူ့အခွင့်အရေးဆိုတာကို ရှိစေချင်တယ် …
ကျွန်တော် ဆရာ့ကို ကြည့်ပြီး အထင်ကြီးမိပါတယ် … ။ လေးလည်း လေးစားပါတယ် ။ ဆရာဟာ တကယ်ကို တော်တဲ့လူပဲ ။ ဆရာဟိုမိုဖြစ်လို့လည်း ဘယ်သူကမှ အထင်သေးရဲမှာ မဟုတ်ပါဘူး ။ ကျွန်တော့်စိတ်ထဲလဲ ခုနကလောက် စိတ်ဓါတ်ကျတာ မရှိတော့သလိုပဲ ။
ဒါနဲ့ ဆရာ … ဆရာချစ်နေတဲ့လူ မရှိဘူးလားဟင် 
ဆရာက ပြုံးလိုက်သည် ။
ဥက္ကာလေ … စစ်သွေး သိလိမ့်မယ်လို့ ဆရာက ထင်နေတာ … ဥက္ကာနဲ့ ဆရာက ညီအစ်ကိုအရင်းတွေ မဟုတ်ကြဘူး … ဆရာ သူ့ကိုချစ်နေခဲ့တာ ကြာခဲ့ပြီလေ …
****************************************************
ထိုနေ့ကို ကျွန်တော့် ဘ၀ထဲမှ ပြန်ထုတ်လိုက်ချင်သည် ။ သို့သော် အရာအားလုံးသည် နောက်ကျလျက်သား ဖြစ်နေခဲ့ပြီ ဖြစ်သည် ။ ထိုနေ့က ကျွန်တော်နှင့် ဥက္ကာ တူတူ ထီးတစ်ချောင်းအောက်တွင် ဆောင်းလျက် လာခဲ့ကြသည် ။ သည်လောက် လူရှုပ်သော မြို့ထဲနေရာတွင်မှ အစ်ကိုနှင့် တည့်တည့် တိုးတော့သည် ။
အစ်ကို ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးပြသည် ။ ထို့နောက်တွင် အစ်ကိုသည် ကျွန်တော့်ကို ကျောပေးပြီး ပြန်ထွက်သွားလေသည် ။ ကျွန်တော့်ရင်ထဲတွင် ပူလောင်စွာ ခံစားလိုက်ရသည် ။ ကျွန်တော် အစ်ကို့နောက်ကို ချက်ချင်း ပြေးလိုက်သွားမိသည် ။
အစ်ကို … နေပါဦး …
ဟိုမှာ မင်းရည်းစားပါတယ်လေ … အစ်ကို့နောက်ကို ဘာလို့ လိုက်လာတာလဲ …
ဟင့်အင်း … ကျွန်တော် မသိဘူး … ကျွန်တော့်အပေါ်ကို အစ်ကို တစ်မျိုးထင်သွားမှာ ကျွန်တော် မလိုလားဘူး …
သူက ညီ့သူငယ်ချင်းလို့တော့ အစ်ကို့ကို မလိမ်နဲ့နော် ညီ …
ဟုတ်ပါတယ် … ညီဝန်ခံပါတယ် … ဒါပေမယ့် ညီ အစ်ကို့ကို တကယ်ချစ်တာပါ …
ညီ့နှလုံးသားက လူနှစ်ယောက်ကိုတောင် ချစ်လို့ရတယ်တဲ့လား … အဲ့လိုလားညီ …
စကားနာ မထိုးပါနဲ့ အစ်ကိုရယ် …
 အစ်ကိုက လူကြီးပါ …  ညီ့ကို စိတ်မဆိုးတော့ပါဘူး … ဒါပေမယ့် အစ်ကို ညီ့ချစ်သူနဲ့တွေ့ချင်တယ် … ပြီးတော့ ညီ့ဘက်က မဖြတ်သ၍ ညီ့ရည်းစားအနေနဲ့ အစ်ကို ရှိပေးပါ့မယ် … ညီ နောက်တစ်ယောက်ထားနေတယ် ဆိုတာ သိလျက်နဲ့ အစ်ကို ညီ့ကို ဆက်တွဲနေခဲ့တာ အခုမှ မဟုတ်ပါဘူး … အရင်တည်းကပါ …
ကောင်းပါပြီ အစ်ကို … ကျွန်တော် အစ်ကို့ကို သူနဲ့ ပေးတွေ့ပါ့မယ် …
***************************************************
ဥက္ကာငိုနေသည် ။ ကျွန်တော် ဥက္ကာကို ဘယ်လိုမှ မနှစ်သိမ့်တတ်တော့ပါ ။
ကိုကြီး … ကျွန်တော်တို့ လမ်းခွဲရအောင် … ကိုကြီး ကျွန်တော့်ကို တကယ်မချစ်ပါဘူး … အဲ့နေ့က ကိုကြီး သူ့အနောက်ကို လိုက်သွားတော့ အဲ့နေရာမှာပဲ ကျွန်တော် ညနေစောင်းတဲ့အထိ စောင့်နေခဲ့တာ … ကိုကြီးရောက်မလာခဲ့ဘူးနော် …
မဟုတ်ဘူး ညီရယ် … အစ်ကို အဲ့နေ့ကအတွက် တကယ်တောင်းပန်ပါတယ် … ညီတို့ နှစ်ယောက် တွေ့လိုက်ကြပါလားဟင် … သူက ညီ့ကို တွေ့ချင်နေတယ် …
သည်လောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်နော် ကိုကြီး … ကျွန်တော် ကိုကိုနဲ့ စင်ကာပူကို လိုက်သွားတော့မယ် … ဟိုမှာပဲ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်လိုက်ပြီ …
သူက မင်းကို ချစ်နေတာ မင်းသိရဲ့လား …
သိပါတယ် ကိုကြီး … ကျွန်တော် သူ့အချစ်ကို လက်ခံလိုက်ပြီ …
ဘာ …
သိပ်မအံ့သြသွားပါနဲ့ ကိုကြီးရယ် … အဆုံးသတ်လိုက်ရအောင်နော် … ကျွန်တော် သည့်ထက်ပိုပြီး မခံစားပါရစေနဲ့တော့ … တကယ်တော့ ကိုကိုကလည်း လူကောင်းတစ်ယောက်ပါ … မေမေတို့က ငယ်ငယ်တည်းက မွေးစားခဲ့တာ … ကျွန်တော့်ကိုလည်း သိပ်ချစ်တယ် … သိပ်လည်း တော်တဲ့ ဆရာဝန်တစ်ယောက်လေ …
မဟုတ်ဘူး ညီရယ် … မဟုတ်ဘူး …
အခုတော့ သည်လိုပဲ သိလိုက်ပါနော် ကိုကြီး … သွားခါနီးနေ့ကျရင် တစ်ခါ ထပ်ပြီး ဆက်သွယ်ပါ့မယ် … ကျွန်တော့်ကို လေယာဉ်ကွင်းတော့ လိုက်ပို့မယ် မဟုတ်လားဟင် …
ကျွန်တော် ခေါင်းညိမ့်လိုက်သည် ။
ပို့ပေးမှာပေါ့ ညီရယ် … ကိုကြီလိုက်ပို့ပေးပါ့မယ် …
****************************************************
ညီ … အစ်ကို စကောလား ရတယ် …
ကွန်ဂရက်ကျူလေးရှင်းပါအစ်ကိုရယ် …
ညီ ၀မ်းသာမှာပါ … မဟုတ်ဘူးလား …
ဟင် … ဘာဖြစ်လို့လဲ …
အစ်ကိုမရှိတော့ ညီတို့ ပိုပြီး လွပ်လွပ်လပ်လပ်ပျော်ရတာပေါ့ … နှောင့်ယှက်မယ့်သူ မရှိတော့ဘူးလေ …
ဟင့်အင်း … အဲ့လို မပြောပါနဲ့ အစ်ကိုရယ် … အစ်ကို့ကို ကျွန်တော် ဘယ်တုန်းကမှ အဲ့လို မတွေးခဲ့ဖူးပါဘူး… ပြီးတော့ အစ်ကို့ကို ကျွန်တော် တကယ်ချစ်ပါတယ် …
အဲ့လို စကားတွေနဲ့ပဲ အစ်ကို့ကို ညီ နှိပ်စက်ခဲ့တာပဲလေ … အစ်ကို ကြောက်တယ်ညီရယ် … နောက်တစ်ခါ ထပ်ပြီး နာကျင်ခံစားရမှာကို ကြောက်နေပြီ …
အစ်ကို … ညီ အစ်ကိုပြောတဲ့ မြို့ပြသစ်တောလေးတွေ ဖြစ်အောင် သစ်ပင်တွေလည်း စိုက်ပါ့မယ်ဗျာ … အစ်ကိုပြောသလိုမျိုး ပလက်စတစ်အိပ်တွေကိုလည်း အတတ်နိုင်ဆုံး မသုံးဘဲ နေပါ့မယ် … ဆရာဝန်ဖြစ်သွားရင်လည်း ကျေးလက်တွေကိုသွားပြီး လိုအပ်နေတဲ့ လူသားတွေရဲ့ဘ၀တွေကို ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ် … အဲ့လိုမျိုး အစ်ကို ကြိုက်တာတွေ အားလုံး လုပ်ပေးမှာမို့လို့ ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့နော် …
အစ်ကိုက ကျွန်တော့်ကို ပြုံးပြီးကြည့်သည် ။
အစ်ကို ညီ့ကို ဘယ်တော့မှ မမုန်းပါဘူး ညီရယ် … အမြဲတမ်း ချစ်နေမှာပါ …
ဒါပေမယ့် အစ်ကိုက ထွက်သွားတော့မှာလေ …
နောက်ဆုံးတော့ အစ်ကိုက ပြန်လာမှာပါ ညီရယ် …
ကျွန်တော် အစ်ကို့ကို စောင့်နေချင်တယ်နော် အစ်ကို …
ညီ … ပေါက်ကရတွေ လျှောက်မတွေးစမ်းနဲ့ … ကိုယ်တို့ဟာ အမြဲတမ်း ချစ်သူတွေပဲ …
အစ်ကို့လက်ကို ကျွန်တော် ဆုပ်ကိုင်လိုက်သည် ။ အစ်ကိုက ကျွန်တော့်ကို ဖက်ပြီး ကျွန်တော့် နှုတ်ခမ်းကို နမ်းရှိုက်လိုက်လေသည် ။
****************************************************
ခွပ် …
မမျှော်လင့်ထားပဲ ဆရာ့လက်သီးက ကျွန်တော့် မျက်နှာကို ကျလာလေသည် ။
ဆရာ … ဘာဖြစ်လို့ …
မင်း တော်တော် ယုတ်မာတဲ့ကောင်ပဲ … ဥက္ကာကို ငိုအောင် လုပ်တယ် … ညကလည်း သူ တော်ရုံနဲ့ မအိပ်လို့ ငါ အိပ်ဆေးပါ တိုက်လိုက်ရတယ် … သည်တလော ဥက္ကာ လုံးဝ ကျောင်းတောင် မတက်နိုင်ဘူး … ငယ်လွန်းသေးတော့ ဘာမှ နားမလည်သေးဘူး … သူ့ကိုယ်သူ သတ်သေဖို့တောင် ကြိုးစားနေတယ် … ဥက္ကာတစ်ခုခု ဖြစ်လို့ကတော့ မင်းကိုငါ ဒုက္ခပြန်ပေးပစ်မယ် … မင်းနားလည်လား စစ်သွေး …
ကျွန်တော် နားလည်ပါတယ် အစ်ကို …
မင်း ဥက္ကာကို နောက် ဘယ်တော့မှ တွေ့ခွင့်မရှိတော့ဘူး စစ်သွေး … ငါ သူ့ကို စင်ကာပူကို ခေါ်သွားပြီး ဟိုမှာပဲ ကျောင်းပြီးအောင် တက်ခိုင်းတော့မယ် … မင်း ဥက္ကာကို ဘယ်တော့မှ မတွေ့စေရတော့ဘူး … ငါ အခုလာတာ မင်းကို သတိပေးမလို့ပဲ … နောက် ဥက္ကာကို ဘယ်တော့မှ ထပ်မတော့ပါနဲ့တော့ … သူ့ကို အဆက်အသွယ်လဲ မလုပ်ပါနဲ့တော့ … ငါ ဆိုလိုတာကို မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ် …
စိတ်ချပါ အစ်ကို … ကျွန်တော် သူ့ကို ထပ်ပြီး ဒုက္ခမပေးရက်တော့ပါဘူးဗျာ …
**********************************************
တိုက်ပဲ တိုက်ဆိုင်တတ်လွန်းသည်ဟု ကျွန်တော် အံ့သြမိရသည် ။ ကိုထွန်းသစ်လင်း သွားမည့်နေ့နှင့် ဥက္ကာသွားမည့်နေ့က တစ်ရက်တည်း ။
ထိုနေ့တွင် လူနှစ်ယောက်ကို ကျွန်တော် လေယာဉ်ကွင်း လိုက်ပို့ရလိမ့်မည် ။ ဘုရားရေ ။ တကယ့်ကို တိုက်ဆိုင်တတ်လိုက်တာ ။ သူတို့စီးမယ့် လေယာဉ်ကလည်း တူတူပဲတဲ့ ။
ထိုနေ့တွင် အစ်ကို့ကို ခဏတာအတွက် နှုတ်ဆက်ရမည် ဖြစ်သော်လည်း ဥက္ကာကိုမူ ကျွန်တော် တစ်ဘ၀လုံးစာအတွက် နှုတ်ဆက်ရတော့မည် ဖြစ်လေသည် ။
******************************************************
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် …
ကျွန်တော့်အရှေ့တွင် ဥက္ကာနှင့် ဆရာတို့ ရှိနေကြသည် ။ ဆရာရှိနေသောကြောင့် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စကားပြောခွင့်မရ ။ သည်ကြားထဲတွင် ကျွန်တော်တို့ အဆက်အသွယ်လည်း မရှိကြ ။ နှစ်ယောက်စလုံး ပြောစရာစကားများ ရင်ထဲ အပြည့်ရှိသော်လည်း ထိန်းသိမ်းထားကြသည် ။
ညီ … ကျန်းမာရေး ဂရုစိုက်နော် …
ဟုတ်ကဲ့ … ကိုကြီးလည်း ဂရုစိုက်ပါနော် …
အင်း … ဟိုရောက်ရင် ကိုကြီးကို စာရေးမယ် မဟုတ်လား …
ဟုတ်ကဲ့ ရေးပါ့မယ် …
ဟေ့ … စစ်သွေး … ဟိုမှာ မင်းရည်းစားလာနေပြီ …
ဆရာ တမင်သက်သက် ဥက္ကာကြားအောင် ကျယ်ကျယ် ပြောလိုက်ခြင်းဖြစ်သည် ။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကိုထွန်းသစ်လင်း ။
ညီ … အစ်ကို ကားပိတ်နေလို့ နည်းနည်း နောက်ကျသွားတယ် …
ကိုကြီး … ကျွန်တော် ပစ္စည်းတွေ သွားထားလိုက်တော့မယ် …
ဥက္ကာက ကျွန်တော်တို့နားတွင် ဆက်မနေချင်တော့ဘူး ထင်သည် ။ ချက်ချင်း ထွက်သွားလေသည် ။
ညီ … အစ်ကို့ကို စောင့်နေမယ် မဟုတ်လား …
သေချာတာပေါ့ အစ်ကိုရယ် …
ချစ်တယ် ညီ … အစ်ကို ပြန်လာခဲ့မှာမို့ နောက်တစ်ယောက် မထားဘဲ စောင့်နေပါနော် …
ကျွန်တော်ပြုံးလိုက်သည် ။ ပြီးတော့ ခေါင်းညိမ့်လိုက်သည် ။
ကျွန်တော် ကတိပေးပါတယ် အစ်ကိုရယ် …
လေယာဉ်ထွက်တော့မှာညီ … အစ်ကို သွားတော့မယ် … အစ်ကို့ကို သေချာပေါက် စောင့်နေပါနော် …
နှုတ်ဆက်ပြီးသည်နှင့် အစ်ကိုလည်း ထွက်သွားတော့သည် ။ ထိုနေရာတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် စောင့်နေရမှာပါ … ။ အစ်ကိုက ပြန်လာမယ်လို့ ပြောခဲ့ပြီပဲ ။ ကျွန်တော်တို့နှစ်ယောက် ဘ၀ကို တည်ထောင်ဖို့ ကျွန်တော် အစ်ကို့ကို သေချာပေါက် စောင့်နေတော့မှာပါ … ။
ပြီး ……………………………….
ဒုတိယ ဇာတ်သိမ်း …
လေယာဉ်ကွင်းမှ ကျွန်တော်ထွက်လာခဲ့သည် ။ ရုတ်တရက် ကျွန်တော့်ကို အနောက်မှ တစ်စုံတစ်ယောက်က သိုင်းဖက်လိုက်သည် ။ ကြည့်လိုက်တော့ ဥက္ကာ … ။
ကိုကြီး … ကျွန်တော် မသွားနိုင်တော့ဘူး ကိုကြီးရယ် … ကိုကြီးကို မခွဲနိုင်လို့ ကျွန်တော် ပြန်လာခဲ့တာ … ကျွန်တော် ကိုကြီးမရှိတဲ့နေရာမှာ ဘယ်လိုမှ မနေနိုင်ဘူး ကိုကြီး …
ကျွန်တော် ဥက္ကာကို အံ့သြစွာ ကြည့်ရင်း ဖက်လိုက်သည် ။ ထို့နောက် ကျွန်တော့်ရင်ခွင်ထဲသို့ ထည့်ထားလိုက်မိတော့သည် … ။
ပြီး ……………………………………
(မိမိကြိုက်ရာဇာတ်သိမ်းဖြင့် သိမ်းနိုင်ပါသည်) … ပြီး … (မင်းခန့်နိုင်)
Jun 6th
ပေကျင်း အချစ်ဇာတ်လမ်း (၂၀)
By ဇာနည်
လင်ကျင့်ဖိန်က အစွမ်းအစရှိတဲ့ အမျိုးသမီးတစ်ဦးပါ။ ကျနော်ကနေတဆင့် အရေးပါတဲ့ ပုဂ0x081ဂိုလ်ကြီးတွေနဲ့ ချိတ်ဆက်ဖြစ်တာ အခုဆိုရင် မစ0x081စတာ ချန်နဲ့ ကျနော့ထက်တောင် ပိုပြီးရင်းနှီးတာမို့ ကျနော့ လုပ်ငန်းအတွက် အကျိုးရှိတာပေါ့။ ကုမ0x081ပဏီမှာ သူ့ရဲ့ ချယ်လယ်မှုတွေများလာလို့ ကျနော့မှာ မကျေမချစ် ဖြစ်ရတယ်။ သူ့ရဲ့ ခေတ်မီတဲ့ ဝတ်စားဆင်ယင်ပုံ၊ သဘောထားကြီးပုံနဲ့ အလှကျက်သရေ တွေမှာ ဟန်ဆောင်မှုကို တွေ့ရလို့ ကျနော့ကို ဆက်ပြီးဆွဲဆောင်နိုင်စွမ်းမရှိတော့ဘူး။ လိင်မှုကိစ0x081စမှာလဲ လုံးဝ အဆင်မပြေတော့ဘူး။
တစ်နေ့ ကျနော်နဲ့ လင်ကျိန့်ဖိန် စကားစမြည် ပြောဖြစ်တော့ သူက ဝေ့ကော်တောင် ပေကျင်းမြောက်ဘက် ဆင်ခြေဖုံး ဧရိယာမှာ လုံးချင်းတိုက် တစ်လုံး ဝယ်လိုက်ပြီတဲ့။
‘တကယ်ဆို ကျမတို့လဲ ဝယ်ထားသင့်တယ်။’ သူကပြောတယ်။
‘ဒီမှာနေတာ ကောင်းနေရက်သားနဲ့။’
‘ဒီလိုတိုက်ခန်းတွေက နိုင်ငံခြားမှာဆို ဆင်းရဲသားတွေမှ နေတာ။’
‘ငါက အဲဒီနေရာ မြို့နဲ့ ဝေးလို့ မကြိုက်တာ။ ရေမီး မမှန်ဘူးလို့လဲ ကြားတယ်။’ ကျနော် စိတ်မပါ့တပါနဲ့ ဖြေနေလိုက်တယ်။
‘ဒါပေမဲ့ အကို အဲဒီမှာ အိမ်တစ်လုံး ရှိတယ်မဟုတ်လား။’
‘အဲဒါ ငါ့အပိုင်မဟုတ်ဘူး သူငယ်ချင်းဆီက ခဏငှားသုံးတာ။’ သူက လန်ယွီရဲ့ တိုက်ကို ပြောတာ ကျနော်သိတယ်။ ဒီမိန်းမ မလွယ်ဘူး။
သူဆက်မပြောဘဲ နေလိုက်တယ်။ ကျနော် သူ့မျက်ဝန်းထဲကနေ သူ့ရဲ့ သဘောရင်းကို ခန့်မှန်းလို့မရနိုင်ဘဲ ဖြစ်နေတယ်။
ပူပျင်းတဲ့ နွေရာသီကုန်ဆုံးသွားလို့ ဆောင်းဦးရဲ့ လေပြေတွေ စတိုက်လို့ လာပါပြီ။ ဒီရာသီကို ကျနော် အနှစ်သက်ဆုံးပဲ။ ပေကျင်းရဲ့ ရှုခင်းအလှဆုံး ရာသီလဲ ဖြစ်တယ်။
ကျနော့ အိမ်ထောင်ရေးကို ဘယ်အချိန်အထိ ဆက်ထိန်းနိုင်မလဲလို့ ကျနော် သံသယဝင်စပြုလာတယ်။ လင်ကျင့်ဖိန်က ကျနော့အပေါ် ကောင်းမြဲကောင်းလျက်ပါ။ ကျနော့ရဲ့ နေ့စဉ်ဘဝကို စောင့်ရှောက်တဲ့အပြင် နေ့တိုင်း ဘာဝတ်ရမယ်ဆိုတာကိုတောင် ဂရုတစိုက်ပါပဲ။ သူက ကျနော့ရဲ့ ဇနီးမယားဆိုတော့ ဥပဒေအရပဲဆိုဆို လူ့ကျင့်ဝတ်အရပဲဖြစ်ဖြစ် သူ့မှာ စွက်ဖက်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုကြောင့်ပဲလား ကျနော် သူ့ကို တနေ့တခြား ပိုလို့ စက်ဆုပ်လာတယ်။ အရင်ပတ်သက်ခဲ့ဖူးတဲ့ မိန်းမတွေလိုပဲ ကျနော် သူ့ကို ငြီးငွေ့လာပြီ။ ကိုယ်ချင်းနီးကပ်နေပေမဲ့ စိတ်သဘောချင်း ကွဲလွဲနေပြီလို့ ကျနော်ခံစားရတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့နဲ့ ကွာရှင်းပြတ်စဲဖို့အထိတော့ စိတ်ကူးမဖြစ်မိသေးဘူး။ တချက်က သူ ကျနော့အပေါ် သစ0x081စာရှိတယ်။ နောက်တချက် အမေ့အပေါ် အရမ်းကောင်းတာမို့ ကျနော့ကို ဖြေသိမ့်မှု ရစေလို့ပါ။ အမေက ကျနော်တို့နဲ့ အတူမနေချင်ဘူး။ တစ်ယောက်တည်းနေတော့ ပိုလွတ်လပ်တယ်တဲ့။ စနေ၊ တနဂင်0x081နွေနဲ့ ပိတ်ရက်တွေမှ အမေ့အိမ်သွားတယ်။ ကျနော်ဟိုမှာ စားရင်စား မစားရင် အိပ်နေတာများတယ်။ လင်ကျင့်ဖိန်က အမေ့နဲ့ဆို ပြောမကုန်နိုင်တဲ့ စကားတွေ။ သူတို့ကြည့်ရတာ သားအမိ အရင်းအချာတွေလိုပါပဲ။ ဒီလိုအချိန်တိုင်း ကျနော် မိသားစုဘဝရဲ့ ပျော်ရွှင်မှုတွေကို ခံစားရတာမို့ အိမ်ထောင်ပြုဖြစ်တာ မှန်သွားတယ်လို့ ကျနော် ထင်မိပါတယ်။
တစ်နေ့ညနေအချိန် နွေးထွေးတဲ့ နေရောင်ခြည် အိမ်ခန်းထဲအထိ ဖြာကျနေတယ်။ ကျနော် တစ်ယောက်တည်း ကုလားထိုင်မှာထိုင်ရင်း မနက်က အလုပ်အတွက် ဆွေးနွေးရာမှာ အလျှော့ပေးလိုက်တာ များသွားသလားလို့ စဉ်းစားနေတယ်။ အမေကတော့ သက်ကြီးပိုင်း သင်တန်း သွားတက်တယ်ဆိုလား တရုတ်ပန်းချီးကို ဝါသနာပါလာလို့ အခန်းထဲမှာ ပန်းချီဆွဲ လေ့ကျင့်နေရဲ့။
‘မင်းတို့ ကလေးမယူသေးဘူးလား။ ဘာအချိန်ဆွဲနေတာလဲ။’ အမေက ဆွဲရင်း မေးတယ်။
‘ကျနော် မလိုချင်တာမဟုတ်ဘူး။ သူကမလိုချင်တာ။’
‘ကျင့်ဖိန်က ငါ့ကို ပြောနေတယ်။ မင်းက အားတက်သရော မရှိတာတဲ့။’ အမေ ကျနော့ကို စိုက်ကြည့်တယ်။
‘သူလျှောက်ပြောနေတာကို နားမဝင်စမ်းပါနဲ့။’ ကျနော် ဒီအကြောင်း မပြောချင်ဘူး။ ကျနော်နဲ့ လင်ကျင့်ဖိန် မျိုးဥကျချိန်မှပဲ အတူနေဖြစ်တော့တယ်။ ဒါပေမဲ့ အခုထိ ကိုယ်ဝန်မရသေးဘူး။
‘မင်းတို့ စကားများထားလို့လား။’
‘မများပါဘူး။’
တအောင့်နေတော့ အမေက ပန်းချီကို ဆက်ဆွဲရင်း ‘ကျင့်ဖိန်က မင်းမပေါ် မဆိုးဘူး။ သည်းညည်းလဲခံနိုင်တယ်။ မင်းဟိုကိစ0x081စမျိုးကိုတောင် ငြိုငြင်တယ် မရှိဘဲ မင်းအတွက် စိတ်ပူနေတာ။ မင်းဘာပြုလို့ မမြင်မှန် မရသေးတာလဲ။’
ကျနော် လန့်သွားတယ်။ ဒါပေမဲ့ အမေ မရိပ်မိအောင် စိတ်ကိုထိန်းရင်း ထိုင်ရာက ထလို့ ဧည့်ခန်းဘက်လှည့်လို့
‘နဂိုကတည်းက ဘာမှမဟုတ်တာကို အမေတို့က ရေးကြီးခွင်ကျယ်လုပ်နေတယ်။’
‘ငါတို့ အပြတ်ရှင်းလိုက်လို့ ဟိုငနဲလေး မင်းကို လာမတွေ့ရဲတော့တာ။’
ကျနော့ရင် ဒိတ်ကနဲခုန်သွားတယ်။ လက်ထဲက အကြမ်းရည်ခွက်ကို တင်းတင်းဆုပ်လို့။
‘အမေက ဖက်စ်ကို ပြောတာလား။’ ကျနော်စိတ်ထိန်းပြီး မေးလိုက်တယ်။
‘ကျင့်ဖိန်ထုတ်တဲ့ အကြံလေ။ အစက အဲဒီငနဲလေးကို မင်းကိုလာမတွေ့နဲ့ လာတွေ့ရင် သူ့အထက်အရာရှိနဲ့ သွားတိုင်မယ်လို့ ပြောမလို့။’
စက0x081ကန့်ပိုင်းလောက် ကျနော် ငြိမ်သက်သွားပြီးနောက် လက်ထဲက ခွက်ကို နံရံပေါ် အားကုန် ပစ်ပေါက်လိုက်ပြီး အခန်းထဲက ပြေးထွက်ခဲ့တယ်။ အမေက ကျနော့ကို အော်ခေါ်နေတာ ကြားပေမဲ့ ကျနော် နောက်ပြန်မလှည့်ဘဲ ထွက်လာခဲ့တယ်။
……………………….
အချိန်က ညနက်သန်းခေါင်။ ဘားထဲက ထွက်လာပြီး ကားကို ဦးတည်ရာမဲ့ မောင်းလာတာ နောက်ဆုံးတော့ မြို့မြောက်ဘက် ဆင်ခြေဖုံးဆီ ရောက်လာတယ်။ ကျနော် ပေအိုးကို မပြန်ဖြစ်တာ တစ်နှစ်လောက် ရှိတော့မယ်။ လန်ယွီနဲ့ လမ်းခွဲပြီးနောက် ဒီအိမ်ထဲ ခြေပြန်ချဖို့ ကျနော် သတ0x081တိမရှိဘူး။ နောက်ပြီး ကျနော့အပိုင်လဲ မဟုတ်တော့ဘူးလေ။
မော်တာတပ်ထားတဲ့ သံတံခါးက တအိအိနဲ့ ပွင့်လာတယ်။ ကားကို ဂိုဒေါင်ထဲ မောင်းဝင်လိုက်တယ်။ ဘယ်ဘက်က ကျနော့ကားအတွက်ပါ။ ညာဘက်က ဂိုဒေါင်တံခါးကို ဖွင့်လိုက်တော့ လန်ယွီရဲ့ အဖြူရောင် Lexus ကားကို တွေ့ရတော့ သူအိမ်မှာ ရှိများနေမလားဆိုပြီး ဝမ်းသာမိတယ်။ ကျနော် အပြေးလေးနဲ့ တံခါးဖွင့်လိုက်တော့ လူမနေတာကြာလို့ ဖုန်နံ့၊ မှိုနံ့တွေ နှာခေါင်းထဲ တိုးဝင်လာတယ်။
‘လန်ယွီ။ လန်ယွီ။’ ကျနော်အော်ခေါ်လိုက်ပေမဲ့ ပြန်ထူးသံ မကြားရဘဲ အိမ်ခန်းထဲမှာ ထူးထူးခြားခြား တိတ်ဆိတ်လို့နေတယ်။
ကျယ်ဝန်းလှတဲ့ ဧည့်ခန်းက သပ်သပ်ရပ်ရပ်ပါပဲ ဆက်တီပေါ်မှာ ကျနော်တို့ လမ်းခွဲတဲ့နေ့က ဆေးလိပ်ဘူး အတိုင်းသား ရှိနေတယ်။ ကျနော် မီးဖိုချောင်နဲ့ ထမင်းစားခန်းဘက်ထဲ ရောက်လာတယ်။ အဲဒီနေ့က စားပွဲပေါ်မှာ လန်ယွီရဲ့ အအေးဗူးထဲက အအေးတခိျု့ ဖိတ်စင်ခဲ့တာ မှတ်မိသေးတယ်။ ဒါပေမဲ့ အခုတော့ ပြောင်စင်လို့ နေပါပြီ။ ကျနော်တို့ အတူနေတုန်းက အိမ်မှုကိစ0x081စကို ကျနော် လုပ်တာ နည်းတယ်။ လန်ယွီကလဲ ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပေမဲ့ ထမင်းဟင်းချက်တာကလွဲလို့ သူပဲ ဒိုင်ခံလုပ်ခဲ့တာပါ။ သူက သန့်သန့်ပြန့်ပြန့် နေတတ်တယ်။ ပစ0x081စည်းတွေကိုလဲ သူ့နေရာနဲ့သူ သိမ်းဆည်းတတ်တယ်။ သူက ဒါဟာ အင်ဂျင်နီယာတွေရဲ့ စရိုက်တဲ့။
ကျနော် အိပ်ခန်းထဲဝင်လာပြီး ကျနော်တို့ ပွဲကြမ်းခဲ့ဖူးတဲ့ ကုတင်ကို ငေးကြည့်မိတော့ ကျနော့မျက်လုံး ကြိမ်းစပ်လို့လာတယ်။ လန်ယွီရဲ့ ဗီရိုကို ဖွင့်ကြည့်တော့ အထဲမှာ အဝတ်အစားတွေ ကျန်နေတုန်း။ လန်ယွီမှာ အကျင့်တစ်ခုရှိတယ်။ သူကြိုက်တာဆို ထပ်ခါတလဲလဲ ဝတ်တတ်ပေမဲ့ မကြိုက်တဲ့ အဝတ်အစားဆိုရင် ဘယ်လောက်နာမည်ကြီးတဲ့ တံဆိပ်ပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ကောင်းကောင်း သူက မဝတ်ဘဲနေတယ်။
ကျနော် ဟိုဟိုဒီဒီကြည့်ရင်း ကျနော်တို့ အတူနေခဲ့တဲ့ အချိန်အခါတွေကို ပြန်သတိရနေမိတယ်။ အလုပ်ခန်းထဲရောက်တော့ အရင်ကထက် ပိုပြီး ကျယ်နေသလိုပဲ။ ဘာလိုနေသလဲ ကျနော်လဲ မပြောတတ်ဘူး။ ကျနော် စာဖတ်ခန်းထဲ ဆက်သွားတယ်။ ဒီအခန်းကို ကျနော်အသုံးနည်းတယ်။ လန်ယွီသာ ဒီမှာ စာဖတ်နေကျ။ တစ်နေ့ သူစာဖတ်ခန်းထဲကနေ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်တာ အတည်ကြီးနဲ့ ပြောနေတာတွေ့တော့ သူ့ကို ကျီးစားချင်စိတ်ပေါက်တာနဲ့ သူ့ဆီ တိတ်တိတ်လေးသွားပြီး အားကစားဘောင်းဘီကို ဆွဲချွတ်လိုက်တယ်။ သူလန့်ပြီး ဘောင်းဘီကို ပြန်ဆွဲရင်း မျက်မှောင်ကုတ်ပြီး ကျနော့ကို စိုက်ကြည့်တယ်။ ဖုန်းပြောကတော့ မပျက်ဘူး။ သူ့အမူအရာကို ကျနော် သဘောတွေ့နေတာနဲ့ သူ့အကင်0x081ျီကို ချွတ်ဖို့ ကြိုးစားတော့ သူ အားနေတဲ့ လက်နဲ့ အားကုန်တားတယ်။ ကျနော်သူ့ ကိုယ်ကို ပွတ်သပ်ပြီး သူ့ကို နမ်းတယ်။ နောက်တော့ သူ ကျနော့ကို အရေးမလုပ်ဘဲ ကျနော် ပြုသမျှကို ခံနေတယ်။ နောက်ဆုံးမှာတော့ တယ်လီဖုန်းကို ကမန်းကတန်းချပြီး ကျနော့ကို ပွေ့ဖက်လို့ ကြမ်းပြင်ပေါ် တွန်းလှဲလိုက်တယ်။ …….. ကျနော် ဆက်ပြီး မတွေးချင်တော့ဘူး။ ကျနော့မျက်လုံးတွေ ပိုကြိမ်းလာသလိုပဲ။
ကျနော် အခန်းထဲက ထွက်မယ်လုပ်တော့ စာရေးစားပွဲပေါ်က သော့တစ်တွဲကို တွေ့တယ်။ အဲဒါက လန်ယွီရဲ့ ကားသော့ပါ။ ကျနော်နဲ့ လန်ယွီ ဟောင်ကောင်မှာ ဟောင်ကောင်ဒေါ်လာ ၂၀ ပေးပြီး စာလုံး ထွင်းခဲ့တာ။ သော့ပြား အပေါ်ဘက်မှာ အသည်း နှစ်ခု ထပ်ထားတဲ့ပုံနဲ့ အောက်ဘက်မှာ L&H ကို ထွင်းထားတယ်။ အဲဒီတုန်းက တပုံစံတည်း နှစ်ခု ဝယ်ခဲ့တာပါ။ ကျနော့ဟာတော့ ဘယ်ဆီနေမှန်း မသိတော့ဘူး။ ဒါပေမဲ့ လန်ယွီက ဒီသော့တွဲကိုပဲ စွဲစွဲမြဲမြဲ သုံးခဲ့တာ။ အပေါ်ဆုံး အံဆွဲက ဟနေတာတွေ့လို့ ဆွဲဖွင့်လိုက်တော့ အထဲမှာ ပေအိုးရဲ့ အိမ်ဂရမ်၊ မြေဂရမ်၊ အာမခံ စတဲ့ စာရွက်စာတမ်းအားလုံးနဲ့ ဘေးမှာ ပေအိုးရဲ့သော့၊ မိုဘိုင်းဖုန်းတွေကို တွေ့ရတယ်။ ကျနော် အရူးတစ်ယောက်လို့ တခြားအံဆွဲတွေကိုလဲ ဆွဲဖွင့်ပြီး စာ တစ်စောင်တလေများ တွေ့လိုတွေ့ငြား လှန်လှောရှာကြည့်ပေမဲ့ ဘာမှ မတွေ့ရပါဘူး။
ကျနော် စိတ်ပန်းလူပန်း ဖြစ်ပြီး ကုတင်ပေါ် လှဲနေလိုက်တယ်။ လန်ယွီ မင်းဒီလို မလုပ်သင့်ဘူးထင်တယ်။ မင်းက ငါ့ကို တသက်လုံး ကိုယ့်ကိုယ်ကို အပြစ်တင်စေချင်တာလား။ ငါက တည်ကြည်ဖြောင့်မတ်တဲ့ လူတစ်ယောက်မဟုတ်ပေမဲ့ မေတ0x081တာတရား ခေါင်းပါးတဲ့ လူမဆန်သူလဲ မဟုတ်ပါဘူး။ …….. ကျနော်တွေးရင်း အိပ်မောကျသွားတာ ဖုန်းသံမြည်မှ ပြန်နိုးလာတယ်။
……………….
‘မင်းဘာမှ မဖြစ်ဘူးမဟုတ်လား။ မင်းအမေနဲ့ လင်ကျင့်ဖိန်တို့က မင်းကို ရှာမတွေ့လို့ စိတ်ပူနေတာ။’ လှျိုကျိန်းက စိတ်ပူပူနဲ့ပြောတယ်။
‘သူတို့ကိုပြောလိုက်။ ငါမသေသေးဘူးလို့။’ ကျနော် လှျိုကျိန်းပြန်ပြောတာကို မစောင့်ဘဲ ဖုန်းချလိုက်တယ်။
ဘာမှမဖြစ်သလိုနဲ့ အမေနဲ့ လင်ကျိန်းဖိန်ကို ကျနော် အရင်အတိုင်းပဲ ရင်ဆိုင်လိုက်တယ်။ အဲဒီကောင်လေးက ကျနော့အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ သူတို့ကို ပြောပြလို့ မဖြစ်ဘူး။ သူတို့ရဲ့ အပြုအမူက ဘယ်လောက်အထိ အောက်တန်းကျတယ်လို့လဲ အပြစ်တင်လို့ မဖြစ်ပြန်ဘူး။ အမေ့ကိုလဲ အဲဒီကောင်လေးအတွက် စိတ်ဆိုးလို့ ရေခွက်ကို ပစ်ပေါက်တာမဟုတ်ပဲ လင်ကျင့်ဖိန်ကို စိတ်ဆိုးလို့ပါလို့ ညာလိုက်မိတယ်။
ကျနော် အအေးမိပြီး ဖျားတယ်။ ဆေးတွေ သောက်ပေမဲ့လဲ ကောင်းမလာဘူး။ တစ်လကြာပြီးတော့ ဆေးမတိုးတဲ့ ရောဂါများ ရနေပြီလားလို့ ဘာသာတွေးမိတယ်။ ကျနော် ဖျားနေတဲ့ကာလထဲ လင်ကျင့်ဖိန်က ကျနော့ကို ကိုယ်ဖိရင်ဖိ လိုလေသေးမရှိအောင် ပြုစုပါတယ်။ အမေကတော့ လန်ယွီအကြောင်း လုံးချင်းတိုက်အကြောင်းဆက်မေးနေသေးတော့ ကျနော်က ကျနော် ဒီတောင်က ကျော်နိုင်ပါ့မလားတောင် မသိဘူး ဆက်မမေးပါနဲ့တော့လို့ ပြောလိုက်မှပဲ ပါးစပ်ပိတ်သွားတော့တယ်။ ၂ လလောက်ကြာမှ ကျနော် နေပြန်ကောင်းလာတယ်။ နေကောင်းလာတာနဲ့ ကျနော် လင်ကျင့်ဖိန်နဲ့ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်လိုက်တယ်။
Apr 16th
ကျနော့်ရဲ့ညီငယ် (အပိုင်း ၄)
By Y Cho
တနေ့ ကျနော်တို့ကျောင်းမှာ မေဂျာပတ်လည် ဘောလုံးပွဲလုပ်တော့ ကျနော်တို့ညီအကို၂ယောက်သွားအားပေးကြတယ်။
အဲဒီပွဲမှာ နေလင်းက ဂိုးသမား…သူရက တိုက်စစ်မှုး ။ ဒင်းတို့က အခန်းထဲက ကောင်မလေးတွေရဲ့ အသည်းကျော် ဘောသမားလေးတွေပေါ့ဗျာ။ကျနော်တို့မေဂျာနဲ့တခြားမေဂျာနဲ့ကန်တာ …ပွဲစဉ်ဒုတိယပိုင်းမှာကျနော်တို့မေဂျာက ၃း ၁ နဲ့အသာစီးရထားတယ်။ ပွဲပြီးခံနီးကျတော့ သူရနဲ့ဟိုဘက်ခြမ်းက ဖိုက်တာ ပေါက်စီနဲ့ညိကြပါလေရော။ အဲဒီမှာတင် ဆွဲထိုးကြတော့ ကျောင်းသူတွေကလည်းအော်၊ ဆရာတွေလဲကွင်းထဲပြေးဆင်းသွားကြတယ်။
ကျနော်လဲ ကျနော်ဘော်ဒါတွေရန်ဖြစ်နေပြီ ဆိုတဲ့အသိနဲ့ကွင်းထဲပြေးဆင်းလာခဲ့တယ်။ ပြည့်ပြည့်ကျနော်အင်းကျီကိုလှမ်းဆွဲတာကိုလည်းကျနော်သတိမထားနိုင်တော့။သူတို့နားရောက်တော့သူရနဲ့နေလင်းကဟိုကောင်တွေနဲ့ထိုးနေကြပြီ။ကျနော်လည်း သူရနဲ့ပေါက်စီကို ကြားဝင်ဖြန်ဖြေပြီး အတင်းဝင်ဆွဲတာ ရုတ်တရက်သူရကိုထိုးလိုက်တဲ့ ပေါက်စီရဲ့လက်သီးက ကျနော်နံကြားကို တည့်တည့်ကြီးဝင်အောင်းတော့တာဘဲ။ ကျနော်လဲ မျက်စိတွေပြာဝေသွားပြီး နံကြားကိုလက်နဲ့ဖိရင်း အဲဒီနေရာမှာတင်ထိုင်ချလိုက်တယ်။အဲဒီအချိန်မှာဆရာတွေလဲအနားရောက်လာပြီ။ဘယ်အချိန်ထဲကဆင်းလိုက်လာမှန်းမသိတဲ့ ပြည့်ပြည့်က ပေါက်စီနံကြားကို နောက်ကနေ ဘယ်ပြန်ညာပြန်ဆင့်ပြီးထိုးလိုက်တာ ပေါက်စီ…အင့်.ဆိုတဲ့အသံဘဲထွက်နိုင်တယ်။ခွေခနဲ့ထိုင်ကျသွားတယ်။ကျန်တဲ့ကောင်တွေကပြည့်ပြည့်ကိုဝိုင်းပြီးအမဲဖျက်မဲ့ဟန်နဲ့သူ့ဆီကိုပြေးလာကြတယ်။ကျနော်လည်းနာနေတာကိုဘေးချိပ်ပြီး……ပြည့်ပြည့်ရှေ့မှာပိတ်ပြီးကာထားလိုက်တယ်။
“…..ဟေ့ကောင်တွေ…မထိနဲ့…ငါ့ညီကိုလုံးဝမထိနဲ့....” (ကျနော်အားကုန် အော်လိုက်တယ်။)
“….ဟေ့…တော်တော့…ရပ်လိုက်တော့ …မင်းတို့..ဘောလုံးပွဲကိုဒီလိုဘဲအဆုံးသတ်ချင်တာလား..ပြော….ခွီးမှဘဲ….”
(ဌာနမှုးက ပြောတာပါ။ )
“…မဟုတ်ဘူးဆရာ …ကျနော်မကျေနပ်ဘူး..ဒီကောင်ကဘာလဲ…. သူနဲ့ဘာဆိုင်လဲ….Junior က seniorကိုဝင်ဖြဲတယ်..ကျနော်လုံးဝမကျေနပ်ဘူး.. "   ။(ပေါက်စီမကျေမနပ်နဲ့ ဆရာကိုပြောနေတာပါ…။)
“…ဆရာ ..ဒါကျနော့်ညီပါ…ကျနော်အထိုးခံရလို့ သူဝင်ချတာပါ…ပြီးတော့ကျနော်ရန်ဖြစ်တာမဟုတ်ဘူးဆရာ…ဝင်ဆွဲတာပါဆရာ..."
“…အေး…မင်းတို့အားလုံးတော်တော့ …. ဒါမှမကျေနပ်သေးလို့ ထပ်ဖြစ်ရင်ငါ့အကြောင်းသိမယ်…ရှင်းသန့် ……မင်းလဲမင်းညီခေါ်ပြီးပြန်တော့…”
“…ဟုတ်ကဲ့ဆရာ….”
ထိုနေ့ညရောက်တော့ ပေါက်စီတို့ ၅ယောက် ကျနော်တို့အဆောင်ရှေ့ကိုရောက်လာသည်။သူတို့ကဆဲဆိုနေတော့
ဟိုဘက်ဆောင်က ကောင်မလေးတွေ ဝရံတာကိုထွက်ပြီးဝိုင်းအုံပြီးကြည့်နေကြသည်။
“…ဟေ့ကောင်…ရှင်းသန့်အောင်….ရှင်းသန့်အောင်ရှိလား…"
အဲဒီအချိန်မှာ ပြည့်ပြည့်က ကျနော်ကို ဒဏ်ကြေဆေးလိမ်းပေးနေတာပါ။ အသံကြားတော့ သူက အခန်းတံခါးဖွင့်ပြီးအရင်ထွက်သွားတော့ ကျနော်က နောက်ကအတင်းလိုက်ရတယ်။
“….ပြည့်ပြည့် အထဲမှာနေ….သွား……..အပြင်ကိုလုံးဝထွက်မလာနဲ့…အကိုရှင်းမယ်..ဒီကိစ္စကို…”
“…ဟာ…..ဘာလဲဗျ..လူလူချင်း..သူ့ကိုကြောက်နေရမှာလားဗျ……”
“….သွားဆိုသွားလိုက်ကွာ…အကိုပြောနေတယ်နော်…..”
ကျနော်လည်း အဆောင်ပြင်ကိုထွက်လိုက်တယ်။ သူတို့လည်းကျနော်ပုံစံကို ကြည့်နေကြတယ်။
ဟုတ်တယ်လေ…ဒီကောင်ထိုးထားလို့ အခုကျနော်ဆေးလိမ်းထားရတယ်။အင်းကျီဟပြဲနဲ့ ဆေးနံ့တွေမွှန်လို့။
“……ပေါက်စီ ….ဘာအတွက်နဲ့မင်းက ဒီလောက်တောင်မိုးမွှန်အောင်ဆဲနေရတာလဲ …. ဒီမှာဆေးလိမ်းထားတဲ့ငါ့ပုံစံကိုမင်းမြင်တယ်နော်..မင်းကငါ့ကိုထိုးတယ်…အဲဒါကြောင့်ငါ့ညီကမင်းကိုပြန်ထိုးတယ်..ကြေပြီလေ..မင်းအေးအေးပြန်သင့်ပြီသူငယ်ချင်း……”
“..မင်းညီကိုအခုအပြင်ထုတ်ပေး…ငါတို့ဒီကောင်နဲ့စာရင်းရှင်းရမယ်…”
“..မင်းရှင်းချင်ရင်ငါနဲ့အရင်ရှင်း..”
“…မင်းနဲ့မပြောဘူး…ဟိုသူတောင်းစားနဲ့ငါရှင်းချင်တယ်..အခုခေါ်ထုတ်ပေး…ပေါက်စီဘာကောင်လဲသိတယ်နော်….”
“…မင်းဟာမင်းဘာကောင်ဘဲဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူး…..မင်းငါ့ညီကိုတော့ထိဖို့မစဉ်းစားနဲ့…သူနဲ့ရှင်းချင်ရင်ငါနဲ့အရင်ရှင်း
မှရမယ်……”
ထိုအချိန်တွင်ပြည့်ပြည့်အဆောင်ထဲကထွက်လာသည်။
“….ပြည့်ပြည့်…..ငါမင်းကိုထွက်မလာခဲ့နဲ့လို့ပြောနေတယ်နော်……”(ကျနော်အသံက တော်တော်လေးကျယ်လောင်စူးရှပါတယ်)
အဆောင်ပိုင်ရှင် အဖိုးကြီး ၊ အဖွားကြီးတွေလည်း အရှေ့ကိုရောက်လာကြပြီးဝိုင်းဖျန်ဖြေတယ်။အဆောင်ကကောင်တွေကလည်း ယောက်၂၀လောက်ရှိတယ် အကုန်ထွက်လာကြတာ။
“…မင်းက ငါ့ကိုထိုးလို့ ငါ့ညီက မင်းကိုထိုးတယ်…။ မင်းက အခုငါ့ညီကိုရန်လာမူနေတာ ငါကလက်ခံရမှာလား…senior /Junior တွေဒီနေရာမှာ ပြောလို့မရဘူးဟေ့ကောင်…အကိုထိရင်တော့ ဘယ်ညီမျိုးကမှလက်မခံဘူး…..အေး..ညီကိုထိရင်လည်း..ဘယ်အကိုမှ ငြိမ်ခံနေမှာမဟုတ်ဘူးဟေ့ကောင်….မင်းလုပ်လို့ငါခံရတာကို ငါကျေအေးတယ်နော်..
သူဟာငါ့ညီဖြစ်နေတဲ့အတွက်သူလုပ်ခဲ့တာကို..မင်းလည်းကျေအေးရမယ်……”
“….အေး…မင်းညီကို..ကျောပိုးအိပ်ထဲထဲ့ပြီးလုံအောင်သိမ်းထား…ငါနဲ့ထိပ်တိုက်မတွေ့စေနဲ့…တွေ့လို့ကပေါက်စီ
ဘာကောင်လဲသိမယ်….”
“….အေး..ငါကလဲ…ငါ့ညီကိုထိတဲ့ကောင်က ငါ့ရန်သူဘဲပေါက်စီ….”
ပေါက်စီနဲ့အတူပါလာတဲ့ကောင်တွေကလဲ ပထမတော့ ဖြဲမယ်ဆိုပြီးလာတာ ၊နောက်တော့ ပေါက်စီကိုချော့ပြီးပြန်
ခေါ်သွားကြတယ်။အဆောင်ထဲပြန်ရောက်တော့ အားလုံးက ဝိုင်းပြီးပြည့်ပြည့်ကို ဩဘာပေးကြတယ်။
“….ဖိုးပြည့်ရာ…မင်းကွာ..ဒီရာဇဝင်လူဆိုးကိုမှ သွားလုပ်တယ်…တကဲ့ကောင်…”
“…လုပ်မှာပေါ့ဗျ..သူကကျနော့်အကို ကိုထိုးတာကိုး….သူ့ဟာသူဘာကောင်ဖြစ်ဖြစ်..ဒါမျိုးတော့မရဘူး..မလာနဲ့….”
“…အေး… အဲဒီလိုမိုက်ကန်းကန်းကြပ်ကြပ်လုပ်..တွေ့လားဟိုကောင်ကျိန်းသွားတာ……”
“….ကျိန်းပေါ့…ကြောက်စရာလားဗျ…..ဟွန်း..သူဘဲ...ခုဏကတော့ …အော်လိုက်တာ ခြင်္သေ့ကြနေတာဘဲ….အခုမှ…”
“…ဟ..ကြောက်ဖို့ပြောနေတာမဟုတ်ဘူး….အခြေနေနဲ့အချိန်ခါကိုနားလည်ရတယ်…လူမိုက်နဲ့ပြိုင်မမိုက်ရဘူး…
နားလည်လား…..လူလူချင်းဘယ်သူဘယ်သူ့ကိုမှကြောက်စရာမလိုဘူး…ဒါပေမဲ့ပြေရာပြေကြောင်းတော့ အရင်ရှင်းရမယ်…အဲဒါကိုပြောတာ …”
“ကဲပါကွာ..တော်ကြတော့…..ဟိုကောင်နဲ့မဖြစ်ရဘဲ..မင်းတို့ညီကိုနှစ်ယောက်ဖိုက်ရတော့မယ်……”
မတ်လ (၂၁)ရက်နေ့ရောက်တော့သူ့ရဲ့ (၁၉)နှစ်ပြည့်မွေးနေ့ ကျနော်နဲ့သူ အစောကြီးအိပ်ယာထပြီး ဘုရားသွားကြတယ်။
ညဘက်ထဲက နာရီ ကိုမနက် ၅နာရီ Alarmပေးထားတာ။အစောကြီး စက်ဘီးတစ်စီးနဲ့ ၂ယောက်သားဘုရားကိုလာခဲ့ကြတယ်။ ဘုရားပေါ်ရောက်တော့ စောသေးလို့နဲ့တူတယ် လူတွေကရှင်းနေတယ်။တန်ဆောင်းကြီးမှာ ဘုန်းကြီးတွေ ဘုရားဝတ်တက်နေကြတာတွေ့ရတယ်။ ကျနော်နဲ့ပြည့်ပြည့်လည်း ဘုန်းဘုန်းတွေနောက်နားကို သွားထိုင်ပြီး ဘုရားဝတ်ပြုလိုက်တယ်။ ကျနော်က ဘုရားဝတ်ပြု ပြီးတော့သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့ မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကလဲလှုတ်စိလှုတ်စိနဲ့ ဘုရားရှိခိုးနေတာကြည့်ရတာတကယ်ကျက်သရေရှိတယ်ဗျာ။တကယ်ကိုအပြစ်ကင်းစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ကျနော့်ညီပါ။ ဝတ်ထားတဲ့ လက်ကတုံးအဖြူလေးနဲ့ ကချင်ကွက်ပုဆိုးလေးက တကယ်ခန့်တယ်။အဲဒီနေ့က သူနဲ့ကျနော်ဆင်တူဝတ်ထားကြတာလေ။ Gentle Men လေးတွေပေါ့ဗျာ။း)း)း) သူက ကြာသပတေးသားဆိုတော့ ကြာသပတေးဒေါင့်မှာ ဆီမီး၁၉ တိုင်ထွန်း၊ အမွှေးတိုင်ထွန်း ၊ ဂြိုလ်တိုင်မှာဆုတောင်းတာတွေလုပ်နေတော့ ကျနော်က ဝိုင်းကူပေးပြီးအနားမှာသူ့ကိုထိုင်စောင့်နေလိုက်တယ်။ရှိခိုးလို့ပြီးသွားတော့ကျနော့်ဘက်လှည့်ပြီး..
  “….ဘာကြည့်နေတာတုန်းဗျ…ချောလို့လား ..ဟဲဟဲ….”
“….အင်း…ချောလို့……း)………ငါ့ညီမျက်နှာကြည့်ရတာ ဒီနေ့တော်တော်ကျက်သရေရှိတယ်ကွာ…တော်တော်ခန့်နေတယ်.."
း) ..ဒါဆို..အရင်နေ့တွေက ကျက်သရေမရှိဘူးပေါ့…အဲလိုပြောချင်တာလား……”
“……ဟားဟားဟား……းD…. လုပ်ပြီ…ဆရာသမားကတော့…..”
“…..အကိုလည်း ဒီနေ့တော်တော်ချောနေတယ်ဗျ….သားဆီက..အရောင်တွေဟတ်နေလို့တူတယ်…ဟားဟား…”းD
“……အင်း..ဟုတ်မှာပေါ့…အနားကစိန်နားကတ်ကြီးကြောင့်..ပါးပြောင်လာတာနေမှာပေါ့…….”းD 
"ဒါဆို သားက အကို့အတွက် စိန်နားကတ်ကြီးလို အဖိုးတန်တယ်ပေါ့ ..."
"ဘာစိန်လဲသိလား..." (ကျနော်ပြုံးပြီးမေးလိုက်တယ်)
"ဘာစိန်လဲ .."
"...ရုရှားစိန်....ဟားဟား..."
"...အင်...လုပ်ပီကြည့်...ဒီကကောင်က အကောင်းမှတ်လို့နားထောင်နေတာဗျ..."
" စတာပါကွာ... ညီလေးက..အကို့အတွက် စိန်ထက်မက အဖိုးတန်တဲ့ညီလေးပါ...တကယ်
ပြောတာ ..အတည်..လုံးဝမနောက်ဘူး...ဘာနဲ့မှနှိုင်းလို့မရတဲ့ အဖိုးတန်ရတနာလေး.."
ကျနော်ပြောတာကို သူတော်တော်လေးသဘောကျသွားတယ်ဗျ။ညီလေးပျော်ရင် အကိုလည်းပျော်ပါတယ် ပြည့်ပြည့်ရာ။ တကယ်ပါ။
၂ယောက်သား ရီရီမောမောနဲ့ လျှောက်လာကြတုန်း ဇာခြည်သိန်းနဲ့မျက်နှာချင်းဆိုင် တဲ့တဲ့တွေ့ပါလေရောဗျာ။ ကျနော်ကလည်း ချောကလက်ကိစ္စက သူပေးတာလို့ရဲဝံ့ကပြောထားတော့ ခေါ်ရမှာ ရှိုးတိုးရှန်းတန်းနဲ့၊သူကလဲ ကျနော်တို့ကိုရုတ်တရက်တွေ့တော့ ကြောင်ပြီးကြည့်နေတယ်။ခဏကြာတော့ ကျနော်ကဘဲစပြီးခေါ်လိုက်တယ်။
“…သူငယ်ချင်း အစောကြီးဘုရားလာတာလား…”
“…..အင်း…..ဒီနေ့ငါ့မွေးနေ့လေ…အဲဒါ ဘုရားလာရှိခိုးတာ….ဟိုဘက်နားမှာအေးသိမ့်တို့ရှိတယ်..သူတို့လည်းလိုက်လာကြတာ….”
“….ဩော်…ငါ့ညီလဲဒီနေ့သူ့မွေးနေ့လေ…ငါတို့လည်းဘုရားလာကြတာ…သွားမယ်နော်သူငယ်ချင်း…”
“….အင်း…ကောင်းပါပြီ….”
ကျနော်လည်း ပြည့်ပြည့်ပုခုံးကိုဖက်ပြီး သူ့အနားကထွက်လာခဲ့တယ်။ခပ်လှမ်းလှမ်းရောက်တော့ ပြည့်ပြည့်က..
“…..ဟွန်း…..ကျနော့်အကို ကိုများကြည့်နေလိုက်တာ ..ခြေဆုံးခေါင်းဆုံး…….”
“….ဟေ့စောစောစီးစီး…မိုးမလင်းသေးဘူး….သူများအတင်းအုပ်တော့မယ်…ခုလေးတင်ဘုရားရှိခိုးထားတာနော်မွေးနေ့ရှင်”.
“….အင်း….ကြည်နူးနေတာမှတ်လား….ဘုရားမှာ လိပ်ဥ ဟဲဗီးကြီးနဲ့တွေ့လိုက်ရလို့…..”
“….ဟာကွာ…..ပြည့်ပြည့်…မဖေါက်နဲ့ကွာ…...ဆုံနေကျ (လက္ဘ်ရည်ဆိုင်)မှာ သွားထိုင်ရအောင်…စောသးတယ်..အချိန်ရသေးတယ်…..”
ညနေပိုင်းရောက်တော့ အဆောင်မှာ Dinner Party လုပ်ကြတယ်။ အဆောင်မှာရှိတဲ့လူဦးရေအတိုင်း စားသောက်ဆိုင်က
ခေါက်ဆွဲကြော်ဗူးတွေမှာ ၊အချိုးရည်ဗူးတွေမှာပြီး အဆောင်မှာ စားကြသောက်ကြတယ်။ သူရက DJလုပ်ပြီး သီချင်းတွေဒိုင်ခံ
ဖွင့်ပေးတယ်။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့စားကြသောက်ကြ ရီမောကြ စကြနောက်ကြနဲ့ တစ်ဆောင်လုံးဆူညံနေတာဘဲ။
Birthday Cake ကိုကျနော်က မြို့ထဲကသွားမှာခဲ့တာ.. “ Happy Birthday Pyie Pyie” ဆိုတဲ့စာတန်းလေးနဲ့ပါ။ cakeပေါ်မှာ
ဖယောင်းတိုင် ၁၉တိုင်ထွန်းပြီးတော့ မီးစမှုတ်ပါတယ်။ ကျနော်က စပြီး ..”Happy Bithday to u , Happy Birthday Pyie Pyie”
လို့ စဆိုလိုက်တော့ ကျန်တဲ့ကောင်တွေကလဲ ညာသံပေးပြီးဝိုင်းဆိုကြတယ်။ လက်ခုပ်တွေတီးပြီး ဆူညံနေတာဘဲဗျာ။ အဆောင်ရှေ့က ဖြတ်သွားသူတိုင်း လှည့်ကြည့်သွားကြမှာသေချာတယ်။ကျနော့်ရဲ့ Birthday Boy ကဒီနေ့တော်တော်လေး
ချစ်စရာကောင်းနေတယ်ဗျာ။ Girodano Tshirt အဖြူလေးနဲ့ဂျင်းဘောင်းဘီကွာတား လေးဝတ်ထားတာ ဘာမှမဟုတ်ပေမဲ့လည်း ကျနော့်မျက်စိထဲမှာ တော်တော်လေး Cuteဖြစ်နေတယ်။ မီးမှုတ်ပြီးတော့ ပြည့်ပြည့်က Cake ကို
ဓါးနဲ့နဲနဲပိုင်းပြီး ..အဖိုးကြီး ၊အဖွားကြီးကို အရင်သွားပေးလိုက်တယ်။ အားလုံးက သူ့Cakeကို စားဖို့စောင့်နေတာဆိုတော့ ကျနော်လည်း ဓါးကိုယူပြီး လှီးလိုက်မယ်လုပ်နေတုန်း…
“..အကို…နေအုံး….”
“ဘာလုပ်မလို့လဲ”
“…အင့်……အား…ဟားဟား …”  ( ရုတ်တရက်cake ပေါ်ခရင်(မ်)တွေကိုလက်နဲ့အားရပါးရကလော်ပြီး ကျနော်မျက်နှာကိုသုတ်လိုက်ပါတယ်။ ရုတ်တရက်မို့ ကျနော်လည်းလန့်ပြီး နောက်ဆုတ်လိုက်တယ်…မရတော့ပါ..မျက်နှာတစ်ခုလုံး သွားပြီဗျာ)
“….ဟာကွာ…ပြည့်ပြည့်ရာ….”
“…ဟားဟားဟား…လှသွားပြီ…တကယ်ကိုလှသွားတာဗျ……”
“…ဟားဟားဟား….ရှင်းသန့်…လှတယ်ကွာ…တကယ်….တရုပ်ကားထဲကသရဲတောင် မင်းလောက်မချောဘူးဟ…”
"....ဟားဟားဟား...မေခြောက်ဖုန်နဲ့နင်လား ၊ ငါလားဘဲ... "
တယောက်တမျိုးကျနော့်ကိုကြည့်ပြီးဝိုင်းစကြတယ်ဗျာ။ ကျနော်လည်း စိတ်တိုတိုနဲ့ ခရင်(မ်)တွေ ကလော်ပြီး ပြည့်ပြည့်
မျက်နှာကို ပြန်လိုက်သုတ်တာပေါ့ ဘယ်ရမလဲ။သူ့အလှည့်ကျတော့ အော်လိုက်ဗျာ ငယ်သံပါနေတာဘဲ။အခုတော့ ၂ယောက်စလုံး လှသွားပြီ။းD တယောက်မျက်နှာ တယောက်ကြည့်ပြီး လက်ညိုးတထိုးထိုးနဲ့ ရီလိုက်ကြတာ ဝက်ဝက်ကွဲ။
“…အေး…မင်းတို့၂ယောက်လုပ်တာနဲ့ ကုန်ပြီ ခရင်(မ်)တွေ…. ဒီမှာမရှိတော့ဘူး..ကိတ်မုန့် ဂတုံးဖြစ်နေပြီ….”
“…ခရင်(မ်)လိုချင်လား….ဒီကိုလာ..ဒီမှာ ..”  (ပြည့်ပြည့်က သူမျက်နှာကိုလက်ညိုးထိုးပြတယ်)
“….ဟကောင်ရ… မင်းမျက်နှာက ခရင်(မ်)ကို ..ဒို့ကဘယ်လိုစားမလဲ….လျှာနဲလက်လျက်ရမှာလား…ခွီးမှဘဲ….”
“…ကဲဒီမှာကြည့်…ဒီလို..ဒီလို…..လျက်ရတယ်ဗျ….”
“…ဟေ့…ဟေ့…ပြည့်ပြည့်…” (ကျနော်တားချိန်မရလိုက်ပါ ကျနော်မျက်နှာကို လက်နှစ်ဖက်နဲ့ညှပ်ကိုင်ပြီး သမတော့တာဘဲ။
တော်တော်လက်မြန်ခြေမြန်နိုင်တဲ့ကောင်။ )
“….ဟားဟား….ပြည့်ပြည့်..မင်းအဲဒီလိုလုပ်နေတာမြင်တော့…ငါဟိုကားထဲကဟာကိုသွားသတိရတယ်ကွာ….လျှာဖျားကြီးနဲ့
ပလပ်…ပလပ်…ဟားဟားဟား…. “  (အဆောင်ကောင်တွေ ရီလိုက်ကြတာ တအုန်းအုန်းနဲ့ဗျာ။ ကုလားသိုက်ကိုကျားဝင်ကိုက်
တယ်ဆိုတာကြားဘူးတယ်မလား။ အဲဒီအတိုင်းဘဲဗျာ …တွေးသာကြည့်ကြတော့ )
“…..ရှင်းသန့်…မင်းမျက်နှာတော့ …ဟိုဟာကြီးဖြစ်သွားပြီ….းD…..”
“….ဟေ့ကောင်…မင်းမယုတ်မာနဲ့နော်….နှိုင်းစရာရှားလို့ကွာ….ခွေးကောင်…လူယုတ်မာ သူရ.....”
“…..ဟားဟားဟား….သူရှက်သွားပြီကြည့်…”
"     Happy Birthday.., Boy "
((((မွေးနေ့မှစလို့ ဘဝတလျှောက်လုံး ထာဝရပျော်ရွှင်ပါစေညီလေး ))))
                    *********************
ကျနော်စတုထ္ထနှစ် နှစ်ဝက်မှာ ကျောင်းအသစ်ကြီးကိုပြောင်းတက်ရတယ်။ အဲဒီတော့ သူနဲ့ကျနော်မြို့ထဲက ဘုရင့်နောင်လမ်းမကြီးပေါ်မှာ သူ့မေမေလေးရဲ့အစီအစဉ်နဲ့အိမ်ခန်းတစ်ခန်းငှားနေကြတယ်။
ကျနော်ကတော့အမေ့ကိုကျောင်းပြောင်းသွားလို့ဆိုင်ကယ်လိုအပ်တယ်ပြောပြပြီးဟွန်ဒါThaiဆိုင်ကယ်လေးတစ်စီး ဝယ်ခိုင်းလိုက်တယ်။သူ့အိမ်ကတော့အန္တရာယ်များလို့ကျနော့်နောက်ကဘဲစီးရမယ်ဆိုပြီးမဝယ်ပေးပါ။ကျောင်းကပြန်     တဲ့အချိန်ဆိုသူကအတန်းငယ်သေးတော့ကျနော့်ထက်အမြဲစောပြီးပါတယ်။တခါတလေ..လူတွေအားလုံးကုန်လို့ကျနော်မေဂျာတခုထဲစာသင်နေတဲ့အခါမျိုးဆိုသူစိတ်ရှည်လက်ရှည်နဲ့ကျောင်းအဝဆင်ဝင်ကြီးအောက်ကလှေကားထစ်တွေမှာတယောက်ထဲထိုင် စောင့်နေ တတ်ပါတယ်။ဒါကိုသိတဲ့ဘော်ဒါတွေက..
“..ဟေ့ကောင်..မင်း သားလေးစောင့်နေပြီ..ဟိုမှာ…”
သူလည်းဆိုင်ကယ်မောင်းချင်နေတယ်ဆိုတာကျနော်သိတယ်။ဒါပေမဲ့ တခုခုဖြစ်သွားမှာကိုကျနော်ကစိုးရိမ်လို့ မသင်ပေး
ခဲ့ပါ။ကျနော်လက်ထဲမှာသူတစ်ခုခုဖြစ်သွားမှာကိုကျနော်မလိုလား။တနေ့တော့နေ့လည်ကျောင်းထမင်းစားဆင်းချိန်ရောက်တော့သူဒီနေ့စောစောပြန်နှင့်မယ်လို့လာပြောတယ်။ကျနော်ကလည်းကိစ္စရှိရင်ပြန်နှင့်လို့ပြောလိုက်တယ်။အဲဒီနေ့ကျနော်ကျောင်းကပြန်တော့အိမ်ရှေ့လဲရောက်ရော..အိမ်ပေါ်တောင်မတက်ရသေးဘူး အိမ်ရှင်ကပြောတယ်။
“….မင်းညီတော့..ဆိုင်ကယ်မှောက်လို့တဲ့…ဒေါက်တာသက်မောင်ဆေးခန်းရောက်နေပြီ။ခုဏလေးတင်အိမ်ရှေ့ကဖြတ်သွား
တယ်။အိမ်ကသားကြီးတော့ ဆေးခန်းကိုအဖေါ်လိုက်သွားတယ်…”
“…ဟာ..ဟုတ်လား…ဒဏ်ရာတော်တော်များလား..ကြီးကြီး.ဒါဆိုကျနော်လိုက်သွားလိုက်အုံးမယ်…..”
“..အေးအေး..သွားသွား….ဒဏ်ရာကသိပ်တော့မများပါဘူး…”
ကျနော်လည်းပြောပြောဆိုဆိုနဲ့ဆိုင်ကယ်စက်နှိုးပြီး…၅အိမ်..၆အိမ်ကျော်လောက်ကအဲဒီဆေးခန်းရောက်တော့…
တွေ့လိုက်ရတဲ့မျက်နှာက ရှုံ့မဲ့နေတာဘဲ…ကျောင်းအင်္ကျီအဖြူမှာလဲသွေးကွက်တွေနဲ့ဗျာ။
ဆရာဝန်က သူ့ကိုစိတ်ရှည်လက်ရှည်နဲ့ ဒဏ်ရာတွေရေဆေးပေး၊ ဆေးထဲ့ပေး၊ ပတ်တီးစည်းပေး။ အားလုံးလုပ်ပေးပါတယ်။
ကျနော်ကတော့ ဆရာဝန်လုပ်ပေးနေတာကို စိတ်မချမ်းမသာနဲ့ဘဲ ကြည့်နေလိုက်တယ်။ ဆရာဝန်ဆေးထဲ့ပေးနေတော့
နာလွန်းလို့မေးကြောတွေထောင်နေအောင်အံကြိပ်ထားတယ်။သူ့ခမျာနာလွန်းလို့ ကျနော်လက်မောင်းကိုညှစ်ထားတာ ကျနော်တောင် လက်မောင်းတွေနာလာတယ်။တော်သေးတယ်ဗျာ ဒဏ်ရာတွေက ချုပ်ရတဲ့အဆင့်ထိကိုမရောက်လို့အားလုံးပြီးတော့သူ့ကိုဆိုင်ကယ်ပေါ်တင်ခေါ်ပြီးအိမ်ကိုပြန်ခဲ့တယ်။အိမ်ရောက်တော့အပေါ်ကိုတွဲတင်ရတယ်။ဒဏ်ရာတွေနဲ့ဆုတ်ပြတ်သတ်လို့ဗျာ။သူဒီလိုဝေဒနာခံစားနာကျင်နေရတော့ ..ကျနော့်ရင်ထဲဘယ်လိုမှ မကောင်းနိုင်တော့ပါ။
“……ကဲဆရာလေး…ပြောပါအုံး…ဘယ်လိုကနေဘယ်လိုဖြစ်တာတုံး…..”
“….နေပါအုံးအကိုရာ…အမေးမြန်းတွေ မထူပါနဲ့အုံး…ဒီမှာအရမ်းနာနေတယ်…နာလွန်းလို့စကားတောင်မပြောနိုင်တော့ဘူးဗျ…..”
“…..ဖြစ်ရမယ်…”
အိမ်ပိုင်ရှင်ရဲ့သား အကိုကြီးကဝင်ပြောတယ်။
“…..မင်းညီက…သူ့ဘော်ဒါရဲ့ဆိုင်ကယ်ကိုယူစီးပြီးကျောက်ပုံကိုဝင်အောင်းတာတဲ့ကွ၊ ဟိုကောင်လေးကတော့နောက်ကစီးတော့ဘာမှမဖြစ်ဘူးပွန်းရုံပဲရုံလောက်ပဲ။ဟိုကောင်ကသူ့ပေါ်ပိတာလေ။အဲဒီချာတိတ်လေး သူ့ဆိုင်ကယ်ကိုဝက်ရှော့ပို့ မယ်ဆိုပြီး သွားပြီ….”
“….ဟမ်…ကိုယ့်ဆရာသမားက ဆိုင်ကယ်မောင်းတာ… (ကျနော်မျက်လုံးပြူးသွားတယ်)….”
“….အင်း..သားဆိုင်ကယ်မောင်းသင်တာ..သူကနောက်ကထိုင်တာ…ဟိုက်ဝေးလမ်းနဲ့ပြည်တော်သာလမ်းထိပ်ကကျောက်ပုံကိုဝင်တိုက်တာ……”
“…..Oh my god ..!! ဟိုက်ဝေးလမ်းမှာဆိုင်ကယ်စီးသွားသင်တယ်……ဒီလောက်အန္တရာယ်များတဲ့နေရာရှိအုံးမလားကွာ…
မတော်လို့ကားကြီးတွေနဲ့ဝင်အောင်းလိုက်ရင်တော့ကိစ္စပြီးပြီ……ဘာလို့အကိုမသိဘဲဒီလိုလုပ်ရတာလဲ…မင်းတော်တော်
ဆိုးတာဘဲကွာ…..”
ကျနော်က မင်းတော်တော်ဆိုးတယ်လို့ပြောလိုက်တော့ သူ့မျက်နှာသိသိသာသာပျက်သွားတယ်။ ကျနော်လည်း စကားပြော မှားသွားပြီဆိုတာချက်ချင်းသိလိုက်တယ်။အဲဒါနဲ့ဘဲကျေးဇူးရှင်ကိုပြန်ချော့ရတော့မယ်။
“ညီလေးကို အကိုက ဆိုင်ကယ်စီးမသင်ပေးဘူးဆိုတာ အဲဒီလိုတွေဖြစ်မှာ…ထိခိုက်ဒဏ်ရာရမှာစိုးလို့
အန်တီတို့ကိုယ်တိုင်ကဒါမျိုးတွေစိုးရိမ်လို့မဝယ်ပေးတာကိုအကိုကသင်ပေးလိုက်ပြီးတခုခုဖြစ်ရင် အကိုအန်တီ့နဲ့ဦးကိုဘယ်လိုမျက်နှာပြရမလဲ..ပြော…အဲဒါတွေကြောင့်မသင်ပေးခဲ့တာ..မသင်ပေးချင်လို့မဟုတ်ဘူး…
အခုတော့ကွာ..ကြည့်အုံးကွာ..အိမ်ကသိရင်စိတ်ကောင်းမှာမဟုတ်ဘူး…”
“ အင်းပါဗျာ…ကျနော်က…လူဆိုး…လူမိုက်…မကောင်းဘူး…………….”
“..ဟေ့..ဟေ့..စကားကိုအဲဒီလို…ဘုမပြောနဲ့….ဒဏ်ရာရနေတာတောင်..ဘုတောနိုင်သေးတယ်...”
“ပြောမှာပေါ့…အကိုက စတွေ့ထဲက အခုထိ နာနေလား…ဘယ်လိုနေလဲတစ်ခွန်းမှမမေးဘူး…ဆူဘဲဆူနေတာကိုး…”
(ပြောရင်းသူ့မျက်နှာကနီရဲလာပြီး..သောကမျက်ရည်..ဘူးသီးလုံးလောက်ကျချင်နေပြီ)
“အေး..အေး..အေးပါကွာ …အကိုတကယ်စိုးရိမ်လို့ ..ဒေါသနဲ့ပြောမိတာပါ…တော်တော်နာနေလား….ငါညီလေးသနားပါတယ်
ကွာ…
“သွားပါဗျာ…အခုမှ….ဒီလောက်ဖြစ်ထားတာ..မနာဘဲနေမလား…ဒီမှာခေါင်းတောင်မူးနေပြီ….”
“ဟာ…ဟုတ်လား…အေး..အေး..လှဲနေညီလေး…ရေမချိုးနဲ့တော့..အကိုရေပတ်တိုက်ပေးမယ်…
“ကဲပါကွာ …ရှုတ်တယ်..လုပ်မနေနဲ့ဟေ့ကောင်…ရှင်းသန့်
“……ဗျာအကိုကြီး…..”
“…..သင်ပေးလိုက်တော့ဒီကောင်ကို…..ဒီလောက်အနာတရဖြစ်ရင်..မင်းညီဆိုင်ကယ်စီး
တတ်သွားလိမ့်မယ်….”
“…..အင်း…..ဒီလောက်တောင်စီးချင်နေမှတော့…သင်ပေးရတော့မှာပေါ့ဗျာ……”
“အေး..ပြီးရင်တော့..မင်းကငွေထုပ်ပိုက်ပြီးနောက်ကလိုက်တော့…ဒီကောင်တိုက်သမျှလျော်ရအောင်…ဟားဟား..”
((((((ဆက်ပါအုံးမည်။ )))))
Oct 25th
စေညွှန်းရာ.................(၂)
By satan*heart @ အလင်းရောင် ချစ်သူ
၅ မိနစ်လောက်စကားမပြောဖြစ်သေးဘူး…သားဇော် သူ့ ကိုအကဲခတ်ကြည့်နေမိတယ်..သူကတော့ အေးအေးဆေး
ဆေးပဲ …ဒါ..သူ့ အတွက် ပထမ ဆုံး ချိန်းတာတော့ မဖြစ်လောက်ဘူး..ကိုယ့်ကိုကိုယ်လည်း အားငယ်စိတ်တွေဝင်မိ
တယ်..ဘာလို့ များသူ့ လို မနေနိုင်ရတာလဲ ..ဘာတွေကို ရှိန်နေတာလဲ …ငယ်ကတည်းက ပေါင်းသင်းဆက်ဆံရေးမှာ
မကောင်းခဲ့ တာပါ..ကိုယ်က စပြီးမိတ်မဖွဲ့ တတ်ဘူး..ကိုယ့် ကိုလာမိတ်ဆက်လို့ ခင်မိပြီဆိုရင်လည်း ရင်ထဲက ခင်ပစ်
လိုက်တာပဲ …ခဏနေတော့ .. တိတ်ဆိတ်မှုကို သူက စပြီးဖြိုခွင်းလိုက်ပါတယ်…
        ကြည်ဇော်သစ် ဆိုတာနာမည် အရင်းလား…ကိုယ့် နာမည်က သတိုး ပါ…..
        ဟုတ်..နာမည်အရင်းပါ..အိမ်မှာတော့  သားဇော် လို့ ခေါ်တယ်…
မထိုင်တတ်ဖြစ်နေပါတယ်..ဘယ်ကိုကြည့် လို့ ဘာလုပ်ရမလဲ မသိဘဲ တစ်ရှူးတွေသာလုံးခြေ နေမိတယ်..
        မင်း တစ်ခါမှ date မလုပ်ဖူးဘူးနဲ့  တူတယ်…
       ဟုတ်တယ်..ဒါ ပထမ ဆုံးပဲ ..ပြီးတော့  ရန်ကုန်နဲ့ ကင်းကွာနေတာလဲ ကြာပြီ…
သူ့ ကို တောင်ကြီးမှာ နေခဲ့ ပြီး ရန်ကုန်ကို အိမ်က ပြန်ခေါ်လို့ လာရတဲ့ အကြောင်း ပြောပြလိုက်တယ်…..
       အော်..ဒါဆို ကိုယ် က ကံကောင်းတာပေါ့ …မင်းနဲ့  ပထမဆုံး တွေ့ ရလို့ လေ..ဒါနဲ့ အတွေ့ အကြုံရော
      ရှိလား…စိတ်တော့မရှိနဲ့ နော်..မေးကြည့်တာပါ..
သားဇော် ပြုံးပြလိုက်ပါတယ်…
      အင်း..အတွေ့ အကြုံကတော့ ရှိခဲ့ ပါတယ်..ရှိခဲ့ လို့ လဲ ..ဒီခံစားချက် ကိုသိလို့ ဒီဘ၀ကို လက်ခံခဲ့ တာပါ..
      ဒါပေမယ့် ..ကိုယ့် ကို ကိုယ် ဂေး ဆိုတာကို လက်မခံချင်သေးဘူး…ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ လို့ …
      ကိုယ့် ကိုကိုယ်လည်း မကျေမနပ်ဖြစ်နေတယ်…စိတ်တွေလည်း လေ နေတယ်…
သားဇော်လည်း စိတ်ထဲရှိတာကို ပြောချလိုက်တယ်..တကယ် စိတ်လေနေတာပါ..ရင်ဖွင့် စရာ သူငယ်ချင်လည်း မရှိ
တော့ ပိုဆိုးတာပေါ့ ..အခုတော့ သတိုး ကိုပဲ ရင်ဖွင့် စရာ သူငယ်ချင်းလို သဘောထားပြီးပြောလိုက်တော့မယ်…
      ကိုယ့် ကို ကိုယ် ဘာတွေဖြစ်လို့ ဘာတွေ အလို မကျဖြစ်နေတာလည်း မသိဘူး…အိမ်မှာ ငါက အငယ်
     ဆုံးဆိုတော့ …ကလေးလိုပဲ မြင်တယ်..အသက်က ၂၀ ကျော်ဝန်းကျင် ဖြစ်နေပေမယ့် လူမှုရေးကိစ္စ ..တစ်ခြား
    ကိစ္စတွေဆို ဘယ်တော့မှ အသိမပေးဘူး…လူရာကို မသွင်းတာလို့ ခံစားရတယ်..ငါ တစ်ယောက်တည်း အခန်းထဲ
    မှာ ရှိနေရင်ပြီးရော..ဘာလုပ်နေလဲ မမေးဘူး..ဘယ်မှမသွားဘဲ အခန်းထဲရှိနေရင် ပြီးပြီ…ဘာမှလည်း လုပ်စရာ
    မလိုဘူး…ငါတစ်ယောက်တည်း အခန်းထဲမှာ သေ နေရင်တောင်သိမှာမဟုတ်ဘူး…
သတိုးက …သားဇော်ကို သေချာကြည့်ပြီးတော့ ..
    မင်း..ဘယ်သူ့ နဲ့ ရန်ဖြစ်နေတာလဲ ..ဖြည်းဖြည်းပြောပါကွာ..ဘယ်မိဘ ကတော့  သားသမီးကို မချစ်ဘူးဆိုတာ
    မရှိပါဘူး…ငါတို့  အိမ်ဆိုလည်း ဒီလိုပါပဲ ..သူတို့ မျက်စေ့ အောက်မှာ ရှိတော့  စိတ်ချရလို့ မင်းကို မကြည့်တာပါ
    ဒါနဲ့ စကားမစပ်… မင်းက ဘာလို့  ကိုယ့် ကိုကိုယ် ဂေးဆိုတာကို လက်မခံချင်သေးတာလဲ ..
    ငါ့ ဘ၀ တစ်လျှောက်မှာ တွေ့ လာခဲ့ သမျှသူတွေက..ဘာလို့ ငါ့ကို မိန်းကလေးလိုပဲ ဆက်ဆံချင်တာလဲ..နောက်ပြီး
    အခြောက် တို့  ဂန်ဒူး တို့ ဆိုတဲ့ ဝေါဟာရ ကို ငါမကြားချင်ဆုံးပဲ..ဒါအကောင်းနဲ့ ခေါ်တာမဟုတ်ဘူး…ငါအဲဒီ စကား
   လုံးအောက်မှာမနေချင်လို့ ..ဒီဘ၀ကို လက်မခံချင်တာလည်းပါတယ်…ပြီးတော့ ရှက်တယ်..
သတိုးကတော့  သားဇော်ကို သနားစရာ သတ္တ၀ါတစ်ကောင်လို ကြည့် နေပါတယ်..ပြီးတော့ သူက နှစ်သိမ့် တဲ့ အ
ကြည့် နဲ့ ..ကြည့်ပြီး..
    မင်း..ဘာလို့ ကိုယ့်ကိုယ်ကို ညာနေတာလဲ …မင်း..ဒီစကားလုံးတွေ အောက်က ရုန်းထွက်ချင်လို့ ဒီဘ၀ကို လက်မ
    ခံချင်ရင်ရော..မင်းဘ၀က ပြောင်းလဲ သွားမှာလား…ပြောင်းရောပြောင်းလဲ နိုင်မှာလား…မင်းစိတ်လေနေတယ်ဆို
   တာ…ကိုယ့် ကိုကိုယ် ဂေးဆိုတာကို လက်မခံလို့ ဒီလိုဖြစ်နေတာ..အမှန်ကို လက်ခံကြည့် လိုက်ပါလား..မင်းနေရ
   တာပေါ့ပါး သွားလိမ့်မယ်…ဂေး ဖြစ်ရလို့  ရှက်စရာ မလိုပါဘူး…မင်းတစ်ယောက်တည်း ဖြစ်နေတာမှ မဟုတ်တာ
သူပြောတော့ လည်း ဟုတ်သလို ပါပဲ…စိတ်ထဲမှာလည်း ဂေး ဖြစ်ရတာကို မရှက်တော့သလို ခံစားရပြီးတော့ ..
ခွန်အားသစ် တစ်ခုကို ရလိုက်သလိုလဲခံစားလိုက်ရတယ်…ကိုယ် မမြင်နိုင်တဲ့ အရာကိုဘေးလူက ပိုမြင်တယ် ဆိုတာ
မှန်ပါတယ်…ဆက်ပြီးတော့  သူက ……
    မင်းကို …ခဏနေ သိမ်ကြီးဈေး ခုံးကျော် တံတားဘက်ကို ခေါ်သွားပြမယ်..ပြီးတော့ ဆူးလေ..နားတ၀ိုက်ကိုလည်း
    ခေါ်ပြမယ်…အဲဒီမှာ ဂေးတွေ ဘယ်လိုကျက်စားတယ်ဆိုတာပြမယ်…အခုတော့ စောသေးတယ်…နဲနဲ မှောင်ရီပျိုး
    တော့မှ..ကောင်းတာ…မင်းကို သိအောင်လိုက်ပြတာနော်..နောက်ပိုင်း လုပ်တာမလုပ်တာကတော့ မင်းအပိုင်းပေါ့
သားဇော်..လန့် သွားတာတော့ အမှန်ပါ..တစ်ခါမှ မရောက်ဘူးတဲ့ နေရာ..ပြီးတော့ ဘယ်လိုပုံစံတွေ တွေ့ ရမှာလဲ…
ရောက်ဘူးတယ် ရှိအောင်တော့ သွားကြည့် ဖို့ ဆုံးဖြတ်လိုက်ပါတယ်…အိမ်ကိုတော့  ညာဖို့ စကားလုံးတွေခေါင်းထဲ
မှာ ရှာနေမိတယ်…သတိုးက တော့ အခုချိန်မှာ သားဇော် အတွက်ဆရာ ဖြစ်နေပါတယ်..
     ဘယ်အချိန်လောက်သွားမှာလဲ ..သိပ်တော့  မိုးမချုပ်စေနဲ့ နော်..အိမ်က စိတ်ပူနေမှာ စိုးလို့ ပါ..
အဲလိုကို သားဇော် မပြောချင်တာ..ဘာလုပ်လုပ် အိမ်ကိုပဲ ကြောက်နေရတာလေ..သတိုး တို့ ဘ၀များကြည့် လိုက်..အ
ပူအပင် မရှိသလိုပဲ…သူ့ အိမ်ကရော မဆူဘူးလား…မနေနိုင်လို့ သူ့ ကိုဖွင့် မေးလိုက်တယ်…
     မင်း အိမ်ကရော မင်းဒီလို သွားတာ ဘာမှ မပြောဘူးလား…
    ငါက ..အိမ်ကို ပိုင်တယ်…ပြီးတော့ ဟိုတယ် တစ်ခုက ဧည့်ကြိုမှာ အလုပ်လုပ်တယ်လေ..အချိန်ပိုဆင်းရတယ်
    လို့ ပြောလိုက်ရုံပဲ …
သူ့ ဟာနဲ့ သူကတော့ ဟုတ်နေတာပဲ…သားဇော်..သူ့ ကို အားကျနေမိတယ်…သူ့ လို အလုပ်တစ်ခုနဲ့  လွတ်လပ်တဲ့ ဘ
ဝကို လိုချင်နေမိတယ်..အခုတော့ ..အထက်တန်းကျောင်းသားဘ၀ ကို ရောက်နေသလိုပဲ …
     ငါလည်း မင်းလို အလုပ်တစ်ခုလောက်လုပ်ချင်တာ…အိမ်ကို အလုပ်တစ်ခုဝင်လုပ်မယ်လို့ 
    ပြောတော့..ဘာအလုပ်လုပ်မှာလဲတဲ့ …သင်တန်းပဲ အရင်တက်ဦးတဲ့ …ဘာအလုပ်အတွေ့ အကြုံမှ မရှိ
    ဘဲနဲ့ ..ဘယ်သူကမှ ခန့် မှာ မဟုတ်ဘူးတဲ့ …အဲလို ..ငါ့ကို ၀ိုင်းပြီး အားပေးကြတာလေ…
သတိုး က ရယ်ပြီးတော့ …
    ဒါကတော့ ကွာ..မင်းက ရန်ကုန်နဲ့ လည်း ကင်းကွာတာကြာပြီ…ပြီးတော့ အခုခေတ်က သင်တန်းတက်ပြီး
   တိုင်းလည်း အလုပ်ကမရဘူး..အတွေ့ အကြုံလည်းလိုသေးတယ်လေ..စိတ်မလျော့ ပါနဲ့ ဖြစ်လာမှာပါ…
သူကတော့  အားပေးလို့ တော်သေးတာပေါ့…ကိုယ့် အကြောင်းပဲ ပြောနေတာ သု့ အကြောင်းမေးဖို့ မေ့ နေတယ်..
အချိန်ရတုန်း မေးဖို့ စဉ်းစားလိုက်ပြီး….
   မင်းကရော ..ဒီဂေး ဘ၀ကိုလက်ခံတာ ကြာပြီလား…
သူတစ်ချက်စဉ်းစားပြီးတော့…
    ကြာပြီ ဆိုပါတော့…အထက်တန်းကျောင်းသားဘ၀ ကတည်းက လက်ခံထားတာ..ပေါင်းတဲ့ သူငယ်ချင်း
    တွေကလည်း အပွင့် တွေနဲ့ ပဲ ပေါင်းတာ..သူတို့ နဲ့ သွားတယ်..အစကတော့  ပတ်ဝန်းကျင်ကို ရှက်သေး
   တယ်…ဒါပေမယ့် သူတို့ နဲ့ သွားပါများလာတော့  မရှက်တော့ဘူး..ပြိးတော့ သူတို့ ဘ၀တွေကို ပိုနားလည်
   လာတယ်..ကိုယ်ကိုတိုင်လည်း သူတို့ နဲ့ အဲလိုနေရတာကိုပျော်လာတယ်….
သားဇော်ကတော့  အဲလို အဆင့်ထိတော့ မနေဘူးသေးတာအမှန်ပါ..သူဘာပြောပြော သားဇော်အတွက် အသစ်တွေ
လို ဖြစ်နေတယ်..ကိုယ်တိုင်ရော သူ့ လိုနေနိုင်ပါ့မလားလို့  စဉ်းစားမိတယ်..
   ဒါနဲ့ ..ဘာလို့  မင်းကျတော့ မိန်းမလိုမနေတာလဲ..မင်းအိမ်ကရော မင်းအဲလို သူတွေနဲ့ သွားတာ
  ဘာမှမပြောဘူးလား….
  ငါ့စိတ်က ..တစ်မျိုး..သူတို့ တွေနဲ့ ပေါင်းတာမှန်ပေမယ့် သူတို့ လို မနေချင်ဘူး…အိမ်ကလည်း ငါ့ကို အပျော်
  သဘောနဲ့ ..တစ်ခြားကောင်းလေးတွေလို..အခြောက်တွေနဲ့ ပေါင်းတယ်လို့ ပဲ ထင်ထားတာ..သဘောပေါက်လား
  တစ်ခြားကောင်လေးတွေလိုဆိုတာ..လမ်းမှာဖြတ်သွားတဲ့  အခြောက်တွေကို ဟေးလားဝါးလားလုပ်တဲ့ သဘော
  ပဲထင်တာ…ငါကိုယ်တိုင်ဖြစ်နေတာတော့ မသိသေးဘူး…
သားဇော်..ခေါင်းလေးညိတ်ပြိးသူပြောတာကို ထောက်ခံမိပါတယ်..အခုချိန်မှာတော့ ..သူဘာပြောပြော ပုတ်သင်ညိုလို
ပဲ ခေါင်းပဲ ညိတ်နေရတော့တယ်…သူနာရီကို တစ်ချက်ကြည့် လိုက်တယ်..ပြီးတော့ သားဇော်ကိုကြည့် ပြီး…
   ကဲ…သွားကြရအောင်…အချိန်ရောက်ပြီ..အရင်ဆုံး ဆူးလေ ဘက်ကိုသွားကြမယ်…
ပြောရင်း..သူက အရင် ရှေ့ ကနေထွက်သွားပါတယ်..သားဇော်လည်း သူ့ နောက်ကနေ ထပြီးလိုက်လာခဲ့ တယ်..လမ်း
မပေါ်ရောက်တော့ ..သူက သားဇော် လက်ကို ကိုင်ပြီးတော့ ….
     မင်း..ဒီလို လက်တွဲပြီး လမ်းလျှောက်ရဲလားတဲ့ …
သားဇော် ဘာမှမပြောဘဲ ခေါင်းပဲ ညိတ်ပြလိုက်ပါတယ်…သားဇော်လည်း ဇ နဲ့ ပါပဲလေ…
   ဟင်..မင်းလက်ဖျားတွေ အေးနေပါလား..ဘာလဲ ကြောက်နေတာလား…
   ဟုတ်တယ်..ငါနည်းနည်းတော့ လန့် နေတယ်..ဘာမှတော့ မလုပ်လောက်ပါဘူးနော်..ဟိုဆွဲ..ဒီဆွဲတော့ မရှိပါဘူး
  နော်..ငါကြားဖူးတာက ..နောက်ကနေ အတင်းလိုက်ဆွဲတတ်တယ်ဆို….
သတိုး ..မျက်လုံးပြုးပြီးတော့  သားဇော်ကိုကြည့်ပါတယ်..အံသြတဲ လေသံနဲ့ ..သားဇော်ကို ပြောပါတယ်..
   မင်းကို..ဘယ်သူပြောလဲ..အဲဒါတွေက ဂေးတွေကို သက်သက် နှိမ်တာ..တစ်ချို့ ယောက်ျားတွေက သူတို့ ကို
   ဂေးတွေက ၀ိုင်းလိုက်တယ်ဆိုတာကို တစ်ဆိတ်ကိုတစ်အိတ်လုပ်ပြောတာ..သူတို့ ပြောသလောက် မဆိုးဘူး..
  မင်းလည်းသိတဲ့ အတိုင်းပဲ ဂေးတွေက ယောက်ျား တွေကိုမြင်ရင် ပါးစပ်က အငြိမ်မနေတတ်ဘူးလေ..အဲဒါ
  ကို သူတို့ က လေလုံးထွားလျှောက်ပြောတာ..ဘာမှမကြောက်နဲ့ ..ကိုယ့် အထာနဲ့ ကိုနေ..ငါတို့ လည်းငါတို့ 
  ဂွင်နဲ့ ငါတို့ ရှိပြီးသား..
ဆူးလေ ရုပ်ရှင်ရုံ တစ်ဝိုက်ကိုရောက်တော့ ..သတိုး က သားဇော်ကြားနိုင်ရုံလေသံနဲ့ ပြောပါတယ်…
   ဟို..လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အဖွဲ့ တွေ့ လား..အဲဒါ..သူတို့ ရှာနေတာလေ..သွားမကြည့် နဲ့ …
သားဇော်ကိုလည်းပြသေးတယ်..ကြည့်လည်းမကြည့် ခိုင်းဘူး..သားဇော် မရဲ တရဲ ခိုးကြည့် လိုက်တယ်..ပုံစံတွေက
တော့ ..လုံးဝ ယောက်ျား ပုံစံတွေပါ…မထင်ရဘူး..သတိုးပြောလို့ သာ ယုံရတယ်…၀ိုင်းများမှားကြည့်မိတာလားလို့ 
စိတ်ကထင်မိတယ်….
    ဟုတ်လို့ လား..ဘယ်ဝိုင်းလဲ …သူတို့ က ဘာရှာတာလဲ …ငါမသိတော့ဘူး..
မသေချာလို့  …သတိုးကို တိုးတိုးလေးထပ်မေးလိုက်တယ်…
     အာ…ဟုတ်တယ်..ရှာတယ်ဆိုတာ ..ပိုက်ဆံယူပြီးတော့ …လုပ်တာကွာ..သူတို့ ကို ကွက်ကြည့် ကွက်ကြည့် သွား
     မလုပ်နဲ့ ..အထာပေးတယ်ထင်ပြီး နောက်ကနေလိုက်လာလိမ့်မယ်….
သားဇော် ..ကြက်သီးထသွားတာတော့  အမှန်ပါ..တစ်ခါမှ မကြားဘူးပါ..သတိုးပြောမှ အဲဒီဝိုင်းကို လုံးဝကို မကြည့် ရဲ
တော့ပါ..ဒီလမ်းတွေတော့ ရောက်ဖူးတာပေါ့ ..ဒီလိုရှိမှန်းအခုမှသိတာပါ…
    မင်း…..သူတိုကို့ သိလား..နောက်နေ့ တွေဒီဘက်ကိုလာရမှာတောင် ခပ်လန့် လန့် ပဲ..
    မင်းမပြောရင်လည်းအကောင်းသား…အခုတော့ ကြောက်စရာကြီး…ဘာလို့ ဒီလိုလုပ်ကြတာလဲ ……
သတိုးကတော့ ..သားဇော်မေးတာကိုပဲ မကြားတာလား..မဖြေချင်လို့ ပဲလားမသိဘူး..ဘာမှမပြောတော့ဘဲ ရှေ့ ကိုသာ
ဆက်သွားနေပါတယ်…ခဏနေတော့မှ..သားဇော်ဘက်ကိုလှည့် ပြီး
    သူတို့ ကိုတော့  မသိပါဘူး…ငါဒီနားမှာ လ္ဘက်ရည်လာသောက်ရင် မြင်နေရတာလေ…ဘာကြောက်စရာရှိလဲ
    ကိုယ်သွားစရာရှိတာသွားပေါ့..သူတို့ ကိုယ့် ကို အချဉ်ထင်လို့ လိုက်လာလဲ ရူးကွက်နင်းလိုက်ပေါ့…ဘာမှမပူနဲ့ 
    သူတို့ ကကိုယ့် ထက် လူရည်လည်တယ်..မင်းသိအောင်ပြထားတာ…မင်းဒီလောက ကို ၀င်ပြီဆိုရင် မနူးမနပ်
    ခံရမှာစိုးလို့ ..
သားဇော် ခေါင်းထဲမှာတွေးစရာတွေ ရောက်လာပါတယ်…ဒီလောက ဆိုတော့ ..ကိုယ်က ဂေး လောကထဲကိုရောက်
ပြီဆိုတဲ့ သဘောလား…ကိုယ့်ကိုကိုယ်တောင် ဂေး လို့ လက်ခံဖို့ တောင် မဆုံးဖြတ်ရသေးတာလေ..စိတ်ထဲမှတော့ ရှေ့
တိုးရမလား နောက်ပဲဆုတ်ရမလားဝေခွဲမရ ဖြစ်နေပါတယ်…စဉ်းစားရင်း သတိုးနောက်ကနေ လိုက်လာလိုက်တာ ….
သိမ်ကြီးဈေး ခုံးကျော်တံတားကို ရောက်လာခဲ့ ပါတယ်…မှောင်ရိပ်မကျတကျမှာ ရပ်နေတဲ့ သူတွေကို သတိုး ကမေး
ငေါ့ပြပြီး…
   အားလုံးက ဟိုမိုတွေပဲ သူတို့ လည်း ပိုက်ဆံ နဲ့ လိုက်တယ်…ဘ၀ကြောင့်လိုပဲ ပြောရမှာပေါ့…ညဒီထက်မိုးချုပ်
   ရင် ပိုမိုက်တယ်..ဘ၀ အစုံစုံကို မြင်ရတယ်လေ..မိန်းကလေး ..ဂေး အစုံပေါ့…ညဉ့် နက်တဲ့ အထိနေဦးမလား
သားဇော် ဒီတစ်ခါတော့  ခေါင်းခါလိုက်ပါတယ်…
    တော်ပြီ…မနေရဲဘူး…သူတို့ ဘ၀တွေကို ကိုယ်ချင်းစာပါတယ်..ဘယ်သူကတော့ ဒီလို ဘ၀ကို လိုချင်မှာလဲလေ..
   ဒါပေမယ့် ဒီကိုလာတာ ငါ့အတွက် ပထမဆုံးအကြိမ်နဲ့  နောက်ဆုံးအကြိမ်ပဲ..နောက်မလာတော့ဘူး….
သတိုးကတော့ ..အဝေးတစ်နေရာကိုသာ ငေးကြည့် နေပါတယ်…သူလည်း တစ်ခြားအကြောင်းတွေတွေးနေတယ်
ထင်ပါတယ်…..
   ကဲ …မိုးလည်း တော်တော် ချူပ်နေပြီ..အိမ်ကစိတ်ပူနေတော့ မယ်…ငါပြန်တော့မယ်..နောက်နေ့ မှတွေ့ ကြ
   တာပေါ့ …ဒီကနေပဲ ကားငှားပြန်လိုက်တော့မယ်…
သတိုး ခေါင်းဆတ်ပြပြီး..သွားဆိုတဲ့ အမူအရာ လုပ်ပြပါတယ်..နောက်..ကားလိုက်ငှားပေးပါတယ်…သားဇော် ..ကား
ပေါ်ရောက်တော့ လက်ပြနှုတ်ဆက်ပြီး…လက်နဲ့  ဖုန်းပုံစံလုပ်ပြပြီး …သားဇော်ကို ဖုန်းဆက်မယ်ဆိုတဲ့ အမူအရာလုပ်
ပြပါတယ်…သားဇော်ကတော့  ကားပေါ်မှာ ဒီနေ့ ကြုံရတဲ့ အကြာင်းတွေ စဉ်းစားရင်း..အိမ်ကိုလည်း ညာဖို့ ခေါင်းစဉ်
ကိုလည်း ရင်မောစွာ တွေးရင်း…………………
                                                                                                              ဆက်ရန်………….
May 10th
မနေဖြူရဲ့ချစ်သောသူ အပိုင်း(၄)
By မင်းနေခ
ကျောင်းထဲရောတော့………………
“ဟောလာပါပြီးဗျာ………ကိုရွှေမင်းသား။ ဒီမှာစောင့်နေရတာကြာပြီး မြန်မြန်လာပါအုံး “
(လူစုံနေရင်တော့ ငါကို ဒုကပေးတော့မှာဘဲ။ ငါသွားရင်ကောင်းမလား မသွားရင်ကောင်းမလား)
“ဟေ့ကောင့် ဂျမဲ ဘာလုပ်နေတာလည်း မြန်မြန်လာ ပဲများမနေနဲ့ကွ”
“ဟုတ်ပဟယ်……….သေနာနေမခ မြန်မြန်လာဟာ”(သူငယ်ချင်းတွေရဲ့ထောပနာပြုသံ)
“အေးပါအေးပါ လာပါပြီး ဘာပြောမလို့လည်း”
“ငါတို့ အတန်းလစ်ပြီ royal lake ကိုသွားမှာ မင်းကိုစောင့်နေတာ။”
“ဟာ……….ငါမလိုက်ချင်ဘူးကွာ”
“လာပါကွာ………..မင်းကလည်း မင်းမလိုက်လို့မရဘူး”
“အေးဒါဆို………..ဘယ်သူအကုန်ခံမှာလည်း”
“မင်းလေ………….”
“ဟေ………..”( သူငယ်ချင်းတွေတော့ကျွန်တော်ကို မ,တော့မယ်)
“ဟေမနေနဲ့ မင်းဒီနေ့ ပိုက်ဆံရတာငါတို့သိတယ် “
ကျွန်တော် သူငယ်ချင်းတွေ ၀ိုင်းပို့နေတော့ မသွားလို့မဖြစ် သူတို့အကြောင်းကို ကျွန်တော် အသိဆုံး
“ ထားပါကွာ…………သွားတာပေါ့ ဒါပင်မဲ့ အတန်းတစ်ချိန်တော့တက်မယ်လေ”
“ ဟေးးးးးးးးးးးးးးးးးးးးးးပျော်လိုက်တာ “ ( အရူးတွေ ထအော်သလို)
သူငယ်ချင်းတွေပျော်ရွှင်ပင်မဲ့ မပျော်နိုင်သူကတော့ ကျွန်တော်ပါ။ဘာကြောင့်လည်းဆိုတော့ အကိုကျွန်တော်ဆီမလာတာ အတော်ကြာသွားပြီးလေ။ အကိုရယ်သတိရလိုက်တာ။ အကိုကနေနိုင်ပင်မဲ့ ကျွန်တော်ရင်ထဲမှာတော့ လွမ်းလွန်းလို့သေသွားနိုင်တယ်
“ ဟေ့……နေမခ မင်းနှာခေါ်င်းမှာသွေးတွေ “
“ ဟေ ဟုတ်လား “ ကျွန်တော်စမ်းမိတော့ ပူနွေးနွေး သွေးစက်အချို့လက်ပေါ်မှာပါလာတယ်။ကျွန်တော်ကြောင်ကြည့်နေစဉ်မှာ
“ ဘာကြောင်ကြည့်နေတာလည်း……..ခဏ………..ငါသုတ်ပေးမယ် “
“ အေးကွာ…………ငါလည်းဘာဖြစ်သွားမှန်းမသိလိုက်ဘူး……..ကျေးဇူးကွာ “
“ ရတယ် ငါတို့က သူငယ်ချင်းတွေဘဲ “
“ငါတို့ မသွားတော့ဘူးကွာ” (  နေလင်းထက် က ထပြောပါတယ်)
“ အေးဟုတ်တယ်…………မသွားတော့ဘူး” လို့ အေးကထောက်ခံလိုက်တယ်
“ ဘာဖြစ်လို့လည်း……..ခုနက သွားမယ်ဆို။ဘာလည်း ငါနှာခေါ်င်းသွေးလျှံလို မသွားချင်းတာလား။”
“ မဟုတ်ပါဘူးဟာ…………….စာဆက်သင်လိုက်အုံးမယ်။စာမေးပွဲနီးနေပြီးလေ”
“ အေးဟာ……….ဒါဆိုလည်းငါသွားနားလိုက်အုံးမယ်။ငါ ကန်တင်း ကဘဲစောင့်နေမယ်ဟာ။ ROLLCALL ခေါ်ပေးထားနော် “
“ အေးပါဟာ…………..rollcall ကိုတော့ စိတ်မပူနဲ့”
“ ကျေးဇူးဟာ………….ငါသွားပြီးနော် “
နူတ်ဆက်စွာထွက်သွားသော် နေမခကို သူငယ်ချင်းတွေ သနားစွာငေးကြည့်နေတာကို နေမခ တစ်ယောက် မသိနိုင်ပါဘူး
“ နေမခဟယ်…………အရမ်းသနားဖို့ကောင်းတာဘဲ။ သူခဗျာ ဘယ်လောက်ပင်ပန်းနေသလဲ။ ကျောင်းလည်းတက်ရ စာလည်းကျက်ရ စာလည်းသင်ရနဲ့ ငါသာသူနေရာမှာဆို သေသွားလောက်တယ်”
“ အေးဟယ်…………သူကလည်း မာနခဲလေ ကြည့်ပါလား မိဘဆီက ပိုက်ဆံတစ်ပြားမှ မတောင်းဘူး။အိပ်ကပေးတဲ့ငွေတွေကိုလည်း ဘဏ်မှာထားတယ်လေ တစ်စက်ကလေးမှ မသုံးဘူးဟ”
“ ဟုတ်တယ်ဟ………..သူဒီကျောင်းတက်ဖို့ သူအိမ်နဲ့ မနည်းအတိုက်မခံလုပ်လာရတာလေ။ သူအမေပြောတဲ့ စကားကိုလည်း သူနာနေတယ်ထင်ပါတယ်။ အမေတူသားမို့လို့ဒီလောက်ဖြစ်နေတာပေါ့။”
အေးဟယ်……….ငါက သူတို့ အိမ်နားမှာနေတာဆိုတော့ သူတို့အောကာင်းအကုန်သိတယ်။သူအမေက သူရှေ့မှာသာအဲလိုညေပာတာ ကွယ်ရာမှာသူ့သားကိုချစ်တာတုန်နေတာဘဲ။”
“ဘာလည်း……..နင်က သူချွေးမဖြစ်ချင်နေတာလား”
“ရရင်ကောင်းတာပေါ့…………ဘာမှငြင်းစရာမရှိဘူး။ခက်တာက သူကငါကို မကြိုက်ဘူးဟ။သူငယ်ချင်းလိုဘဲနေတာ”
“ နင်တို့ကလည်းဟာ စမနေနဲ့………….ခုရက်ပိုင်းကြည့်ရတာ သူတစ်ခုခုဖြစ်နေသလိုဘဲ။အရင်လို တက်တက်ကြွကြွလည်းမရှိဘူး။ “
“ ဒီကောင် ရည်းစား ပူမိနေတာလားမသိဘူး”
“ မဟုတ်လောက်ပါဘူးဟာ…………….ငါသိရသလောက်တော့ သူမှာ ချစ်သူမ၇ှိသေးဘူးဟ “
 “အေးလေ……………ထားတော့ဟာ ဟိုမှာ ချယ်လာနေပြီး စာကြည့်ရအောင် “
One( tea&cold house)
ဆိုင်ထဲကို စ,၀င်ကတည်းက ခေါ်င်းထဲမှာ မူးနှောက်နှောက်။ အိပ်ရေးပျက်ရတဲ့ အထဲ ချစ်ရသူကို လွမ်းတော့ အိပ်မပျော်။လွမ်းတယ်ကိုယ်ရယ်…………….
တိတ်တခိုး……………ချစ်သူ
သူမသိဘဲ တိတ်တခိုး ငါချစ်ခဲ့………….
သူမချစ်လည်း တိတ်တခိုး ငါချစ်ခဲ့…………
သူမလွမ်းလည်း တိတ်တခိုး ငါလွမ်းခဲ့……………
လွမ်းရတဲ့ရက်တွေက ရှည်ကြာခဲ့ပါပေါ့…………….
ငါမပြောဘူး ငါအချစ်တွေကို…………
ဟန်ဆောင်မှာတော်သူမို့…………
ငါအချစ်တွေ သူမသိခဲ့ပါဘူး………….
လွမ်းရတဲ့ နာကျင်ဒဏ်ရာ……………..
ဘယ်သူက သိပါလိမ့်မည်………….
မင်းကိုယ်ဘဲ ငါချစ်ခဲ့တာ…………..
မင်းကွယ်ရာမှာ ငါငိုခဲ့တာ…………..
တိတ်တခိုးဘဲ ချစ်သူရယ်။………………
                                            (BY MINNAYခ)
မင်းစစ်မှန် ဘယ်လိုမှ မနေနိုင်တဲ့အဆုံး ညီရှိရာကျောင်းသို့လာခဲ့တယ်။ ညီပျော်ရွှင်နေတာ ဒါမှမဟုတ် ညီအရိပ်အရောင်ကလေးကို နည်းနည်းလေးမြင်ရင် ကိုယ်ကျေနပ်ပါတယ်။ ညီပျော်ရွှင်မှုတွေကိုယ်ကြောင့် မဆုံ၇ှံးစေချင်ဘူး။အဲဒါဘာကြောင့်လည်းဆိုတော့ ညီ့ကို အရမ်းချစ်မိနေလို့လိုလေ။
One ဆိုင်ထဲအရောက်
ဟောဗျာ……………တိုင်ဆိုင်လိုက်တာ။ညီက ဆိုင်ထဲမှာရောက်နှင့်နေတယ်။သွားမလို့ ဟန်ပြင်ပြီးမှ ခြေလမ်းနှောက်သို့ တွံဆုတ်မိတယ်။ စစ်မှန် မင်းသူကို ခဏဘဲတွေ့သင့်တယ်။ သူမှာချစ်သူရှိတယ် ငါကြောင့် အနှောက်အယှက်ဖြစ်သွားမယ်။မင်း သူကို စိတ်မဆင်းရဲစေချင်ဘူးမလာ။ခုချက်ချင်းနှောက်ဆုတ်ဆန်း။
ဦးနှောက်က သတိပေးနေပင်မဲ့ ကျွန်တော်ခြေလှမ်းတွေကတော့ ညီစားပွဲသို့ တစ်လှမ်းချင်တစ်လှမ်းချင်းရောက်သွားပါတယ်။ညီအနားရောက်တော့………..
“ ဟင်………..အကို ကျွန်တော်ဆီလာတာလား “( မလာဘူးထင်ထားသော အကိုလာတော့ ရင်ထဲအတိုင်းမသိပျော်ရွှင်မိတယ်)
အင်း ………..(အရောင်တောက်သွားသော ညီမျက်ဝန်းတွေက ကျွန်တော်ကို ကြည်နူးသွားစေတယ်)
“ အကိုဗျာ………..နေနိုင်လိုက်တာ။ ကျွန်တော်ဆီကို တစ်ခေါ်က်လေးတောင်မလားဘူး “
“ မဟုတ်ပါဘူး ညီရာ အကိုလာချင်ပါတယ်” (ငါဆိုတဲ့ကောင်က ညီလေအနားမှ အမြဲနေချင်နေတာညီမှမသိတာ။ ငါအချစ်တွေကို မင်းသိရင် ခဏလောက်သေသွားလောက်တာ်။ငါကတော့ ထာဝရသေနေတာ မင်းမသိပါဘူးကွာ။လူကသာ အသက်ရှင်နေပင်မဲ့ နှလုံးသားမဲ့စက်ရုပ်သက်သက်ပါ)
“ အကို…….ဘာတွေတွေးနေတာလည်း “
“ အော်…………ဘာမှမဟုတ်ပါဘူးကွာ။ ညီ အကိုတို့ စကားခဏပြောချင်တယ် အကိုနဲ့ ခဏလောက်လိုက်ခဲ့ပါလား။”
“ဟုတ်………….အကို “( အကိုခေါ်ဆောင်ရာ………..ဘယ်နေရာမှန်း မသိဘဲလိုက်လာခဲ့မိတယ်)
“ ညီ………..မင်းကြည့်ရတာ တစ်ခုခုဖြစ်နေသလိုဘဲ။ဘာလည်း အကိုခေါ်လာလို့ စိတ်အနှောက်အယှက်ဖြစ်နေတာလား။ကိုယ်တောင်းပန်ပါတယ် ညီရယ်နော်။ အကိုအဲလိုဖြစ်မယ်လို့ မထင်လို့ပါ”
“မဟုတ်ပါဘူးအကိုရာ ညီခေါ်င်ထဲနည်းနည်းမူးနေလို့ပါ။ စိတ်အနှောက်အယှက် ဖြစ်တာမဟုတ်ပါဘူး။ (အကိုနဲ့နေရင် ကျွန်တော် သေပျော်ပြီဆိုတာ အကို မသိဘူးလား)
“ညီ………….”
အကို့ ကိုချစ်နေတယ်ဗျာ။ဘာကြောင့်မှန်းမသိဘူး
“ညီ……………..”
အကိုမှာက ချစ်သူရှိနေပြီးထင်တယ်
“ညီ…………………”
“အားးးးးးးးးးးးးအကိုခေါ်တာလား” (လန့်သွားတာနဲ့ တစ်ပြိုင်နက် နှလုံကစောင့်ခုန် နေတော့တယ်)
“ ဟုတ်တယ်…….ညီကိုခေါ်နေတာကြာပြီးဘာတွေ တွေးနေတာလည်း”
“ဘာမှ မဟုတ်ပါဘူး။ဒီလိုပါဘဲဗျာ”
“ ကဲ…………ဘယ်ကိုရောက်နေပြီးလည်း ကြည့်လိုက်ပါအုံး “
“ ၀ါးးးးးးးးးးးးးးးးးးးးးးးးပုသိမ်တံတား။ဟုတ်ပါသည်……..ချစ်သူတွေသွားနေကျ ပုသိမ်တံတားပါ။ပျော်လိုက်တာဗျာ။ခုနက စိတ်ညစ်နေတာတွေ ဘယ်ရောက်သွားသည်းမသိ။ င၀န်မြစ်ကိုဖြတ်လိုက်သော လေးပြေလေအေးကလေးများက ကျွန်တော်ပါးပြင်ကိုထိခက်သွားတယ်
“ ညီ………ပျော်လား “
“ ဟုတ် အရမ်းပျော်တယ်………..အကိုကျေးဇူးပါ “
“ မလိုပါဘူးကွာ…………အကိုလေ………………. အကို……………… ညီကို……….…”
(နေရောင်ပျောက်တော့မဲ့ ညနေချိန်လေးရယ်……………….)
“ အကိုခဏ……….”
“အင်းးးးးး “ (ဒီ ဖုန်းကတစ်မျိုး အရေးထဲဆို။ ညီကိုဖွင့်ပြောဖို့ ဘယ်လောက်အားယူနေရတယ်ဆိုတာ။ငါက လည်းအရင်နဲ့ မတူတော့ဘူး)
“ အေးပြော “
“………………….”
“ငါပြန်သွားပြီး”
“………………..”
“ငါ သက်သာပါတယ်။အေး………..သွေးလည်းမလျှံတော့ဘူး”
“………………”
“ အေးအေး…………seeyou”
“ ညီ ခုနကဘာပြောတာလည်း……….နှာခေါ်းသေွးလျှံတယ်လို့ကြားတယ်။အကို ကိုဘာလို့မပြောတာလည်း။”
“ ဘာမှ မဖြစ်လောက်ဘူးထင်လို့ပါ”
“လာ ဆေးခန်းသွားရအောင်”
“ခဏလေးပါ အကိုရာ ဒီမှာခဏလေးနေချင်လို့ပါ”
“အင်း……….ခဏဘဲနေရမယ်နော်……..ပြီးရင်ဆေးခန်းသွားမယ် ”
“ အားးးးးးးးးးးခေါ်င်းထဲကမူးလိုက်တာ”
“ဟုတ်လား………..လာအကိုကို မှီထား”
“ဟုတ် အကို”
(“ဟေးးးးးးးးးးးးးးးးးးးးအရမ်းချစ်နေပါလာ။”
“ ဟ………….ဘာတွေလည်း အခြောက်တွေလား”
“ ကြိုးစားထား……….သားကြီးရေ” )
(ချောင်းသာသွားသော် ကားပေါ်မှလူတွေရဲ့ ထော်ပနာပြုသံတွေ)
“ အကို…………..အရမ်း အားနာတယ်ဗျာ။ကျွန်တော်ကြောင့် အကို သိကာ ကျနေရပြီး”
“မဟုတ်ပါဘူးကွာ………..အကိုက ဒီလိုလေးနေချင်းတာ ကြာပြီးကွ”
“အဟားးးးးးးးးးးလာစနေတယ်”
“ထားပါတော့ကွာ…………..လာ ဆေးခန်းသွားရအောင် နှောက်ကျရင်မကောင်းဘူး ”
“ ဘယ်ဆေးခန်းသွားမှာလည်း အကို”
 “ဇီဝက”
“ဗျာ………….”
“ဘာဖြစ်လို့လည်း”
“ဈေးကြီးလို့…………”
“ မဟုတ်တာကွာ…….ကျမ်းမားရေဘဲကွာ။ ပိုက်ဆံ အတွက်မပူနဲ့ အကိုပေးမယ်။”
“ မသွားတော့ဘူး “
“………ဘာဖြစ်ရတာလည်း “
“ အကိုတက်နိုင်တာ ညီသိပါတယ်။ဒါပင်မဲ့ ညီဟာ ညီ အကုန်ခံမယ်။အဲလိုမှ မဟုတ်ရင်မသွားဘူးဗျာ”
“ ဟုတ်ပါပြီးဗျာ မာနခဲလေး ခဗျား သဘောပါ………ဒီလောက်ပေးချင်နေရင်…..ကားခက ဘာပေးမှာလည်း “
“အင်း…………ဘာပေးရမလဲဆိုတော့”
“………………”
“ဟာ……….နေမခ လူဆိုးလေး။လူကြီးကို အာဘွားပေးရတယ်လို့ မင်တော့သေပြီးမပြေးနဲ့ “
“ ဟားဟားးးးးးးးးးးမှီအောင်လိုက်လေ “
“မှီတော့မှာပါဗျာ “
“ ပျော်ရွှင်မှုတွေ တခနအတွင်းရပ်သွားပြီး ခေါ်င်ထဲမှာမခံမရပ်နိုင်အားမူးလိုက်တာ……နှောက်ဆုံး……….လောကကြီးနဲ့ ခဏလောက် အဆက်အသွယ်ပျက်သွားတယ် “
“ညီ…………………….ညီ သတိထားအုံးလေ။ညီ မင်း မသေရဘူး။မင်း အသက်ရှင်ရမယ် မင်သေရင်ငါလည်း  အသက်၇ှင်မှာ မဟုတ်ဘူးနော် ။ညီ ဘာဖြစ်လို့ ဒီလောက်ခေါ်င်းမာရတာလည်းကွာ။ အချစ်စစ်မှာ မာန မ၇ှိဘူး။
 ဆက်ရန်
                                                                                        မင်းနေခ
May 10th
ဒေါက်တာအောင်စည် နှင့် ဒေါက်တာအောင်မောင်း ... အပိုင်း(၂၃)
By Dr. Min Khant
(၂၃)
အောင်စည့် သူငယ်ချင်းတွေက လက်သွက်ကြသည် ။ ယခုဆိုလျှင် မျိုးမြင့်တို့ လင်မယားကလည်း သားလေးတစ်ယောက် သမီးလေးတစ်ယောက် မွေးပြီးခဲ့ပြီ ။ အောင်ကျော်တို့ လင်မယားက သမီးလေးတစ်ယောက် မွေးပြီးပြီဖြစ်သည် ။ သူငယ်ချင်းတွေ ပြန်တွေ့ကြတော့ ငယ်ငယ်တုန်းက ဘ၀လေးကို အောင်စည် ပြန်လွမ်းမိသည် ။
ငါတို့တွေလည်း အသက်တွေ ကြီးလာလိုက်တာနော် … အောင်စည် … မင်းပဲ ကောင်းတယ်ကွာ … အခုထိ နုပျိုနေတုန်းပဲ … မိန်းမမရှိတော့ အပူကင်းတယ်ကွ …
မျိုးမြင့်က ထိုသို့ပြောလိုက်တော့ ဘေးနားက မေရီချိုက မျိုးမြင့်ကို လှမ်းဆွဲဆိတ်သည် ထင်သည် ။ မျိုးမြင့် ရယ်ပြီး အားကနဲ အော်လိုက်သည် ။
ရှင့်သူငယ်ချင်းကို သိပ်မြှောက်ပေးမနေနဲ့ … တော်ကြာ တကယ် တစ်သက်လုံး လူပျိုကြီး လုပ်သွားဦးမယ် …
လုပ်လည်း ကောင်းတာပေါ့ကွာ … ငါ့မိန်းမ အေးချိုလို ပွစိပွစိ လုပ်တတ်တဲ့ မိန်းမနဲ့ ရမှ မင်း စလံပေးနေရလိမ့်မယ် သူငယ်ချင်း …
အောင်ကျော်က ၀င်ပြောတော့ အေးချိုကလည်း အားကျမခံ ပြန်ပက်သည် ။
ကျွန်မလို မိန်းမမျိုးမို့လို့ ရှင့်ကို သည်လောက်အထိ သည်းခံနေတာနော် … တခြားမိန်းမဆိုလို့ကတော့ ရှင့်ပုံစံမျိုးနဲ့ … အခုလောက်ဆို ဟိုက ပစ်သွားလောက်ပြီ …
အမလေးဗျာ … ပြောမိတာ မှားပါတယ် … 
သူငယ်ချင်းများ ပြောရွှင်စွာ ရယ်မောရင်း ပြောနေကြသည်မှာ တစ်ဆိုင်လုံး ပျံ့လွင့်နေလေသည် ။ ဒေါက်တာအောင်စည့်ကိုလည်း မိန်းမမယူဖို့ တရားတွေကို သူတို့ မိန်းမတွေ ရှေ့မှာ တရားချနေကြလေသည် ။ မျိုးမြင့်က ခွဲစိတ် အထူးကု ဖြစ်နေပြီး ထက်ကျော်ဆိုသော သူငယ်ချင်းတစ်ယောက်ကတော့ ကလေး အထူးကု ဖြစ်နေကြပြီဖြစ်သည် ။ အောင်ကျော်တို့ တိုင်းရင်းဆေးလုပ်ငန်းက အောင်မြင်သောကြောင့် အောင်ကျော်က တိုင်းရင်းဆေးကိုသာ ဇောက်ချ လုပ်နေခြင်းဖြစ်သည် ။
သူတို့ စားနေသော ဆိုင်ထဲသို့ ကောင်လေးတစ်ယောက် ၀င်လာသည် ။ ထိုကောင်လေးကို အောင်စည် မြင်ဖူးသလို ရှိနေသည် ။ အာ … တစ်ရှူးပေးသွားတဲ့ ကောင်လေး ။ အောင်စည် ရှက်သောကြောင့် ခေါင်းကို ငုံ့ပြီး အစားစားနေလိုက်သည် ။ ထိုကောင်လေးက အောင်စည်တို့ ရှိရာဝိုင်းသို့ပင် တည့်တည့် မတ်မတ် လာနေလေသည် ။
ဦးအောင် … မုန့်စားနေတာလား …
ဟာ … သမက်လေး … ဘာလာလုပ်တာလဲ …
အိမ်က ကြေးအိုးဝယ်ခိုင်းလို့ လာဝယ်တာ ဦးအောင် …
အေး … အိမ်ကိုလည်း လာလည်ပါဦး … မင်းညီမက မင်းကို မလာတာ ကြာပြီလို့ ပြောနေတယ် … ကိုကြီး အောင်မောင်းက ဆေးကျောင်းတက်နေလို့ စိမ်းကားနေတာတဲ့ …
မဟုတ်ပါဘူး ဦးရယ် … သားလည်း စာတွေ ကျက်နေရလို့ပါ … သည်တစ်ပတ် ပိတ်ရက်ကို လာလည်ပါ့မယ် …
ထိုကောင်လေး ထွက်သွားတော့မှ အောင်ကျော်က သူငယ်ချင်းတွေကို ရယ်ပြီး ပြောပြသည် ။
အဲ့ဒါ ငါ့သမက်လောင်းလေးကွ … ငါ့သမီးနဲ့ ငါ သဘောတူထားတာလေ … ဆရာဝန် ဖြစ်တာနဲ့ တန်းပေးစားမှာ … ဟားဟား … ငါ့အကြံ မပိုင်ဘူးလား …
ပိုင်ပါ့ကွာ … ပိုင်ပါ့ … ဟားဟား …
အားလုံးက ၀ိုင်းရယ်နေကြချိန်တွင် ဒေါက်တာအောင်စည်တစ်ယောက် မရယ်နိုင်ခဲ့ ။ ထွက်သွားသော ကောင်လေး၏ နောက်ကျောကို ကြည့်ကာ ငေးမောနေမိခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် ထိုကောင်လေး၏ ပါးချိုင့်လေးများသည် စောဖိုးထွန်း၏ ပါးချိုင့်များနှင့် သိပ်တူနေသောကြောင့် ဖြစ်လေသည် ။
ရဲထိုက် လေဆိပ်တွင် လင်းမိုးကို စောင့်နေမိသည် ။ သည်လေယာဉ်တွင် လင်းမိုး ပါလာမည် ဖြစ်သည် ။ အခုတော့ ပထမဆုံး ခြေလှမ်းကို ရဲထိုက်နှင့် လင်းမိုးတို့ စတင်လိုက်ကြပြီ ဖြစ်သည် ။ လင်းမိုး စင်ကာပူတွင် အလုပ်တွေ အားလုံး လက်စသက်ပြီး ဂျပန်သို့ ပြောင်းရွှေ့ဖို့ အကုန်လုပ်ကာ လာခဲ့ခြင်းဖြစ်သည် ။  အနာဂတ်တွင် ဘာတွေဆက်ဖြစ်လာမည်ကို နှစ်ယောက်လုံး ကြိုမမြင်နိုင်ကြ ။ သို့သော် ရင်ဆိုင် ရှေ့တိုးဖို့ကိုတော့ နှစ်ယောက်လုံး အားမွေးထားပြီး ဖြစ်သည် ။
ကိုရဲ … ဘာတွေ ငေးနေတာလဲ … ကျွန်တော့်ကိုတောင် မမြင်ဘူး … ဟွန်း … ဂျပန်ကောင်လေးတွေကို ငေးနေတာ မဟုတ်လား …
မဟုတ်ပါဘူး ညီရယ် … အစ်ကိုတို့ရဲ့ အနာဂတ်ကို တွေးနေတာပါ …
မတွေးပါနဲ့ ကိုရဲရယ် … ဘာပဲဖြစ်လာ ဖြစ်လာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်နဲ့ တူတူ ရင်ဆိုင်သွားကြမှာပေါ့ … မဟုတ်ဘူးလား …
ရဲထိုက် သက်ပြင်းချလိုက်မိသည် ။ လင်းမိုးလည်း သက်ပြင်း တိုးတိုးလေး တစ်ချက် ချလိုက်မိသည် ။ အရှေ့တွင် ဘာတွေ ဆက်ဖြစ်ကြမည်ကို နှစ်ယောက်လုံး မသိကြ ။ သို့သော် တစ်ဦး၏ အချစ်သည် တစ်ဦးအတွက် အားဆေးပင် ဖြစ်သည် ။ ထိုအားဖြင့်သာ နှစ်ဦးလုံး ရှေ့ဆက် တိုးကြရမည် ဖြစ်လေသည် ။
လင်းမိုး ပြောင်းရွှေ့လာခြင်း အမှတ်တရ အဖြစ် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင် ထွန်းကာ နှစ်ယောက် အတူတူ ဆုတောင်း စကားဆိုကြသည် ။
ကိုရဲ … ညီ ဖယောင်းတိုင် မှုတ်လိုက်မယ်နော် … ဟာ …
နှစ်ယောက်လုံး အံ့သြသွားကြရသည် ။ လေလည်း မတိုက်ပါဘဲနှင့် ဖယောင်းတိုင်သည် လဲကျကာ မီးငြိမ်းသွားလေသည် ။ နှစ်ယောက်လုံး မျက်စိမျက်နှာ ပျက်သွားကြမိသည် ။ ထိုအရာသည် သူတို့နှစ်ယောက်အတွက် ၊ သူတို့ အနာဂတ်အတွက် နိမိတ်ဆိုးကို သယ်ဆောင်လာခြင်းလေလား ။
ကြည့်ရတာ ကျွန်တော် လက်ကို စောင်းမိလိုက်လို့ထင်တယ် … ကိုရဲ …
အင်း … ဟုတ် … ဟုတ်လိမ့်မယ် …
နှစ်ယောက်လုံး သည်လောက်သာ ပြောပြီး ဖယောင်းတိုင် ကိစ်စကို ခေါင်းထဲမှ မြန်မြန် ထုတ်လိုက်ကြလေသည် ။
ကျောင်းအကွေ့က အထွက် ပြေးလာသော လူတစ်ယောက်က သူ့ပစ်စည်းတွေ အကုန်လုံးကို တိုက်ချပစ်လိုက်သောကြောင့် အောင်မောင်း တော်တော်လေး စိတ်တိုသွားမိသည် ။ ဘယ်လိုကောင်လေးပါလိမ့် ။
ဟေ့ကောင် … မင်း ဘယ်လို လုပ်လိုက်တာလဲ …
ဆောရီးနော် … ဆောရီး … ငါ့သူငယ်ချင်းတွေကို စပြီး ထွက်ပြေးလာတာ … ဟာ … အောင် … အောင်မောင်း …
မင်း … နေ … နေ … ဘာလဲ … ဟိုဟာလေ …
နေသွေးလျှံ … လေကွာ … မင်းကလည်း ငါ့ကိုတောင် မမှတ်ထားဘူး … ၀မ်းသာလိုက်တာကွာ … ငါ မင်းကို တွေ့ရမယ်လို့ကို မထင်ထားဘူး …
အင် ။ သူ့စကားကြီးကလည်း ။ ဒါဖြင့်ရင် သည်ကောင်က အောင်မောင်းကို ဆေးမှတ်မီမယ်လို့တောင် မထင်ဘူးပေါ့ ။ လျှော့တွက်တယ်ပေါ့ ။ အောင်မောင်း သည်လိုတွေးရင်း စိတ်တိုမိသွားသည် ။ မျက်နှာကို တင်းထားပြီး ပြုတ်ကျသွားသော ပစ်စည်းတွေကို ကောက်နေလိုက်သည် ။ ထိုကောင်လေးကလည်း ၀င်ကောက်ပေးရှာသည် ။
အောင်မောင်း … ငါက မင်းကို ခဏခဏ သတိရနေတာကွ … မင်းက ငါ့ကို သတိမရဘူး မဟုတ်လား …
အင်း … ရပါတယ် …
မင်းဖြေတာကလည်း အသက်မပါလိုက်တာကွာ … လာ … ငါတို့ ကန်တင်း တူတူ သွားရအောင် … သည်နေ့ မင်းကိုငါ အအေးဝယ်တိုက်မယ် … ငါ့သူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးမယ် …
နေသွေးလျှံက တော်တော်တော့ သွက်သည် ။ အောင်မောင်းကိုလည်း ပုခုံးလာဖက်လိုက်သေးသည် ။ မေမေက ပုခုံးအဖက်ခံရလျှင် ဘုန်းနိမ့်တတ်သည် ပြောဖူးသောကြောင့် အောင်မောင်း မသိမသာ ရှောင်ထွက်လိုက်သည် ။ နေသွေးလျှံကတော့ ခွေးအမဲရိုးရသလို ပျော်နေပုံပေါက်လေသည် ။ အောင်မောင်းကိုလည်း တစ်လမ်းလုံး စကားတွေ ရေပက်မ၀င် ပြောနေသေးသည် ။
ဟေ့ကောင်တွေ … ဒါ ငါ့အချစ်ဆုံး သူငယ်ချင်း အောင်မောင်းတဲ့ … ငါတို့ ခင်တာ ကြာပြီ … သိလား …
အင် ။ အောင်မောင်းပင် ကြောင်သွားသည် ။ ချက်ချင်းပင် အချစ်ဆုံး သူငယ်ချင်း ဖြစ်သွားရသေးသည် ။ အောင်မောင်းဖြင့် သူ့ကို ချစ်ဖို့နေနေသာသာ သူငယ်ချင်းဟုပင် မသတ်မှတ်မိသေး ။ သူ့သူငယ်ချင်းတွေကလည်း အောင်မောင်းကို ဖော်ဖော်ရွေရွေ ဆက်ဆံကြသည် ။ အောင်မောင်း ဆေးကျောင်းတက်ရသည်ကိုပင် ပျော်သလိုလို ဖြစ်လာမိသည် ။
အတန်းတက်တော့လည်း သူ့ဘေးတွင် အတင်းထိုင်ခိုင်းသည် ။ အောင်မောင်းလည်း အထက်တန်း ကျောင်းက သူငယ်ချင်းတွေက ဆေးကျောင်း ရောက်လာသူ နည်းသဖြင့် နေသွေးလျှံတို့ အုပ်စုနှင့်ပင် ပေါင်းဖြစ်သွားလေသည် ။ တက်ကသိုလ် ကျောင်းသားဟူသော ဂုဏ်ပုဒ်ကြီးကို ခံစားရင်း အောင်မောင်း တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဘ၀င်မြင့်ကာ စိတ်ကြီးပင် ၀င်ချင်မိသည် ။
တက်ကသိုလ် ကျောင်းသား ဘ၀ကို အောင်မောင်း စတင် ချစ်ခင် မြတ်နိုးမိလာလေသည် ။ ဆေးတက်ကသိုလ် ၂ ကြီးသည် အောင်မောင်းအတွက် ဂုဏ်ယူခြင်း ၊ ၀ံ့ကြွားခြင်းတို့အပြင် မိမိကိုယ်ကို ယုံကြည်စိတ်နှင့် ကိုယ့်ကိုယ်ကို အားကိုလိုစိတ်တို့ကိုပါ မွေးဖွားပေးခဲ့လေသည် ။ အောင်မောင်း ယခင်တည်း ၀ါသနာ ပါခဲ့ဖူးသော စာရေးခြင်း အလုပ်ကို တက်ကသိုလ် ကျောင်းသားဘ၀တွင် ပြန်လည် စတင်ခဲ့လေတော့သည် ။
May 30th
ရှန်တီ မှော်ကျောင်း (၄၆ )
By Ram
ရှန်တီ မှော်ကျောင်း (၄၆ )
မင်္ဂလာပါ…
မတွေ့တာ ကြာပြီနော်။ အားလုံးပဲ နေကောင်းကျန်းမာကြပါစေ။ ရှန်တီမှော်ကျောင်းမှာ မိတ်ဆွေတို့အတွက် အမှန်တကယ် အသုံးဝင်မယ့် နည်းလမ်းများကို ပြောပြပေးနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မိတ်ဆွေတို့အတွက် တကယ့်ကို လက်တွေ့ အသုံးဝင်မယ့် နည်းလမ်းတစ်ခုကို မျှဝေပေးလိုပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်တိုင်လည်း အကြိမ်ကြိမ် အသုံးပြုဖူးပြီး အောင်မြင်ဖူးတဲ့ နည်းလမ်းဖြစ်ပါတယ်။
“Bill မရှိဘဲ မနေတတ်တဲ့ ငါ့အားနည်းချက်…. ” ။ အဆိုတော်ရဲရင့်အောင်ရဲ့ “လွမ်းလွန်းလို့ သေနိုင်တယ်” ဆိုတဲ့သီချင်းကို ပြင်ဆိုထားသလိုပဲ ကျွန်တော်တို့ အားလုံးဟာ Phone Bill မရှိဘဲ မနေနိုင်ကြပါဘူး။ ဘယ်လောက်ပဲ internet connection တွေ ညံ့ဖျင်း စုတ်ပြတ် နှေးကွေးနေပါစေ။ ဘယ်လောက်ပဲ တယ်လီဖုန်းလိုင်းတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်ပါစေ။ MPT မှ တပါး အခြားရွေးချယ်စရာမရှိသေးတော့ ဒီဖုန်းတွေကိုပဲ ခင်တွယ်နေရဆဲပါ။ ထည့်လိုက်ရတဲ့ ငွေဖြည့်ကတ်တွေ ဆိုတာကလည်း မဟာသမုဒ္ဒရာကြီးထဲကို မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာက ဖြည့်သွင်းသောရေသည် မပြည့်နိုင်သကဲ့သို့ ဖုန်းထဲကို ထည့်လိုက်ရတဲ့ ငွေဖြည့်ကတ်ဆိုတာကလည်း လောက်တယ်ရယ်လို့ကို မရှိပါဘူး။ (၅၀၀၀) တန် ငွေဖြည့်ကတ်ဆိုတာကလည်း ခဏလေးနဲ့ကုန်။ ဖုန်းပြောလို့ စက္ကန့်ပိုင်းလောက် စွန်းရင်လည်း တစ်မိနစ်စာ ဖြတ်လိုဖြတ်။ အင်တာနက်ဖွင့်ထားရင် လိုင်းတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ပိုက်ဆံဖြတ်။
ဘယ်လိုပဲ စိတ်ပျက်စရာကောင်းနေပါစေ။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူးမလား။
ကျွန်တော် အခုပြောမယ့်နည်းလေးက ဖုန်းဘေလ် မကုန်စေတဲ့နည်းမဟုတ်ပါဘူး။ ငွေဖြည့်ကတ်ခိုးတဲ့နည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းငွေဖြည့်ကတ်နဲ့ ပတ်သက်လို့ မပူပင်ရမယ့် နည်းလေးပါ။ စိတ်ဝင်စားလား။
Mar 24th
အချစ်ကျွန်
By ph7love
အချစ်ကျွန်
ချစ်ခြင်းကို အပြစ်တစ်ခုလို့
သခင်မြင်ခဲ့ပါသလား...
တစ်ကယ်တော့
ချစ်ခြင်းကအပြစ်မဲ့ပါတယ်သခင်
ချစ်ခြင်းကိုပိုင်သော လူသားသည်သာ
အပြစ်သားပါ....
ချစ်ခြင်း+လူသား
ထိုနှစ်ခုရောပြွမ်းခြင်းကို
အပြစ်လို့ သခင်မြင်မိရင်တော့
သခင့်ကျွန် ကျွန်တော်မျိုး
မြေခလို့ပုဆစ်တုပ်
ဒူးထောက်ပြီးခံယူပါ့မယ်
သခင်ပေးမဲ့အပြစ်ဒဏ်ကိုပေါ့....
သခင်ပေးပါ..
မညှာမတာ အပြစ်တစ်ခု...
သခင်ပေးပါ...
သခင်ပေးတဲ့အပြစ်ကို
မြတ်နိုးယုယပြီး ကျွန်(ကျွန်တော်မျိုး)
နှလုံးသားမှာထွေးပွေ့ထားပါ့မယ်..
ဒီအပြစ်...သခင်စွန့်ရင်ပေါ့....
Jan 1st
ထွက်ပြေးသွားတဲ့လမင်း (2)
By smile
မိုးရွာပြီးကာစမို့ထင်သည်။ လေအေးလေးတွေတိုက်ခတ်နေသည်။ တိမ်တွေရှိသောကြောင့် နေမပူတော့။ စင်္ကာပူတွင် နွေနှင့်မိုးသာ ရှိသည်။ နွေဘက်တွင်လည်းမိုးက ထရွာချင်ရွာသည်။ ကိုသူရိန်က ပြောဖူးသည်။ ဒီက ရာသီဥတုက အရူးကိုလင်လုပ်နေရသလိုပဲတဲ့။ အရူးကိုလင်လုပ်ရသည့် မိန်းမတစ်ယောက်၏ ခံစားချက်သည် ဘယ်လိုမှန်းကျွန်တော်မသိ။ ကျွန်တော်ကတော့ ဖြစ်နိုင်လျှင်ရူးချင်နေသည်။ နေ့လည်စာစားချိန်ပြီးလို့ အချိန်ပိုလျှင် ကျွန်တော် ဒီနေရာလေးကိုတက်လာပြီး ကော်ဖီခွက်သောက်တတ်သည်။ ဒီနေရာလေးက ကျွန်တော်အလုပ်လုပ်နေသည့် ကုမ္ပဏီ၏ ခေါင်မိုးဖြစ်သည်။ ဒီနေရာလေးမှနေရ်ျ စင်္ကာပူ၏နေရာ တော်တော်များများကိုလှမ်းမြင်နိုင် သည်။ စိတ်ရှုပ်နေသော ကျွန်တော့်အတွက်တော့ ဒီနေရာလေးသည် နိဗ္ဗာန်ဘုံဖြစ်သည်။ ခါတိုင်း ကျွန်တော် စိတ်မကြည်မလင်ဖြစ်နေ သည့် အချိန်တိုင်းတွင် ဒီနေရာလေးကိုတက်လာကာ ကော်ဖီတစ်ခွက်သောက်ရင်း ရှုခင်းတွေကို ကြည့်လေ့ရှိသည်။
ဒီနေ့မနက်က ပြောင်းလာသော ဇင်လတ်ဆိုသူမှာ ကျွန်တော်နှင့် လွန်ခဲ့သော ငါးနှစ်က ချစ်ခဲ့ကြသော ချစ်သူတစ်ယောက်ဖြစ်သည်။ သိပ်ချစ်ခဲ့ကြတဲ့ အချိန်တုန်းက သူနှင့် ကျွန်တော် ကတိထားဖူးသည်။ အဲနေ့က ကျွန်တော်တို့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်သောနေ့ ဖြစ်သည်။ဇင်လတ်က ပလက်တီနမ်လက်စွပ်မောင်းကွင်းလေးနှင့် ငွေစုစာအုပ်လေးတစ်အုပ်ပေးသည်။ လက်စွပ်လေးက ကျွန်တော့် လက်ချောင်းထက် တော်တော်ကြီးနေသည်။
``ဟာ လပြည့်ကလဲ ဒီလက်စွပ်က လက်သူကြွယ်ကို စွပ်ရမှာ မဟုတ်ဘူး။ လက်မကိုစွပ်ရမှာ။ လက်တွေအားလုံးထဲမှာ လက်မက အင်အားအကြီးဆုံးလို့ ကိုယ်ထင်တယ်။ ပြီးတော့ တချို့လက်ထိပ်လေးတွေရှိတယ်လေ။ လက်ကောက်ဝတ်ကို ခတ်ထားတာမဟုတ် ဘူး။ လက်မနှစ်ချောင်းကို ပူးပြီးခတ်ထားတာလေ။ ကိုယ့်လက်မမှာလဲ တစ်ကွင်းစွပ်ထားမယ်။ အဲတော့ လပြည့်ကလဲ ကိုယ့်ကို မလှုပ် နိုင်အောင် လက်ထိတ်ခတ်ထားလိုက်ပြီ။ ကိုယ်ကလဲလပြည့်ကို မပြေးနိုင်အောင် ပြန်ခတ်ထားတာ´´
``ဇင်လတ်ကလဲ လပြည့်က ဘာလို့ထွက်ပြေးရမှာလဲ။ ခတ်ချင်းခတ် ဇင်လတ်ကိုပဲခတ်ထားရမှာဗျ´´
``ပြီးတော့ ဒီမှာ ငွေစုစာအုပ် လပြည့်နဲ့ကိုယ်နဲ့ နှစ်ယောက်နာမည်နဲ့လုပ်ထားတာ။ လပြည့် မစုလည်းရတယ်။ ကိုယ်ပေးထားတာက လပြည့် ပိုက်ဆံလိုတဲ့အခါ ထုတ်သုံးလို့ရအောင်။ ပြီးတော့ ကိုယ်အခုကတည်းက ပိုက်ဆံစုထားမယ်။ ကိုယ်တို့လုံလောက်တဲ့ငွေရရင် စင်္ကာပူကိုထွက်မယ်။ ဟိုမှာ အလုပ်သွားလုပ်ပြီး အတူတူနေမယ်။ ဒီမှာဆို ကိုယ်တို့ကို ဘယ်သူမှ နားလည်ပေးမှာမဟုတ်ဘူး´´
ဒါက တစ်ချိန်က ချစ်သူ၏ အိပ်မက်တွေ ………….။ သူ၏ အိပ်မက်တွေကို သူကိုယ်တိုင် ရိုက်ချိုးခဲ့မှန်း သူမသိ။ သူသိသည်က သူသိပ် ချစ်ခဲ့သော ချစ်သူသည် သူ့ထံမှ ရုတ်တရက်ထွက်ပြေးသွားခြင်းကိုသာ သိမည်ဖြစ်မည်။ ပြီးတော့ သူ့ချစ်သူသည် သူ၏အိပ်မက်ကို တခြားတစ်ယောက်နှင့် အကောင်အထည်ဖော်သွားခြင်း ဒါလောက်သာသိမည်။  လောကကြီးက မာယာတွေများကာ လှည့်ကွက်တွေ ပြည့်နေတာကို ချမ်းချမ်းသာသာ ပေါ့ပေါ့ပျက်ပျက် နေခဲ့သည့် ဇင်လတ်ဆိုသော ထိုကောင်လေး သိမည်မဟုတ်။
တကယ်လို့များ ဘ၀ဆိုတာ ကျားကွက်ကစားနည်းနှင့်တူသည်ဆိုပါစို့။ ကံတရားက ကျားကွက်ရွှေ့သည့်ကစားသူဖြစ်ပြီး လူတွေကတော့ သူ၏ လက်ထဲမှ နယ်ရုပ်ကလေးတွေဖြစ်သည်။ ကံတရားက သူရွှေ့ချင်သည့် အကွက်ကိုရွှေ့မည်။ သူရွှေ့လိုက်သည့်အကွက်လေး သည် နယ်ရုပ်ကလေးအဖို့ ကံကောင်းသည့်အကွက်ဖြစ်ချင်ဖြစ်မည်။ နာကျင်ခံစားရသည့် ဒုက္ခဆိုသည့် အကွက်ဖြစ်ချင်ဖြစ်မည်။ ဒါတွေ ကို သူမသိ။ သူ၏တာဝန်က အကွက်ရွှေ့ဖို့ပင် …………..။
ထမင်းစားပြီးကာစမို့လား မသိ ဗိုက်အောင့်လာသည်။ အသင့်ပါလာသည့်ဆေးကိုကော်ဖီနှင့်မျောချလိုက်သည်။ အခုတလော ဗိုက်အောင့် နေသည်။ အရင်ကလည်း အစာအိမ်ရောဂါဖြစ်ဖူးသည်။ ဒါပေမယ့်ထိုရောဂါက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ အခုတော့ အခြေအနေတွေက ပိုဆိုးလာသည်။ ထမင်းစားချိန်မမှန်အောင်အလုပ်ကို ဦးစားပေးလုပ်သည့်ဒဏ်ကြောင့်ဖြစ်မည်။ ပြီးတော့အချဉ် အပူအစပ် သိပ်ကြိုက်တဲ့ ကျွန်တော့် အကျင့်ကြောင့်လည်းဖြစ်နိုင်ပါသည်။ အိတ်ကပ်ထဲတွင်ထည့်ထားသော ဖုန်းကမြည်လာသည်။ ကိုသူရိန်ဆီကပဲ
``လပြည့် ဆေးသောက်ပြီးပြီလား။ ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး ထမင်းရော စားပြီးပြီလား´´
စိတ်ပူစွာဖြင့် ကိုသူရိန်ကမေးလာသည်။ ကိုသူရိန်က ကျွန်တော့်ကို ကလေးတစ်ယောက်လို့ထင်နေတုန်း။ ဒါပေမယ့်သူလည်း ကလေး ဖြစ်ချင်သည့်အချိန်တွင် ဖြစ်သွားတတ်သည်။ တခါတလေ သူ ကျွန်တော့်ကို ထမင်းခွံ့ခိုင်းတုန်း။
``အခုပဲ သောက်ပြီးတာ အကိုရ´´
``အဲဒါဆို ညနေ ကိုယ် လာဝင်ခေါ်မယ်။ ဒီနေ့ ဆေးစစ်ရမယ်တဲ့နော်။ အသင့်ပြင်ထား´´
``ဟုတ်ကဲ့ အကို´´
ပြောပြီး ဖုန်းချသွားသည်။ နေမကောင်းလို့ ဆေးရုံသွားပြတော့ ဆေးရုံက ဆရာဝန်က ကျွန်တော့် အစာအိမ်ကို သိပ်မသင်္ကာချင်။ ဒါကြောင့်  Gastroscopic exam ခေါ် အစာအိမ်ထဲ ကင်မရာပါတဲ့ကရိယာထဲ့ကြည့်ကာ စစ်ဆေးဖို့ အကြံပြုသည်။ ညနေ ကိုသူရိန် လာခေါ်မည်ဆိုတော့ ဇင်လတ် ဟုတ်သည် ဇင်လတ်နှင့် မတွေ့ပါစေနဲ့။ တွေ့ရင် သူတို့နှစ်ယောက်ကြားထဲမှာ ကျွန်တော် ဘယ်လိုမျက်နှာ ထားရမှာလဲ။ နဂိုကတည်းက သွေးဆူလွယ်သော ဇင်လတ်သည် ကိုသူရိန်နှင့်တွေ့ရင် မလိုလားအပ်သော ပြဿနာတွေဖြစ်လာလိမ့် မည်။  ပြီးတော့ ဒါ မြန်မာနိုင်ငံမဟုတ်။ တင်းကျပ်လှသော စည်းကမ်းများဖြင့် ချည်နှောင်ထားသော နိုင်ငံဖြစ်သည်။ ဒီနိုင်ငံတွင် ပြဿနာ တက်ပါက ဥပေဒအတိုင်းအရေးယူခံရမည်ဖြစ်သည်။ လူ့ဘ၀တွင်နေထိုင်ရသည်မှာ ဘာမဟုတ်သည့် ဗာဟီရကိစ္စများ၊ စိုးရိမ်ပူပန်ရမှုများ လိုချင်တပ်မက်မှုများ စသည်ဖြင့် ရှုပ်ထွေးလှသည်။ အဲဒါဆို ဘုန်းကြီးဝတ်ကာ တရားဓမ္မရှာပြီး အေးအေးချမ်းချမ်းနေ ပါလားဟု ပြောစရာရှိလာသည်။ ဒါပေမယ့် အဲဒီရှုပ်ထွေးလှတဲ့လူ့ဘ၀ထဲတွင်ပဲ လူတွေသည်ပျော်ရွှင်စွာရှင်သန်နေကြသည်။
ဒီမနက်လည်း ကျွန်တော်နှင့် လွန်ခဲ့က ချစ်သူတွေဖြစ်ခဲ့ဖူးသည့် ဇင်လတ် ကျွန်တော်နှင့်အတူအလုပ်တွဲလုပ်ဖို့ရောက်လာသည်။ ဘ၀တွင် မျှော်လင့်ထားတာထက် မမျှော်လင့်တာတွေဖြစ်တတ်သည်။ သည်အချိန်မှာ မမျှော်လင့်တာတွေကို လက်ခံနိုင်ဖို့ကောင်းကောင်းကြိုးစား ရသည်။ ဒါသည်ပင် လူ့ဘ၀တွင် ကျေနပ်အောင်နေထိုင်နည်းတစ်မျိုးလို့ကျွန်တော်ထင်သည်။ ဇင်လတ်ကို မန်နေဂျာနှင့် မိတ်ဆက်ပေး ပြီး သူသိသင့်သည်များကို ကျွန်တော်ရှင်းပြရသည်။ လုပ်ရမည့် အလုပ်တာဝန်များကိုလည်း ခွဲဝေယူရသည်။ ကျွန်တော်တို့နှစ်ယောက် စလုံးက Web developer များဖြစ်ကြသည်။ ကျွန်တော် အလုပ်ကိစ္စရှင်းပြနေတုန်း ဇင်လတ်က ကျွန်တော့်ကို သံယောဇဉ်မပြတ်သော မျက်လုံးများဖြင့် စိုက်ကြည့်တတ်သည်။ ဒါတွေကို ကျွန်တော် မသိချင်ယောင်ဆောင်နေရသည်။ အတန်ငယ်ရင့်ကျက်လာလို့လားမသိ။ တွေးစရာတွေကများလာသည်။ ရုတ်တရက် ကျွန်တော့်နောက်ကျောမှာ နွေးထွေးသော ခံစားမှုတစ်ခုဖြစ်ပေါ်လာသည်။
``လပြည့် မင်းကိုယ့်ဆီကို ပြန်လာခဲ့ပါလား၊ မင်းဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်မင်းကိုလက်ခံတယ်´´
ဒါ ဒါ ဇင်လတ်အသံဖြစ်သည်။ သူက ကျွန်တော့်ကိုနောက်ကျောမှဖက်ကာ ပြောလာခြင်းဖြစ်သည်။ သူ ကျွန်တော့်နောက်မှာဘယ်အချိန် ကတည်းက ရောက်နေမှန်းမသိ။ ကျွန်တော်က အသာအယာရုန်းဖယ်ရင်း
``မဖြစ်နိုင်ပါဘူး။ ငါတို့ သူငယ်ချင်းတွေလိုပဲနေရအောင်နော်´´
``ဘာလဲ မင်းက ပိုက်ဆံမက်လို့လား။ ငါ ကိုသူရိန်ထက် မနိမ့်ကျအောင် မင်းကိုထားနိုင်တယ်´´
ဇင်လတ်က ကျွန်တော့်ကိုဒေါသတကြီးဖြင့်အော်သည်။
``လောကကြီးမှာ ပိုက်ဆံထက်အရေးကြီးတဲ့ အရာတွေရှိတယ် ဇင်လတ်ရ။ ငါ ကိုသူရိန်နဲ့အတူနေနေတာ ပိုက်ဆံကြောင့် မဟုတ်ဘူး´´
ပြောပြီးကျွန်တော်ထွက်လာသည်။ သူကတော့ ခေါင်းငိုက်စိုက်ကျကာ ကျန်ခဲ့သည်။ ဒီအချိန်တွင် တခြားသူဆို မျက်ရည်ကျချင်ကျလိမ့် မည်။ လပြည့်မောင်ဆိုသော ကျွန်တော့်ထံတွင် မျက်ရည်တွေမရှိခဲ့တာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ ဆေးသောက်ပြီးသည်မှာ မကြာသေးသော်လည် ကျွန်တော်ဗိုက်တွေအောင့်နေသည်။ အသက်ကိုမှန်မှန်ရှုရင်း ကျွန်တော် အလုပ်လုပ်သည့်အခန်းထဲကို ပြန်ဝင် လာသည်။
ညနေရောက်တော့ကျွန်တော့် ဆုတောင်းမပြည့်ခဲ့ပါ။ အလုပ်ဆင်းတော့ ဇင်လတ်က ကျွန်တော့်အနောက်မှကပ်ပါလာသည်။ ကိုသူရိန်က ကျွန်တော့်အလုပ်လုပ်သည့် အဆောက်အဦရှေ့တွင် ကျွန်တော့်ကိုစောင့်နေသည်။ ထို လူနှစ်ယောက်၏ တွေ့ဆုံမှုသည် ကောင်းသော တွေ့ဆုံမှုဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော်နှင့် ဇင်လတ်ကိုတွေ့တော့ ကိုသူရိန် မျက်နှာသည် ပျက်ယွင်းလျက်ရှိသည်။ ကျွန်တော်က မသိ ချင်ယောင်ဆောင်ပြီး ကိုသူရိန်ရှိရာဘက်သို့ လှမ်းထွက်လာခဲ့သည်။ ဇင်လတ်ကလည်း ကိုသူရိန်ရှိရာဘက်ကို လိုက်လာသည်။
``ကိုသူရိန်တို့များ လှလို့ဝလို့ဗျာ ကိုယ်လိုချင်တာတွေရပြီဆိုတော့စိတ်ချမ်းသာနေပြီထင်ပ ဗျာ´´
ဇင်လတ်က တွေ့တွေ့ချင်း ခနဲ့စကားများဖြင့် နှုတ်ဆက်သည်။ ကိုသူရိန့်မျက်နှာသည် ဒေါသအရှိန်ကြောင့် နီမြန်းကာ မေးကြောများပင် ထောင်နေသည်။ ဒီအချိန်အနေကို ကျွန်တော်ဝင်ထိန်းလိုက်သည်။ ကျွန်တော်ကိုသူရိန့်မျက်နှာကို စေ့စေ့ကြည်ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့လက်ကို လှမ်းကိုင်လိုက်သည်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ထွက်သွားဖို့ပြင်လိုက်သည်။
``ဇင်လတ် ငါတို့သွားစရာရှိလို့။ ငါတို့ကို ခွင့်ပြုပါဦး´´
မြန်မာစကားပုံတစ်ခုရှိသည်။ ကျွဲနှစ်ကောင်ကြားက မြေဇာပင်။ ကျွဲနှစ်ကောင်သည် သူတို့၏ဒေါသများ မာန်မာနများ အတ္တများဖြင့် တစ်ကောင်နှင့် တစ်ကောင်ခတ်ကြသည်။ ကြားထဲက မြေဇာပင်ဘ၀ကတော့ မရှုမလှ။ ခတ်သည့် ကျွဲနှစ်ကောင်သည်လည်း မသေရုံတမယ် ဒဏ်ရာများဖြင့် ……..။
အိုင်းစတိုင်းက သူ၏ ကမ္ဘာကျော် E=mc2 ဆိုသော ဖော်မြူလာကိုထုတ်ဖော်ခဲ့သည်။ ထိုဖော်မြူလာသည် ဟီရိုရှီးမားနှင့် နာကာစကီမြို့ကြီး နှစ်မြို့လုံးကို ပြာကျစေနိုင်သည့် အနုမြူဗုံးကိုတီထွင်သည့် ဖော်မြူလာဖြစ်သည်။ လူတွေ၏ရင်ထဲမှ အတ္တတွေ မာန်မာနတွေပေါက်ကွဲလျှင်တော့ ဘယ်မျှအထိ အင်အားပြင်းထန်နိုင်ကြောင်း အိုင်းစတိုင် မဖော်ထုတ်နိုင်ခဲ့ပါ။ အိုင်းစတိုင်း ဒီတစ်ချက်ကို တော့ မေ့နေသည်ထင်သည်……………………….။
ဆက်ပါဦးမည်။
Smileး)
ဝန်ခံချက် ။      ။ ဒီဝတ္ထုလေးကို ရေးဖို့ ကျွန်တော် တော်တော်စဉ်းစားရသည်။ ဒီဝတ္ထုအခြေတည်ထားသည်က စင်္ကာပူနိုင်ငံဖြစ်သည်။ ဒီနိုင်ငံကိုကျွန်တော် တစ်ခါမှမရောက်ဖူးပါ။ ဒီတော့ရောက်ဖူးသည့်ကျွန်တော့် သူငယ်ချင်းကို အကူအညီတောင်းကာ သူပြောပြသည်များ ကို ဥာဏ်မှီသလောက် ရေးထားခြင်းဖြစ်သည်။ ဒါကြောင့် တချို့နေရာများတွင် လက်တွေ့နှင့် ကိုက်ညီချင်မှ ကိုက်ညီမည်။ ဒါလေးကို တော့ ပြင်ဖတ်ပေးစေချင်ပါသည်။