Apr 28th

နှိုင်းမရရဲ့ အချစ်...အပိုင်း( ၉)

By crystalove (http://yinwhatpan.blogspot.com)

နှိုင်းမရ ရင်ဘတ်မှာ ဘာအမွှေးအမြင်မှမရှိသမို့ မြင်ရတာ သဘောတကျဖြစ်နေရသည်..

နိုင့်မှာ ရင်ဘတ်မွှေးလေးတွေ ရှိတယ်နော် .. “

ဇေယျာနိုင်သည် သူ့ရင်ဘတ်သူငုံ့ကြည့်လိုက်ရင်း က

အင်း..ရှိတယ်လေ .. နှိုင်းမှာလည်း ရှိတယ်မလား ..”

အင်..ရှိပါဘူး...”

ဒါဆို နှိုင်း လူပျိုမဖြစ်သေးဘူး .. ကိုယ်က ရင်ဘတ်မွှေး..ဂျိုင်းမွှေး..နှခမ်းမွှေး..မုတ်ဆိတ်မွှေး..နောက်..”

အင်..တော်တော့ ..ဘာမှန်းလဲမသိဘူး ..ရှက်စရာတွေလာပြောနေတယ်..”

အော်..အမွှေးအမြင်စုံပီလို့ပြောတာပါဗျာ..လူပျိုဖြစ်ပီလို့..”

နှိုင်းမရသည် ရင်ခုန်သံတိုးတိုးလေးက ထွက်လာရပါသည် ..

နှိုင်းကော လူပျိုဖြစ်ပီလား..”

နှိုင်းမရ သည်ခေါင်းကိုငြိမ့်ပြလိုက်ပါသည် ..

အဲလိုအမွှေးတွေပေါက်ပလား..နှခမ်းမွှေးကတော့ရေးရေးလေးပါပဲ..မုတ်ဆိတ်မွှေးလည်းမရှိဘူး.. အင်း...”

အာ..တော်တော့ ..ဘာတွေလာပြောနေတာလဲမသိဘူး ..”

နှိုင်းမရ အသံက ရှက်သလိုချွဲသလိုလို..

ဟဟဟ..အင်း..ဟိုလေ.. ဂွင်းကောထုတတ်လား..”

အာ..တော်ပီ..ဘာတွေမေးနေမှန်းမသိဘူး..”

သည်တစ်ခါတော့မရတော့ ..နှိုင်းမရသည် အိမ်သာတံခါးကို ဇေယျာနိုင်ကိုယ်လုံးကိုတွန်းဖွင့်ပီး ဆွဲဖွင့် အထွက်..

ကျောင်းသား ၁ယောက်လှေကားကဆင်းလာသောအသံကိုကြားလိုက်ရသမို့..

မြန်ပါသည် ..ဇေယျာနိုင်သည် နှိုင်းမရ ကို အိမ်သာထဲပြန်ဆွဲသွင်းလိုက်ရင်းတံခါးကိုပြန်ဆွဲပိတ်ချက်ထိုး ထား လိုက်ပါသည် ..

အခုတော့သူ..သူ..နှိုင်းမရလေ.. ဇေယျာနိုင်ရင်ခွင်ထဲ မျက်လုံးလေးပြူးပြူးနဲ့လုံးလုံးလျားလျားရောက် နေပါ ပကောလား..

 

ဇေယျာနိုင်ဟာ သူလှမ်းဆွဲထားလိုက်လို့ အရှိန်နဲ့သူ့ရင်ခွင်ထဲရောက်လာသူလေးကို အသဲတယားယားနဲ့

ဖက်နမ်းလိုက်ပါတော့သည်..

နှိုင်းမရ သည် နှာတံချွန်မြမြက သူ့ပါးဖောင်းဖောင်းအိအိလေးကို စူးဝင်သမျှ ရှက်လန့်တကြားလေး တွန်း ဖယ်ရုန်းနေမိပါသည်.. အသံကတိုးတိုးအင့်အင့်နဲ့ ဖယ်ကွာ..လို့ဆိုပီး ရုန်းနေတုန်း အတန်းချိန်ပြောင်း ခေါင်းလောင်းသံကြောင့် နှိုင်းမရ သည် အိမ်သာတံခါးကိုဆွဲဖွင့်ပြီး ခုန်ဆင်းလိုက်ပါတော့သည်..နောက်က တံခါးကလည်း ဝုန်းကနဲအပိတ်.. ဇေယျာနိုင်သည် အပြင်သို့ချက်ချင်းမထွက်ရဲပဲ အိမ်သာထဲမှာပဲ ကျန်နေ ခဲ့ပါသည်....အတော်လေးကြာမှ ဟိုကြည့်သည်ကြည့်နဲ့ ထွက်လာခဲ့လိုက်သည်.. နှိုင်းမရ ကိုတောင် မမြင်ရတော့.. တကယ်ဆိုးတဲ့ချစ်သူလေးပါဗျာ...နော..

 

အဲသည်နေ့က အတန်းထဲကို ဝင်သာဝင်လာရတယ်..လူကလေဖိန်းတိန်းတိန်းရှိန်းတိန်းတိန်းကြီးနဲ့..

ဇေယျာနိုင်ရဲ့ အနမ်းခံလိုက်ရကတည်းက ကျနော်လေ....ဘယ်လိုကြီးကိုဖြစ်နေမှန်းမသိတော့ပါဘူး ..

ဘေးခုံက တစ်ယောက်က မင်းဘယ်သွားနေတာလဲလို့မေးတော့ ကျနော်လေ ခေါင်းမူးလို့ကျောင်းဆေးခန်း မှာ သွားလှဲနေတာလို့ဖြေလိုက်ပါတယ် .. စိတ်ထဲမှာ ဇေယျာနိုင်ရဲ့ ရုပ်သွင်လေးက စွဲငြိလို့နေပါ တော့တယ်... အဲသည်နေ့ကျောင်းဆင်းတော့ ဇေယျာနိုင် အခန်းအပေါက်အဝကနေ လာစောင့်တယ်..

ဘေးကသူငယ်ချင်းက ဘာပြောသလဲဆိုတော့ နှိုင်းမရတဲ့..မင်းနဲ့သည်ကောင်နဲ့ဘယ်တုန်းက ရင်းနှီးသွား ခဲ့တာလဲတဲ့... မင်းကိုကျောင်းဆင်းတိုင်းလာလာစောင့်တယ်တဲ့..သူ ပြောလိုက်ပါတယ်.. သူ့ကိုစိုက်ကြည့်နေတဲ့ဇေယျာနိုင်ကိုကြည့်လိုက်ရင်း... ငါ့ကိုခင်လို့ပေါ့လို့ကွ ..ပေါ့..ဖြေလိုက်ပါတယ် ..

ရှင်းတယ်နော်..အဖြေက...အဲဒါသူငယ်ချင်းက ..ဘာပြောသလဲဆိုတော့ ...သည်ကောင်က စော်ကြည်တယ် ကွတဲ့..ဟင်း...သူလား..စော်တွေကိုစိတ်ဝင်စားတာ.. ဟဟဟ ..ရီတောင်ရီချင်သေး...

 

အဲသည်မှာဗျာ .. သူတို့ ၂ယောက်ချစ်သူတွေဖြစ်သွားကြတာမှာ . . ကျနော် လိုက်သွားခဲ့တယ်.. .သူ့ကျောင်းဆင်းချိန်သွားကြိုတာမှာပေါ့... အဲသည်မှာ … "

အဲသည်မှာ ဘာတွေဖြစ်ကုန်ကြလဲဗျ...”

ညီသစ်ဆင်း သည် ပန်းပွင့်လေးကိုလက်နဲ့အသာထိတို့လိုက်ရင်း က မခိုးမခန့်ပြုံးလိုက်ပါသည် …

အဲသည်နေ့မှာပဲ ကျနော်နဲ့ နှိုင်းမရ ပြသနာဖြစ်တြတယ်ဗျ.. အဖြစ်အပျက်က သည်လို..”

 

ညီသစ်ဆင်း သည် ဒရိုင်ဘာဦးလေးကြီး ကို မုံ့ဆိုင်တစ်ဆိုင်သို့လွှတ်ထားလိုက်ပါသည် .. နှိုင်းမရ ရောက် လာရင် သူလာခေါ်မည်ပေါ့..အဲသလို...အဲသလို..

ကျောင်းဆင်းလို့ကျောင်းသားတွေပဲတဖွဲဖွဲ ထွက်လာကြပီ နှိုင်းမရ ကထွက်ကိုထွက်မလာသေး..

ကား တံခါးကိုနည်းနည်းဟ ကာ ထိုင်စောင့်နေလိုက်ပါသည်..

ဟော..ဟိုးခပ်လှန်းလှန်းမှာ နှိုင်းမရ .. . . .. သူ တစ်ယောက်တည်းတော့မဟုတ်..သူ့ဘေးမှာ ကောင်လေး တစ်ယောက်ပါလာသည် .. ရီရီမောမောလမ်းလျောက်လို့ရယ် .. သူ အကြံတစ်ခုရလိုက်သည် .. အခု ကားရပ်ထားတဲ့ဘေးနားမှာ ရပ်ထားတဲ့ ပါဂျဲရိုးလ်ဘေးနားမှာသူခန ကွယ်ပီးအခြေအနေကိုကြည့်နိုင်တာပဲ.

နှိုင်းမရ သူ ကားထဲမှာ ထိုင်နေတာကို မြင်ဟန်မတူ...

အဲသလိုပုန်းနေလိုက်ခြင်းအားဖြင့် သူတို့ပြောနေတာကို ကြားနိုင်မည်လေ..

သူတို့ပုံစံက သူငယ်ချင်းပုံစံထက် ပိုမိုနီးကပ်နေသလို.. ညီသစ်ဆင်းရင်ထဲ နှိုင်းမရ ဖြစ်နေပုံကို စိတ်ထဲလည်းပျက်မိပါသည်.. ညီအကိုဖြစ်နေလို့ပေါ့ကွာ..မင်း..

နိုင်..ပြန်တော့လေ... “

အင်း...နှိုင်း ရဲ့ ဒရိုင်ဘာကြီးကော.. “

ပြန်လာမှာပေါ့..တစ်ခုခုသွားဝယ်သလားမှမသိတာ..”

သူတို့ ၂ဦးကို ညီသစ်ဆင်းမမြင်ရပါ..ဒါတွေက အသံတွေက သူငယ်ချင်းချင်းစကားပြောနေပုံမျိုးမဟုတ် ပါ..

ညင်သာနွဲ့ပြောင်းကာ ကြင်နာမှုတွေစီးဝင်နေသလိုပါ..

မင်းတို့ကွာ..ယောက်ျားလေးတွေဖြစ်ပီး ဘာလို့သည်လိုပုံစံတွေဖြစ်နေကြတာလဲ .. ကြားရတာနဲ့ပင် တော်တော်လေး စိတ်ထဲ အော့နှလုံးနာသလို ခံစားနေရပါပီ..

မနက်ဖြန်တွေ့မယ်နော်..”

အင်..နိုင်ကလည်း မနက်ဖန်ကျောင်းပိတ်ရက်လေ..မေ့နေပီလား..ဟိဟိဟိဟိ...”

ဟုတ်ပါ့...ကိုယ်တကယ်မေ့နေတာဗျ..သိလား...နှိုင်းကိုလေ..ကိုယ်အမြဲတမ်းတွေ့ချင်နေတာဗျ..သိလား...”

သိဘူးလေ..”

အာကွာ..နှိုင်းမရ ..မင်းအသံက တကယ့် ကောင်မလေးတစ်ယောက်က သူ့ချစ်သူကောင်လေးကို ညုတုတုအထာပေးပြောနေသလို..ငါ..ငါကွာ..ထရိုက်လိုက်ရ..

ညီသစ်ဆင်း တကယ်ပဲ နားကြားပြင်းကပ်လို့လာရပါသည် .. ကားဘေးကအကွယ်ကသူထွက်လိုက်ချင် စိတ်က တဖွားဖွား..နေဦး ..နေဦး . .သူတို့ဘာဆက်ပြောကြဦးမလဲ..

အဲလိုမလုပ်နဲ့ကွာ.. ကိုယ်လေ..မင်းကိုချစ်လွန်းလို့ ညည အိပ်မရတွေများနေပီသိလား..”

တကယ်..”

အင်း.တကယ်..”

တကယ်တွေ နှစ်ကယ်တွေလုပ်မနေနဲ့ကွ..ဟေးကောင်..မင်းဘာကောင်လဲ..”

ရုတ်တရက်ကားကွယ်က ထွက်ပီး နီရဲပီးပေါက်ကွဲတော့မယ့်မျက်နှာနဲ့ ထွက်လာတဲ့ ညီသစ်ဆင်းကို ကြည့် ပီး နှိုင်းမရ မျက်နှာဟာ အံ့သြခြင်း..ရှက်ရွံ့ခြင်း..နဲ့ မျက်ကလဲဆန်ပြာဖြစ်သွားရသလို .. ဇေယျာနိုင်မျက်နှာ ချောချောလေးဟာလည်း ရုတ်တရက်မို့လန့်သွားသလိုဖြစ်သွားတာကို ညီသစ်ဆင်းတွေ့လိုက်ရတာ..

နှိုင်း..သူက ဘယ်သူကြီးလဲ.. မင်းကဘယ်သူလဲ..”

အမယ်..အမယ်.. သည်ကောင်ကများ.. သူ့ကိုယ်သူ ချစ်သူရှေ့ မားမားမတ်မတ်ရပ်တည်ပေါ့...

ညီသစ်ဆင်းသည် ကိုယ်ဟန်ထွားထွားသူ့ဗလကိုအားကိုးသည်လို့ထင်ချင်ထင် ညီတစ်ယောက်လုံးကို ယောက်ျားအချင်းချင်းချစ်သူတစ်ယောက်လို ဆက်ဆံနေတဲ့ကောင်ကို ဘယ်လိုမှကြည့်မရပါ..ဒါကြောင့် ဇေယျာနိုင်ရဲ့ ရင်ဘတ်ပေါ်မှအင်းကျီစကိုလက်နဲ့ဆွဲဆုတ်လိုက်ရင်း..

မင်းကများ..ငါ့ညီကို ..ချစ်တယ်လေးဘာလေးနဲ့...ငါ သူ့အကိုကွ..”

အံကြိတ်မေးလိုက်ပါသည်..

အာ..အာ..မလုပ်ပါနဲ့ .. ညီသစ်ဆင်း သူ့ကိုလွှတ်လိုက်ပါ... အဲသလိုမလုပ်ပါနဲ့ ..”

နှိုင်းမရသည် ညီသစ်ဆင်းရဲ့လက်ကို ဆုပ်ဆွဲကိုင်လိုက်ရင်း ဇေယျာနိုင်ကိုလည်းအားနာသောအကြည့်များ နဲ့ကြည့်ကာ အတင်းဖြေယူနေတော့တာ..ဇေယျာနိုင်သည်လည်း နှိုင်းမရ ရဲ့အကိုဆိုလို့ ညီသစ်ဆင်းရဲ့ မျက်နှာကို လန့်သလိုလိုကြည့်လိုက်မိရင်း.. နှိုင်းမရနဲ့လည်း ရုပ်ချင်းမဆင်ဘူးလို့ တွေးလိုက်မိပါသေး သည်..

ညီသစ်ဆင်းသည် ဇေယျာနိုင်ရဲ့အင်းကျီစကိုလွှတ်ချလိုက်ရင်း မျက်နှာများနီကာ ဘယ်သူ့ကိုဒေါသတွေ ထွက်လို့ထွက်နေမှန်းမသိ ဖြစ်နေရပါသည်..

နိုင်..နိုင်..ပြန်တော့နော်..လူတွေသိကုန်ရင် ရှက်စရာကြီး..နှိုင်းတောင်းပန်ပါတယ်နော်..”

ညီသစ်ဆင်းသည် နှိုင်းမရ ဖြစ်နေပုံကိုကြည့်ရင်း လောကကြီးကိုတော်တော်လေးစိတ်ကုန်သလိုဖြစ်သွား ရပါသည် ..

ဇေယျာနိုင်သည် နှိုင်းမရကို မျက်နှာခပ်ပျက်ပျက်နဲ့ကြည့်လိုက်ရင်း...

ဒါဆို ကိုယ်သွားတော့မယ်...”

သွား..သွား..မင်းငါ့ညီနဲ့ဝေးဝေးမှာနေတာပိုကောင်းတယ်..ဒါပေမဲ့..

ဟေးရောင်...မင်းခနနေဦး..”

သူတို့အနားမှလှည့်ထွက်သွားတဲ့ ဇေယျာနိုင်ကို သူလှမ်းခေါ်လိုက်တာ ဇေယျာနိုင်လှည့်ကြည့်ပါသည် ..

မင်း..ငါ့ညီနဲ့ နောက်ဘယ်တော့မှ မပတ်သက်နဲ့ ...နောက်တစ်ခါ သည်ပုံစံမျိုး မြင်ရရင် မင်းမလွယ်ဘူး သာမှတ် ..ငါ့လက်သီးက လူမရွေးဘူးကွ..”

လက်သီးဆုပ်ထောင်ပြပြီး ကျိန်းဝါးလိုက်တဲ့ ညီသစ်ဆင်းကို ဇေယျာနိုင်သည် မခိုးမခန့်ပြုံးကြည့်လိုက်ရင်း ..

ခင်ဗျား ညီကို ခင်ဗျားသေချာမေးလိုက်ပါဦး ...ကျနော့်ကိုလာမမေးနဲ့ . .. သူ..ကျနော့်ကိုပြတ်နိုင်သလား လို့ ...”

အာ..မင်းကွာ ..တောက်..”

ဇေယျာနိုင်ကို ပြေးထိုးရန်ပြင်လိုက်တဲ့ ညီသစ်ဆင်းကို နှိုင်းမရသည် လှမ်းဆွဲထားလိုက်ရင်း..

မလုပ်ပါနဲ့...ငါမင်းကိုပြောနေတယ်လေ..မရဘူးလား..”

နှိုင်းမရ အသံက တကယ်ကိုစိတ်တွေညစ်နေတဲ့အသံ .. ညီသစ်ဆင်းသည် ဇေယျာနိုင်ကိုမကြည်ကြည့် ..နှိုင်းမရကို ဒေါသထွက်သောအကြည့်များနဲ့ကြည့်လိုက်ရင်း ..စိတ်ကိုမနည်လျော့ချနေရတာ...

သည်အချိန်မှာပဲ ..

 

ဘာတွေဖြစ်နေကြတာလဲ ကလေးတို့ .. “

ဒရိုင်ဘာဦးလေးကြီးအသံကြားလိုက်ရလို့ ညီသစ်ဆင်းသည်စိတ်ကိုလျော့ချကာ နေလိုက်ပါသည် ..

နှိုင်းမရ သည် ကားတံခါးဖွင့်ဝင်ထိုင်လိုက်ရင်း..

ညီသစ်ဆင်း...သွားမယ်..”

ညီသစ်ဆင်းသည်နှိုင်းမရကို မကျေသလိုမကြည်သလိုကြည့်လိုက်ရင်း ရှေ့ခန်းတံခါးကို ဖွင့်ကာဝင်ထိုင်လိုက်ပါသည် ..

သည်ညီအကို ၂ယောက်ဘာဖြစ်နေကြတာလဲ ..အရင်နောက်မှာ အတူတူထိုင်နေတာကို..”

မောင်းမှာသာမောင်းစမ်းပါဗျာ... နှိုင်းမရ မင်းနဲ့ ငါ အိမ်ရောက်ရင်စကားပြောကြမယ်..”

နှိုင်းမရ သည် လည်း ဘာမှမပြောလိုတော့ပါ . . သူ့အပြစ်လိုဖြစ်နေသည်ကိုး..

ကားလေးသည် ယောက်လမ်းထဲမှခွါကာ ထွက်လာပါတော့သည် ..

 

အင်း..နှိုင်းမရ သနားပါတယ်နော်. .. “

ဘာလို့လဲဗျ..”

ညီသစ်ဆင်းအသံက နည်းနည်းကျွဲမြီးတိုသွားသလိုအသံကဆူဆူအောင့်အောင့်..

သက်ထက်ပိုင်သည် သူ့စကားမှားသွားသလိုခံစားလိုက်ရမိလို့ ..

အော်..ဘယ်လိုမှမဟုတ်ပါဘူးဗျ. .သူတော်တော်ရှက်သွားမှာပဲလို့..”

ထင်သလား ..ခင်ဗျား အဲသလိုထင်သလား .. သူလားရှက်တတ်တာ..သူက သူဖြစ်ချင်တာကိုသူလုပ်နေရ ရင် ဘာမဆိုကျေနပ်နေတဲ့ကောင်..”

ကျနော်ဆိုလိုတာက သူ့ချစ်သူကောင်လေးရှေ့အပြောခံလိုက်ရတာကိုပါ...”

ညီသစ်ဆင်းသည် သူ့မေးစိလေးကိုလက်နဲ့ပွတ်သပ်လိုက်ရင်းက..

အဲသလိုတော့ကျနော်မတွေးမိပါဘူးဗျာ ..ကျနော့စိတ်ထဲမှာကျနော့်ညီအတွက်ကျနော်ခံပြင်းနေတာပဲ ရှိပါတယ်.. “

ဒါနဲ့ ..အိမ်ရောက်တော့ဘာတွေဆက်ဖြစ်ကြသေးလဲ..”

အင်း..အိမ်ကိုပြန်ရောက်တော့...”

 

 

ဆက်ရန်..

 

 

( ဝင်းမင်းသစ်)

 

Apr 27th

ချစ်ခြင်းဖွဲ့  နှလုံးသား တိမ်တိုက် အပိုင်း-၆

By satan*heart @ အလင်းရောင် ချစ်သူ

အပိုင်း-၆

         “ဒါ ဘာအချိုးချိုးတာလဲ သီဟ...နင်မနေ့ က သူဇာတို တွေနဲ့ တော်တော်လေးပျော်လိုက်တယ်ပေါ့လေ..ဟုတ်လား..ငါ့မှာတော့နင်

         ကျောင်းမလာလို့  စိတ်တွေပူလိုက်ရတာ.နေမကောင်းလို့ များလားဆိုပြီး..နင်ကတော့ ဟိုမိန်းမတွေနဲ့ သွားပျော်နေတယ်ပေါ့လေ..”

စကားကို အမျှင်မပြတ်ဆက်တိုက်ပြောနေသော ချစ်သူ သရဖူကို ကြည့်ပြီး သူရ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပါသည်။ နောက်ပြီးစိတ်ရှုပ်

သည့်ပုံဖြင့်ကြည့်လိုက်ပြီး...ဘေးပတ်ဝန်းကျင်ကိုလဲ အကဲခတ်လိုက်ပါသည်။ ပြီးတော့မှ

       “သရဖူ..ဘယ်လို ဖြစ်နေတာလဲ ..မနေ့ က ငါကျောင်းတက်တယ်လေ..ငါတော့ မဟုတ်ဘူး ကိုကို သီဟ..ငါက ကိုကို့ ကျောင်းကို သွား

        တက်တာ...”

သရဖူက သူရကို မယုံသလို တစ်ချက်ကြည့်လိုက်ပြီး မဖြစ်နိုင်ဘူးဆိုသောပုံဖြင့်ခေါင်းကို သာ တွင်တွင်ရမ်းနေပါသည်။ ပြီးတော့ မျက်နှာကို ချ

စ်စဖွယ်မဲ့ လိုက်ပြီး..

       “တော်ပါ...သူရရယ်...နင်တို့ ကလေ အမွှာရှိတယ်ဆိုပြီး ညာချင်းတိုင်းညာလို့ ရမလား..အရင်ရက်တွေကတည်းက နင့်ရဲ့ သူဇာ့နောက်

        ကပ်ပါသွားတဲ့ အကြည့်တွေကို သတိထားမိနေတာကြာပြီ..”

ဘလိုင်းကြီးလာစွပ်စွဲသည့် ချစ်သူကို သူရတစ်ယောက်ကျွဲမြီးတိုသွားသည်။ ပြီးတော့ အခုချိန်မှာ အမွှာညီအကိုရှိသည်ဆိုတာကို လူရင်းတွေမှ

တစ်ပါး အခြား မည်သူ့ ကိုမှ မသိစေချင်ပါ။ အိမ်က မာမီနှင့်ဒယ်ဒီကို ပိုလိုပင်မသိစေချင်သေးပါ။ မိမိတို့ သဘောအတိုင်း ကျောင်းပြောင်းပြီး

တက်သည်ဆိုတာကို သိလျှင် ဖြစ်လာမည့် ပြဿနာတွေကို သူရတို့ ညီအစ်ကို နှစ်ယောက်လုံး သိပါသည်။ ဒယ်ဒီက သူရတို့ ညီအကိုနှစ်ယေ

ာက်ကို ချစ်ပေမယ့် အလိုမလိုက်တတ်ပါ။ ငယ်စဉ်ကပင် ကစားစရာ ပစ္စည်း ဆင်တူဝယ်ပေးလို့ ညီအကိုနှစ်ယောက်လဲပြီး ကစားလျှင်တောင်

ဒယ်ဒီက ဆူတတ်ပါသည်။ ကြီးလာလျှင် အကျင့်ပါသွားမည်ဆိုးသည့်အတွက်လို့ အမြဲပြောလေ့ရှိပါသည်။ နောက်ပြီး လိမ်ညာသည့်အကျင့်ဆွဲ

သွားမှာကိုလည်း ဒယ်ဒီစိုးရိမ်တတ်ပါသည်။ အခုလို ကျောင်းများပြောင်းတက်တာကို သိလို့ ကတော့ သူရတို့ ညီအစ်ကိုနှစ်ယောက်အတွက်

မည်သို့ အပစ်လာမည်ကို တွေးတောင်မတွေးရဲပါ။ကိုကို့ နာမည် သီဟ ကိုသာ ခေါ်စေချင်ပါသည်။ အခု သူရဆိုသည့် မိမိနာမည်အရင်းကို

ခေါ်လိုက်တာရယ် မဟုတ်က ဟုတ်က ဇာတ်လမ်းထွင်စွပ်စွဲတာရယ်ကြောင့် သရဖူကို  ဘုကြည့်ကြည့်လိုက်ပါသည်။

       “ဘာတွေ အဓိပါယ်မရှိတောတွေလာပြောနေတာလဲ သရဖူ..ကိုယ် မင်းကို ချစ်လို့ တောင် ရေကြောင်းကို မတက်ဘဲ ဒီမှာ လာတက်ပေး

        နေတာလေ..ပြီးတော့ အခု ငါက ကိုကို့ ကိုယ်စားလာတက်ပေးနေတာ သီဟ လို့ ပဲခေါ်ပါ..မနေ့ က ကိုကို တို့ ကျောင်းမှာ စစ်ရေးပြလုပ်

       ရတယ်ဆိုလို့ ကိုကိုပင်ပန်းလို့  အစားသွားတက်ပေးတာ..”

      “အေးပေါ့....ငါက မြင်ရတာမှ မဟုတ်တာ..အခုလဲ နေများမကောင်းလို့ လားလို့ လူမမာလာမေးတာကို အော်ငေါက်နေလိုက်တာ..”

သရဖူက ၀မ်းနည်းသည့်ပုံ ငိုမဲ့မဲ့လေးဖြင့်ပြောလာပါသည်။ ဒီနေ့ စနေ နေ့ ကျောင်းပိတ်ရက်မို့ အိမ်ကို သရဖူက သတင်းလာမေးတာဖြစ်သည်။

ခုနက သရဖူပြောသည့် စကားများကို မာမီတို့ ကြားသွားမှာကိုပင် သူရ စိုးရိမ်ပါသည်။ နောက်ပြီး မနေ့ က ကျောင်းကိုမသွားဘဲ ဘုရားကိုသွား

သည့် ကိုကို့ ကိုလည်း ရန်တွေ့ လိုက်ချင်ပါသည်။ ကိုကိုသာ မနေ့ က ဒဂုံတက္ကသိုလ်ကို သွားလျှင် အခုလို အပိုဖြေရှင်းစရာတွေဖြေရှင်းရန်မ

လိုဟု သူရထင်ပါသည်။ ခုနက ဒေါသတွေကို ကိုကို့ ဆီကို ပုံချလိုက်ပါသည်။ သူရက တင်းနေသည့် မျက်နှာကို ဖြေလျော့လိုက်ပြီး ချစ်သူ

လေး စိတ်ကောက်ပြေစေရန် မျက်နှာချိုပြန်သွေးလိုက်ရပါသည်။ ပြီးတော့ ချစ်သူ လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး..

       “ဆောရီးပါ..သဲရာ...ကိုယ်မဟုတ်ဘဲ အခုလို စွပ်စွဲခံရလို့ စိတ်တိုသွားတာပါကွာ နောက်သဲကို မအော်တော့ပါဘူးကွာ.နော်..ကိုယ့်ကိုလဲ

        ယုံပေးပါ..”

သရဖူကတော့ မယုံတစ်ဝက် ယုံတစ်ဝက်ပုံစံလေးဖြင့် သူရကို ငေးကြည့်လို့ နေပါသည်။ နောက်မပွင့်တပွင့်လေသံလေးဖြင့်..

      “ယုံတော့ ယုံချင်ပါတယ်..ဒါပေမယ့် နင်တို့ ညီအကိုတွေက ခွဲမရအောင် ရုပ်က တူနေတော့ .ယုံရခက်တယ်..နောက်ပြီး နင့်အကို ကိုသီ

       ဟက ဘယ်တုန်းကများ မိန်းကလေးတွေနဲ့ အရောတ၀င်နေဖူးလို့ လဲ....သူ့ ဘာသာအေးအေးနေတာလေ..”

“ဟိုက်..” လို့ သာ တီးတိုးရေရွတ်လိုက်မိပါသည်။ သရဖူ ထင်မည်ဆိုလဲ ထင်ချင်စရာပင်။ ကိုကို ဘယ်တုန်းကများ ကောင်မလေးတွေတရုန်းရု

န်းနဲ့ နေဖူးလို့ လဲ။ အခု သူဇာတို့ အဖွဲ့ နဲ့ မှ ဆိုတော့ ကိုကိုများ သူဇာ့ကို စိတ်ဝင်စားနေသလားလို့ သူရတွေးမိလိုက်ပါသည်။ နောက်လက်ဖျေ

ာက်တစ်ချက်တီးလိုက်ပြီး...

      “နေဦး..သဲရ..ကိုကိုက အရင်က ဒီလိုမနေဖူးဘူးနော်..အခုမှနေတာဆိုတော့ သူဇာ့ကိုများ ကိုကို စိတ်ဝင်စားသွားလားမှမသိတာ..”

သူရ အပြောကို သရဖူက စဥ်းစားဟန်ပြုပြီးတော့မှ..

      “ဖြစ်တော့ဖြစ်နိုင်ပါတယ်..ဒါပေမယ့် သူက အဲလောက်ကြီး ရဲတင်းပါ့မလား..အခုသူဇာတို့ ပြောပြပုံအရ..နင်မှနင်ပုံစံပါ...ပြီးတော့ သူဇာ

      တို့ ပြောတဲ့ပုံက နင့်ဘဲ ငါ့လက်ထဲရောက်တော့မယ်ဆိုတဲ့ အပေါ်စီးအသံကို စိတ်တိုတာ..”

သရဖူ စကားကြောင့် သူရပိုစိတ်ညစ်လို့ သွားရပါသည်။ မိမိဒီလောက်တောင် မိန်းကလေးများနှင့်ပက်သက်ပြီး မျက်နှာရူးထနေရသလားလို့ 

လဲ တွေးမိလိုက်သည်။ သက်ပြင်းမောကိုချလိုက်ပြီး..

       “ဟာကွာ...ဘယ်လိုပြောလိုက်တာလဲ..မင်း ကိုယ့်ကို အဲလောက်တောင် အထင်သေးရလာကွ..ကိုယ်ပါးစပ်က စတာနောက်တာပဲရှိတာ

       စိတ်ထဲက ပါလို့ မဟုတ်ဘူး...သိပြီလား...တော်ပြီကွာ..နောက်ဆက်မပြောနဲ့ ..ငါ စိတ်တိုမိတော့မယ်..”

သူရ ဒေါသကို ထိန်းပြီး ပြောလိုက်ရပါသည်။ သရဖူက မျက်နှာငယ်လေးဖြင့် သူရကို ကြည့်လိုက်ကာ...

      “အထင်သေးလို့ တော့ မဟုတ်ပါဘူး..နောက်အဲလို လူချင်းချိန်းမယ်ဆိုလဲ တစ်ယောက် သူငယ်ချင်းအကြောင်း သေချာပြောပြီးမှ ပြောင်း

       တာကောင်းတယ်လေ..အခုတော့ အထင်လွဲစရာတွေဖြစ်ကုန်တာပေါ့..သူဇာတို့ က နင့်မှာ အမွှာညီအစ်ကို ရှိတာသူတို့ မသိဘူးလေ”

သူရ သက်ပြင်းကို ချလိုက်ပြီး လက်ချောင်းများဖြင့် ဆံပင်ကို ထိုးဖွလိုက်ကာ..

        “ဟူးးးး...အေးပါဟာ..”

နှစ်ဦးသား စကားမပြောဖြစ်တော့ပဲ တိတ်ဆိတ်လို့ သွားပါသည်။

        “သား..ဧည့်သည်ကို ဘာမှလဲ မကျွေးဘဲ ဒီအတိုင်းကြီးထားရသလား...ကိုယ့်ကို လာတွေ့ တဲ့ဧည့်သည်ကို..”

အနောက်မှ မာမီ ရောက်လာပြီး ပြောတော့မှ သရဖူကို ဧည့်ခံရန်သတိရလိုက်ပါသည်။ မနေ့ က သူရကျောင်းမတက်လို့  သရဖူ သတင်းလာ

မေးတာကို မပေါ်အောင် သူရက သရဖူကို လက်တို့ ပြီး မျက်ရိပ်ပြလိုက်ပါသည်။ သရဖူကလည်း သိသည်ဆိုသည့်သဘောဖြင့် မေးဆတ်ပြ

လိုက်ပြီး..

      “ရပါတယ်..အန်တီ..သမီးလဲ ဒီဘက်လမ်းကြုံလို့  ပြီးတော့ သူ..အဲ သီဟကိုလည်း စာမေးစရာလေး ရှိလို့ ဝင်လာခဲ့တာပါ..အခုတော့ပြန်

      လိုက်ပါဦးမယ်..စာလဲ ရှင်းပြီးသွားပါပြီ...”

ခုနက စာကျက်ရန် စာအုပ်တစ်အုပ်ကို ကိုင်ထားသည့်အတွက်တော်သေးသည်။ မာမီရဲ့  မျက်လုံးမှာတော့ သူရတို့  နှစ်ယောက်အပေါ်အရော

င်တစ်မျိုးဖြင့် ကြည့်နေတယ်ဆိုတာကိုတော့ သူရ သိပါသည်။ ဒါပေမယ့် ဒီကောင်မလေးက ဒဂုံတက္ကသိုလ်ကမို့ လို သီဟ လို့ ပင် မာမီက ကျွ

န်တော့်ကို ထင်နေပေမည်။ သူရ မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး ဒါသားချစ်သူနော် ကိုကို့ချစ်သူ မဟုတ်ဘူးလို့ ပြောလိုက်ချင်ပါသည်။ မာမီက

တော့ သားကြီး စွံနေပါလားလို့ တွေးပြီး ပီတီတွေဖြစ်နေလိမ့်မည်။ သူ့ သားကြီးက မိန်းကလေးမပြောနဲ့ ယင်မတောင်သန်းဖူးရဲ့ လားမသိပါ။ ပြီး

တော့ ကိုကို့ ရေကြောင်းက သူငယ်ချင်း ဇွဲပိုင် ဆိုသူကို သိပ်ကြည့်မရချင်ပါ။ ကိုကို့ ကို နိုင်မည့်ပုံလို့ စိတ်မှာ ထင်မိပါသည်။ ပြီးတော့ ကိုကိုမှာ

ပေါင်းချင်သည့် သူငယ်ချင်းနဲ့ ပေါင်းလို့ မရအောင် ကန့် သတ်ချုပ်ချယ်သည့် သူငယ်ချင်းမျိုးကို မရစေလိုပါ။ နောက်ပြီး လူမှုဆက်ဆံရေးနယ်ပ

ယ်မှာ ကိုကို့ ကို ကိုယ်ပိုင်း ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာပျံသန်းစေချင်ပါသည်။ သရဖူက သူရ လက်ကို တစ်ချက်ပုတ်လိုက်ပြီး..

       “သီဟ..ပြန်တော့မယ်...ကျောင်းဖွင့်မှပဲ တွေ့ ကြတာပေါ့..အန်တီ သမီးပြန်တော့မယ်နော်..”

သရဖူက သူရကိုနုတ်ဆက်ရင်း တစ်ပါတည်း မာမီ့ကိုပါ နှုတ်ဆက်ပြီး ထွက်သွားပါသည်။ မာမီကတော့ ပြုံးလို့ နေပြီး ခေါင်းညိတ်ပြလိုက်ကာ

         “သား..ကောင်မလေးက မဆိုးဘူးပဲကွယ့်..သွက်သွက်လေး..ချစ်စရာလေး”

မာမီကတော့ သူ့ အတွေးနဲ့ သူ သဘောကျပြီး ပြောနေပါသည်။ သူရက မျက်မှောင်ကြုတ်လိုက်ပြီး..

       “မာမီ..သားတို့ က သူငယ်ချင်းတွေနော်...မာမီ့ စိတ်ထဲ လျှောက်တွေးမနေနဲ့ ဦး...”

သူရကြိုကာထားလိုက်ရပါသည်။ တော်ကြာ ကိုကို့ ရည်းစားထင်ပြီး ကိုကိုနဲ့ အတင်းပေးစားနေမှဖြင့် သူရ ရင်ကွဲနေရဦးမည်။ ထိုစဉ်အပြင်မှပြ

န်လာသော ကိုကို့ ကို တွေ့ လိုက်ရပါသည်။ သူရနှင့် မာမီ့ကိုမြင်တော့ ကိုကိုက ဘာတွေဖြစ်နေတာလဲ ဆိုသည့် အမူအရာဖြင့်ကြည့်နေပါသ

ည်။ သူရက အခန်းထဲကို လက်ညှိုးထိုးပြလိုက်ပြီး လိုက်လာခဲ့မည်ဆိုသည့် ပုံစံလုပ်ပြလိုက်ပါသည်။ သီဟက မာမီမမြင်အောင် အမြန်လေးအ

ခန်းရှိရာကို ပြေးထွက်သွားပါသည်။ သူရက မာမီကို စကားဖြတ်လိုက်ကာ ကိုကိုဆီကို ထွက်လာလိုက်ပါသည်။ ကိုကိုနှင့် စာရင်းရှင်းရဦးမည်မ

ဟုတ်လား။ အခန်းထဲ ရောက်တော့ မျက်နှာငယ်လေးဖြင့်ထိုင်နေသော ကိုကို့ ကိုတွေ့ လိုက်ရပါသည်။ ပြီးတော့ ကိုကိုက ..

       “သူရ..မနေ့ က မင်းကျောင်းမှာ ဘာတွေသွားလုပ်တာလဲ..ဇွဲပိုင်နဲ့ လမ်းမှာတွေ့ တယ်..”

ဇွဲပိုင်ဆိုသည့် အသံကြောင့် သူရ မျက်နှာရှုံ့ မဲ့လို့ သွားရပါသည်။ ပြီးတော့ ဘောက်ဆတ်ဆတ် အသံဖြင့်

       “တွေ့ တော့ ဘာပြောလဲ ...ဒီကောင်က ဒီနားမှာနေတာလား..”

      “အေး..ဟုတ်တယ်..မင်း တော်တော်ဆိုးတဲ့ကောင်ပဲ..ကျောင်းမှာ စစ်ရေးပြ လုပ်လို့  ကွန်မန်းပေးတာ မင်းပေါက်ကရတွေ ဘာလို့ လျှော

      က်လုပ်ရတာလဲ ..ပြီးတော့ ဆရာကိုလဲ ပြန်ပြောတယ်ဆို..သူပြောတော့မှ ငါအံသြပြီး ရောချလိုက်ရတယ်..”

သီဟ အပြောကို သူရက စူပုတ်ပြီး နားထောင်နေရမှ..

      “ဟုတ်တယ်လေဗျာ..ဆရာက ဒီအဖွဲ့ တစ်ခု တင်မဟုတ်ဘူး တစ်ခြားအဖွဲ့ တွေပါလိုက်ထိန်းခိုင်းတာလေ..နေပါဦး ဇွဲပိုင်ဆိုတဲ့ကောင်က

       ကိုကိုနဲ့ တော်တော်ခင်လား..ပြီးတော့ ဒီကောင့်ကို ကျွန်တော် သိပ်သဘောမတွေ့ ဘူး..သူ့ ပုံက တစ်မျိုးပဲ..”

သူရ စကားကြောင့် သီဟ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်လို့ သွားပါသည်။ ဇွဲပိုင်နှင့် တွေ့ တုန်းက စစ်ရေးပြမှာ တစ်ခါမှ မတွေ့ ဘူးသော အမူအရာ

ဖြင့်မိမိပုံကိုတွေ့ လိုက်သည့်အတွက် ဘာကြောင့်ထိုကဲ့သို့ ဖြစ်ရသည်ကို စပ်စုသည့် သဘောဖြင့်သာ မေးတာကို မိမိက ပြန်လည်ဖြေရှင်းခဲ့ရပြီ

းကျန်သည့်အပိုင်းများကို သီဟ မသိရသေးပါ။

      “ဇွဲပိုင်က ခင်ဖို့ ကောင်းပါတယ်ကွ...သူ့ ပုံက ဘယ်လို ဖြစ်နေလို့ လဲ...ကိုကို့ အပေါ်မှာလည်း သူငယ်ချင်းကောင်းပီသပါတယ်..”

       “ဟာ...အဲဒါကို ပြောတာမဟုတ်ဘူး..ကိုကို့ အပေါ်မှာ ဗိုလ်ကျသလိုပဲလို့ ခံစားရတယ်..စိတ်ထဲမှာလည်း တစ်မျိုးပဲ..အရမ်းကြီး ဂရုစိုက်

        နေသလိုမျိုးပဲ”

       “အော်..ဟုတ်လား..ကိုကိုနဲ့ တော့ ဒီလိုပါပဲ ညီစိတ်ထင်လို့ နေမှာပါ...”

သီဟက မရုတ်မလွန်လေးပြောလိုက်ပါသည်။ ဒါပေမယ့် ရင်ထဲမှာတော့ အတိုင်းအဆမရှိခုန်လို့ နေပါသည်။ သူရက

        “နေပါဦး...ကိုကိုက အနောက်တန်းမှာလဲ မထိုင်ဘူးနော်..ပြီးတော့ အနောက်တန်းမှာ ထိုင်တဲ့အဖွဲ့ နဲ့ ပေါင်းတာလဲ မကြိုက်ဘူး..ကိုကို

         တို့  နှစ်ယောက်ပဲ ပေါင်းတာလား...ကျောင်းတက်တာကိုကိုရာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေစမ်းပါ.. ကိုကို့ ကြည့်ရတာလူရွေး

         ပေါင်းရတာနဲ့ ..ပျင်းဖို့ ကောင်းလိုက်တာဗျာ..”

         “ဟ...ငါ့ဘာသာ ဘယ်လိုပဲပေါင်းပေါင်းလေ..လူတိုင်းကိုတော့ အပေါင်းအသင်းမလုပ်ချင်ပါဘူး...မင်းနောက်ထပ်ငါနဲ့ မတူနဲ့ အမူအရာ

         ဘာတွေလုပ်ခဲ့ သေးလဲ ပြော..”

သီဟက စိုးရွံ စွာမေးလိုက်ပါသည်။ သူရ ရယ်ကျဲကျဲမျက်နှာပေးဖြင့်

         “ဆေးလိပ်တော့ မထိန်းနိုင်လို့  သောက်ခဲ့တယ်..ဇွဲပိုင်ဆီက..”

         “မင်းကွာ...........”

သီဟ ထိုကဲ့သို့ သာ ပြောနိုင်ပါသည်။ သူရကလည်း အားကျမခံ..

       “ကိုကိုကျတော့ရော..ဘာလို့ ကျောင်းမသွားဘဲ ဘုရားကိုသွားရတာလဲပြော...အခု သရဖူ စိတ်ဆိုးနေပြီ..နောက်ပြီး ကိုကို့ ကို မေးရမယ်

        ကောင်မလေးတွေနဲ့ မရောဘူးတဲ့ကိုကိုက သူဇာတို့ နဲ့ ကျတော့ ဟေးလားဟားလားလုပ်တာ ထူးတော့ထူးဆန်းနေသလိုပဲ”

သူရ စကားကြောင့် သီဟ အလိုလို ချွေးစေးများပြန်လို့ လာပါသည်။ မိမိ ထိုအဖွဲ့ နှင့်လိုက်သွားရခြင်းမှာ မိမိကို အတင်းမုန့် လိုက်ကျွေးနေသဖြ

င့် စိတ်အချဉ်ပေါက်ပေါက်နှင့်  လိုက်သွားခြင်းသာဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်မှမပါပါ။

     “အာ...မဟုတ်ရပါဘူးကွာ..ဒီသတင်းကို ဘယ်သူပြောတာလဲ ..သရဖူက ဘယ်လို သိသွားတာလဲ ...”

      “ဘယ်သူမှ ပြောတာမဟုတ်ဘူး...ကိုကို့ သူဇာပဲ သရဖူကို သွားပြောတာ..ကျွန်တော်တစ်ယောက်ထဲဘုရားမှာတွေ့ လို့  သူတို့ ခေါ်လိုက်

      ရယ်ဆိုတဲ့အကြောင်း ဘာလို့  သရဖူက မလိုက်လာရတာလဲ ရန်ဖြစ်တာလား ဘာလားပေါ့ဗျာ”

တော်တော်ရှုပ်နဲ့  မိန်းမတွေပါလားလို့  သီဟ ကောက်ချက်ချလိုက်ပါသည်။ သီဟ  က သူရကို အားနာသလို ကြည့်လိုက်ပြီး

        “ဟေ့ရောင်..ကိုကို့ သူဇာလို့ မပြောပါနဲ့ ကွ..ငါ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားသေးဘူး..သရဖူက တော်တော်စိတ်ဆိုးနေလား..မင်းကရေ

ာသေချာ ရှင်းမပြလိုက်ဘူးလား...”

         “ရှင်းပြလိုက်ရတာပေါ့ဗျ...တော်သေးတယ်...စိတ်ဆိုးပြေသွားလို့ ..ဒါတောင် ယုံချင်သေးတာမဟုတ်ဘူး..”

သီဟက ကုတင်ပေါ်ကို ပစ်လှဲချလိုက်ပြီးတော့ ..

       “ဟူး...တော်တော် စိတ်ပျက်ဖို့ ကောင်းတဲ့ လောကကြီးပါလား...”

ဘယ်လိုပင်ကြိုးစားပြီး မေ့ဖျောက်သော်လည်း သူရဆိုသည့် သူငယ်ချင်းကောင်လေးရဲ့  မျက်နှာချောချောလေးက ဇွဲပိုင်ရဲ့  အတွေးထဲကိုဝင်လို့

လာပါသည်။ မနေ့ က စစ်ရေးပြမှာ ကျွတ်ဆတ်ဆတ်လုပ်နေပုံလေးက ချစ်ဖို့ ကောင်းပါသည်။ ပြီးတော့ ငရဲတို့ အဖွဲ့ နှင့်သွားထိုင်လို့  ပြောတေ

ာ့ မိမိကိုကြည့်သည့် အကြည့်က ကလေးတစ်ယောက်လိုပါလား။ မည်သည့်အတွက်များ သူရကို စိတ်ထဲမှာ ဆွဲနေရသည်ကို တွေးလို့ မရတေ

ာ့ပါ။ တကယ်ဆို မိမိသည် မိန်းကလေးတစ်ယောက်အကြောင်းကိုသာ စဉ်းစားသင့်သည်မဟုတ်လား။ သူရကတော့ မိမိအပေါ်ကို ဘယ်လို အ

တိုင်းအတာထိ ခင်မည်ဆိုတာမသိသော်လည်း မိမိရဲ့  မသိစိတ်က တစ်စုံတစ်ခုကို လက်ခံနေမိသလို မတင်မကျဖြစ်လို့ နေပါသည်။ ငယ်စဉ်

ပင် မိန်းကလေးများကို စိတ်ဝင်စားခဲ့သော်လည်း ရည်းစားတော့ မထားခဲ့ဘူးပါ။ သူငယ်ချင်းလိုလို ရည်းစားလိုလို ဟိုမကျဒီမကျတော့ ကောင်

မလေးတွေနဲ့ နေဖူးပါသည်။ အတည်တွဲခဲ့ဘူးသလားဆိုတော့ တစ်ယောက်နှင့်မျှ အတည်မတွဲ့ ဖူးခဲ့ပါ။ အခုလည်း မတွေးမိပါပဲ သူရအကြောင်း

က ခေါင်းထဲကို ၀င်လာပြီး သောကြာနေ့ က သူရရဲ့ ပုံလေးက တစ်မျိုးထူးနေပြီး အရင်က ပုံထက်ပိုပြီး ချစ်ဖို့ ကောင်းနေတာကို နှလုံးသားက

လက်မခံနိုင်ဘဲ မနေနိုင်အောင်ဖြစ်နေပါသည်။ အရင်ကဆို ပုံလေးက အေးတိအေးစက် ပုံလေး။ မနေ့ က ပုံလေးက သွက်သွက်လက်လက်ေ

လးနဲ့  အဲလို ပုံလေးကို ဇွဲပိုင်သဘောကျမိပါသည်။ သူရအကြောင်းဝင်လာသည့် အတွေးများကို ခါထုတ်လိုက်ပြီး အိမ်ရှေ့ ဝရန်တာကို ထွက်

လာလိုက်ပါသည်။ ထူးဆန်းလွန်းသော မိမိရဲ့ စိတ်ကိုသာ မိမိပြန်ပြီး အံသြနေမိပါသည်။ တနင်္လာနေ့ ပုံမှန်ကျောင်းတက်ချိန်ကိုပြန်ရောက်လို့ 

လာပါသည်။ အခန်းရှေ့ မှာ ငြိမ်ငြိမ်လေးထိုင်နေသော သူရကို ဇွဲပိုင် တွေ့ လိုက်ရပါသည်။ ဇွဲပိုင်က သူရဘေးနားကို ၀င်ထိုင်လိုက်ပြီး..

      “ဒီနေ့ တော့ ငြိမ်လှချည်လား...အနောက်တန်းသွား မထိုင်ဘူးလား..”

ရွဲ့ သလိုလိုနဲ့ မေးလိုက်တယ်ဆိုတာ သီဟ သိလိုက်ပါသည်။ သီဟက ဇွဲပိုင်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး

             “ဘာလဲ အနောက်မှာ သွားထိုင်ရမှာလား..ရတယ်လေ..ဒီတစ်ချိန်ပြီးရင် သွားထိုင်မယ်..”

တကယ်တော့ သီဟ သွားမထိုင်ရဲပါ။ သူရပြောပြထားသည့်အတွက်သာ ဇွဲပိုင် ဘယ်လို တုံ့ ပြန်မည်ဆိုတာကို သိချင်သည့်အတွက်သာ မေး

လိုက်ခြင်းဖြစ်သည်။ ကွက်ကနဲ ပျက်သွားသော ဇွဲပိုင်ရဲ့ မျက်နှာကို သီဟ ကျေနပ်စွာ ကြည့်လိုက်ပါသည်။ ပြီးတော့ သောကြာနေ့ က လူလဲ

မိတဲ့ အဖြစ်ကိုလည်း ကျေနပ်လို့ နေမိပါသည်။ ဇွဲပိုင်က ..

         “သူရ..မင်းကွာ...မင်းပြောတဲ့စကားကိုနားထောင်သလို ငါပြောတဲ့စကားကိုလဲ နားထောင်ကွာ..”

သီဟ ဇွဲပိုင်ရဲ့ မျက်လုံးများကို ခံစားလို့ ရပါသည်။ ချက်ချင်းပြောင်းလဲသွားသည့် သူ့ ရဲ့ မျက်ဝန်းများမှတဆင့် သူ့ ရင်ထဲက ခံစားချက်ကို ထုတ်

ဖော်နိုင်ဖို့ က သီဟရဲ့  အရည်အချင်းမဟုတ်လား။ အချိန်တိုတို အတွင်းမှာ သူ ဆီက ချစ်စကားတစ်ခုကို လိုချင်မိတာ သီဟရဲ့ ရူးသွပ်မှုတစ်ခု

လို့ ပဲ ပြောမလား။ ဒါပေမယ့် သူ့ ကြိုက်တဲ့ပုံက သူရလို ခပ်သွက်သွက် ဂျစ်တစ်တစ်ပုံ ဖြစ်အောင်တော့ သီဟ ကြိုးစားနေရပါမည်။ သူရ၏ပြန်

ပြောပြချက်များအရဆို သူတစ်ခြား သူငယ်ချင်းများနှင့် တွဲတာကို သ၀န်တိုသည့် သဘောမှာရှိပါသည်။ ဒါကို သူရအခွင့်ကောင်းယူပြီး သူ့ ရင်

ထဲက အချစ်တွေကို ထုတ်ဖော်ယူရပါမည်။ သီဟ ရင်တော့ ခုန်နေပါသည်။ ကိုယ့်အတွေးနှင့် ကိုယ်တော့ မှန်နေပေမယ့် ထင်ထားသည့်အတို

င်းဖြစ်မလာပါက သီဟပင်ရင်ကျိုးရပေမည်။ အခုကတည်းက အကောင်းအဆိုးနှစ်ခုလုံးကို ခံနိုင်ရည်ရှိရန်ကြိုတွေးထားလိုက်ပါသည်။

ထိုစဉ်အတန်းထဲသို့ ကျောင်းသားတစ်ဦးဝင်လာပြီး..

        “ကျောင်းသားများ အားလုံးနားထောင်ပါ..RC ရှေ့ က  ရေကူးကန်မှာ ဘယ်သူရေကူးမလဲ ..ကူးချင်တဲ့သူ ၅၀၀ပေးပါ...”

ထိုစကားကြောင့် ကျောင်းသားများအားလုံး ၀ုန်းဝုန်း..၀ုန်းဝုန်း ဖြစ်သွားပါသည်။ ရှေ့ မှာလာပြောသော ကျောင်းသားကိုလည်း မယုံသလိုအကြ

ည့်။ တကယ်ပဲလားဆိုသည့် အကြည့်များဖြင့် တစ်ယောက်တစ်ခွန်း ဖြင့်ဆူညံလို့ သွားပါသည်။ ဇွဲပိုင်က သီဟ နားကို ကပ်ပြီး...

          “သူရ..မင်းရေကူးတတ်လား...ငါကတော့ ကူးတတ်တယ်...”

သီဟက တွေးတွေးဆဆလေး လုပ်လိုက်ပြီးတော့...

         “ငါကတော့ သိပ်မကူးတတ်ဘူး...ဘယ်လိုလုပ်ရမလဲ....”

ကိုယ့်ဘာသာ ကြားရုံလေးတီးတိုးရေရွတ်လိုက်ပါသည်။ တကယ်ဆို လုံးဝ ကို မကူးတတ်သလောက်ပါ။ သူများတွေရေထဲဆင်းကြမည်ဆိုတေ

ာ့လည်း သီဟ လည်းဆင်းချင်ပါသည်။ ဇွဲပိုင်ကိုကြည့်လိုက်တော့ ရေကူးရန်စိတ်အားထက်သန်နေသည့်ပုံဖြင့် အရှေ့ မှကျောင်းသားအားလှမ်း

ပြီး...

        “တကယ်ပြောနေတာလား..ဘယ်တော့ ကူးရမှာလဲ..အခုလား....ဘယ်သူက အခုလိုကူးခွင့်ပေးတာလဲ”

ဇွဲပိုင်အသံက ဆူညံနေသော အသံကို အုပ်မိုးပြီး ထွက်သွားပါသည်။ ထိုအမေးကြောင့် ဆူညံနေသော အသံများတိတ်သွားပါသည်။ ထိုအမေး

ကြောင့် ရေကူးရန် စာရင်းလာကောက်သော ကျောင်းသားမှ..

          “လက်ထောက် မော်ကွန်းထိန်းက မေးခိုင်းလိုက်တာ...အခုတော့ ကူးမယ့်လူစာရင်းရယ် ပိုက်ဆံ ၅၀၀ရယ်သွင်းထားရမယ်..ကူးတာက

         တော့ ညနေ ကျောင်းမဆင်းခင်မှာ ကူးလို့ ရမယ်..”

လက်ထောက် မော်ကွန်းထိန်းက မေးခိုင်းလိုက်တာဆိုတော့ နောက်တာမဖြစ်နိုင်တော့ပါ။ ရေကူးမည့်ကျောင်းသားများ စုရုံးပြီး ထိုကျောင်းသာ

းထံ နာမည်စာရင်းနှင့် ပိုက်ဆံသွားပေးကြပါသည်။ ခုနက စနောက်နေသည်မှာ အခုတော့ အတည်အတံ့ပုံစံဖြစ်လို့ သွားပါသည်။ ဇွဲပိုင်ကလည်

း ရေကူးရန် နာမည်စာရင်း ပေဖို့ ထလိုက်ပါသည်။ ပြီးတော့ သူက သီဟကိုကြည့်လိုက်ပြီး

        “မင်းအတွက်ပါ..ပေးလိုက်မယ်နော်....”

သီဟ ယောင်ရမ်းပြီး ခေါင်းကို ညိတ်လိုက်ပါသည်။ တစ်နေလုံး သီဟ ရင်တွေခုန်လို့ နေပါသည်။ မိမိအနေဖြင့် လူအများကြားမှာ ဘောင်းဘီ

တိုဖြင့်ရေကူးဖို့ ဝေးစွ ဒူးပေါ်သောဘောင်းဘီပင်ဝတ်ပြီး အပြင်ကို မထွက်ရဲပါ။ အခုတော့ ညနေရေကူးဖို့ ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို

ပဲခေါင်းထဲမှာ တွေးလို့ နေမိသည်။ ဒါပေမယ့်လည်း ပေါက်သည့်နှဖူးလဲ မထူးတော့ပြီ။ ဖြစ်သမျှအကြောင်းအကောင်းလို့ သာ စိတ်ထဲမှာတွေး

ထားလိုက်ပါသည်။ ညနေ ကျောင်းမဆင်းခင် တစ်ချိန်အလိုမှာ ရေကူးချင်သည့် ကျောင်းသားများကို မနက်က ပေးထားသည့်စာရင်းအတိုင်း

ခေါ်ပါသည်။ ကျောင်းသားများအားလုံး ရေကူးရန် RCရှိ ရေကူးကန်ကို ချီတက်လာကြပါသည်။ ကျောင်းသားများအားလုံး ရေကူးရန် အ၀တ်

အစားများကို ချွတ်နေသည့်တိုင် သီဟ မချွတ်သေးဘဲ ထိုင်နေမိပါသည်။ ဇွဲပိုင်က ..

      “ဟရောင်..အ၀တ်တွေချွတ်လေကွာ..ဒီအတိုင်းကြီးရေကူးမလို့ လား..ဘာမှရှက်မနေနဲ့  အားလုံးယောကျာ်းတွေကြီးပဲ..ငါလဲ ရေကူး

       ဘောင်းဘီပါမလာလို့  အတွင်းခံနဲ့ ပဲကူးရမှာ...”

ယေက်ျားတွေကြီးပဲမို့ လို့ ပြောလိုက်ချင်ပါသည်။ အကျီ င်္များချွတ်ပြီးပြောနေသော ဇွဲပိုင်ကို သီဟ ကြည့်လိုက်ပါသည်။ အသားခပ်လတ်လတ်

ဘော်ဒီက သူ့ နေရာနဲ့ သူ အချိုးကျစွာ ဖြင့် ယောက်ျားပီသသော ကိုယ်လုံးမျိုးပါ။ သီဟ တံတွေးတစ်ချက်မျိုချလိုက်ပြီး..

       “အတွင်းခံနဲ့ ကူးတာတော့ ဟုတ်ပါပြီ...အပြန် ကျတော့ အတွင်းခံက ရေတွေစိုနေရင် ဘာနဲ့ လဲမလဲ..”

သီဟက တိုးတိုးလေး ညည်းလိုက်ပါသည်။ ဒါကို ဇွဲပိုင်က ရယ်လိုက်ပြီး..

        “ဒါများကွာ..အပေါ်က ဘောင်းဘီအရှည်ကို ပြန်ထပ်ဝတ်လိုက်ပေါ့...”

သီဟကတော့ စိတ်ရှုပ်စွာကြည့်လိုက်ပါသည်။ တစ်ချို့ ကျောင်းသားများကတော့ အပူအပင်ကင်းစွာ ရေကူးကန်ထဲမှာ ဒိုင်ဗင်ထိုးနေကြပါပြီ။

ဇွဲပိုင်ကိုကြည့်လိုက်တော့ သီဟကို စောင့်နေပြီး သီဟဆင်းမှ ဆင်းမည့်ပုံမှာရှိပါသည်။ နောက်ဆုံးတော့ သီဟလည်း မျက်လုံးကိုစုံမှိတ်လိုက်

ပြီး အ၀တ်များကို ချွတ်လိုက်ပါသည်။ စိတ်ထဲမှာတော့ မလုံသလိုခံစားရပါသည်။ နောက်ဘာမှစဉ်းစားမနေတော့ပဲ ရေထဲကို ဆင်းလိုက်ပါသ

ည်။

ဆက်ရန်

 

Apr 27th

ပျံသာပျံပါ ထက်အာကာသို့.....

By koz
အဲဒီနေ့ ညနေက ကိုယ့်ရဲ့ အိမ်ပြန်ခြေလှမ်းတွေက လေးကန်လို့ နေခဲ့တယ်
အိမ်ပေါက်ရောက်တော့ မင်းဖိနပ်ချွတ်ထားတာ တွေ့လိုက်ရတယ်
အိမ်ထဲမှာ မင်းရောက်လို့ နေခဲ့ပြီပေါ့
တံခါးသော့ဖွင့်ဖို့ ကြိုးစားတော့မှ ကိုယ့်လက်တွေ တုန်ရီနေမှန်း သတိပြုမိတော့တယ်
တံခါးဖွင့် အိမ်ထဲဝင်ပြီး မီးခလုတ်ဖွင့်လိုက်တော့
ဖျာကျလာတဲ့ နွေးထွေးတဲ့ အလင်းရောင်အောက်မှာ နံရံကို မှီပြီးရပ်နေတဲ့ မင်းကို တွေ့လိုက်ရတယ်
မီးခိုးရောင်တီရှပ်လေးနဲ့ မင်းဟာ ခါတိုင်းလိုပဲ နုပျိုသန့်ရှင်းနေပေမယ့်
ခါတိုင်းတွေ့မြင်နေကျ အပြုံးစတို့ကတော့ မင်းရဲ့မျက်နှာပေါ်မှာ ပျောက်ကွယ်လို့နေခဲ့ပါတယ်
မင်းရဲ့ အရယ်အပြုံးမဲ့ စူးစူးစိုက်စိုက်အကြည့်တွေအောက်မှာ
ကိုယ့်ရဲ့ စကားလုံးတွေဟာ လည်ချောင်းဝမှာပဲ ဆို့နစ်ပျောက်ကွယ်ရတော့တယ်
မင်းဘယ်လိုအကြောင်းပြချက်မှ မပေးပေမယ့် မင်းအချစ်သစ်တွေ့လို့ဆိုတာ ကိုယ် သိနေခဲ့ပါတယ်
မင်းရဲ့ အချစ်သစ်ကလဲ ကိုယ့်ရဲ့ညီငယ်လေးတယောက်လို ချစ်ခင်ရတဲ့ လူရွယ်လေးတယောက်ပေါ့
မင်းတို့၂ယောက် မင်းရဲ့ ရိုးရာတိုင်းရင်းသားဝတ်စုံကို ဆင်တူဝတ်ပြီး ရိုးရာပွဲကို ဆင်နွှဲကြဖို့ စီစဉ်ပြီး  ပျော်ရွှင်မှုနေတာတွေကအစ ကိုယ်သိထားခဲ့ပါတယ်
ဒါတွေကိုတော့ မင်းကို ကိုယ်ပြောပြဖြစ်မှာ မဟုတ်တော့ပါဘူး
ကိုယ်ဟာ အိပ်ခန်းထဲက မင်းရဲ့အဝတ်အစားနဲ့အသုံးအဆောင်တချို့ကို အိတ်တလုံးထဲ ထည့်သိမ်းပေးရင်း တိတ်တဆိတ်ကြေကွဲနေမိတယ်
တချိန်တုံးက ကိုယ်တို့၂ယောက် ဒီအိမ်ခန်းလေးကို ပျော်ရွှင်စွာ အလှဆင်ခဲ့ကြတာတွေကို မြင်ယောင်ရင်းပေါ့
မင်းကတော့ ကိုယ်တို့ရဲ့ ချစ်ဗိမာန်အသိုက်အမြုံလေးလို့ မင်းတင်စားခဲ့ဖူးတဲ့ ဒီအိမ်ခန်းလေးကနေ ထွက်ခွာသွားဖို့ ခုချိန်မှာ အဆင်သင့်ဖြစ်နေခဲ့ပါပြီ
အိပ်ခန်းထဲက စားပွဲပေါ်မှာ မင်းတင်ထားတဲ့ အိမ်သော့တွေရယ် အင်္ဂလိပ်စာလုံး H ပုံ metalလေးကို လယ်သာကြိုးနဲ့တွဲထားတဲ့ လည်ဆွဲ နဲ့ လက်ပတ်လေးကို တွေ့တဲ့အခိုက်မှာတော့
ကိုယ့်မျက်ရည်စတို့ ကြွေလွင့်ရတော့တယ်
အဲဒီ လည်ဆွဲနဲ့ လက်ပတ်လေးက ကိုယ်တို့ရဲ့ တခုသော နှစ်ပတ်လည်နေ့မှာ ကိုယ် မင်းကို အမှတ်တရ ပေးခဲ့ပြီး မင်းကလဲ မြတ်မြတ်နိုးနိုး ဝတ်ဆင်ခဲ့တာပါ
အခုတော့ မင်းက ဒါတွေဟာ ကိုယ့်ရဲ့ နှောင်ဖွဲ့မှုတွေလို့ ထားရစ်ခဲ့ချင်တာလား
ကိုယ်တို့ရဲ့ ချစ်ဗိမာန်အသိုက်အမြုံလေးက မင်းအတွက် လှောင်ချိုင့်သဖွယ် ယူဆခဲ့ပြီလား
ကိုယ်ဟာ ဘယ်တုန်းကမှ ကိုယ့်အတ္တအတွက် မင်းကို လှောင်ချိုင့်ထဲမှာ ချုပ်နှောင်ထားဖို့ မကြိုးစားခဲ့ပါဘူး
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ မင်းအတွက် လှောင်ချိုင့်လို့ ယူဆခဲ့ရင်
အဲဒီလှောင်ချိုင့်ကို ကိုယ့်လက်တွေ သွေးစိမ်းရှင်ရှင်ကျပါစေ ကိုယ့်လက်နဲ့ ရိုက်ချိုးဖွင့်ပြီး မင်းကို ဟိုးကောင်ကင်ထက်မှာ လွတ်လပ်စွာ ပျံသန်းစေမှာပါ
အဝေးဆုံး နဲ့ အမြင့်ဆုံးမှာ လွတ်လပ်စွာ ပျံသန်းရင်း မင်းတယောက် ချစ်တဲ့သူနဲ့အတူ ပျော်ရွှင်နိုင်ပါစေ.......
Apr 26th

ချစ်လို့

By ပန်း စား ဘီ လူး ဒသဂီရိ
ရင်မှာခံစား  ဝေဒနာများနှင့်
ဗော့ကာ တွေသောက်ခါလည်း
မူးခဲ့ဘူးဘာတယ် အကိုရယ်

ဖုန်းကိုကိုင်ကာ တွေကာဝေကာ
နှိပ်လိုက်ဖျက်လိုက် နဲ့
ချီတုံချတုံဖြစ်ဘူးဘာတယ် အကိုရယ်

ဘယ်သူတွေဘာပြောပြော
ကြိုတင်ခံနိုင်အောင် ပြင်ဆင်ကာလည်း
ယုံကြည်နေဘာတယ် အကိုရယ်

ညီတစ်ခုပြောမယ်............တည်ငြိမ်သေချာစွာနဲ့ပျော်၇ွှင်မူတွေတာပေးချင်လို့
ချစ်ချင်တာဘာအကိုရယ်
ဘယ်လိုဘဲ ဘာတွေဘဲ ဖြစ်ခဲ့ဖြစ်ခဲ့အရာအားလုံးဟာပြီးဆုံးခဲ့သလို.......
ငယ်ရွယ်သူတိုင်းရဲ့     စိတ် နဲ့ အချစ်    ဟာမတည်ငြိမ်ဘာဘူး ဆိုတာထဲမှာညီ .....မပါဘာဘူး
အကိုယ့်ကိုအသည်းခွဲအောင်လုပ်မဲ့သူမဟုတ်ဘာဘူး
ညီကသာအကို ခွဲ သွားရင်တာခံရမယ့်သူဘာ.........


                       မွတ်သိပ်ဆာလောင်အကြင်နာမပါ အနမ်းများကိုထားခဲ့ပြီး
                        အေးချမ်းငြိမ်သက်တဲ့အနမ်းမျိုးကိုသာတောင့်တနေတဲ့

                                                             ညီ (အာရောဂျံပရမ္မံလာဘံ )
Apr 26th

Masturbation လုပ်တာကောင်းမကောင်း....

By Alex aung

Masturbation (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ သိပ်ခက်ပါတယ်။ (အက်ပ်-နော်မယ်) ဆိုတာက ဖြစ်နေကြ၊ လုပ်နေကြ မဟုတ်တာကို ခေါ်လေ့ရှိလို့ပါ။ ဘယ်လောက် များများ လုပ်ကြသလဲဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများတိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂၀
ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီး Labia ကို တွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း)နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက Estrogen နဲ့ Progesterone ဆိုတဲ့ လိင်-ဟော်မုန်းတွေကို မအေရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှု emotions, learning, and memory တွေက ဦးနှောက်မှာကို ထူးခြားလာပါတယ်။

ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက Puberty အရွယ်ရောက်ချိန်ထက် စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ "သား ညစ်ပတ်တာတွေ မပြောရဘူး။" "သမီး ထိုင်ရင် မိန်းကလေးလိုထိုင်။" စသဖြင့် ဆိုဆုံးမကြ
တယ်။ အဲဒီကတည်းက ကလေးတွေဟာ "ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊" "သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေ၊" လို့ ခွဲခြား သတ်မှတ် လာကြတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ (ဂျန်ဒါ-အီကွယ်လ်တီ) နဲ့ မဆိုင်ဘူးနော်။ သူများ လူမှုအသိုင်းအ၀ိုင်းကို အသာထားပြီး ဗမာစာနဲ့ ရေးနေ
တာမို့ ဗမာ့လူမှုဘ၀အတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အ၀တ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီး ဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ (ကက်တဂေါ်ရီ)ထဲ ထည့်လိုက်ပါတယ်။

(မာစတာဘေးရှင်း) ဆိုတာ "ကျား" ဖြစ်ဖြစ်၊ "မ" ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှု ရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊
"ကျား" ရော၊ "မ" ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။

ကျန်းမာရေးအရ စောစောကရေးခဲ့သလို (နော်မယ်လ်)ပါ။ အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့ တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။

Biochemistry of the orgasm အရ အဲဒီအခါမှာ ယောက်ျားများဟာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုတ်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ "အားယုတ်စေတယ်" လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။

(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုတ်က တမင်ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ (နော်မယ်လ်)ပါ။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုတ်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ် မများချင်ရင် စိတ်ကိုနိုးဆွစေတာတွေ နည်းပါစေ။

ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းက (ဆိုလို- မာစတာဘေးရှင်း) ဖြစ်တယ်။ တဖက်လှည့်နဲ့ ပြောရရင် ဝေဒနာကို ကုစားရာ ရောက်ပါတယ်။ တမင်တကာ မများ များအောင် လုပ်တာတော့ ဆင်ခြင်သင့်တယ်။

ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို "အပြစ်လုပ်မိလေခြင်း" လို့ Guilty conscious ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက "ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖ၀ါးမှာ အမွှေးပေါက်မယ်။" ဆိုပြီး
ရေးတာ တွေ့ရတယ်။ လုံးဝ မှားပါတယ်။

အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး)စနစ်ကို နိုးဆွးပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုတ်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်းလုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ Stress စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂၀၀၃ ခုနှစ်တုံးက Cancer Council Victoria in Melbourne ကနေ ယောက်ျား ၁၀၇၉ ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ
မဟုတ်လို့ အပြစ်ကင်းတယ် ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။

အိမ်ထောင်ရက်သား ကျပြီး၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း)ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာ ကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် STDs/STIs မရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။

အဲလို လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်းထားသလိုမျိုး အတူလိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် Testosterone ပိုများလာလို့ ပိုပြီး aggressive ဖြစ်တယ်လို့ ၁၉၉၉ မှာ အီတလီ သုတေသီတွေက ဆိုခဲ့ပါတယ်။

မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ ဒါလဲ (အက်ဘ်-နော်မယ်လ်) မဟုတ်ပါ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ ပြောတယ် ရာသီလာတုံး နာတာတွေတောင် သက်သာစေတယ်လို့။

ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။

Dr. တင့်ဆွေ

Resource: http://www.xmyanmarx.co.cc/blogs/102079

Apr 26th

ဆားပုလင်းပေါင်ဝိုင်းနှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘော့တွန် (အပိုင်း - ၂)

By cappuccino (စွန်နီ)
အပိုင်း (၁) အား ဤနေရာတွင် ဖတ်ရန် >>

          နားပန်ဆံအငြိမ့်

          ဆန်းပြားသော ကကြိုးကကွက်များနှင့်ရွပိုးထချက်များကို အမြဲမပြတ်အကဲခတ်ချင်ပါသလား၊ ထူးခြားသော တင်ဆက်မှုများကို စဉ်ဆက်မပျက်ပဲ မပျင်းမရိရအောင် အတင်းကြည့်ချင်ကြပါသလား၊ လူရွှင်တော်များ၏ မျက်နှာကို တစ်သက်တာ စွဲသွားသည်အထိ ရယ်မောစေသော ဟာသစစ်စစ် အသစ်အဆန်းများကိုရင်ခုန်ချင်ပါသလား.. နားပန်ဆံအငြိမ့်မှ သင်တို့ကို ဖျော်ဖြေပေးပါရစေ။

         

          ဟူ၍ဖြစ်သည်။ ကျွန်ုပ်မှာ ဟာသာနှောကာ ခပ်သောသောလေးရေးထားသော ကြော်ငြာစာသားကို သဘောကျလျှက် ပြုံးပင် ပြုံးမိချေတော့သည်။

          ကျွန်ုပ်မှာ ဆားပုလင်းပေါင်ဝိုင်း အနောက်ကိုလိုက်ရင်း တစ်နေရာအရောက်တွင် အခန်းတစ်ခုထဲ ဝင်သွားတာတွေ့ရသည့်အတွက် ကျွန်ုပ်ပါ လိုက်ဝင်လိုက်မိပါသည်။ အခန်းထဲဝင်ဝင်ခြင်းပင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ုပ်မှာ မျက်လုံးများပင် ပြူးသွားရပါသည်။ အခန်းထဲက စားပွဲတစ်ခုတွင် ထိုင်နေသော လူဝကြီးတစ်ဦးအား ဆားပုလင်းပေါင်ဝိုင်းက လည်ပင်းညှစ်ပြီး ချုပ်ထားကာ အတင်းအစ်မေးနေခြင်းဖြစ်သည်။

          “ပြော.. ဦးကယ်ကြီးဆိုတာ ခင်ဗျားလား”

          ထိုလူဝကြီးမှာ အစောကြီးထဲက သူ့ဝိတ်သူမနိုင်လို့ ထိုင်ခုံကမထနိုင်ရတဲ့ကြားထဲ ဆားပုလင်းပေါင်ဝိုင်းက သူ့ပေါင်ပေါ် စိမ်ပြေတပြေတက်ထိုင်ပြီး လည်ပင်းပါညှစ်ထားသဖြင့် မေးခွန်းကိုတော်ရုံဖြင့် ပြန်မဖြေနိုင်ပါချေ။ ဆားပုလင်းပေါင်ဝိုင်းက လည်ပင်းညှစ်ထားတာကို အနည်းငယ်လျှော့ပေးလိုက်တော့မှ အသက်ကိုအားယူကာရှုရင်း ဖြည်းညှင်းစွာပြောပါသည်။

          “ဟုတ်.. ဟုတ်ပါတယ်ခင်ဗျာ။ ဒီအငြိမ့်ပွဲရုံပိုင်ရှင် ဦးကယ်ကြီးဆိုတာ ကျွန်ုပ်ပါ။ နံမည်အရင်းက ကယ်ဗင်ပါ။ မျက်နှာဖြူကျောင်းကိုတက်တုန်းက မှည့်ထားတဲ့နံမည်ပါ။ အဲဒါအငြိမ့်ထောင်တော့ အငြိမ့်သမားတွေက ဦးကယ်ကြီးလို့ခေါ်ရင်းနဲ့ တွင်နေတာပါ။ အရမ်းရင်းနှီးတဲ့ အငြိမ့်ထဲက လူဟောင်းလူရင်းတွေကတော့ အမေကယ်လို့ ချစ်စနိုးနဲ့ခေါ်ကြပါတယ်ဗျာ……..”

          ထိုလူဝကြီးမှာ မည်မျှကြောက်နေသည်မသိပေ၊ ရိုက်စစ်စရာမလိုပဲ အကုန်လုံးကို ကရားရေလွှတ် တတွတ်တွတ်ပြောပြလေတော့သည်။ ထိုကဲ့သို့ အကုန်ပြောပြသော်လည်း ဆားပုလင်းပေါင်ဝိုင်းမှာ မကျေနပ်နိုင်သေးပဲ ညစ်တွန်းတွန်းပြီး လည်ပင်းကိုလိမ်ချိုးကာ ကလိထိုးလေသည်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကြီးမှ အားနာပဲ လူဝကြီး၏ ဂုတ်ပိုးကိုခွစီးလျှက် ထိုလူဝကြီး၏ ဆံပင်ကောက်ကောက်ကွေးကွေး ဆယ့်လေးငါးချောင်းခန့်ကို အစိမ်းလိုက်ဆွဲနှုတ်လိုက်ပါသည်။

          “ငါမေးတာကိုပဲဖြေ.. လျှာမရှည်နဲ့.. ကိုင်းဟယ်…..”

          “အားလားလား……”

          လူဝကြီးမှာ သူ့ခေါင်းပေါ်က ဆံပင်တွေကျဲနေရတဲ့ကြားထဲ အဖုတ်လိုက်ကျွတ်ထွက်သွားရှာသော ဆံပင်များကို နှမြောတသစွာငေးကြည့်ကာ မျက်ရည်များဝဲနေပါသည်။ ဆားပုလင်းပေါင်ဝိုင်းကတော့ တစ်စက်လေးပင်သနားပုံမရပဲ ထပ်မေးပါသည်။

          “ခင်ဗျား ကုလားမကို သိလား။ မေးနေတယ်ဖြေလေ ကုလားမဆိုတာကို သိလား”

          “ကုလားမတော့ မသိပါဘူး။ ကုလားလေးနဲ့တော့သိတယ်။ ပွဲရုံနောက်ဘက်မှာ အိမ်သာကျင်းတူးနေတယ်။ ခဏကြာရင် လုပ်ခအနေနဲ့ သူ့ကိုထမင်းကျွေးရတော့မယ်။ ကုလားနဲ့ပါတ်သတ်လာရင် ကုလားလေးရယ်၊ ကုလားလေးရဲ့အကို ဂျာဂျားရယ် ပြီးတော့ ထမင်းချက်တဲ့ အမီနာဘေဘီမဒီသမ်ဘူလ ရယ်ပဲသိတယ်။”

          “ဟင် အကြောမာကြီး..။ မေးတာကိုပဲဖြေပါဆို သိပ်လျှာရှည်ချင်နေတယ်ဟုတ်လား။ အင်းဟယ် အင်းဟယ် ရှည်ချင်ဦး……… အင်းဟယ်”

          “အားလား။ အိုက်ရှားဘား…..။ အူးအီ………အ.. အ……….။ အားရှီး……..”

          လူဝကြီးရဲ့ နေရင်းထိုင်ရင်း ငရဲကျနေပုံကိုကြည့်ရင်း သနားသဖြင့် ကျွန်ုပ်မှာ မနေသာတော့ပဲ ဝင်ပြောရလေတော့သည်။

          “ဒီအတိုင်းမေးလည်း ရပါတယ် ကိုပေါင်ဝိုင်းရာ။ ဂုတ်ပိုးပေါ်တက်ပြီး ဆံပင်ဆွဲနှုတ်စရာမလိုပါဘူး..”

          “ခင်ဗျားဘာသိလို့လည်း အိုင်ပီကပူရဲ့။ နတ်ကတော်ကျော်နန္ဒကိုပြောသွားတဲ့ပုံအရဆိုရင် ဒီလူကြီးဟာ ရိုက်စစ်မှ အဖြစ်မှန်ကိုပြောပြမယ့်လူကြီးပဲ……..။ ခင်ဗျားဘာသာနေတတ်သလိုနေစမ်းပါ။ ဒါမှမဟုတ် နှိပ်စက်တာကို မကြည့်ရဲရင် အိုင်ပီစစ်မှန်တို့ အိုင်ပီပဲမြစ်ဇော်တို့နဲ့တူတူ ကားသွားစောင့်နေလိုက်။”

          ဟူ၍ ဆားပုလင်းပေါင်ဝိုင်းက နှုတ်ခမ်းတလန်ပန်းတန်လန်ဖြင့် ပြန်ရန်တွေ့ကာ ပြောပြောဆိုဆိုပင် ဦးကယ်ကြီးခေါင်းပေါ်မှ ဆံပင်တစ်ကွက်ကို ဗြုတ်ကနဲ အားရပါးရဆွဲနှုတ်လိုက်ပြန်သည်။

          “ဗြုတ်..”

          “အား……….”

          “ဗြုတ်.. ဗြုတ်………”

          “အား……….. အား………….”

          “ဗြုတ်… ဗြုတ်.. ဗြုတ်……..”

          “အား.. အား…….အား…………”

          ကျွန်ုပ်မှာ သနားတတ်သူဖြစ်ရကား ဆက်ပြီးမကြည့်နိုင်တော့ပဲ ကားရှိရာသို့ထွက်ခွာလာပါသည်။ ကျွန်ုပ်ကားနားသို့ရောက်ခါနီးတွင် ပွဲရုံထဲမှ လွန်စွာလှပသော အမျိုးသမီးတစ်ယောက်ထွက်လာကာ ကျွန်ုပ်အား လှမ်းခေါ်ပါသည်။ ကျွန်ုပ်လည်း ဘာကိစ္စများလည်းမသိဘူးဆိုတော့ သွားရမှာပေါ့လေဆိုပြီး ကိုယ့်ကိုယ်ကို ဆင်ခြေတစ်ခုပေးကာ ပဲများပြီး ထိုအမျိုးသမီးအနားသို့လျှောက်သွားလိုက်ပါသည်။

          ကျွန်ုပ်၏ ပဲများပြီးလျှောက်လာပုံကိုကြည့်ပြီး ထိုအမျိုးသမီးက ခိုးခိုးခစ်ခစ်ဖြင့်ရယ်ပါသည်။ ကျွန်ုပ်လည်းရှက်ကိုးရှက်ကန်းဖြင့် ပဲမများတော့ပဲ အမြန်လျှောက်လိုက်မှပင် အမျိုးသမီးအနားကိုရောက်တော့သည်။ ကျွန်ုပ်အနားရောက်သည်နှင့် ထိုအမျိုးသမီးက လက်ကိုင်ပဝါတစ်ထည်လှမ်းပေးကာ

          “လက်ကိုင်ပဝါကျကျန်ခဲ့လို့ ဇော်က ထွက်ပေးတာပါ”

          ဟု မတိုးလွန်းမကျယ်လွန်း၊ မနူးညံ့လွန်းမခက်ထန်လွန်းသော လွန်စွာမှ ကျက်သရေရှိလှသည့် အသံဖြင့်ပြောကာ တစ်ချက်ပြုံးပြလျှက် ပွဲရုံထဲသို့ပြန်ပြေးဝင်သွားပါသည်။

          ကျွန်ုပ်မှာ ထိုအပြုံးကို လွန်စွာမှ စွဲလန်းသွားမိရကား ဇော်ဟူသည့် အမျိုးသမီးပေးသွားသည့် ကိုယ့်ဟာလည်းမဟုတ်ပဲ အလကားရလိုက်သည့် လက်ကိုင်ပဝါလေးကိုကိုင်လျှက် ငေးငိုင်ကျန်ခဲ့မိတော့သည်။ ဘယ်အချိန်ထိ ငေးနေမိမှန်းမသိပေ၊ အနားသို့ ဖင်သူကြီး စစ်မှန်လာပြီး စကားပြောမှသာ ငေးငိုင်နေမိမှန်း ကိုယ့်ကိုယ်ကို သတိထားမိသွားပါသည်။ ဖင်သူကြီးစစ်မှန်က အဝေးမှလှမ်းမြင်ရုံဖြင့် အဖြစ်အပျက်များကို သိနေလိုက်ပြီး လူတိုင်းအကြောင်းကို သူသိပါသည်ဆိုတဲ့ ပုံစံဖမ်းလိုက်ကာ တစ်ခွန်းထဲပြောပါသည်။

          “အဲဒီ့အမျိုးသမီးက ဒီအငြိမ့်ရဲ့ ခေါင်းဆောင်မင်းသမီး မိဇော်လေးတဲ့………..”

 

* * * *

 

          “မိဇော်လေး……. ဇော်လေး………… ဇော်လေး……… အရိုင်းသဘင်မယ်လေးမို့ တို့များ အားပေးချင်။ မိဇော်လေး……. ဇော်လေး………… ဇော်လေး……… အရိုင်းသဘင်မယ်လေးမို့ တို့များ အားပေးချင်………..”

          လူရွှင်တော်များက မင်းသမီးမိဇော်လေးကို တစ်ယောက်ကဖက်လိုက် နောက်တစ်ယောက်ကဖက်လိုက်ဖြင့် စနောက်ပြီး သီဆိုနေကြချိန်တွင် စင်အောက်တွင် ပွဲကြည့်နေသော ကျွန်ုပ်၏ရင်ထဲမှာတော့ သဝန်တိုစိတ်၊ အူတိုစိတ်ဖြင့် တိုပြီးတုတ်နေလေတော့သည်။ ထိုသို့ စိတ်ထဲမှာတိုပြီး ရင်ထဲမှာ ဆို့နင့်တုတ်နှောင်သလိုမျိုးဖြစ်နေချိန်တွင် ကျွန်ုပ်၏ ဘေးမှာတော့ ဖင်သူကြီးစစ်မှန်နှင့် ပဲမြစ်ဇော်တို့က ပြောင်းဖူးပြုတ်များကို တရွှမ်းရွှမ်းဖြင့် စားနေကြကာ တဝါးဝါးနှင့် ရယ်စရာလည်းမပါပဲ ရယ်နေကြပါသည်။ သူတို့ဘေးမှာတော့ ဆားပုလင်းပေါင်ဝိုင်းက ရုပ်တည်နှင့်ထိုင်နေကာ အငြိမ့်ကနေတဲ့သူတွေကိုရော၊ ဆိုင်းဝိုင်းဆရာတွေကိုပါ အကဲခတ်နေပါသည်။

          အမှန်တကယ်တော့ အခုလို သူတို့အားလုံးပွဲခင်းထဲရောက်နေကြခြင်းမှာ ဆားပုလင်းပေါင်ဝိုင်း၏ အကြံပင်ဖြစ်သည်။ ဦးကယ်ကြီးကို စစ်မေးရင်း ဆွဲနှုတ်စရာဆံပင်ကုန်သွားသဖြင့် သဲလွန်စမရလိုက်ပဲရှိလေရာ အငြိမ့်ကြည့်ရင်း အငြိမ့်ထဲမှာ သဲလွန်စရှာရမယ်ဟု ဆားပုလင်းပေါင်ဝိုင်းကအကြံပေးပါသည်။ ဖြစ်ချင်တော့ ကျွန်ုပ်တို့ဝင်ရောက်စစ်ဆေးပြီး နောက်ရက်မှာပင် တာမွေဘက်မှ အလှုပွဲပေးသူတစ်ယောက်က နားပန်ဆံအငြိမ့်ကြီးကို ငှားရမ်းလိုက်သဖြင့် ကျွန်ုပ်တို့မှာ အချိန်တော်တော်ကြာကြာမစောင့်လိုက်ရပဲ အငြိမ့်ပွဲကို ကြည့်ခွင့်ကြုံရတာဖြစ်ပါသည်။

          ဆားပုလင်းပေါင်ဝိုင်းမှာ အငြိမ့်တစ်ခုလုံးကို နေရာမလပ်အောင်စောင့်ကြည့်နေကာ သဲလွန်စရှာနေသော်လည်း ကျွန်ုပ်မှာကား အငြိမ့်မင်းသမီးလေး မိဇော်လေးဆီမှ မျက်လုံးမခွာနိုင်အောင်ဖြစ်ပြီး သဲလွန်စကိုပင်မေ့နေလေတော့သည်။ မင်းသမီး မိဇော်လေးကတော့ ကရင်းခုန်ရင်း သူ့ကိုလာဖက်သော လူရွှင်တော်များကိုရှောင်လိုက်ကာ ပရိတ်သတ်ဘက် မျက်စတစ်ချက်ပြစ်လျှက် သီချင်းဆိုသည်။

          “အားပေးကြပါဦးရှင်…. အကိုကြီးများနဲ့ လိုက်တယ်ရှင်၊ အားပေးကြပါဦးရှင်… ကောင်လေးများလည်း ရတယ်ရှင်…။ အများသူငါ အလယ်မှာပင်..၊ ဖော်ကင် ဖော်ကင်.. ဖော်ကင်ပြကာ အားလုံးမြူဆွယ်ချင်……….”

          မိဇော်လေးက သီချင်းကို အဆုံးသတ်လိုက်ပြီး လက်အုပ်ချီကာ ပရိတ်သတ်ကို ကန်တော့လျှက် ကန့်လန့်ကာနောက်ဝင်သွားပါသည်။ ထိုတဒင်္ဂမှာပင် ကျွန်ုပ်ရင်ထဲမှာ ထိုအငြိမ့်မင်းသမီးလေးကို ထပ်တွေ့ချင်သေးတဲ့ စိတ်နဲ့ ပူလောင်သွားပါတော့သည်။

          ကျွန်ုပ်၏ ဆန္ဒပြင်းပြ၍လား မသိပေ။ အစီအစဉ်များစွာ ဖြတ်ကျော်ပြီး ပြဇာတ်ကသောအခါ မိဇော်လေးကို စင်ပေါ်တွင် ပြန်တွေ့ခွင့်ရပါတော့သည်။ ကျွန်ုပ်မှာ ပျော်ရွှင်လွန်း၍ ညောင်းရကောင်းမှန်းပင်မသိပဲ ထိုင်ရာမှ မထစတမ်း ပြဇာတ်ကို ထိုင်ကြည့်နေပါတော့သည်။

          နားပန်းဆန်အငြိမ့်၏ ပြဇာတ်မှာ တခြားအငြိမ့်များနှင့်မတူပဲ ထူးဆန်းသောကကြိုးကကွက်များ ပါဝင်ခြင်း၊ ဆန်းကြယ်သော ဇာတ်လမ်းဆန်ဆန်ဖွဲ့စည်းထားမှုများ၊ စက်သီးအကူအညီများဖြင့် နောက်ခံရှုခင်းကို အသက်ဝင်လှုပ်ရှားနေအောင်လုပ်ထားမှုများဖြင့် ပရိတ်သတ်၏ စိတ်ကို ဖမ်းစားထားပါသည်။ ကျွန်ုပ်အနှစ်သက်ဆုံးအခန်းမှာ မင်းသမီးမိဇော်လေးက တော်အုပ်ထဲလမ်းပျောက်နေချိန်တွင် ကွယ်လွန်သွားတဲ့သူ့ချစ်သူကို ဘယ်လောက်ချစ်ကြောင်း တောစောင့်နတ်ကိုတိုင်တည်ပြီး လမ်းမှန်ပြန်ရှာတွေ့အောင်သစ္စာဆိုသောအခန်းပင်ဖြစ်သည်။

မင်းသမီးလေး၏ သစ္စာကမမှန်သဖြင့် တောစောင့်နတ်မပေါ်လာပဲ တောထဲက စုန်းအိုမကြီးက ငှက်အသွင်ဖန်တီးကာ လမ်းမှားကိုညွှန်ပြပေးတဲ့ အခန်းမှာ လွန်စွာမှပင် အသက်ဝင်သဖြင့် တကယ်ပဲဖြစ်နေသလားဟုပင် ထင်မှတ်မိပါသည်။ ငှက်က စကားပြောပြီး လမ်းညွှန်ပြပေးရတာဖြစ်ပြီး ငှက်ကို စကားပြောသင်ရခက်သည့် ကြက်တောငှက်ကြီးသုံးထားလေရာ ထိုငှက်ကြီး၏ စကားပြောပီပြင်ပုံ၊ မင်းသမီးလေးရဲ့ အသက်ပါပါသရုပ်ဆောင်တတ်ပုံများက ပရိတ်သတ်များကို အပ်ကျသံပင်မကြားရလောက်အောင် စိတ်ဝင်စားစေပါတော့သည်။

          ကျွန်ုပ်မှာ ပြဇာတ်ထဲ မျောပါနေမိရာ ဆားပုလင်းပေါင်ဝိုင်းက လက်လာတို့မှပင် သဲလွန်စကို ပြန်သတိရမိတော့သည်။

          “ဘယ်လိုလည်း သဲလွန်စရပြီလား ကိုပေါင်ဝိုင်း”

          “ရပြီလေဗျ အိုင်ပီရ။ နတ်ကတော်ကျော်နန္ဒကိုရဲ့ သီချင်းထဲမှာပါတဲ့ ‘စကားတတ်တဲ့ အိုငှက်ဘယ်ပျံ’ ဆိုတာ တခြားမဟုတ်ဘူး၊ ဒီငှက်ကြီးကိုပြောတာပဲဗျ။ ဒီငှက်ကြီးကို လူသတ်သမားက ဘောက်ထော်အိမ်ကနေ လွှတ်လိုက်ပုံရတယ်။ အဲဒီ့ငှက်ကြီး ပျံသွားတဲ့လိပ်စာကို နတ်ကတော်ကြီးကမှတ်ထားပြီး ကျွန်ုပ်တို့ကို လမ်းညွှန်လိုက်တာပဲဗျ။ တကယ်တော့ သဲလွန်စက ငှက်ကြီးပဲ။ ဒီတော့ကာ ငှက်ကြီးပိုင်ရှင်ဘယ်သူလည်းဆိုတာ ကျွန်ုပ်တို့ စုံစမ်းရမယ်……”

          “ဘယ်ကစပြီး စုံစမ်းမှာလည်း”

          ကျွန်ုပ်၏ အမေးကို ဆားပုလင်းပေါင်ဝိုင်းက မျက်လုံးများမှေးစင်းကာ ရက်စက်တော့မည့်ပုံစံဖမ်းလိုက်ရင်း ဖြေသည်။

          “အမေကယ်ပေါ့။ ခေါင်းမှာအမွှေးမရှိတော့လည်း ဂျိုင်းကြားတို့ ဘာကြားညာကြားတို့မှာ လက်ငုတ်လက်ရင်းအမွှေးလေးတွေတော့ ကျန်နေဦးမှာပဲ။ ဒါလေးတွေကို နည်းနည်းထပ်နှုတ်ပြီး နှိပ်စက်ကလူပြုကာ မေးကြတာပေါ့ဗျာ.. ဟားဟားဟားဟား………”

          ဆားပုလင်းပေါင်ဝိုင်းက တဟားဟားအော်ရယ်သဖြင့် ကျွန်ုပ်လည်း ဘုမသိဘမသိဖြင့် လိုက်ရယ်မိပါတော့သည်။

          “အားဟားဟားဟား……… ရယ်ရတယ်။ အားဟားဟားဟား………………..”

 

          * * * *

 

          “အားလားလားလား……. နာလိုက်တာ။ အားလားလားလား………….”

          ဦးကယ်ကြီး၏ ဂျိုင်းမွှေးကို ရက်စက်စွာ အကြမ်ပတမ်းလှန်နှုတ်ခံရသောကြောင့် အော်တဲ့အသံက ပြဲလန်စွာထွက်ပေါ်လာပါသည်။ ကျွန်ုပ်မှာ သနားသဖြင့်မကြည့်ရဲပဲ မျက်နှာကိုလွှဲထားရသည်။ စိတ်ထဲမှာတော့ ဒီလူကြီး အရင်ဘဝက ကြက်တွေ၊ဘဲတွေကို ရေနွေးဖျောပြီး အမွှေးနှုတ်ခဲ့တဲ့ အကုသိုလ်ပေလားမသိဘူးဟု လက်လှမ်းမှီသလောက် တွေးကြည့်မိလေသည်။ ဆားပုလင်းပေါင်ဝိုင်းကတော့ ဘေးဘီဝဲယာကို လမ်းလျှောက်လိုက်၊ ဆေးလိပ်လေးဖွာလိုက်၊ ဂျိုင်းမွှေးလေး အပျင်းပြေ ပြေးပြေးပြီးနှုတ်လိုက်ဖြင့် သူ့ဟာနှင့်သူတော့ ဟုတ်နေသည်။

          “ပြော ကြက်တူရွေးပိုင်ရှင်က ဘူလေးလည်း အဲဒါ ဘူလေးလည်း ပြောပါ ဦးကယ်ကြီး”

          “ဗြုတ်…”

          “အားလား…….အား”

          “မအားဘူး မအားဘူးဗျ။ ခင်ဗျားကို အမှုစစ်နေတယ် မအားဘူး။ ဘယ့်နှယ့် ကြက်တူရွေးပိုင်ရှင်ကိုမေးနေတာကို အားသလားတွေ၊ ကစားမလား၊ နားမလားတွေ လာလုပ်နေတယ်။ ဒီလောက်ဆွဲနှုတ်နေတာကို မျက်ရည်လေးတစမ်းစမ်းနဲ့ ဇိမ်ခံနေတယ်ပေါ့လေ ဟုတ်စ….”

          “ဗြုတ်”

          “အံမယ်ငှီး…. နာတယ် အရမ်းနာတယ် ဖြည်းဖြည်း.. အား…..”

          ဆားပုလင်းပေါင်ဝိုင်းမှာ ပြောလည်းပြော အမွှေးလည်း နှုတ်လုပ်နေလေရာ ဦးကယ်ကြီးမှာ နာကျင်လွန်းလို့ မျက်ရည်များတသွင်သွင်စီးကျပြီး အော်ဟစ်ရလွန်းလို့ အသက်လည်းခပ်မျော့မျော့သာကျန်ပါတော့သည်။ ကျွန်ုပ်လည်း မနေသာတော့ပဲ တားမြစ်ရန်ပြင်လိုက်စဉ်မှာပင် ဦးကယ်ကြီး၏ရုံးခန်းတံခါးပွင့်သွားပြီး လွန်စွာမှလှပသော အမျိုးသမီးတစ်ဦးဝင်လာပါသည်။

          “ငှက်ပိုင်ရှင်က ကျွန်မပဲ။ ဟောသည်က နားပန်ဆံအငြိမ့်ရဲ့ ခေါင်းဆောင်မင်းသမီး ခင်ကလျာနွဲ့နွဲ့နှောင်းတစ်ဖြစ်လဲ မိဇော်လေး ဆိုတဲ့ ကျွန်မပါပဲ…။ အပြစ်မဲ့တဲ့သူတွေကို ရှင်ဘာမှနှိပ်စက်နေစရာ အကြောင်းမရှိဘူး”

          မိဇော်လေးကိုမြင်လိုက်ရချိန်တွင် ကျွန်ုပ်မှာ မင်တက်မိသွားသော်လည်း ဆားပုလင်းပေါင်ဝိုင်းမှာတော့ လုံးဝဂရုမစိုက်သည့်အထာဖြင့် မိဇော်လေးနားသွားကာ တစ်ချက်အကဲခတ်လိုက်ပြီး မိဇော်လေး၏ ရင်သားနှစ်မွှာကို ရုတ်တရက် ညှစ်ချလိုက်တော့သည်။

          ထိုမြင်ကွင်းကို ကျွန်ုပ်မှာ မကြည့်ရဲပဲ မျက်နှာလွှဲလိုက်ရပြန်ပါသည်။ စိတ်ထဲမှာတော့ ဆားပုလင်းပေါင်ဝိုင်းကို ကျိန်စာတိုက်နေမိတော့သည်။ ဆားပုလင်းပေါင်ဝိုင်းကတော့ ကျွန်ုပ်ဖြစ်သွားပုံကို ကြည့်ပြီး ဟက်ကနဲ တစ်ချက်ရယ်လိုက်သေးလျှက် ရင်သားတွေကို သုံးလေးငါးချက်ညှစ်ကြည့်ပြီး

          “ဒါ.. လားရှိုးခုနှစ်လွှာပေါက်စီတွေပဲ။ ဟောဟိုက အိုင်ပီကပူမြင်အောင် ထုတ်ပြလိုက်ပါဦး..။ မဟုတ်ရင် ကျွန်တော့ကို သူ့စိတ်ထဲကနေ ကျိန်စာတိုက်ချင်တိုက်နေမှာ မပြောနိုင်ဘူး…”

          ဟု ပြောလေသည်။ ထိုအခါမှ ကျွန်ုပ်လည်း အံ့အားသင့်ကာ လှည့်ကြည့်မိတော့သည်။ ဟုတ်ပါသည် မိဇော်လေးရဲ့ ရင်သားအယ်စတုံကြီးတွေမှာ အမှန်စစ်စစ်မှာတော့ လားရှိုးခုနှစ်လွှာပေါက်စီတွေဖြင့် အလှဆင်ထားတာဖြစ်ပါသည်။

          “ဒါ.. ဒါဆို……….”

          “ဟုတ်ပါတယ် မိဇော်လေးက ယောက်ျားကြီးပါ ပြီးတော့ သူဟာ…”

          “ဟုတ်ပါတယ်ရှင်။ အရင်တုန်းက ဒီအငြိမ့်မှာ ကျွန်မက ဘီလူးကထွက်ရတဲ့ ကိုဇော်လေးဆိုတဲ့သူပါ။ နောက်ပိုင်း ခေါင်းဆောင်မင်းသမီး ခင်ကလျာနွဲ့နွဲ့နှောင်းက ဝမ်းလျောပြီး ဆုံးသွားတော့ သူ့နေရာကိုယူမယ့်သူ စိတ်ချရမယ့်သူမရှိတာနဲ့ ကျွန်မပဲ ဝင်ယူလိုက်ရတာပါ။ အဲဒီ့တုန်းကတော့ မယူချင်ပေမယ့် ကိုယ့်အငြိမ့်ကို ကယ်တဲ့အနေနဲ့ ယောက်ျားကြီးတန်မဲ့ ယူလိုက်ရတာပေါ့။ အခုတော့ မရတော့ပါဘူးရှင်။ ကျွန်မက အရမ်းခြောက်သွားပါပြီ……….”

          စကားအဆုံးတွင် ကျွန်ုပ်မှာ ဘာပြောလို့ပြောရမှန်းမသိပဲ ဆွံ့အသွားလေတော့သည်။ ဆားပုလင်းပေါင်ဝိုင်း ကဆက်မေးသည်

          “ထားပါတော့။ ခင်ဗျားတို့ အငြိမ့်ကလူတွေက စကားသိပ်ရှည်တာပဲ။ မေးတာပဲဖြေပါ။ ကဲ.. ကျွန်မ..အဲလေ ကျွန်တော်မေးမယ် မိဇော်လေး…၊ ခင်ဗျားကငှက်ပိုင်ရှင်ဆိုရင် အဲဒီ့ငှက်ကြီးကို ဘယ်ကရတာလည်း..”

          “ကျွန်မတို့ မျိုးရိုးစဉ်ဆက် လူယုံတော်တွေဖြစ်တဲ့ ကိုဘမျိုးနဲ့ ကိုဘိုးတူ တို့ဆီကရပါတယ်။ ကျွန်မအရင်တုန်းက ကုန်သည်လုပ်တုန်းက ရုံးချုပ်နဲ့ဆက်သွယ်ဖို့ စာပို့ငှက်ကြီးတစ်ကောင်လိုတယ်ဆိုတာနဲ့ ရိုးမတောထဲကနေ သူတို့ကိုယ်တိုင် ဖမ်းပြီးလေ့ကျင့်ပေးထားတာပါ။”

ဆားပုလင်းပေါင်ဝိုင်းမှာ မေးတာထက် ပိုပိုပြီး ဖြေနေသော မိဇော်လေးအားကြည့်ကာ သက်ပြင်းချလိုက်ရင်း

          “ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါဆို လွန်ခဲ့တဲ့တစ်ပါတ်အတွင်းမှာ ဒီငှက်ကြီး ခင်ဗျားဆီကပျောက်သွားဖူးလား၊ ဒါမှမဟုတ် ခင်ဗျား ဒီငှက်ကြီးကို တစ်စုံတစ်ယောက်ဆီပေးလိုက်ဖူးသလား။”

          ထိုမေးခွန်းကိုတော့ မိဇော်လေးက အတန်ကြာသည်အထိမဖြေသေးပဲ စဉ်းစားနေသေးကာ ခေါင်းကို ကုတ်နေပါသေးသည်။ ခေါင်းကတော်တော်ယားသည်နှင့် တူသည်၊ စွပ်ထားသော ဆံပင်အတုကြီးကိုပါ ချွတ်၍ ကုတ်လေရာ ဆံပင်အတုကိုချွတ်လိုက်မှပဲ တိုနံ့နံ့နှင့် ယောက်ျားပုံစံ ဆံပင်ကြီးထွက်လာပါသည်။ ကျွန်ုပ်လည်း အခုမှပင် ယောက်ျားကြီးကို ငါသဘောကျနေမိပါလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့လေသည်။

          မိဇော်လေးက ဆံပင်ထဲမှ ဘောက်များ၊ သန်းများ၊ ကြမ်းပိုးများ၊ ယင်ကောင်အသေများ ထွက်ထွက်ကျလာအောင် တဗြင်းဗြင်းနှင့် အားရသည်အထိ ကုတ်နေပြီးတော့မှ ဆံပင်တုကို ပြန်စွပ်လိုက်ကာပြောပါသည်။

          “ဘောက်ထော်က နတ်ကတော်ကျော်နန္ဒကို ငှားသွားဖူးပါတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကပါ။ ကျွန်မလည်း ပွဲမရှိတာနဲ့ ငှားလိုက်မိတာပါ။”

          “ဟင်………..”

          မိဇော်လေးရဲ့ စကားကိုကြားလိုက်ရချိန်တွင် ကျွန်ုပ်၏ စိတ်ထဲမှာ လွန်စွာမှပင်ရှုပ်ထွေးသွားလေတော့သည်။ နတ်ကတော်ကျော်နန္ဒကိုက ညွှန်ပြလိုက်တာ စကားပြောတတ်တဲ့ငှက်နဲ့ ဒီနားပန်ဆန်အငြိမ့်ဇာတ်ရုံဖြစ်သည်။ အခုငှက်ပိုင်ရှင် မိဇော်လေးက နတ်ကတော်ကျော်နန္ဒကိုဆီ ပြန်ညွှန်ပြနေပြန်ပြီ။ ဘယ်သူက တရားခံအစစ်လည်းဟု ကျွန်ုပ်မှာ မတွေးတတ်အောင်ရှိသည်ဖြစ်ရကား စိတ်ထဲမှာ လွန်စွာမှပင်နောက်ကျိသွားတော့သည်။

          ကျွန်ုပ်မှာ ထိုသို့စိတ်ရှုပ်နေသော်လည်း ဆားပုလင်းပေါင်ဝိုင်းကတော့ အမေကယ်ရဲ့ပေါင်ပေါ်မှာ ဇိမ်ခံကာ ထိုင်နေရင်း ဆေးပေါ့လိပ်ကြီးကိုဖွာကာ စိမ်ပြေတပြေထိုင်စဉ်းစားနေတော့လေသည်။ အတန်ကြာကြာစဉ်းစားပြီးတော့မှ အမေကယ်ရဲ့ ဆံပင်မရှိတော့တဲ့ ကတုံးပြောင်ကြီးကို ဖြန်းကနဲ ရိုက်ချလိုက်ပြီး..

          “ဟုတ်ပြီဗျို့….. နတ်ကတော်ကြီးက ကျွန်တော်တို့ကို တစ်ပါတ်ရိုက်သွားတာပဲ အိုင်ပီ”

          ဟုထအော်ပါသည်။ ဘာများလည်းလို့၊ ဒါလေးများ လူတိုင်းတွေးတတ်တယ်။ အစောကြီးထဲက ဘာမဆိုင်ညာမဆိုင် လူသတ်မှုတစ်ခုလုံးကို နတ်ကတော်ကြီးက ခြုံငုံပြောနေနိုင်ကတည်းက သိသင့်တာပေါ့ နလပိန်းတုံးရဲ့ဟု ကျွန်ုပ်၏ စိတ်ထဲမှပြောလိုက်သော်လည်း အပြင်မှာတော့ နေရင်းထိုင်ရင်း ကြောက်တတ်သူဖြစ်ရကား..

          “ဒါပေါ့ ကိုပေါင်ဝိုင်းရဲ့ ဒါပေါ့”

          ဟုထောက်ခံလိုက်မိတော့သည်။ ဆားပုလင်းပေါင်ဝိုင်းက ကျွန်ုပ်အား ကားအသင့်ပြင်ထားရန် အချက်ပြလျှက် အငြိမ့်မင်းသမီး မိဇော်လေးဘက်လှည့်ကာ

          “လိုက်ခဲ့ဦးမလား။ ခင်ဗျားရဲ့ လူယုံတော်ကြီးနှစ်ဦးဖြစ်တဲ့ ကိုဘမျိုးရဲ့ ကိုဘိုးတူတို့ရဲ့ အလောင်းတွေကိုတွေ့ချင်ရင် ကားကြုံလိုက်စီးလိုက်ပါဦးဗျာ”

          ဟုပြောလိုက်လေရာ စကားအဆုံးတွင် မိဇော်လေးမှာ စိတ်ထိခိုက်လွန်း၍ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာကာ နေရာမှာတင်မေ့လဲကျသွားပါတော့သည်။

          “ဟာ.. အိုင်ပီရေ။ မေ့လဲသွားပြီ အမှုပါတ်ပြီဗျို့..။ ကဲထားခဲ့လိုက်တော့မယ်ဗျာ အခုဘောက်ထော်က အမှုဖြစ်တဲ့အိမ်ကြီးဆီ ပြန်သွားကြစို့……………”

         

* * * *

         

          “ဘာလို့ ဘောက်ထော်က အမှုဖြစ်တဲ့အိမ်ကြီးဆီပြန်သွားကြရတာလည်းဗျာ။ နတ်ကတော်ကြီးလည်း အခုလောက်ဆို လစ်ရောပေါ့……….. သွားလည်းဘာထူးမှာမို့လည်း။”

          တခြားသောအိုင်ပီများက ရုံးဆင်းချိန်ဆိုပြီးပြန်သွားကြသဖြင့် ကျွန်ုပ်နှင့် ဆားပုလင်းပေါင်ဝိုင်းနှစ်ဦးထဲသာရှိသော ကားပေါ်မှာ လွန်စွာမှာတိတ်ဆိတ်နေကြလေရာ ကျွန်ုပ်မှာ မနေနိုင်မထိုင်နိုင် စကားထပြောရလေတော့သည်။ ဆားပုလင်းပေါင်ဝိုင်းက ရွှေအပ်စူးဆေးပေါ့လိပ်ကြီးကို ရှိုက်ဖွာလိုက်ရင်း..

          “ဒီလိုရှိတယ်ဗျ အိုင်ပီကပူရ၊ ကျွန်တော် နားပန်ဆံအငြိမ့်မှာတုန်းက မင်းသမီးမိဇော်လေးကို ပြောခဲ့တဲ့ စကားမှတ်မိတယ် မဟုတ်လား။ ဘမျိုးနဲ့ ဘိုးတူတို့ရဲ့ အလောင်းကိုမြင်ချင်ရင် လိုက်ခဲ့ဆိုတာလေ။”

          “မှတ်မိတာပေါ့ဗျာ။ ခင်ဗျားကြောင့် သူစိတ်ထိခိုက်ပြီး မေ့လဲသွားလို့ ကျွန်ုပ်တို့မှာ အမှုမပါတ်အောင် အမြန်လစ်ခဲ့ရတယ် မဟုတ်လား”

          “အေးဗျ.. တကယ်တော့ အဲဒီ့စကားက ကျွန်တော်အလကားပြောလိုက်တာမဟုတ်ဘူးဗျ။ အိုင်ပီတို့ ဘောက်ထော်အိမ်မှာ အလောင်းတွေကို ရှက်ရှက်တွေပေါ်အောင် ဟိုလှန်ကြည့် ဒီလှန်ကြည့်လုပ်နေတုန်းက ကျွန်တော်မြင်လိုက်ရတာရှိတယ်။ အကြီးကြီးတွေပဲ……..”

          “ဘာကြီးတွေကိုလည်း။ ရှက်ရှက်တွေကိုလား”

          “အိုး.. ဘယ်ကလာ အိုင်ပီရယ်။ ဖင်တွေပေါ့လို့။ အဲ.. အဲလေ သေဆုံးသူနှစ်ယောက်ရဲ့ တင်ပါးတွေမှာ ထိုးထားတဲ့ တက်တူးတွေကိုပေါ့။ တစ်ယောက်က တင်ပါးတစ်ဖက်တစ်ချက်ဆီမှာ ဘမျိုးလို့ထိုးထားတယ်။ နောက်တစ်ယောက်ကတော့ တင်ပါးတစ်ဖက်တစ်ချက်မှာ ဘိုးရယ် တူရယ် ထိုးထားတယ်။ နှစ်ယောက်စလုံးရဲ့ တင်ပါးမှာ ဝဲခြောက်တွေရှိတော့ တက်တူးတွေကို ဝဲခြောက်တွေက ဖုံးနေတာတောင် ကျွန်တော့်မှာ မရမကပြူးပြဲကြည့်ခဲ့ရတာ။ ဒါ့ကြောင့် ကျွန်တော်က ကိုဘမျိုးနဲ့ ကိုဘိုးတူတို့အလောင်းလို့ပြောလိုက်တာဗျ။ သူတို့နှစ်ယောက်က မိဇော်လေးကို ငှက်ဖမ်းပေးဖူးတယ်လို့ သိခဲ့ရတယ်မဟုတ်လား။ ပြီးတော့ ရုတ်တရက် အဲဒီ့နှစ်ယောက်သေသွားပြီလို့ အသိပေးလိုက်ရတာက လူသတ်သမားလို့ သံသယဖြစ်စရာက နှစ်ယောက်ဖြစ်နေတဲ့အတွက် မိဇော်လေးသာတကယ်လူသတ်သမားဖြစ်နေမလားဆိုပြီး အငိုက်ဖမ်းပြီး မေးကြည့်လိုက်တာပါ။ မိဇော်လေးက တကယ်စိတ်ထိခိုက်ပြီး မေ့လဲသွားတယ်ဆိုတော့ သူမဟုတ်ဘူးဆိုတာ သိလိုက်ရတာပဲဗျ။”

          “မျက်စိလည်းလျှင် နားလည်းရှင် အိုင်ကျူမှာလည်းသခင်ပါလား ကိုပေါင်ဝိုင်းရယ်။ ရှက်ရှက်တွေပေါ်နေတုန်းက ခင်ဗျားကြီး မျက်လုံးလေးလှန်လှန်ပြီး ခိုးခိုးကြည့်နေခဲ့တာက အမှုအတွက် သဲလွန်စဖြစ်သွားတာပေါ့ဗျာ။ ဟားဟား..။ ဒါနဲ့ သေတဲ့သူနှစ်ယောက်ကို ခင်ဗျားသိနေပြီပဲ ဘာလို့ဘောက်ထော်အိမ်ကိုသွားဦးမှာလည်း”

          “ထပ်ကြည့်ချင်သေးလို့.. အနောက်ကရှက်ရှက်တွေမှာ နံမည်ထိုးထားတော့ အရှေ့က ရှက်ရှက်တွေမှာလည်း ဘာများထိုးထားဦးမလည်းလို့ ကြည့်ဦးမှာဗျ..။ အဟိ.. ခိ……..”

          “ဟင်……. အရှေ့က ရှက်ရှက်တွေကို ကြည့်မယ်။ ဟုတ်စ..။ ဘာလို့ကြည့်ဦးမှာလည်း”

          “သြော်.. ရှက်ရှက်တွေကြည့်ရရင်ပျော်လို့ပါဆိုနေ.. အဲ.. အဲလေ.. အို မဟုတ်တာပဲ သဲလွန်စရှာတာပါဆိုနေ။ ဦးကပူနော်……..”

          ဆားပုလင်းပေါင်ဝိုင်းက ပြောရင်းဆိုရင်း အမူအရာတွေက ဟိုနတ်ကတော်ကြီးနှင့်ပင် တူလာသည်ဟု ကျွန်ုပ်ထင်လာမိလေသည်။ ဆားပုလင်းပေါင်ဝိုင်းက ရုတ်တရက်ကြည့်ရင် တည်ကြည်သော်လည်း စကားပြောသောအခါ လက်ဟန်ခြေဟန်တွေ တအားသုံးပြီးပြောတတ်တာကို ကျွန်ုပ် အခုမှပင် သတိထားမိလာပါတော့သည်။

          ကျွန်ုပ်က ဆားပုလင်းပေါင်ဝိုင်းကိုမရှင်းတာရှိသေး၍ ထပ်မေးပြန်သည်။

          “ဒါနဲ့ နှစ်ယောက်က ကိုဘမျိုးနဲ့ ကိုဘိုးတူဆိုရင်… နောက်တစ်ယောက်က ဘယ်သူလည်း……”

          “ကျွန်ုပ်ထင်တာ မမှားဘူးဆိုရင်တော့ ကိုဘယ်သန်ဖြစ်လိမ့်မယ်။”

          “ဟင်.. ဘာ့ကြောင့် ပြောနိုင်ရတာလည်း”

          “အိုင်ပီက မိဇော်လေးကိုပဲ စွတ်ငေးနေပြီး ပြဇာတ်ကိုမှ သေချာမကြည့်တာကိုးဗျ။ မနေ့ညက ကခဲ့တဲ့ ပြဇာတ်က တကယ့်အဖြစ်အပျက်ကို ဆန်းကြယ်အောင် မှော်ဇာတ်လမ်းတွေ၊ စုန်းဇာတ်လမ်းတွေနဲ့ထည့်သွင်းဖုံးကွယ်ရေးသားထားတဲ့ ပြဇာတ်ပဲဗျ။ ပြဇာတ်ထဲမှာ မင်းသမီးလေးရဲ့ ကြင်ယာတော်ရဲ့ ဝိညာဉ်ကို သိမ်းဆည်းယူဆောင်သွားတဲ့ ပင်လယ်ဓားပြကြီးသုံးဦးနံမည်တွေ ခင်ဗျား သတိထားမိလား”

          “ဟာ ဟုတ်ပြီဗျို့။ မှတ်မိတယ် ကိုပေါင်ဝိုင်းရ။ ဓားပြကြီး ဘမျိုး၊ ဘိုးတူနဲ့ ဘယ်သန်တို့ပဲဗျာ။ ဒါကို ကျွန်ုပ်အခုမှပဲ သတိထားမိတော့တယ်….”

          “ဒါပေါ့..။ ဒါ့ကြောင့် ကျန်တဲ့တစ်ယောက်က ဦးဘယ်သန်ဖြစ်ဖို့များတယ်။ ဘောက်ထော်အိမ်ကြီးကိုရောက်ရင် ကျန်တဲ့လူကြီးကိုလည်း ရှက်ရှက်တွေ စစ်ဆေးရလိမ့်မယ်။”

          “ဗျာ…….”

          “မဗျာနဲ့ ဘောက်ထော်အိမ်ကြီးနားတောင်ရောက်လာပြီ အရှေ့နားမှာပဲ ကားကိုရပ်လိုက်တော့ အိုင်ပီ”

          ကျွန်ုပ်မှာ ဆားပုလင်းပေါင်ဝိုင်းပြောသည့်အတိုင်း ကားကိုရပ်လိုက်တာနှင့် တပြိုင်နက် ဆားပုလင်းပေါင်ဝိုင်းမှာ ကားပေါ်မှ ဝုန်းကနဲပြေးဆင်းကာ အိမ်ထဲသို့ အားကုန်ပြေးတော့သည်။ ကြည့်ရသည်မှာ ကျွန်ုပ်က ရှက်ရှက်တွေကို သူနှင့် လိုက်လုပြီးကြည့်လိမ့်မည်ဟု ထင်နေသလားပင်မသိပေ။ ကျွန်ုပ်လည်း အမြင်ကပ်ကပ်ရှိရကား ကားနားမှနေ၍ အော်ဟစ်လိုက်လေသည်။

          “ရှက်ရှက်တွေ စစ်ဆေးရင် စစ်ပဲစစ်နော် လျှောက်ဆေးမနေနဲ့”

          ဟူ၍ အော်မိအော်ရာ ဟစ်အော်လိုက်ကာ အိမ်ထဲသို့ ခပ်ဖြည်းဖြည်းပဲ လမ်းလျှောက်၍ ဝင်လိုက်ပါသည်။ အိမ်ထဲရောက်တော့ ဆားပုလင်းပေါင်ဝိုင်းက ခေါင်းတခါခါဖြင့်လုပ်နေတာကိုတွေ့ရသည်။ ကျွန်ုပ်က မေးလိုက်သည်

          “ရှက်ရှက်တွေ စစ်ပြီးပြီလား ကိုပေါင်ဝိုင်း”

          “သုံးကြိမ်မြောက်ရှိပြီ။ ဒီလူတွေရဲ့ ရှက်ရှက်တွေက စစ်ဆေးလို့ သိပ်ကောင်းတယ် အိုင်ပီ။ ကျွန်ုပ်ထပ်ပြီး စစ်ဆေးလိုက်ဦးမယ်”

          ဆားပုလင်းပေါင်ဝိုင်းက ပြောပြောဆိုဆို အလောင်းတွေကို ဖင်တပြန်ခေါင်းတပြန် ထပ်မံ၍စစ်ဆေးပြန်သည်။ အလောင်းတွေကို ပုံစံမပျက်စေရန် အစောင့်ပုလိပ်များ ချထားခဲ့သဖြင့် သေဆုံးသည့်ရက်မှ ပုံစံအတိုင်း ရှိနေပါသေးသည်။ သို့ရာတွင် အလောင်းတွေမှာ နှစ်ရက်ခန့်ကြာနေပြီမို့ အနံ့ကထွက်ချင်နေပြီ။ ဒါကို မရွံ့မရှာ အနီးကပ်ပြူးပြဲပြီး ပယ်ပယ်နယ်နယ် ဆုပ်နယ်ကိုင်တွယ် စစ်ဆေးနေသည်ကို ကြည့်ရသည်မှာ ကျွန်ုပ်မှာအန်တောင် အန်ချင်မိတော့သည်။

          “ဘယ်လိုလည်း ကိုပေါင်ဝိုင်း။ ဘာတွေ့ရလည်း”

          “အင်း ကျွန်တော့်အထင်မှားသွားပြီ အိုင်ပီ။ နောက်ဆုံးလူရဲ့ တင်ပါးမှာ အနာစိမ်းတွေပဲတွေ့တယ်။ ဝဲခြောက်တွေနဲ့ တက်တူးတွေပျောက်နေတယ် အိုင်ပီ။”

          “ဒါ.. ဒါဆို……”

          “သူက ကိုဘယ်သန်မဟုတ်ဘူး။ ကိုဘယ်သန်အစား လူမှားပြီးသတ်ခံရတာပဲဗျ။ ကိုဘယ်သန်လွတ်နေတယ်”

          “အဲဒီ့တော့ ဘယ်လိုလုပ်ကြမလည်း ကိုပေါင်ဝိုင်း”

          “အင်း လူသတ်သမားကတော့ ကိုဘယ်သန်ကို အရှင်ထားမှာ မဟုတ်ဘူး။ သတ်မှာပဲ။ ပြဇာတ်ထဲမှာလည်း မင်းသမီးက ဝိညာဉ်ကိုပြန်ရဖို့အတွက် စုန်းအိုမကြီးနဲ့ ပူးပေါင်းပြီး ပင်လယ်ဓားပြသုံးဦးကို သတ်ပြစ်လိုက်တဲ့ အခန်းပါတယ်မဟုတ်လား။ ပြဇာတ်က ကျွန်တော်တို့အတွက် တစ်ခုထဲသောနဲ့ အရေးအပါဆုံးသော သဲလွန်စဆိုတော့ ပြဇာတ်ကိုပဲ အခြေခံပြီးစဉ်းစားကြည့်ရမှာပဲလေ။ ကိုဘယ်သန်ကို လူသတ်သမား မသတ်ခင်မှာ ကျွန်ုပ်တို့ရအောင်ရှာရမယ်။ ဟာ ဟုတ်ပြီ။ ပြဇာတ်ထဲမှာ ဒီသုံးယောက်က ပင်လယ်ဓားပြတွေဆိုတော့ လက်တွေ့မှာ ပင်လယ်ဓားပြထက်စာရင် သင်္ဘောသားတွေဖြစ်လောက်တယ်။ ကဲ.. အိုင်ပီကပူ.. ကျွန်တော့်အိမ်ကိုသာ မောင်းပေါ့ဗျာ”

          “အိမ်..။ အိမ်ကိုဟုတ်လား။ ဘာလုပ်မလို့လည်းဟင်…..”

          “ခင်ဗျားရဲ့ ရှက်ရှက်ကိုကြည့်မို့.. အဲလေ အိမ်ကိုဆိုမှတော့ ပြန်နားဖို့ပေါ့ဗျ..။ ဦးကပူနော်……”

          ဟူ၍ ဆားပုလင်းပေါင်ဝိုင်းမှာ လက်ဟန်ခြေဟန်များဖြင့်ပြောပြီး ကားပေါ်သို့ ဖင်တခါခါဖြင့် ထွက်သွားပါတော့သည်။

         

          * * * *

 

          “စီအိုင်ဒီရုံးမှ အိုင်ပီများနှင့် ဆားပုလင်းများမှာ ဖင်ခါသူဦးရေ များပြားလာကြောင်း။ စုံထောက်မင်းကြီးအနေဖြင့် ဒါကိုကြပ်မတ်သင့်ပါကြောင်း”

          ကျွန်ုပ်မှာ စီအိုင်ဒီတွင် ဘာမှထွေထွေထူးထူးလုပ်စရာမရှိသဖြင့် ပျင်းပျင်းရှိရကား ထုံးစံအတိုင်း စုံထောက်မင်းကြီးကိုတင်ရန် ရီပို့များရေးသားနေတာဖြစ်သည်။ ကျွန်ုပ်တစ်ယောက်ထဲ တိတ်ဆိတ်စွာရေးသားနေချိန်မှာပင် အခန်းဝမှာ အရိပ်တစ်ခု ဖြတ်ကနဲလှမ်းမြင်လိုက်ရသဖြင့် ကျွန်ုပ်မှာ လက်စွဲတော် နှစ်လုံးပြူးကိုထုတ်ကာ ချိန်လိုက်ပါသည်။

          အရိပ်မှာ တခြားမဟုတ်ပေ။ စုံထောက်မင်းကြီးမစ္စတာအီးရော့စ်ပင်ဖြစ်သည်။ မစ္စတာအီးရော့စ်က သူကိုယ်တိုင် ဖင်တခါခါနှင့် အခန်းထဲဝင်လာသည့်အတွက် ကျွန်ုပ်မှာ ခုနကရေးထားသောရီပို့ကို လုံးခြေပြီး အမှိုက်ပုံးထဲ လွှင့်ပြစ်လိုက်ရပါတော့သည်။ စုံထောက်မင်းကြီးမှာ လေလေးတစ်ချွန်ချွန်၊ ဖင်လေးတခါခါဖြင့် ဝင်လာရင်း သေနတ်ဖြင့်ချိန်ထားသော ကျွန်ုပ်အားမြင်သွားကာ မျက်လုံးပြူးသွားလေတော့သည်……

          “အိုးမိုင်ဂေါ့.. လူကလေး အိုင်ပီကပူ။ အကျွန်ုပ်ကို လုပ်ကြံတော့မလို့ပေါ့လေ ဟုတ်လား။ မနက်ကလည်း လူကလေးကျွေးတဲ့ ပေါင်မုန့်ထောပါတ်သုတ်ကို ကျွန်ုပ်ရဲ့ခွေးကလေးကို အရင်ချကျွေးလိုက်မိတာ အခု ခွေးကလေးအဆိပ်တက်နေပြီ။ လူကလေး ကျွန်ုပ်ကို လုပ်ကြံချင်တာထင်ရှားသွားပြီ လူကလေး”

          ဟု ဖင်ကြီးကိုကောက် ဗိုက်ကြီးကိုအစွမ်းကုန်ပူကာ ကက်ကက်လန်ရန်တွေ့ပါသည်။ ကျွန်ုပ်လည်း ထိုအခါမှ ချွေးစေးများပျံလာလျှက်

          “ဟာ.. မဟုတ်.. ရပါဘူး မစ္စတာအီးရော့စ်ရယ်။ အခုဘောက်ထော်က အမှုက အရမ်းရှုပ်ထွေးပြီး အန္တရာယ်များတာနဲ့ ကျွန်ုပ်မှာ သတိအမြဲထားနေရပြီး လူရိပ်မြင်တာနဲ့ သေနတ်နဲ့ချိန်မိတာ အကျင့်ပါနေတာပါ။ ပေါင်မုန့်ကို အဆိပ်ထောပါတ်တွေ သုတ်ပြီးကျွေးခိုင်းတာကတော့ ဆားပုလင်းပေါင်ဝိုင်းကျွေးခိုင်းတာပါ။ သူ.. သူက.. အဆိပ်ပါမပါသိရအောင် စုံထောက်မင်းကြီးကို ကျွေးကြည့်လိုက်.. ဆို.. လို့…”

          “ဘာ……………….။ ဘာပြောတယ်။ အဆိပ်ပါတော့ အကျွန်ုပ် မာလကီးယားသွားမှာပေါ့။ ဒီ ဆားပုလင်းပေါင်ဝိုင်းက ဒါတောင်နားမလည်ဘူးလား။ စမ်းသပ်စရာမရှိ ကျွန်ုပ်နှင့် စမ်းသပ်ရသလား။ အခုဒီဆားပုလင်းပေါင်ဝိုင်း ဘယ်မှာလည်း”

          “ပျောက် ပျောက်နေပါတယ်။ ရှက်ရှက်တွေ ထပ်စစ်ဆေးစရာရှိတယ်ဆိုလား၊ ရှက်ရှက်ဈေးပွဲတော်လုပ်မလို့ဆိုလား မသိဘူး ပြောပြီး ပျောက်သွားတာ ကြာ.. ကြာ..ပါပြီ”

          တကယ်လည်း ဆားပုလင်းပေါင်ဝိုင်းတစ်ယောက်ပျောက်နေတာဖြစ်သည်။ ဘောက်ထော်အိမ်ကြီးက ပြန်လာပြီးကတည်းက အိမ်မှာလည်းမရှိ၊ စီအိုင်ဒီကိုလည်း မလာတော့သည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ။ သတင်းသဲ့သဲ့ကြားရသည်မှာတော့ သင်္ဘောပဲလိုက်သွားသလိုလို၊ တံတားတွေပေါ်မှာပဲ ကျင်လည်ကျက်စားနေသလိုလို၊ လန်ချားဂိတ်တွေမှာ လန်ချားသမားတွေနား ယောင်လည်လည်သွားလုပ်ရာ လန်ချားသမားတွေ ဝိုင်းကလိလိုက်သဖြင့် ဆေးရုံပဲတက်နေရသလိုလို စသည်ဖြင့် မရိုးနိုင်အောင်ကြားရပါသည်။ လူကိုတော့ မတွေ့ရတော့ပေ။

ကျွန်ုပ်လည်း သူမရှိသဖြင့် မွေးရာပါဥာဏ်ကလည်း နည်းရကား အမှုကို ဆက်မစဉ်းစားတော့ပဲ မေ့မေ့ပျောက်ပျောက်ပင်ဖြစ်နေလေသည်။ မနက်ကမှ အမှုကို သတိရသလိုဖြစ်လာသဖြင့် သဲလွန်စရလိုရငြား မစ္စတာအီးရော့စ်ကို အဆိပ်ထောပါတ်သုတ်ထားတဲ့ ပေါင်မုန့်လေး သွားကျွေးကြည့်တာဖြစ်ပါသည်။ အခုတော့ မင်းကြီးရဲ့ ခွေး အသက်ငင်နေပြီ။ ဒါဆို ဂျားကစ်ပျိုရဲ့ အဆိပ်ထောပါတ်က တကယ်အဆိပ်ခတ်ထားတာ သေချာသွားပါပြီ။ ဒါဆို ဂျားကစ်ပျိုက တကယ်ပဲ လူသတ်ခဲ့တာလား……

တဖြည်းဖြည်းကျွန်ုပ်မှာ အဖြစ်အပျက်တစ်ခု ပိုပြီး နားလည်လာတိုင်း စိတ်ထဲမှာလည်း ပိုရှုပ်ထွေးလာမိလေသည်။ လူသတ်တရားခံဟု သံသယရှိရမယ့်လူတွေက အများကြီးဖြစ်နေသည်။

ကျွန်ုပ်က ကိုယ့်ဟာနဲ့ကိုယ်တွေးရင်း အဖြေရှာမရဖြစ်ရကား ဆားပုလင်းပေါင်ဝိုင်းကဲ့သို့ မျက်မှောင်ကိုကျုံ့၊ ဖင်ကိုရှုံ့ပြီး စဉ်းစားကြည့်မိသည်။ မျက်မှောင်ကျုံ့လိုက်ချိန်မှာ ဘာမှမဖြစ်သော်လည်း ဖင်ကိုရှုံ့လိုက်မိချိန်တွင်တော့ အစထဲက ချောင်နေသော ကျွန်ုပ်၏ ဘောင်းဘီမှာ လျှောပြီး ကျွတ်ကျသွားပါသည်။

“ဟင်.. အကျွန်ုပ်ကို လုပ်ကြံလို့မရတော့.. မု.. မု.. မုဒိမ်းကျင့်မလို့လား.. လူကလေး”

တစ်ချိန်လုံးငြိမ်ပြီး ကျွန်ုပ်ဘာဆက်လုပ်မလည်းဟု အကဲခတ်နေသော မစ္စတာအီးရော့စ်မှာ ကျွန်ုပ်၏ ဘောင်းဘီလည်းကျွတ်သွားရော ချက်ခြင်းလန့်ဖြန့်သွားတဲ့ပုံစံဖမ်းလိုက်ကာ အငမ်းမရအသံဖြင့်မေးပါသည်။

ကျွန်ုပ်လည်း စိတ်တွေယောက်ယတ်ခတ်နေတာက တစ်ကြောင်း၊ ရုတ်တရက်မို့လန့်သွားသည်က တစ်ကြောင်းကြောင့် အသိစိတ်လွတ်သွားကာ ယောင်ပြီး ‘ဟုတ်တယ်ကွ ဘူးထွားထွား’ ဟု ရုပ်ပြောင်ကြီးလုပ်ကာ မစ္စတာအီးရော့စ်အနားသို့ ကပ်သွားမိပါသည်။ မစ္စတာအီးရော့စ်က ပါးစပ်က မလာနဲ့ မလာနဲ့ဟုတားနေသော်လည်း လက်ကတော့ ဖင်သူကြီးစစ်မှန် ခုနကစားသွားတဲ့ ဝက်ခေါက်ကြော်ပန်းကန်မှာကပ်နေတဲ့ လက်ကျန်ဆီတွေကို ရသလောက် ကလော်နေလေသည်။

“ဟိတ် ဒီမှာ ဘာတွေဖြစ်နေတာလည်း အဟဲဟဲ”

မစ္စတာအီးရော့စ်က ဆီတွေကလော်နေစဉ် ရုတ်တရက်ကြီး ဘယ်ကပေါ်လာမှန်းမသိတဲ့ ဆားပုလင်းပေါင်ဝိုင်းက အခန်းထဲဝင်ချလာကာ အော်ဟစ်လိုက်သဖြင့် မစ္စတာအီးရော့စ်မှာ ရှက်ရမ်းရမ်းပြီး ဝက်ခေါက်ပန်းကန်ကို ကောက်ကိုင်လိုက်ကာ

“ပန်းကန်ဆေးချင်စိတ်ပေါ်လာလို့ပါ။ ပန်းကန်အကြွင်းအကျန်လေးများရှိလားလို့ လာယူတာ ဟီး…..”

ဟု ဗြောင်ပင်လိမ်ချလိုက၍ ပန်းကန်ကြီးကိုယူပြီး အခန်းထဲမှ မပြေးရုံတမယ်ထွက်သွားပါသည်။ မစ္စတာအီးရော့စ် ထွက်သွားတော့မှ ဆားပုလင်းပေါင်ဝိုင်းက ကျွန်ုပ်ကို ဘောင်းဘီဆွဲတင်လိုက်ပါဦး ဟုပြောကာ.. သူ့ထုံးစံအတိုင်း ရွှေအပ်စူးဆေးလိပ်ကြီးကို စိမ်ပြေတပြေဖွာနေလေတော့သည်။ ကျွန်ုပ်က ဘောင်းဘီကို ဆွဲတင်လိုက်ပြီး

“ပျောက်ချက်သားကောင်းလှချည်လား ကိုပေါင်ဝိုင်းရယ်။ အလုပ်တွေရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား ကျွန်ုပ်ကိုလည်း ပြောပြပါဦးဗျာ့”

“ပြောမှာပေါ့ အိုင်ပီကပူရယ်။ ဒီလိုဗျ ဒီလို….။ ကျွန်တော်နောက်ဆုံးပြောသွားဖူးတဲ့ ဘမျိုး၊ ဘိုးတူ၊ ဘယ်သန်တို့ဟာ သင်္ဘောသားတွေဖြစ်နိုင်တယ်လို့ပြောသွားတာ မှတ်မိတယ်မဟုတ်လား။ ကျွန်တော်က မသေသေးပဲ လွတ်နေတဲ့ ကိုဘယ်သန်ကို တွေ့ရဖို့အတွက် ကိုဘယ်သန်ရှိတယ်လို့ သတင်းရထားတဲ့သင်္ဘောမှာ သင်္ဘောသားယောင်ဆောင်ပြီး လိုက်သွားခဲ့တာပဲဗျ”

“ကိုဘယ်သန်ကိုတွေ့ခဲ့လား ကိုပေါင်ဝိုင်း”

“တွေ့ခဲ့ပါသကောဗျာ။ ကျွန်တော်နဲ့တောင် ညားခဲ့ကြ အဲလေ.. ကျွန်တော့်ကိုတောင် ညာပြီး ထွက်ပြေးခဲ့လို့ မနည်းပြန်ဖမ်းခဲ့ရတာဗျ။ ရှက်ရှက်တွေကိုလည်း သေချာစစ်ဆေးခဲ့ပြီး ဝဲခြောက်တွေနဲ့ တက်တူးတွေ့မှ ခေါ်လာခဲ့တာပါဗျာ။ အခုအိမ်မှာ ခေါ်ထားပြီးစားနေတယ် အဲလေ စားစရာတွေဘာတွေ ချက်တဲ့ အလုပ်တွေလုပ်ခိုင်းထားတယ်”

ဆားပုလင်းပေါင်ဝိုင်း၏ စကားပြောပုံမှာ ထစ်ထစ်ငေါ့ငေါ့နှင့် မူမမှန်တဲ့အတွက် ကျွန်ုပ်မှာ မသင်္ကာဖြစ်ရကား အစ်မေးရန်ပြင်ရသည်

“ကိုပေါင်ဝိုင်း.. ခင်ဗျားကြည့်ရတာ မူမှန်သလိုပဲ။ ကျွန်ုပ်ကို တစ်ခုခုဖုံးကွယ်ထားတာရှိလားဗျ….”

“မ.. မ.. မရှိပါဘူးဗျာ…….”

“ရှိမှာပါ။ ခင်ဗျား အခုလို ဖြစ်နေတာ အဲဒါ ခင်ဗျား ဖုံးကွယ်ထားတာရှိလို့ပဲ။ ရဝူး ရဝူး ပြောပြရမယ်ဗျာ။ မပြောပြရင် ခင်ဗျား နို့ကုလားဂျားကစ်ပျိုက လူသတ်တရားခံပါလို့ ဝန်ခံတာကို နည်းနည်းလေးတောင် မစစ်ဆေးပဲ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း မစ္စတာအီးရော့စ်ကို တိုင်မယ်..”

“ဟာ အဲလိုတော့ မလုပ်ပါနဲ့ဗျာ။ သူ့ကိုကြောက်လို့မဟုတ်ပေမယ့် နေရင်းထိုင်ရင်း ဒီအမှုကို ဆက်မလိုက်ရတော့မှာစိုးလို့ပါ။ အမှုက ဆက်လိုက်မှကိုဖြစ်မှာဗျ။ ဘာလို့လည်းဆိုတော့ ဒီအမှုရဲ့ အဓိက သော့ချက်က ယောက်ျားတို့ကျွန်း ဖြစ်နေလို့ပဲဗျ”

          “ယောက်ျားတို့ကျွန်း.. ဟုတ်လား။ အထူးအဆန်းပါလား”

          “ဟုတ်တယ်။ ကျွန်တော်လည်း ကြားတုန်းကတော့ တော်တော်အံ့အားသင့်ခဲ့တာ အိုင်ပီရ။ နောက်တော့မှ ကိုဘယ်သန်ရှင်းပြတော့မှ ကျွန်တော် အရမ်းစိတ်ဝင်စားသွားတော့တာ။ အဲဒီ့ ယောက်ျားတို့ကျွန်းမှာ ယောက်ျားတွေရယ် အဖိုးတန်ကျွန်းသစ်တွေရယ်ပဲရှိတာတဲ့ဗျာ။ ယောက်ျားတွေကလည်း အကြမ်းပတမ်းကောင်တွေ အများကြီးပဲ ဆိုပဲ.. ဟိ။ ကျွန်းသစ်တွေကို နေ့တိုင်းခုတ်ကြတာ ဗလတွေလည်း အကြီးကြီးတွေပဲတဲ့……..ခွိ။ အို.. ခွိ ခွိ။”

          “ဟင်.. အဲဒါ ကျွန်တော်တို့က ဘာလုပ်ရမှာလည်း ကိုပေါင်ဝိုင်းရဲ့”

          ကျွန်ုပ်မှာ တဖြည်းဖြည်းနှင့် ဆားပုလင်းပေါင်ဝိုင်းကို မင်္သကာဖြစ်ကာ စူးစိုက်ကြည့်ပြီးမေးလိုက်ပါသည်။ ကျွန်ုပ်အမေးကြောင့် ဆားပုလင်းပေါင်ဝိုင်းက သူ့စကားကို ပြာပြာသလဲပင် ပြင်ပြောလိုက်သည်။

          “အဟမ်း.. ဒီလိုလေ။ ယောက်ျားတွေကို စိတ်ဝင်စားတာမဟုတ်ပါဘူး အိုင်ပီရ။ အဲလိုမျက်လုံးကြီးတွေနဲ့ မကြည့်ပါနဲ့။ ကျွန်တော်စိတ်ဝင်စားတာက ကျွန်းသစ်တွေပါ။ အခုခေတ်မှာ ကျွန်းသစ်တွေက ဈေးကောင်းတယ်မဟုတ်လား။ ဘုံဘေဘားမားတို့လို ကုမ္ပဏီတွေကိုသာ လက်သိပ်ထိုးပြီးရောင်းလိုက်လို့ကတော့ ဗြုန်းစားကြီး ချမ်းသာသွားလိုက်မယ့်ဖြစ်ခြင်း။ အဲအချိန်ကျရင် စုံထောက်မင်းကြီး မစ္စတာအီးရော့စ်ကိုတောင် ငွေနဲ့သိမ်းပြီး အိမ်သာကျင်းတူးခိုင်းတာမျိုး၊ ရှက်ရှက်ဖော်ပြီး သားရေပင်နဲ့ အပြင်းပြေပြစ်ကစားတာမျိုးတွေ လုပ်လို့ရမယ်မဟုတ်လား။ အဲသည်လောက်ထိ ချမ်းသာသွားမှာဗျ”

          “ဟင်……. ရတဲ့ပိုက်ဆံတွေကို မိဘမဲ့ကျောင်းတွေဘာတွေ မလှူဘူးလားဗျ။ ဘိုးဘွားရိပ်သာတို့ဘာတို့ကိုလေ”

          “အိုး.. လှူစရာလား။ မိဘမဲ့ကျောင်းဆိုတာ လူတွေက ရွချိန်တန်ရွကြပြီး အပိုပစ္စည်းအနေနဲ့ ထွက်လာတဲ့ ကလေးတွေ လာပြစ်ထားတဲ့ ကိစ္စကို၊ ဘာလို့များ သွားပြီးအားပေးအားမြှောက်လုပ်ကြရမှာလည်း။ အဲလိုသွားလှူလိုက်လို့ မိဘမဲ့ကျောင်းက ကလေးတွေပိုလက်ခံလို့ရသွားတယ်ဆိုတဲ့ သတင်းထွက်သွားရင် စွန့်ပြစ်တဲ့မိဘတွေ ပိုများလာပြီး မခက်ပေဘူးလား။

ဘိုးဘွားရိပ်သာလည်း ဒီလိုပဲ။ သူ့ဟာနဲ့သူ အသက်ကြီးလို့ အိုသွားတာ။ မလှူနိုင်ပေါင်။ တစ်သက်လုံးလည်းကိုယ်လုပ်ချင်တာ လုပ်လာကြရပြီးပြီပဲဟာကို၊ အသက်လေးကြီးလာတာ ဒုက္ခလေးဘာလေးခံပြီး တရားလေးဘာလေးမှတ်ကြပေါ့။ သွားလှူလိုက်လို့ ဇိမ်ရှိသွားရင် တရားမမှတ်နိုင်ပဲ သေလို့ငရဲကျကုန်မှ လှူလိုက်တဲ့ကိုယ်ကပဲ အလွန်ဖြစ်ရဦးမယ်။ ဒါမျိုးတွေ အားပေးအားမြှောက်မဖြစ်စေချင်တာ ပေါင်ဝိုင်းတို့ရဲ့ စေတနာ စေတနာ……..”

          သြော်.. သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ ကျွန်ုပ်လည်း သူ့ကိုနိုင်အောင် မပြောနိုင်သဖြင့် ဘာမှဆက်မပြောပဲငြိမ်နေလိုက်ရပါတော့သည်။ အတန်ကြာမှ ကျွန်ုပ်မှာ တစ်စုံတစ်ခုကို သတိရသွားပြီး

          “ဒါနဲ့ တရားခံတွေကို မဖမ်းတော့ဘူးလား။”

          “ဖမ်းမယ်လေ အိုင်ပီရဲ့။ ယောက်ျားတို့ကျွန်းကိုသွားဖို့ကလည်း တရားခံကိုမိမှဖြစ်မှာဗျ။ အဲဒီ့ကျွန်းကို လမ်းညွှန်ထားတဲ့ မြေပုံကို ဘမျိုးနဲ့ ဘိုးတူကိုသတ်ပြီး တရားခံကယူသွားတာပဲ။ မြေပုံဆိုပေမယ့်လည်း ပုံတွေနဲ့ပြထားတဲ့ မြေပုံတော့ မဟုတ်ဘူးဗျ။ စာရွက်ထဲမှာ ဝတ္ထုလိုလို စာချိုးလိုလိုရေးထားတဲ့ မြေပုံအညွှန်းဗျ။ ဒီတွေအားလုံးကို ကျွန်တော်က ကိုဘယ်သန်ပြောပြလို့ အကုန်သိပြီးပါပြီဗျာ။ ဒီတော့ ကျွန်ုပ်တို့လုပ်ရမှာ တစ်ခုပဲရှိတယ်။ အဲဒါ တရားခံကိုဖမ်းဖို့ပဲ။ တရားခံကို မြှားခေါ်ပြီး ဖမ်းရမယ်”

          “မြှားခေါ်ပြီး ဖမ်းမယ်ဟုတ်လား….”

          “ဟုတ်တယ်။ မြေပုံက ဝတ္ထုလိုရေးထားတာဆိုတော့ မြေပုံရသွားတဲ့ တရားခံဟာ သူရသွားတာက မြေပုံအညွှန်းလေလား၊ ဝတ္ထုကြီးပဲ မှားယူလာမိတာလားဆိုတာ သဲကွဲဦးမှာမဟုတ်ဘူး။ ဒီတော့ တရားခံကို မျက်စိလည်သွားပြီး ကျွန်တော်တို့ဆီလည်း ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာအောင် မြှားခေါ်ရမယ်။ ဘယ်လိုမြှားခေါ်မလည်းဆိုတော့ စာမူပြိုင်ပွဲလုပ်ပြီး မြှားခေါ်ရမယ်။”

          “စာမူပြိုင်ပွဲဟုတ်လား။ ပိုရှုပ်လာပြီဗျ။ ပြောပြပါဦးဗျာ”


* * * *

အပိုင်း (3) ဆက်ပါဦးမည်။

ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါသည်။

မှိုင်းညို့မိုးစက် (mr.cappuccino13@gmail.com)

 

Apr 26th

အစိမ်းရောင်အခင်းအကျင်း

By wanted
                                         အစိမ်းရောင်အခင်းအကျင်း

အခုလို.......
အေးတိအေးစက်နိုင်တဲ့
ညဟင်းလင်းပြင်ထဲ
လက်လှမ်းမမှီတဲ့  လတစ်စင်းအတွက်
ဒဏ်ရာတွေကို  အရည်ဖျောချမိပါတယ်...........


ဒီလိုနဲ့ပဲ  နေ့ရက်တွေဟာ
ရွက်ကြွေအဖြစ်လွင့်မျှောလာဆဲ
ကျနော့်အိပ်မက်နဲ့ ကျနော့်သမိုင်းမှာ
ကိုက အနှိုင်းမဲ့တဲ့လတစ်စင်း
ပန်းဥယျာဉ်တစ်ခွင်လုံး  နှင်းဆီတွေ
ဆွတ်ဆွတ်ဖြူသင်းပျံ.စေခဲ့သူပေါ့...................


ကျနော်ကိုယ်တိုင်ကတော့
ကို.ရဲ့အပြုံးတစ်ဝက်နဲ့တင်
ရှုံးနိမ့်ခြင်းတွေ ရက်ဆက်
တစ်ဝက်တစ်ပျက်နဲ့  ကမ်းကပ်ခဲ့ရတဲ့
ပထမတန်းစားရှုံးနိမ့်သူ


ဘာပဲဖြစ်ဖြစ်...ကျနော်ရူးခဲ့တယ်
ပစ်စလတ်ခတ်  အတောင်ပံတစ်စုံနဲ့
နှုတ်ဆိတ်ရက်တဲ့  ညတွေထဲ
အိပ်မက်ကို  အစက ပြန်မက်ချင်မိသလိုမျိုး........
ညှိုးမှိန်ဖျော့တော့  ယုံကြည်ချက်နဲ့
တေပေလေလွင့်  လူတစ်ယောက်
သွေးပျက်ခြောက်ခြားနေတဲ့အတိုင်းပေါ့.....


ဘ၀မှာ...
လူဖြစ်ခွင့်ရခဲ့တာရယ်.....
တစ်သက်စာအတွက် ကဗျာကို
မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ခဲ့တာရယ်.....
မင်းကိုတွေ.ဆုံခွင့်  ရခဲ့တာရယ်အတွက်
ဇာတ်စင်နောက်က ကံကြမ္မာကို
အထူးကျေးဇူးတင်ရှိပါကြောင်း...........


ယုံချင်မှယုံ
အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲ
ပထမဆုရတဲ့ ကစားသမားထက်
အသန့်ရှင်းဆုံးဆုရရှုံးနိမ့်သူကိုမှ
ပိုပြီးလေးစားနေမိခဲ့တာ..........ကျနော်ပါ


ဖြေကြလေကွယ်.........
လူကြီးလူကောင်းဆန်ဆန်   ဂုဏ်ဒြပ်တွေ
လည်ပင်းမှာ မချိတ်ဆွဲနိုင်ခဲ့တာ အပြစ်လား
သွားစမ်းပါ.......
ဘ၀ကြိုးဝိုင်းမှာ လူတိုင်း
(ဘယ်သူမဆိုပေါ့)
တစ်ခါလဲကျခွင့်တော့ရှိကြတာပဲ........


နားလည်ပေးပါ........
သုညတစ်လုံးရဲ့တန်ဖိုးဆိုတာ
ဘာမှမရှိခြင်းပဲ  မဟုတ်တာကိုပေါ့..........


ဘာမှမတည်မြဲတဲ့လောကကြီးမှာ
ကျနော်ဟာ....
မိုးကောင်းမယ့်အချိန်မျှော်နေရမှာလား....?
လသာမယ့်အချိန်ငံ့လင့်နေရမှာလား......?
မုတ်သုံရယ်....(ကို့ရဲ့)
ရိုးတိုးရိပ်တိပ်   ချစ်ခြင်းများ
ဒီရင်မှာခိုနားပါတော့.............


ကျနော်ပိုင်ချင်ခဲ့ပါတယ်
ရွှန်းစိုလင်းလက်တောက်ပနေမယ့်
ကို့ရဲ့   ညိုပြာရီလဲ့မျက်ဝန်းတစ်စုံရယ်
လူသူကြားမှာ  တီးတိုးလှုပ်ရှားခဲ့တဲ့
ကျနော်တို့ရဲ့ရင်ခုန်သံနွမ်းနွမ်းလေးရယ်
ပြီးတော့လေ
ကြင်နာခြင်းနဲ့ခမ်းနားနေမယ့်
စိတ်ကူးထဲက အနာဂတ်ကလေးရယ်
ကျနော်.....ပိုင်ချင်နေဆဲပါပဲ


တကယ်က   ကိုမသိခဲ့ပါဘူး
တွယ်ငြိရင်ခုန်စေတဲ့  မျက်ဝန်းတွေ
သိုသိပ်စွာ အဓိပါယ်ဖော်ရင်း
အညတရကောင်ရဲ့ညနေခင်းထဲ
အိမ်ပြန်ချိန်တွေ  နောက်ကျတတ်ခဲ့တယ်ဆိုတာ....


နားလည်ပါကိုရယ်
ကို့ရဲ့  ရယ်မောပုံခပ်ယိမ်းယိမ်းက
ကျနော့်အနာဂါတ်တွေကို တိမ်းစောင်းစေခဲ့................


ကွယ်...ခုတော့
အနုပညာမြောက်ဟန်ဆောင်ခြင်းက
ကျနော့်၇င်ကို
တိုက်ရိုက်....စူးစေခဲ့ပေါ့
မမှုပါဘူးကွယ်.......
စက်စက်ကျနေတဲ့  နှလုံးသွေးနဲ့ပဲ
တုန်ယင်လှိုက်လှဲစွာ  ဦးညွတ်လိုက်ပါရဲ့



မိုးကုပ်စက်ဝိုင်းကိုခြုံသိုင်း
လျှပ်နွယ်လျှပ်ပန်းတွေ  ပြိုးပြက်ရင်း
အာကာတစ်ခွင်ကို   ကို့ရဲ့အဆင်းနဲ့
လင်းချင်းအေးမြစေလိုက်ပါ..............


ကို့ရဲ့ အဲ့ဒီ အရိပ်အောက်မှာ
ခပ်ညံ့ညံ့ဗလာတစ်ကောင်
တစ်မိုးသောက်ချင်နေဆဲ...............


သို့ပေမဲ့........ကျနော်ဟာ
နုနယ်ပျိုမြစ်တဲ့ရင်ခုန်ခြင်းတွေနဲ့
မထိုက်တန်ခဲ့သူဆိုတော့
ကိုခြွေလာမယ့်အနမ်းကို
ခပ်ဝေးဝေးကလွမ်းဆွတ်
ရီဝေတဲ့ မျက်ဝန်းအစုံနဲ့
တမ်းတရုံသာ တတ်နိုင်ခဲ့ပါတယ်.....


ဒါဟာ...ရှုံးနိမ့်မှုဆိုရင်
ဒီအမှန်တရားကိုပဲ  မက်မောတယ်
သူရဲဘောကြောင်သူလို့
ပြောချင်ပြောကြပါစေတော့.........


ခိုးကြောင်ခိုးဝှက်တိုက်တဲ့လေပြည်လေးရယ်.....
ဆွတ်ပျံ.ထုံယစ်စေတတ်တဲ့ပန်းရနံ.လေးရယ်
ကို.ရဲ့နဖူးပေါ်  ဝေ့၀ဲကျနေဦးမယ့်
ဆံနွယ်ခပ်ရှရှလေးတွေရယ်.....
ကျနော်.......လွမ်းမိပါတယ်


ရောင်းတမ်းမ၀င်တဲ့ကျနော့်ရဲ့
နှလုံးသားတစ်စုံပေါ်မှာ
ရေးထိုးမိပါရဲ့
"......"ဆိုတဲ့ နာမည်လေး
ကိုတွေ.ရင်  ကျေနပ်ပါနော်.............


ဒီလိုနဲ့ပဲ
နေ.တွေကိုအဆုံးသတ်
ကွဲအက်မှိန်ဖျော့တဲ့ အလင်းအားနဲ့
သက်တံ့တွေကို  လှမ်းမျှော်ကြည့်
တုန်ရီစိုးထိတ်နေတဲ့   ကျနော့်နှုတ်ခမ်းသားတွေ
နောက်ပြီး....
ကျနော့်မျက်ဝန်းက   ညနက်လာတယ်
တဖြည်းဖြည်း
ဝေး.......သီ...........မှုန်.............၀ါး
လျော့တိလျော့ရဲ   မျှော်လင့်ခြင်းတွေ
ယိမ်း.........ယိုင်...........ချိ............နဲ့............
(ကို) ...........တရွေ.ရွေ.ဝေးကွာ
မဖြစ်နိုင်တာကို   လက်လှမ်းကာမိ
အို!!!!!!!
ဒါတွေအကုန်လုံး
အိပ်မက်ပဲဖြစ်ပါစေတော့............။        ။


supersaykyaungthar@gmail.com
Apr 26th

သူမသိသော ........ကျနော့်နေ့စွဲများ

By wanted
                                      သူမသိသော ........ကျနော့်နေ့စွဲများ   


အပိုင်း၁။        ။

ကျနော့်တွင်အရမ်းချစ်ရသောချစ်သူတစ်ယောက်ရှိပါသည်။အမြဲလိုလိုကလေးဆန်တတ်သော

ဂျီကျတတ်သော၊  စိတ်ကောက်ရင်နှုတ်ခမ်းစူပြီး  ဆောင့်အောင့်တတ်သော(ထိုအခါများတွင်ကျနော့်ကို  အကပ်မခံတော့ပါ)၊ ချော့ကလက်အရမ်းကြိုက်သော၊

ချောမောလှပလွန်းသော......သောပေါင်းများစွာကိုပိုင်ဆိုင်သူလေးဖြစ်ပါသည်။


သူနှင့်ကျနော်သည်   ချစ်သူမဖြစ်ခင်  အချိန်ကာလတစ်ခုအထိ  သူငယ်ချင်းအဖြစ်သာ  လက်တွဲခဲ့ပါသည်။


သူထံရှိချောမောသော၇ုပ်ရည်သည်    လှပပြီးဝတ်ရည်ပြည့်တင်းသော   ပန်းတစ်ပွင့်အနား  ပျားများဝဲလေ့ရှိသလို     ယောကျာ်း  မိန်းမတို့၏အလယ်တွင်  ထင်ရှားလေ့ရှိသည်။


သူသည်  ဘ၀ကို အေးချမ်းချင်သူဖြစ်သည်။နားခိုရာ  အရိပ်ကို  နေပူထဲမှလာသော  ကလေးတစ်ယောက်ပမာ   သူမက်မက်မောမော  ရှာဖွေခဲ့သည်။  ထို့ကြောင့်    သူသည်  မရှုပ်ပဲနဲ့   ရည်းစားများသူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။


သူ.ကို  ကျနော့်သူငယ်ချင်း၏မွေးနေ့ပွဲတစ်ခုတွင်စတင်တွေ.ရှိခဲ့၏။  သူ၏အပြောအဆို  ညက်ညောမှု ၊ချစ်စဖွယ်ကောင်းသောအပြုံးလေးများ၊ လှပသော  အပြုအမူများကြားတွင်    ကျနော့်နှလုံးသားများ  ယိမ်းထိုးလှုပ်ရှားခဲ့၏။  တဒိန်းဒိန်းခုန်လှုပ်မြည်ဟီးနေသော  ကျနော့်နှလုံးသား တံခါးကို  ချက်ချင်းဆိုသလို  ပြန်ပိတ်ခဲ့ရပါသည်။


အဘယ်ကြောင့်ဆိုသော်     ကျနော်၏အခြားသောသူငယ်ချင်းတစ်ယောက်သည်   သူနှင့်  ဦးစွာခင်မင်လျှက်   သဘောကျခုံမင်နေကြောင်း   ကျနော်ကြားသိခဲ့၇သည်။(သူကတော့  ယင်းသူငယ်ချင်းကို   စိတ်ဝင်စားချင်းမရှိပါ)


သူငယ်ချင်းဆိုသောစည်းမျဉ်းသည်   တစ်ခါတစ်ရံ    နှလုံးသားကို  ပါးပါးမွှန်းတတ်သော 
ဓါးတစ်ချောင်းဖြစ်တတ်မှန်းကျနော်သိခဲ့ရသည်။  သူငယ်ချင်းအဖွဲ.လိုက် အပြင်သွားသော   အချိန်များတွင်   ကျနော့်၏မရိုးသားသော  သူ.အပေါ်တွင်ထားသော   စိတ်များကို    သူမမြင်အောင်တစ်မျိုး   ၊    သူငယ်ချင်း၏အထင်မြင်လွဲမှားမှုကိုမခံနိုင်သောကြောင့်   စောင့်စည်းရသည်မှာတစ်ဖုံနှင့်
ကျနော်အလုပ်ရှုပ်နေခဲ့ရပါသည်။ 


သူနှင့်စတွေ.တည်းက  ချစ်ခဲ့မိသော ကျနော့်တွင်    သူမသိသော  ကျနော့်၏နေ့စွဲများ   ထိုနေ့မှပင်စတင်ခဲ့ပါသည်။


ရုပ်ရည် အသင့်တင့်သာရှိသောကျနော်သည်    သူထံသို့ မည်ကဲ့သို့ချဉ်းကပ်ရမည်ကိုမသိပါ။   မလှမ်းဝံ့ခဲ့ပါ။  ကျနော့်သူငယ်ချင်းနှင့်သူ.ကိုမြင်တိုင်း    ကျနော့်နားတွင်   မည်သူမှမရှိတော့လောက်အောင်   အထီးကျန်သွားလေ့ရှိသည်။   သူ.ကိုပြင်းပြင်းပြပြ  လွမ်းမိတိုင်း  တမ်းတမိတိုင်း    ကျနော့်၏ဒိုင်ယာရီစာအုပ်လေးနှင့်  ကျနော့်၏ရှုပ်ပွနေသော  အခန်းကျဉ်းလေးသာ   ကျနော့်ကို အဖော်ပြုပေးလေ့ရှိခဲ့ပါသည်။


အချိန်ကာလတစ်ခုအကြာတွင်     သူသည်   ကျနော်၏သူငယ်ချင်းကို  မည်သို့မျှ  သူငယ်ချင်းအဆင့်မကျော်လွန်နိုင်ကြောင်း   ကျနော်တီးခေါက်မိခဲ့သည်။   ကျနော့်အာရုဏ်ဦးတွင်    နေခြည်လေးတစ်စကို   မပီတသ  ၀ိုးတ၀ါးကျနော်မြင်ခဲ့ရပါသည်။  ကျနော်အလွန်ပျော်ရွှင်ခဲ့ရပါသည်.......


ကျနော့်သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း  မဖြစ်နိုင်သော  အချစ်စိတ်များကြားတွင်  သူတို့နှစ်ယောက်လုံးကို မနစ်မွန်းစေလိုပါ။  ထို့အတွက်ကြောင့်   ကျနော်  အလွန်ပျော်ရွှင်သည် ဟု  သုံးနှုန်းခဲ့ရခြင်းဖြစ်သည်။  ကျနော်ယုံကြည်ထားသော  ဖူးစာမှန်သောအချစ်သည်   ချစ်မိကြသော လူနှစ်ဦးအတွက်
စစ်မှန်သော  ချစ်ခြင်းမေတ္တာဖြင့်သာ  အတူတကွဆောက်တည်ထားသော  အချစ်အိမ်ကလေးဖြစ်ပါသည်။  ထိုအိမ်ကလေးကို       သူနှင့်အတူဆောက်ခွင့်ရချင်သည်မှာ   ကျနော်.၏အဖိုးမဖြတ်နိုင်သော   စိတ်ကူးတောင်ပံများဖြစ်ပါသည်။  သို့သော်  ထိုတောင်ပံများသည်   ကျနော်နှင့်သူ၏  ခြားနားခြင်းများကိုသာ  ကျနော့်၏စိတ်အစဉ်ကို  သတိပေးလျှက်  သူနှင့်ဝေးရာသို့သာ   ပျံသန်းခွင့်ပြုခဲ့ပါသည်။


ကျနော်၏သူမသိသော နေ့စွဲများတွင်     သူသာလျှင်ထာဝရစိုးမိုးခဲ့ပါသည်..............





အပိုင်း၂  ကိုဆက်လက်ရေးသားသွားပါမည်။.........



p.s။   ။  စိတ်ကူးယဉ်သက်သက်မဟုတ်ပါ။  အဖြစ်မှန်များကို   စီကုံးေ၇းသားထားခြင်းဖြစ်သည်။  အပိုင်းလိုက်ရေးသွားမှာဖြစ်လို့  အားပေးမယ်လို့မျှော်လင့်ပါတယ်  ။ကျေးဇူးတင်ပါတယ်.............


supersaykyaungthar@gmail.com                                              
Apr 25th

မနက်ဖြန်

By wanted
                                                            မနက်ဖြန်      
 

တောင်းပန်ပါရစေ
လောကဓံရှစ်ပါးကို  အန်တုရင်း
အလွမ်းသင့်ပန်းချီ   တစ်ချပ်နဲ့
ဆုံးရှုံးရခြင်း  နယ်တစ်ခွင်
ခရီးမနှင်ပါနဲ့............

ကျနော့်ဘ၀ရဲ့  အဦးအဖျားအတွက်
ကို့မျက်ဝန်းတစ်စုံက
လရောင်ဆမ်းလို့ လန်းတဲ့ကြာ......
ရူးတယ်ပြောပြော
ကို့အတွက်ရည်စူးပြီး
ကျနော့်ဘယ်ဘက်  လက်သူကြွယ်မှာ
နေရာလေးတစ်ခု
ချန်ထားခဲ့ဖူးပါတယ်...........


ဘာကြောင့်ပါလဲ....
လရိပ်အောက်မှာ ဆုတောင်းဖို့အရေး
ကြယ်ကြွေမယ့်ရက်ကို
လက်ချိုးရေတွက်ခဲ့ရတာ....
ဒါ.....
ငါ့အားနည်းချက်ထင်ပါရဲ့.............


ကောင်းကင်ပြင်အောက်မှာ
အဆုံးတိုင်ဒူးထောက်
မင်းမျက်နှာ  တစ်ချက်ပျက်ရုံနဲ့
ငါ  သိမ်ငယ်စွာကြေကွဲခဲ့ဖူး
လျစ်လျူရှုခံရတဲ့  ရက်တွေမှာ 
ငါ့ကမ္ဘာ  အရူးမီးဝိုင်းခဲ့တာ
မင်း  သိနိုင်ပါ့မလား.............


အဆင့်အတန်း...
ငွေကြေး....
ဂုဏ်သိက္ခာ
...
.....
.........
ငါမြတ်နိုးခဲ့တာ
ကို့ရဲ့ဖြူစင်မှုလေးသီးသန့်ပါ



နားလည်ပေးပါ......ကိုရယ်
မြိုသိပ်ခြင်းကြီးစွာနဲ့
ထိန်းချုပ်နေပေးနိုင်မှုက
ချစ်ခြင်းအနုပညာ မမြောက်လို့လား..
ဒါဟာ
လူချောလေးတစ်ယောက်အပေါ်
ချစ်မိသူ  ခပ်ရိုင်းရိုင်း ကောင်တစ်ကောင်ရဲ့
ရိုးရာဆန်တဲ့  ယဉ်ကျေးမှုပါကွယ်............



ကိုရေ............
ကျနော့်ရှင်သန်ရာတစ်လျှောက်လုံး
ကို့ရဲ့အပြုံးတစ်ပွင့်တည်းနဲ့
သံသရာကို  ဆွဲဆန့်ချင်နေခဲ့
မနက်ဖြန်ဆိုတာ...........
တုန်ခါနေတဲ့ ပွင့်ဖတ်လေးတစ်ချပ်
ကျနော်.........မနမ်းရက်ခဲ့ဘူး.........


တကယ်လို့သာ
မနက်ဖြန်မှာ........ပန်းတွေ
အစွမ်းကုန်ပွင့်ဝေတဲ့အခါ................................




supersaykyaungthar@gmail.com

Apr 25th

လူရိုင်းတစ်ကောင်ရဲ့ပေဖူးလွှာ

By wanted
                                           လူရိုင်းတစ်ကောင်ရဲ့ပေဖူးလွှာ


ဖြူစင်တဲ့ချစ်ခြင်းကို
စစ်ခင်းပြီးလုရမလား
ကျူပ်......မငြင်းဘူး


ယောက်ျား တစ်ကောင်
မောင်းမတစ်ထောင်ဆိုရင်
အဲ့ဒီ  မိန်းမတွေမောင်းထုတ်လို့
ကျောက်ရုပ်အဖြစ် 
ကို့လက်ပါးမှာ  နေချင်တယ်

စေလိုရာစေ
ထားလိုရာထား....
ခင်ဗျားအပါးက
တစ်ဖ၀ါးမှမခွာတာ
ရင်နဲ့ရေးတဲ့
ကျုပ်ရဲ့  ပေဖူးလွှာ...............


ကျုပ်ရဲ့ဘုရင်
ခင်ဗျား  သက်ပြင်းတစ်ချက်ရှိုက်ရုံနဲ့
မနေတတ်...
မထိုင်တတ်   ဖြစ်နေတဲ့
လူရိုင်းတစ်ကောင်ကို
"သေစေ"  လို့ အမိန့်ချမယ်ဆိုရင်
ကျုပ်ကိုပဲ  လက်ညှိုးညွှန်လိုက်.........


ခက်တော့လည်းခက်တယ်
ပုံရိပ်ယောင်တွေ  လိုက်ဖမ်းရင်း
အဆိပ်သင့်ခဲ့ရတိုင်း
တချို.လူယဉ်တွေရဲ့ အပြုံးကို
ကျုပ်  လူရိုင်း
တူတူးခါးခါးမုန်းမိနေတုန်းပဲ...........


ခွင့်ပြုလိုက်ပါတော့............
ုတုံးဆိုလည်း   "တိုက်"ပါရစေ
ကျားဆိုလည်း  "ကိုက်"  ပါရစေ
အားမတန်တော့ရင်လည်း
ကျားကန်ပြီးဆက်ချစ်နေပါရစေ......


ဘာပဲဖြစ်ဖြစ်   ဘုရင်ရယ်
(ခင်ဗျားကိုလေ).....
ကျုပ်အသက်ထက်ပိုချစ်တယ်...............


supersaykyaungthar@gmail.com