(၂၄) ပစ္စည်း ပဋ္ဌာန်း တရားတော်

Wed, Feb 24 2010 01:13pm MMT 1
Ram
Ram
2590 Posts

ဒီအဖွဲ့လေး ဖွဲ့ ထားတာ ကြာပြီ ဖြစ်ပေမယ့် စာတွေက သိပ် မရှိသေးဘူး။ သို့ သော် မကြာသေးခင်က ညီငယ်တစ်ဦးကနေပြီး အခြေခံ ဘုရားရှိခိုးဆိုပြီး တင်သွားပေတော့ ဝေယံလည်း တင်ဖို့ တော့ လိုလာပြီ ဆိုပြီး တင်လိုက်တာပါ။ တကယ်တော့ ဒီ (၂၄) ပစ္စည်း ဒေသနာတော်က ဝေယံ့ရဲ့ Blog ထဲမှာ ရှိပြီးသားပါ။ မဂ္ဂဇင်းထဲမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဒီဆိုက်ကို နောက်ကျမှ ရောက်တဲ့လူတွေက ဒီ ဟာလေး ရှိမှန်းသိကြမှာ မဟုတ်ဘူးလေ။ ဥပမာ ကိုလမ်းပတ်တို့ ၊ ဦးဇင်း ညနေအုပ်စိုးတို့ပေါ့။ ဒါ့ကြောင့် ဒီအဖွဲ့ လေးမှာ တဖန် ပြန်လည်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်ဖိုရမ်ရဲ့ ဘာသာရေး ဖိုရမ်အောက်မှာလည်း တင်ပေးမှာ ဖြစ်ပါတယ်။ ဒီစာတွေက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ပါတာတွေကို ကြိုက်လို့ ဒီ့လောက် အရှည်ကြီးကို စေတနာထားပြီး အပင်ပန်းခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ အားလုံးပဲ ကုသိုလ် တရား ပွားများနိုင်ကြပါစေဗျာ....


(၁) ဟေတု မူလအကြောင်း(Root Cause)

အားလုံး၏အရင်းခံ အကြောင်းတရားသည် ရေသောက်မြစ်နှင့် တူသည့် ဟေတူ(မူလ)အကြောင်း၊ ဖြစ်၏။ ဗုဒ္ဓသည် အကြောင်းရင်းကို ဦးစွာပြသလိုသည်ဖြစ်ခြင်းကြောင့် ဟေတုကို ရှေ့ဆုံးမှထားဟောကြားခဲ့သည်။ မူလအကြောင်းဆိုသည်မှာ လိုချင်မှုတစ်ရပ်ဖြစ်၍ လိုချင်မှုကြောင့် ရယူမှု၊ စွဲလမ်းမှုများ ဖြစ်ပေါ်လာရသကဲ့သို့ လိုချင်သည့်အလျောက် ပိုင်ဆိုင်ခွင့်မရသောအခါ မကျေနပ်မှု၊ ရန်လိမှုများနှင့်စိုးရိမ်သောကရောက်ကြရသည်း။ အရာအားလုံးသည် လိုချင်တောင့်မှုကြောင့်သာဖြစ်ရသည်ဆိုသော်ငြား မိမိမဖြစ်ချင်၊ မလိုချင်ပါဘဲလျက် (မဖျားမနာလိုဘဲဖျားနာရသည်။ မဆုံးရှုံးလိုသော်လည်းဆုံးရှုံးရသည် စသည်ဖြင့်…..) ရရှိနေမှုများနျင့်လည်းကြုံတွေ့ရပေမည်။ အဆိုးကိုလူတိုင်းမလိုချင်ကြ၊ သို့သော အဆိုးကိုအကောင်းဟုထင်မြင်ယူဆကာ အကောင်းအတွေးဖြင့် အကောင်းမှုကို အလုပ်ဆောင်နေကြသည်များရှိ၏။

စိတ်ခံစားမှုများကြောင့် လိုချင်မှု၊ မလိုချင်မှုများနှင့်လုံးထွေးရှင်သန်နေကြသည်မှာ မသိမှုကြောင့်ဖြစ်ပြီး ယမင်းမသိမှုသည်လည်း အကြောင်းတရားတစ်ခုဖြစ်ပါသည်။ သုခကိုသာရွေးချယ်ခံစားလိုသောလူ့သဘာဝအလျောက်ဒုက္ခဆိုသည်ကိုလညလး ရင်ဆိုင်ရပေမည်။ လိုချင်သောအရာနှင့် မလိုချင်သော အရာကိုပါလက်ခံရမည်မှာဘ၀ဟုဆိုခြင်းကြောင့် ကြုံတွေ့နေရသော အကောင်း အဆိုး(သုခ၊ ဒုက္ခ) အားလုံးသည် တစ်ခုခုကို လိုချင်တပ်မက်ခြင်းဖြစ်ခဲ့၍ ဘ၀ကိုမလိုချင်ပါက ဘ၀၏ သုခ၊ ဒုက္ခများကို ခံစားရမည်မဟုတ်ပါ။ သို့သော် သတ္တ၀ါတိုင်း လိုချင်မှုဖြင့်ရှင်သန်ကြသည်။ လိုချင်မှုမရှိတော့ပါက ရေသောက်မြစ်မဲ့သွားသောသစ်ပင်ကဲ့သို့သေဆုံးလေသည်။ တရားအားထုတ်သည်ဆိုရာ၌ ယင်းလိုချင်တပ်မက်မှုကိုပြတ်အောင်ဖြတ်နေခြင်းဖြစ်သည်။။

(၂) အာရမ္မဏ [အာရုံ(Object Cause)]

အာရုံသည်မူလအကြောင်း(လိုချင်မှု)နောက် အားအကောင်းဆုံးသော အကြောင်းဖြစ်သည်။ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးအားဖြင့် အာရုံ(၅)မျိုးရှိသည်။ အမြင်ပါထည့်လျှင် အာရုံ(၆)ပါး ဖြစ်လာသည်။ မိမိစိတ်နှင့် ထိတွေ့ခံစားရသမျှ အာရုံဖြစ်၍ မိမိစိတ်နှင့်အထိတွေ့သောအာရုံသည် မိမိအား မည်သို့မျှခံစားမှုတစ်စုံတစ်ရာပေးဆောင်လိမ့်မည်မဟုတ်ပါ။ (ဥပမာ-ညမှောင်မည်းမည်းတွင် ပြုံးပြနေသောအပြုံး၊ မဲ့ပြနေသောမျက်နှာကို မိမိမြင်တွေ့ခံစားရမည်မဟုတ်။) အမြင်အာရုံသည်စိတ်ကို ပြောင်းလဲစေနိုင်သကဲ့သို့ အခြားအာရုံကလည်းပြောင်းလဲအောင်ပြုလုပ်နိုင်သည်။ အသံကြောင့်လိုချင်မှု၊ မလိုချင်မှုဖြစ်စေသည်။ အနံ့ကြောင့်မွှေးသည်၊ နံသည်ကွဲပြားစေသည်။ အတွေ့ကြောင့်လည်းစွဲလမ်းစိတ်ကို ထင်ရျားစေသည်။ အရသာကလည်းကြိုက်ခြင်း၊ မကြိုက်ခြင်းကိုပေးစွမ်းနိုင်သည်။ ဧကန်စစ်စစ် စိတ်သည် မိမိ၏လိုလားနှစ်သက်မှုအရ ပုံသါင်းဖော်ဆောင်ပါသည်။

အာရုံသည် စိတ်ခံစားမှုကို သိသာခံစားနိုင်စေရန် လှုံ့ဆော်သောအရာဖြစ်ပြီး စိတ်ဖြစ်ပေါ်လာစေရန် မွေးဖွားပေးသောမိခင်လည်းဖြစ်သည်။ စိတ်သည် မျက်မမြင်နဲ့တူ၍ အာရုံသည် ကြိုးတန်းနှင်တူပါသည်။ မျက်မမြင်သည် ကြိုးတန်းကိုင်ကာလျှောက်လှမ်းနိုင်သလို စိတ်သည် အာရုံကိုကိုင်လျက်လမ်းလျှောက်သည်။ ကြိုးတန်းသည်အာရုံ၏ ခိုင်မာမှုဦးတည်ချက်များနှင့်ထပ်တူပြုနိုင်ပြီး စိတ်သည်သာမန်အားဖြင့်အာရုံတစ်ခုခုနှင့် မထိတွေ့ရသောအခါကန်းနေသည်။ ဓါတ်ခဲစွမ်းရည်ဖြင့်နာရီတစ်လုံးကိုရှင်သန်စေလိုသော်လည်း အင်အားလိုသလောက်သာ အသုံးပြုသည်။ အင်အားများများသုံးလျှင်နာရီပျက်မည်။ ထို့အတူ စိတ်ကိုမခံစားနိုင်အောင် အာရုံများများထည့်သွင်းမိပါက စိတ်ပျက်မည်ဖြစ်သည်။

(၃) အဓိပတိ [ခါင်းဆောင်(Leader)]

မိမိအရည်အချင်းနှင့်မစွမ်းဆောင်နိုင်သောအခါ ဦးဆောင်ဦးရွက်ပြုနိုင်မည့် ခေါင်းဆောင်လုပ်သူနောက်သို့ အများစုလိုကကြသည်။ ထိုအခါ ခေါင်းဆောင်သည် အကြောင်းဖြစ်လာသည်။ စိတ်ကိုဖြစ်ပေါ်စေသောအခါ အဓိက ခေါင်းဆောင်တရားလေးမျိုးရှိလေသည်။ အလိုဖြစ်လိုစိတ်၊ ဖြစ်အောင်လုပ်မှု၊ အသိပညာဟူ၍ဖြစ်၏။ (လေးမျိုးဟုဆိုသော်လည်းအလိုနှင့်ဖြစ်လိုစိတ် တူ၏။) ဖြစ်လိုမှုများသောအခါဖြစ်လိုမှုသည် ဖြစ်ရန်အတွက် အကြောင်းဖြစ်လာသည်။ ဖြစ်အောင်လုပ်မှုများသောအခါဖြစ်ရန်အားကောင်းလာသည်။ ထို့ကြောင့်ဖြစ်လိုစိတ်သည် အဓိကဖြစ်ပါသည်။ ယင်းဖြစ်လိုစိတ်က နောက်လိုက်စိတ်များဖြစ်ပေါ်စေသည်။ အသိပညာသည်လည်း နောက်ထပ်အခြားအရာများဖြစ်စေရန် ခေါင်းဆောင်လေသည်။

ဇွဲကောင်းကောင်းဖြင့် ကြိုးစာလုပ်ကိုင်သူသည် သာမန်အပြောအဆို၊ ကဲ့ရဲ့မှုမျှကို အမှုမထားဘဲ အလုပ်ကိုပြီးစိးအောင်လုပ်သည်။ ကြိုးစားမှုသည် အခြားသောနောက်လိုက်စိတ်များကိုဖြစ်စေသည်။ အလုပ်ကို ပျက်စိးစေရန် အကြောင်းအမျိုးမျိုးနှင့် တွေ့ကြုံရသော်လည်း ဆက်လက်လုပ်ဆောင်နိုင်သူသည် ကြိုးစားမှုဦးဆောင်သူဖြစ်ပါသည်။ ဇနကမင်းသား ပင်လယ်ပြင်၌ ကူခတ်ရသောအခါ သေမှလက်ြလျှော့မည့် ဇွဲ၊ လုံ့လနှင့်လှုပ်ရျားကူးခတ်၏။ သူ့ကိုမချီသွားသည်မှာမေခလာနတ်သမီးမဟုတ်။ ကြိုးစားသော သူ၏စိတ်ဓါတ်သာဖြစ်သည်။ စိတ်ဓါတ်သည် လူနာတစ်ဦး၏အသက်ကိုဆုံးဖြတ်ကြော်းဆရာဝန်တိုင်းသိရှိပါသည်။

လူတစ်ဦးအောင်မြင်ရန် ပညာကလည်းဦးဆောင်သည်။ ကံကလည်းဖေးမသည်။ ကံကြောင့်အလိုလိုအောင်မြင်သူရှိသကဲ့သို့အလုပ်ကြိုးစားမှုကြောင့်လည်းအောင်မြင်ကြသည်။ ထို့အတူအတက်ပညာကြောင့် အောင်မြင်သူလည်းရှိသည်။ တစ်ခုခု အောင်မြင်သည့်အခါသေးငယ်သောအရာများ ပျောက်ကွယ်သွားကြသည်။ အဖြုရောင်သုတ်လိမ်းထားသော နံရံတစ်ခုတွင် အဖြူရောင်ကိုမြင်တွေ့ရသော်လည်းအနားပက်ကြည့်လျှင် အမည်းစက်များရှိနေသည်ကို တွေ့ရပါမည်။ သို့သော် အဝေးမှကြည့်သောအခါ အမည်းဟူ၍ မတွေ့ရဘဲ အဖြူကိုသာတွေ့ရမည်ဖြစ်ပါသည်။ ဤသို့အားဖြင့် တစ်ခုခုက ဦးဆောင်သောအခါ အခြားအရာများ အလိုလိုလိုက်ပါလာတတ်ကြသည်။

(၄) အနန္တရ [ဆက်တိုက်(Contiguity)]

အကြောင်းအကျိုးအားလုံး ဆက်တိုက်ဖြစ်သော်လည်း အကြောင်းအကျိုး သီးခြားမထင်ရျားဘဲ တစ်ခုတည်းလိုဖြစ်နေသောအရာမျိုးကိုခွဲခြားဆိုပါသည်။ ဥပမာအားဖြင့် တောက်နေသောဆီမီးသည် တစ်ခုတည်းဟုထင်ရသော်လည်းရှေ့ကမီးအား နောက်မီးက ဆက်နေသည်။ မြစ်ရေစီးဆင်းမှုတွင်လည်း ရေစိးနေသည်ကိုသာ သာမန်အားဖြင့် မြင်နေရစေကာမူ ယင်းစီးဆင်းမှုသည် တစ်ခုတည်းမဟုတ်ဘဲ ရှေ့နောက်ကွဲနေသည်။ လက်မှတ်ဝယ်ယူရန်တန်းစီးသောအခါ မိမိရှေ့ကလူသည် မိမိ၏၀ယ်ယူမှုကိုဖြစ်စေသည်။ သူ မပြီးပါက မိမိဝယ်ယူရန်မဖြစ်။ မိမိအလှည့်ရောက်လာမှုသည် ရှေ့ကပြီးဆုံးခြင်းကြောင့်သာဖြစ်လေသည်။ ထို့ောကာင့်ရှေ့အဖြစ်အပျက်သည် နောက်ကဖြစ်ခြင်းတရားအတွက် အကြောင်းဖြစ်လေသည်။

စိတ်သည် တစ်ခုတည်းလိုလိုနှင့် ဆက်တိုက်ဖြစ်ပေါ်နေသည်။ တစ်ခုခုကို ကြည့်မြင်ရသည့်အခါ ချက်ချင်းတွေ့မြင်ရသည် ထင်ရသော်လည်း အဘိဓမ္မာသဘောအရ စိတ်ပေါင်း(၈) ခုကျော်ဖြတ်ပြီးသိရသည်။ မြင်သောခဏတွင် အရင်ဆုံး စိတ်လှုပ်သွားသည်။ ယင်းလှုပ်မှုကိုမင်လှုပ်လိုက်သည်နှင့် အလှုပ်တစ်ခုကျော်သွားပြီးနောက်တစ်ရောက်လာကာ ပျောက်သွားသည်။ စိတ်လှုပ်ပြီးနောက် ဆင်ခြင်သည်၊ မြင်သည်၊ လက်ခံသည်၊ ကူးပြောင်းသည်။ နိုးကြားထမြောက်မှုကျော်မှ မြင်စိတ်ဖြစ်သည်။ မြင်စိတ်ဖြစ်ရန် ရှေ့စိတ်(၈)ခုမျှ ကျော်လိုက်ရသည်။ ရှေ့နောက်ဆက်တိုက်ဖြစ်နေချိန်တွင် ရှေ့စိတ်သည် နောက်စိတ်ကိုဖြစ်စေသည်။ ရှေ့စိတ်သည် ကြောင်းဖြစ်၏ ယင်းသို့သောအကြောင်းကိုအနန္တအကြောင်းဟုတ်ဆိုရပါမည်။

(၅) သမနန္တရ [ဆက်တိုက်ကောင်းကောင်း(Good Contiguity)]

အနန္တရ အကြောင်းနှင့်တူသော်လည်း ဤအကြောင်းသည် ကောင်းမွန်သောကြောင့်ဖြစ်သည်။ မထိခိုက်စေသောအကြောင်းလည်းဖြစ်၏။ မင်းကြီး တော်ထွက်သဖြင့် သားကြီးအမွေဆက်ခံသည့် ဥပမာ ဖြင့်နားလည်စေနိုင်ပါသည်။

(၆)သဟဇာတ [အဖော်(Similarity Cause)]

အတူဖြစ်ဖက် ဖြစ်သမျှအားလုံးသည် အဖော်ဖြစ်သည်။ အဖော်အဖြစ်နှင့် ကျေးဇူးပြုသောတရားသည် သဟဗာတဖြစ်၏။ တစ်ကျောင်းတည်းတွင်အတူတူတက်သောအခါ ကျောင်းတက်ဖက်၊အတန်းအတူတူတက်လျှင် အတန်းဖော်ဖြစ်သည်။ ထို့အတူ ကစားဖော်၊ တရားဖော်ရှိသည်။ စိတ်ချမ်းမြေ့ဖွယ်ရာနှင့် ကြုံရသည့်အခါ စိတ်ချမ်းသာသည့်အဖော်ရှိသည်။ စိတ်သောကရောက်လျှင်လည်း သောကအဖော်ရှိပြန်သည်။

အဘိဓမ္မာကားဘဘာဝ။ ဘဘောတရားနှင့် စိတ်၏သဘောတရားကိုခွဲခြားပြသည်။ ထို့ကြောင့် အတူတူဖြစ်ဖော်ဖြစ်ဖက်သဘောတရားများရှိသကဲ့သို့ မတူသောသဘောတရားများလည်းရှိပါသည်။ သို့သော် သူ့သဘောအရ ဆောင်နေမှုကိုခွဲခြားလျက် အကြောင်းအမျိုးမျိုးခွဲလိုက်သည်။ (၂၄) မျိုးထက်လည်းပို၍ခွဲထုတ်နိုင်သည်။ အကျဉ်းဆုံးတစ်ခုတည်းလည်းချုံ့နိုင်သည်။

စိတ်သည် ဘယ်သွားသွား၊ ဘာလုပ်လုပ် အဖော်ရှိသည်။ စိတ်သည် အဖော်မပါဘဲ အပြင်ထွက်ခဲသည်။ ကောင်းမှုလုပ်သည်ဖြစ်စေ၊ မကောင်းမှုလုပ်သည်ဖြစ်စေ အဖော်နှင့်ပင်ဖြစ်၏။ အလှူဒါနပြုလုပ်သောအခါ တရားနာခြင်း၊ အမျှဝေခြင်း စသောကုသိုလ်များပါလာရသကဲ့သို့ အကုသိုလ်လုပ်သည့်အခါတွင်လည်း နောင်တ၊ သောက အဖော်များပါလာသည်။း အဖော်လိုက်ခြင်း၊ အဖော်ခေါ်ခြင်းသည် သဘာဝတရားဖြစ်ခြင်းကြောင့် ဘုရားပန်းလှူလျှင်ရေပါလှူရခြင်းမျိုးနှင့်ပမာပြုနိုင်ပါသည်။ ဘောလုံးနိုင်သောအသင်းတစ်ခုတါင် အသင်းသားတစ်ယောက်သည် အများ၏အဖော်ဖြစ်သည်။ အဖော်ဆိုသည်မှာစိတ်တူ ကိုယ်တူမဟုတ်သည့်တိုင် ကိုယ်တူသည့်သဘောမျိုးရှိသည်။

ဆီမီးတစ်ခုထွန်းရာတွင် မီးတောက်သည်နှင့်အလင်းရောင်လာသည်။ မီးတောက်နှင့် အလင်းသည်အတူတူဖြစ်ပေါ်လာရသလို တစ်ခုခုဖြစ်ရန် အတူတူဖန်တီးရယူမှုသည် အဖော်အကြောင်းတရားဖြစ်သည် ယနေ့ခေတ် ရှယ်ယာထည့်ဝင်လုပ်ကိုင်ရသော လုပ်ငန်းများကဲ့သို့ အကောင်အထည်ဖော်ခြင်းသည် အဖော်ဟူသောအကြောင်းကို ဖော်ဆောင်ခြင်းဖြစ်သည်။ အချို့ကိစ္စရပ်များတွင်စုပေါင်းလုပ်မှအောင်မြင်သလို သဘာဝတရားများသည်လည်း အဖော်များနှင့်သာ စုပေါင်းဖြစ်ပေါ်လာကြပေသည်။

(၇)အညမည [အချင်းချင်း(Jaining Cause)]

အဖော်နှင့်တူသည်။ သို့သော် အဖော်သည်စိတ်တူ ကိုယ်တူ ဟုမဆိုသာဤအကြောင်းသည်ကားစိတ်တူ ကိုယ်တူလိုပေါင်းစည်းသည်။ တစ်ခုနှင့်တစ်ခုခွဲမရအောင် တွဲနေမှုသည် အညမညဖြစ်သည်။ အရ၀တ္ထုတစ်ခုအား အရောကသက်သက်၊ အရာကသတ်သတ်၊ အနံ့ကသတ်သတ် ခွဲမရမှုမျိုးသည် အညမညဖြစ်ပါသည်။ ဥပမာ-နွားနို့်ထဲရေရောလိုက်သောအခါမည်သည်ကရေ၊ မည်သည်ကနွားနို့်ဟူ၍ခွဲမရသလိုပေါင်းစပ်မှုသည် အချင်းချင်းဖြစ်သည်။

စိတ်တစ်ခုခုဖြစ်သောအခါတွင်လည်း ခွဲမရအောင် ပူးပေါင်းနေသောသဘောများရှိလေသည်။ ဘုရားဖူးရစဉ် ကြည်ညိုသောစိတ်သည် ရှေ့နောက်စိတ်သာမက တစ်ခုနှင့်တစ်ခုခွဲမရအောင်ပူးပေါင်းမှုရှိ လေ၏။ ကောင်းမှုလုပ်ခြင်းကြောင့် ကောင်းကျိုးများစုပုံခံစားရပြီး အချင်းချင်းကျေးဇူးပြုသည်။ မကောင်းမှုလုပ်ခြင်းကြောင့် မကောင်းမှုများခွဲမရအောင်ရောနှောနေတတ်သည်။ စိတ်ညစ်လျှင် သောက၊ မကျေနပ်မှု၊ နောင်တာ၊ သံသယများပေါင်းစည်းနေလေသည်။ ယင်းသို့ဘေသဘောတရားသည် အညမည(အချင်းချင်း) ဖြစ်ပါသည်။

(၈)နိဿယ [အမှီ(Dependence)]

အမှီအကြောင်းတရားသည် ပုံစံတစ်မျိုးဖြင့် အကြောင်းတရားဖြစ်လာသည်။ မြေကြီးသည် သစ်ပင်များ၏ မှီရာဖြစ်သကဲ့သို့ ဈေးဝယ်သောအခါဈေးခြင်း(သို့မဟုတ်) ထည့်သိုစရာတစ်ခုခုသည် ဈေးကုန်၏အမှီ ဖြစ်လာသည်။ ဘ)်သည် လုပ်ငန်းများ၏အမှီဖြစ်သည်။ ဘတ်(စ်)ကားသည် ခရီးသည်များ၏အမှီဖြစ်သည်။ ဘုန်းတော်ကြီးကျေင်းများသည်လည်း ဗုဒ္ဓဘာသာဝင်တို့၏ အမှီဖြသ်ရာ အမှီမရှိသောအရာ မရှိလောက်အောင်ပင် ကျယ်ဝန်းနေသလို အမှီသည် အဓိကအကြောင်းပင်ဖြစ်၏။

စိတ်ပိုင်းဆိုင်ရာအရမြင်စိတ်သည် အမြင်အာရံကိုမှီ၍ ဖြစ်ပေါ်သည်။ အမြင်အာရုံမရှိဘဲ မမြင်နိုင်။ မြင်စိတ်ဖြစ်ရန် မြင်စရာတစ်ခုခုကိုတောင်းဆိုသည်။ မြင်စရာတွေ့သောအခါ မြင်စိတ်ဖြစ်လာသည်။ မြင်စိတ်သည် အမှီမရျိဘဲ မဖြစ်နိုင်မှန်း မသိသော်လည်း အဝေးရောက်နေသူကို တွေ့လိုသည့်အခါ မြင်ဖူးထားသောအာရုံဖြင်ဖော်ဆောင်ရသည်။ တွေ့မြင်ချင်သူအားမတွေ့ရသောအခါ မြင်စရာ(မြင်နိုင်ဖွယ်)သည် ရှာဖွေ၍ ခက်ခဲမှန်းသိနိုင်လေသည်။ အခြား အခြားသော စိတ်များသည်လည်း ဖြစ်ချင်တိုင်းဖြစ်ပေါ်လာသည် မဟုတ်ဘဲအမှီဖြစ်သော အာရုံတစ်ခုခု နှင့်ကြုံမှဖြစ်လေ့ရှိသည်။ မွှေးသောရနံ့နှင့် ကြုံမှမွှေးသည်။ အပုပ်နံ့နှင့်ထိတွေ့သည့်အခါနံမည်။ ကြားစရာအသံဖြင့် အသံကြားမှုဖြစ်ရသည်။ ယမင်းသို့ စိတ်တစ်ခုဖြစ်ရန် အာရုံကိုအပကူခေါ်ရသည်။ စိတ်သည်သူ့ချည်းမထကြွနိုင်သော လူမမာတစ်ဦးသာဖြစ်သည့်အတွက် စိတ်ကိုလမ်းလျှောက်ဖို့တွဲထူရသည်။ အာရုံသည် စိတ်ကို ထူမတ်ပေးသည် အကူအမှီဖြစ်ပါသည်။

(၉)ဥပနိဿယ [အမှီကောင်း(Strong Dependence)]

အမှီသည် အကြောင်းတရားမှန်းသိလာသည်နှင့်အမျှ သာမန်အမှီသည် မှီ၍လည်းဖြစ်နိုင်သည်။ အမှီ၍လည်းဖြစ်နိုင်သည်။ သို့သော် လုံးဝမမှီဘဲ မရသောအကြောင်းသည် အမှီကောင်းဖြစ်သည်။ သတ္တ၀ါများအဖို့ အစားအစာသည် ရှောင်ကွင်းနိုင်သောအရာမဟုတ်။ ရှင်သန်ရန်အတွက် အစာကိုမှီရသည်။ နေထိုင်မှု(နေရာ)နှင့် အ၀တ်အထည်(လုံခြုံမှု) တို့သည် မှီစရာဖြစ်သည်။ ထို့အတူ ရာသီဥတုသည်လည်းမှီစရာတစ်မျိုးဖြစ်ည၏။ အေးသည့်အခါအပူလိုသကဲ့သို့ ပူသည့်အခါ အေးချမ်းမှုလိုအပ်ပါသည်။

ထို့ပြင် အခြားသော မှီစရာများစွာရှိသည်ဖြစ်ရာ ယင်းမှီစရာများသည် အားကြီးသောမှီစရာများဖြစ်၍ ပိုမိုအရေးကြီးသော မှီရာအကြောင်းကောင်းများဖြစ်သည်။ ကျန်းမာရေးမကောင်းပါက မိမိကျန်းမာရေးအတွက် ကုသပေးမည့်ဆရာသည် အမှီကောင်းဖြစ်သည်။ တရားအားထုတ်ရာတွင် ဆိတ်ငြိမ်အေးချမ်းသည့်အရပ်သည် တရားရှုမှတ်သူများအတွက် သင့်တင့်မျှတသော နေရာဒေသဖြစ်၍အမှီကောင်း(သို့မဟုတ်) အရေးကြီးသောနေရာပင်ဖြစ်သည်။ စီးပွားရေါ်သမားအတွက် အမြတ်အစွန်းရမည့်နေရာသည် အမှီကောင်းပင်ဖြစ်သော်ငြား အမှီကောင်းဆိုသည်မှာ အောင်မြင်နေကြသူများဟူ၍ တစ်ထစ်ချယူဆနေသူများလည်းရှိသည်။ သို့သော် အောင်မြင်နေသူတိုင်း မှီရာအစစ်မဟုတ်ပါ။ အလျဉ်းမသင့်လျှင် အောင်မြင်သူဆိုသူက မိမိကိုပင်အသုံးချနိုင်၍ ဖြစ်ပါသည်။

(၁၀)ပုရေဇာတ [ရှေ့ဖြစ်(The Former)]

ရှေ့တွင် ကြိုတင်ဖြစ်လျက်ရှိသော အရာသည် အလိုလိုအကြောင်းဖြစ်နေသည်။ ကမ္ဘာဦးတွင် ကြိုတင်ဖြစ်နေသော နေနှင့်လကို ဥပမာပေးနိုင်ပါသည်။ စပါးကိုစတင်စိုက်ပျိုးမှု၊ မီးကိုတွေ့ရှိမှုများသည် ရျေးအကြောင်းများပင်ဖြစ်သည်။ ဤသို့လျှင် ရှေးအကျဆုံးသော အကြောင်းအရာမျာသာမက စက္ကန့်တိုင်း၌ ကြိုတင်ရွေ့လျားသွားသည့် ပထမစက္ကန့်သည်ပင်ရှေ့ဖြစ်သောအကြောင်းဖြစ်ပါသည်။ မနှစ်ကဆိုသည်မှာ ယခုနှစ်၏ရှေ့အဖြစ်နှင့် အကြောင်းသင့်နေသဖြင့် ရှေ့ရောက်နေသော အကြောင်းအားလုံးသည် ပုရေဇာတအကြောင်းဖြစ်သည်။

ကွန်ပျူတာနည်းပညာများဖွံ့ဖြိုးတိုးတက်နေသော ယခုခေတ်တွင် ရှေ့ကျသောနည်းပညာကနောက်မှနည်းပညာကိုကျေးဇူးပြုသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့အဖြစ်အပျက်သည် နောက်ဖြစ်စဉ်အတွက် ကုန်ကြမ်းဖြစ်နေသောကြောင့်ပင်။ နမူနာစံပြအနေနှင့်ပါ အရေါ်ပါသဖြင့် နောက်မှလိုက်လာသောနည်းပညာသည် ရှေ့ကထက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်လေသည်။ ရျေ့ကျသောနည်းပညာသည် နောက်ထပ်နည်းပညာများပေါ်ပေါက်လာစေရန်အတွက် အကြောင်းကောင်းပင်ဖြစ်ပေသည်။

စိတ်ပိုင်းဆိုင်ရတွင်လည်း ရှေ့စိတ်သည် နောက်စိတ်၏ အကြောင်းဖြစ်သည်။ ထို့ကြောင့်အနန္တရပုရေဇာတပစ္စည်းသည် ဆက်တိုက်မဖြစ်သော်လည်း ရှေ့ဖြစ်သောအရာမှန်သမျှတို့နှင့်သက်ဆိုင်သည်။ ဥပမာ-တန်းစီသောအခါမိမိက အမှတ်စဉ်(၅) ဟုဆိုပါက (၄)သည်(၅)၏အကြောင်းရင်းဖြစ်သည်။ (၄)သည် အနန္တရ၊ သမနန္တရ၊ ပုရေဇာတဖြစ်သည်ဆိုပါစို့။ သို့ရာတွင်(၃)သည် (၅)၏အကြောင်းရင်းအမှန်ဟုတ်ဆိုသောအခါ အနန္တရ၊ သမနန္တရ၊မပါတော့ပေ။ ပုရေဇာတသာလျှင်ဖြစ်သည်။

(၁၁)ပစ္ဆာဇာတ [နောက်ဖြစ်(The Later)]

ရှေ့ဖြစ်အကြောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ နောက်မှဖြစ်သောက်အရာက ကျေးဇူးပြုခြင်းကြောင့် အကြောင်းပြောင်းပြန်ဖြစ်သည်။ နောက်မှဖြစ်သောအရာကို အကြောင်းအဖြစ်ဆိုလိုသည်။ သရက်ပင်စိုက်သောအခါ အရက်သီးစားဖို့မျှော်လင့်သည်။ သရက်သိးသည် နောက်မှဖြစ်လာမည် ဆိုသော်လည်း နောက်မှဖြစ်မည့်အရာကို အကြောင်းအဖြစ်ယူဆသည်။ လင်းတငယ်သည် အစာဆာလောင်မွတ်သိပ်မှုဖြစ်လျှင် မိခင်ကကျွေးလိမ့်မည်ဟုတ် တောင့်တသည်။ လင်းတငယ်သည် မိခင်ကျွေးမည့်အစာကိုမစားရသော်လည်း နောက်မှစားရမည့် အစာကိုမျှော်လျက် အစာ၌တပ်မက်တောင့်တသည် အာသာစေတနာဟူသောမျှော်လင့်တောင့်တချက်ဖြင့် ရှင်သန်နိုင်သည်။ ယင်းအားပစ္ဆာတအကြောင်းက ပံ့ပိုးလေသည်။

ဘုရားလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်မှ ဘုရားဖြစ်မည်ကိုမျှော်လျက်ဒုက္ခမျိုးစုံကို ခံခဲ့သည်။ ဘုရားဖြစ်မည်ဆိုပါက မိမိ၏သားမယားကိုပါ စွန့်ပစ်နိုင်သည်။ နောက်ဖြစ်မည့်အရာကိုမမျှော်လင့်ဘဲ မည်သူမျှ အပင်ပန်းခံ အလုပ်လုပ်ကြမည်မဟုတ်ပေး။ တရားရှာသူသည်ရလာမည့် တရားထူးကိုမျှော်လျက် ကိုယ့်ကိုယ်ကို အဟာလုပ်သည်။ ဘီလူးသည် သူများအသားကိုသာစားသည်။ တရားရှာသူသည် ကိုယ့်အသားကိုယ်ပြန်စားရသည်။ ကိုယ့်အသားမစားဘဲ တရားရှာပါကတရားရနိုင်မည်မဟုတ်။ ကိုယ့်ကိုယ်ကို အနစ်နာခံရာတွင် ပဲ့ပါအောင်ခံနိုင်ဖို့ အရေးကြီးသည်။ အမျှော်ဖြင့်အတော်ဖြစ်မည့်အရာကို ရျာနေခြင်းသည် ဒုက္ခတစ်မျိုးပင်ဖြစ်သည်။ သို့သော်ရှာနေကြပါသည်။

(၁၂)အာသေ၀န [ထပ်ခါထပ်ခါ(Repeat Cause)]

အထပ်ထပ်အခါခါ ဖြစ်နေသောအကြောင်းသည် အာသေ၀နပင်ဖြစ်သည်။ ထပ်ခါ ထပ်ခါသွားရသောလမ်းသည် ဖုံနေသကဲ့သို့ အခါခါထပ်ဖြစ်ရသောအရာသည် အကြောင်းတစ်မျိုးဖြစ်လာသည်။ မြင်စိတ်ဖြစ်သောအခါ မြင်စိတ်ကို အထပ်ထပ်အခါခါဖြစ်ပေါ်နေမှုသည် အာသေ၀နဖြစ်သည့်အတွက် ဖတ်ပါများသောစာအုပ်သည်လည်းအလွတ်ရနေမည်ဖြစ်၏။ မိမိအိပ်နေကျနေရာသို့ ညအခါ အလင်းမဲ့နေသည်တိုင်လမ်းလျှောက်၍ သွားနိုင်ပါသည်။ လူတစ်ဦးအားတွေ့လျှင်တွေ့ချင်း မမှတ်မိသော်လည်း သုံးလေးကြိမ်တွေ့ဆုံရလျှင် မှတ်မိမည်ဖြစ်သည်။ ထပ်ခါ ထပ်ခါ တွေ့ကြုံမှုသည် ဤအကြောင်းဖြင့် ကျေးဇူးပြုနေသည်။

(၁၃) ကမ္မ [ကံ (Fortune)]
ကံသည် မြင်တွေ့ရသည့်အရာ
မဟုတ်သကဲ့သို့သက်သေပြရန်ခက်သောသီအိုရီဖြစ်သည်။အချို့သည် သက်သေများဖြင့်
အခိုင်အမာပြသော်လည်း မည်သည့်အခါမှ လုံလောက်သော သက်သေ သာဓက မတွေ့ရပေ။
ကံကိုသက်သေပြရန် ခက်ခဲသည်။ ယင်းကံသည် မရှီဘူးဟူ၍ ငြင်းဆိုရခက်သည်။
ယံရလည်းခက်လေသည်။ ကံကိုယုံစားသူက ကံသည် မိမိကိုယ်အားဖန်တီးသူဟုဆိုသည်။
စင်စစ် ယင်းစကားသည် သွယ်ဝိုက်သောစကားဖြစ်မည်။ ကံသည်
လူကိုဖန်တီးခြင်းမဟုတ်၊ လူကသာ ကံကိုဖန်တိးလေသည်။ ကံသည်
လူကိုဖန်တီးသည်ဟုတ်ဆိုလျှင် ဖန်တီးထားသောကံက မိမိစုထားသော ငွေကြေးကဲ့သို့
မိမိအားအကျိုးပြန်ပေးသည်။ ယင်းသို့ ကိုယ်စုငွေ ကိုယ်သုံးသော
သဘောအတိုင်းကံက လူကိုဖန်တီးသည်ဟု ဆိုခြင်းဖြစ်ပေလိမ့်မည်။
ကံသည် မျိုးစေ့လို သာမန်အပင်ဖြစ်ရန်၊ အချိုမျိုးဖြစ်က အချိုဖြစ်ရန်
သတ္တိလောက်သာ ပါသည်။ အပင်စိုက်သူ ရေလောင်းသည်ဖြစ်စေ မလောင်းသည်ဖြစ်စေ
သီးပွင့်ရမည်ဟုမဆိုလိုပါ။ သို့သော် ကံယုံသူက ကံကိုမျိုးစေ့က
သီးသည်ဟုထင်နေသည်။ ကံကိုမယုံသူကလည်းမျိုးစေ့၏ ဗီဇကိုပြုပြင်ရန်
ကြိုးစားသည်။ မည်သို့ဆိုစေ အဘိဓမ္မာတွင် အသီး
သီးမည့်စွမ်းအင်းတစ်ရပ်ပါရှိနေသော မျိုးစေ့ကဲ့သို့ ကံလေးကိုကံဟုဆိုသည်။
ယင်းကံသည် အသီးကိုသီးစေသလို သင့်တင့်သောအကျိုးကို ဖြစ်ထွန်းစေပါမည်။
အသီးဟုတ်ဆိုရာတွင် အချိုသီး၊ အခါးသီးဟူ၍ ကွဲပြားခြားနားမှုရှိသလို
ကံတွင်လည်းကောင်းသောကံ၊ ဆိုးသောကံဟု၍ နှစ်မျိုးတွေ့ရပြန်သည်။
ကောင်းသောကံတွင် ကောင်းမွန် မှုကိုဖြစ်စေရန်စွမ်းရည်ပါလာ၏။
ဆိုးသောကံသည်ကားပြန်လည်ပြုပြင်ရခက်သည့် အခါးသီး နှင့်တူသည်။ သို့သော်
လူသားဘ၀တွင် ကောင်းသောကံကလည်းလူကိုဦးမဆောင်နိုင်၊ ဆိုးသောကံကလည်း
ခေါင်းဆောင်နိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်မူ လူသည်
အရာရာကိုပြုပြင်ပြောင်းလဲနိုင်၍ဖြစ်သည်။ ကံကိုကောင်းစေရန် (သို့မဟုတ်)
မကောင်းစေရန် လူကပင်ပြုလုပ်နိုင်သည်။ ထို့ကြောင့် ကံကို
အကြောင်းတစ်ခုအဖြစ်ဆိုထားပေသည်။

(၁၄) ၀ိပါက [အကျိုး (Outcome)]
အကျိုးရလဒ်ဟုတ်ဆိုရာ၌ကောင်းသောအလုပ်၏ ကောင်းကျိုး၊ မကောင်းသောအလုပ်၏
မကောင်းကျိုးဟူ၍ ကွဲပြားခြားနားသည်။ ယင်းအကျိုးများကိုပင် အကြောင်းအဖြစ်
ဖော်ပြသည်။ ပစ္ဆာဇာတ (နောက်ဖြစ်) နှင့်ဆင်ဆင်တူသည်။ သို့သော် ဤပစ္စည်းတွင်
သက်ဆိုင်ရာအကျိုးကိုသာ ဖြစ်စေသောကြောင့် ကောင်းကျိုးအတွက် ကောင်းမှုကို
လုပ်ရန်လိုသည်။ မကောင်းသောအလုပ်ကို လုပ်ဆောင်ပါက
မကောင်းကျိုးခံစားရကြောင်း နားလည်သော်လည်း မကောင်းကျိုးမျှော်လျက်
မည်သူမျှ မကောင်းမှုမလုပ်ကြ၊ ကောင်းကျိုးမျှော်လျက်သာ
ကောင်းမှုလုပ်တတ်ကြသည်။ ဤသို့နှယ် အကျိုးကိုမျှော်၍ လုပ်ဆောင်ခြင်းသည်
အကြောင်းဖြစ်လေသည်။ စိတ်၏ငြိမ်းချမ်းမှုကိုမျှော်လျက်
တရားထိုင်သည်ဆိုပါစို့။ တရားထူးရမည်ကို တွေးသိလျက်
တရားရမည့်နည်းလမ်းအတိုင်းလိုက်နာ ကျင့်သုံးဆောင်ရွက်အားထုတ်သည်။ ယင်းသည်
အကျိုးအကြောင်းပင်ဖြစ်သည်။
(၁၅) အာဟာရ[အစာ (Food)]
အစားအစာသည် သက်ရှိသတ္တ၀ါတိုင်း လိုအပ်သည်ဖြစ်၍ အစာအာဟာရသည်
အကြောင်းတစ်ခုဖြစ်လေသည်။ အပင်များလည်း အစာလိုသည်၊ ရေလိုသည်။ လူများအတွက်
လိုအပ်ချက်များမှာ ယခုခေတ်တွင်ပိုမိုများပြားလာမည်ဖြစ်သည်။
ဗီတာမင်ပြည့်စုံရန် လိုအပ်သည်မှစကာ သွေးသွင်းရန် လိုမည်။
နေရောင်ခြည်လိုအပ်သောရောဂါဖြစ်လျှင် နေရောင်ခြည်သွင်းကုသရသည် စသည်ဖြင့်
အသက်ရှင်ကျန်းမာရန် နည်းလမ်းများသည် ဤအကြောင်းထဲတွင်ပါဝင်ပေသည်။
(စိတ်ပိုင်းဆိုင်ရာ အစာများလည်းရှိပါသေးသည်။)
ခန္ဓာကိုယ်မမြိုလဲအောင် သင့်လျော်သလို ကျားကန်ပေးရာ၌
လိုအပ်သောအစာ(ဆေးဝါး)များသည် အကြောင်းများဖြစ်ခြင်းကြောင့် အားလုံးသည်
အာဟာရနှင့် သက်ဆိုင်နေပါသည်။ အာဟာရ (သြဇာဓာတ်) သည်
အသက်ရှင်ကျန်းမာရေးအတွက် ပံ့ပိုးဖြည့်ဆည်းမှုပင်မဟုတ်ပါလား။


(၁၆) က္ကုန္ဒြိယ [က္ကုနြေ္ဒ (Administration Cause)]
စောင့်စည်းမှုအကြောင်းသည် က္ကုနြေ္ဒ ဖြစ်သည်။ မိမိတို့၏ မျက်စိထဲတွင်ရှိသော
အကြည်ဓာတ်သူငယ်အိမ်ရုပ်သည် မြင်စိတ်ကိုဖြစ်စေပြီး ကြားစိတ်မဖြစ်ပါ။
နားအတွင်းရှိ ပသာဒရုပ် သည်လည်း ကြားစိတ်ကိုသာဖြစ်စေပြီး
မြင်စိတ်မဖြစ်ပေါ်ပါ။ ယမင်းသို့လျှင် သူ့နယ်ကိုယ့်နယ် ခွဲထားသော
ကန့်သတ်နယ်မြေများနှင့်တူလျက် အာရုံတစ်ခုနှင့်တစ်ခု မရောယှက်အောင်
စောင့်စည်း ထားမှုကို က္ကုနြေ္ဒဟုခေါ်ဆိုကာယင်းစောင့်စည်းမှုသည်
အကြောင်းတစ်ခုဖြစ်ပါသည်။ ဘောလုံးကစားရာ တွင် ဂိုးသမားက ဂိုးပေါက်နေရာ၊
နောက်တန်းနေရာ၊ အလယ်တန်း၊ရှေ့တန်း တာဝန်ကိုယ်စီထားကာ သူ့
နေရာနှင့်သူကစားခြင်းနှင့်တူပါသည်။

(၁၇) ဈာန [ဈန် (Conectration)]
တစ်ခုခုအပေါ် စူးစိုက်နေတတ်သူကို ဈာန်ဝင်နေသည်ဟု သတ်မှတ်နိုင်ပြီး
စူးစိုက်မှုသည် အကြောင်းတစ်ခုဖြစ်လာသည်။ စူးစိုက်မှုဆိုသည်မှာ
အာရုံတစ်ခုတည်းတွင် စိတ်ကိုကြာကြာ နေအောင် ပြုလုပ်ထားခြင်းဖြစ်သည်။
တရားထိုင်သောအခါ စိတ်တစ်ခုကို တည်ငြိမ်(ကြာအောင်)အောင် ထိန်းထားရသည်။
ရံဖန်ရံခါ စူးစိုက်နေချိန်တွင် အခြားသောစိတ်များ ရောပါလာတတ်သည်။ ထိုအခါ
အဖော်ရျာသောသဘောပါဝင်လာရသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၌ စူးနစ်နေသောအခါ
အော်မကြား ခေါ်မကြားဖြစ်ရသကဲ့သို့ တရားထိုင်စဉ် စူးစိုက်မှုရသောအခါ
စိတ်တည်ငြိမ်မှုရလေသည်။ အာသေ၀နလို့ ထပ်ခါထပ်ခါ ဖြစ်နေမှုမဟုတ်ဘဲ
တစ်ခုတည်းကို ရှည်ကြာအောင် ထိန်းထားခြင်းဖြစ်သည်။
တောင်ထိမ်အမြင့်တစ်နေရာမှ အဝေးကိုလှမ်းကြည့်ရာတွင်
စူးစိုက်မှုပြုရသကဲ့သို့ အာရုံတစ်ခုတည်းအပေါ် စုစည်းလျက် ကြည့်ရှုနေမှုသည်
အကြောင်းတစ်ခုဖြစ်လေသည်။



(၁၈)မဂ္ဂ[လမ်း (Way Cause)]
လမ်းစဉ်တွင် ကောင်းသောလမ်းစဉ်နှင့် မကောင်းသောလမ်းစဉ်ဟူ၍
နှစ်မျိုးရှိလေရာ ကောင်းသောလမ်းစဉ်သည် ဘ၀မှလွတ်မြောက်ကြောင်းဖြစ်၍
အကောင်းသောလမ်းစဉ်ကား သံသရာ လည်စေသော အကြောင်းတရားသာဖြစ်ပေသည်။
လမ်းစဉ်သည် ဖြတ်သါားဖြတ်လာများအတွက် အကြောင်းတစ်ခုဖြစ်သည်။
လမ်းမရှိသောအခါ သွား၍မဖြစ်သကဲ့သို့ လမ်းသည် အကြောင်းပင်ဖြစ်ပါသည်။
မြစ်ရေစီးကြောင်းက၈ိုပင်လျှင် ကူးတို့ဖြင့်ကူးဖြတ်ရသည့်အခါ
လမ်းဖြစ်သွားသည်။ ထို့ကြောင့်ယမင်းအကြောင်းကိုကူးတို့ဟု ဆိုကြသည်။

(၁၉) သမ္ပယုတ္တ[တွဲဖက်(Copperative Cause)]
ဤပစ္စည်းသည် အညမည (အချင်းချင်း)နှင့်တူသည်။
သဟဇာတ(အဖော်)နှင့်လည်းဆင်တူသည်။ အကြောင်းတရားတို့
စုပေါင်း(တွဲဖြစ်)သောအခါ အကြောင်းတစ်ခုအဖြစ်ပြသည်။ အားကစားအသင်း တစ်ခုလို
အဖွဲ့လိုက်စုပေါင်းမှုဖြင့် အောင်ပွဲခံသောအကြောင်းဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာတွင် ရောရောတွေးထွေးဖြစ်သော ခံစားမှုဟုဆိုရပါမည်။ ဆီ၊
ပျား၊ ထောပက်၊ သကာရောထားသည့် စတုမဓူကိုကြည့်လဆင် မည်သည့်အရာက ဆီ၊
မည်သည့်အရာက ထောပတ်၊ ပျား၊ သကာ စသည်ဖြင့် ခွဲခြားမရနိုင်သလို
စုပေါင်းဖြစ်သောအကြောင်းသည် သမ္ပယုတ္တပင်ဖြစ်၏။

(၂၀) ၀ိပ္ပယုတ္တ[တွဲဖက်မဟုတ်(Non-Copperative Cause)]

သမ္ပယုတ္တနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အရသာ(၆)ပါး ရောထားသော်လည်း အရသာချင်းပေါင်းစပ်မသွားသလို တစ်မျိုးကို သတ္တိတစ်ခုဖြင့် ကျေးဇူးပြုသည်။ သို့သော် ယင်းတို့အချင်း ချင်း အတူတကွတော့ ဖြစ်ကြသည်။ အတူတူဖြစ်သော်လည်း အတည့်အတူနေသည့် လင်မယားလို ဖြစ်သည်။

(၂၁) အတ္တိ [အရှိ (Appearance Cause)]

အရှိတရားဖြင့် အရာရာကို ကျေးဇူးပြုသည်။ သူ၏အရာသည် ကျယ်ဝန်းသည်။ သဟဇာတလိုအဖော် အဖြစ်လည်းလိုက်သည်။ အညမညလို အချင်းချင်းအဖြစ်နှင့်လည်း တွေ့ရသည်။ နိဿယလို အမှီအဖြစ် လည်းရသည်။ အနန္တရလို ဆက်တိုက်ပုံစံနှင့်လည်း ယှက်နွယ်သည်။ အရှိတရားမှန်သမျှအကြောင်း တရားဖြစ်ပြီး အာရုံအဖြစ်လည်း တည်ရှိနေသည်။

အရာရာတွဲဖက်နိုင်သော ဂျိုကာဖဲတစ်ချပ်ကဲ့သို့ဖြစ်သောကြောင့် သူငယ်ချင်းလိုအဖော်၊ သွေးသောက် ဖွဲသလို့ တစ်သွေားတည်းတစ်သားတည်း စည်းလုံးစွာ၊ ဆရာလို၊ မိဘလို့ အမှီတစ်ခု၊ သူစိမ်းတစ်ယောက် လိုလည်း အဝေးက ဖေးမတတ်ပါသည်။ မောပန်းနွမ်းဟိုက်သည့်အခါ အရိပ်တစ်ခုအဖြစ်အုပ်မိုးပေးလျက်၊ ဗိုက်ဆာသည့်အခါ ယမင်စားသောက်ခဲ့ဖူးသောအစာကို ပြန်လည်သတိရတတ်ကာ အစာတစ်ခုလို မှန်ဆစရာအဖြစ် သရုပ်ဆောင်ပေးတတ်ပါသေးသည်။ အကြောင်းတရားတိုင်းနှင့် တွဲဖက်၍ရသော၊ တွဲနိုင်သောအကြောင်းသည် အရှိတရားအကြောင်းဟူ၍ဖြစ်ပါသည်။

(၂၂) နတ္တိ [မရှိ (Disappearance)]

အနန္တရ (ဆက်တိုက်)နှင့်တူသည်။ မီးငြှိမ်းသောအခါ အလင်းရောင်ပျောက်ကွယ်သွားသလို ရှေ့က တရားချုပ်ငြိမ်းသောအခါမရှိသောသဘောဖြစ်လေသည်။ ထို့နောက် တစ်ခုထပ်ဖြစ်သည်။ ဆက်တိုက်ဖြစ်သောသဘောတွင် ကြားကာလမရှိခြင်းသည်နတ္ထိဖြစ်သည်။ မရှိခြင်းသည်ပင် အကြောင်း တစ်ခုအဖြစ်ဟောကြားထားသည့်အတွက် လမ်းသွားရင်းဖိနပ်ပြတ်သွားလျှင် နောက်ထပ်တစ်ရံဝယ်စီး ရမည်ဖြစ်သည် (သို့မဟုတ်) ပြင်စီးရသည်။ နောက်ထပ်ဝယ်ရခြင်းသည်မရှိခြင်းအတွက် ဖြည့်ဆည်းလုပ်ဆောင်ရသည်။ မရှိခြင်း၊ ပြတ်စဲခြင်းက နောက်ထပ် တစ်ခုအတွက်ကျေးဇူးပြုသည်။

စိတ်ပိုင်းဆိုင်ရာတွင် ရှေ့စိတ်ချုပ်ခြင်း နောက်စိတ်ချုပ်ခြင်းသည် ရှေ့စိတ်၏ မရှိခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ပြင်မရှိခြင်းသည် ဆက်တိုက်ဖြစ်စဉ်တွင် ပြတ်စဲသောခဏကိုသာ ဆိုလိုခြင်းမဟုတ်။ လုံးဝမဖြစ်သေးသောအရာသည်လည်းမရှိခြင်းပင်ဖြစ်ပါသည်။ လူတို့ တရားရှာသည်ဆိုရာ၌ ရရှိပြီးသော တရားကို ပြန်လည်ရှာဖွေနေခြင်းမဟုတ်ဘဲ မိမိတွင်မရှိဖူးသေးသောအရာကို ရအောင်ကြိုးစားနေခြင်း သာဖြစ်၏။ အိမ်ရှိပြီးသောလူတစ်ယောက်အတွက် နောက်ထပ်အိမ်တစ်လုံးသည် လိုအပ်သောအရာမဟုတ်။ အိမ်မရှိ၍ အိမ်ရှိအောင်ပြုလုပ်ခြင်းသည် မရှိမှုက ရှိအောင် ကျေးဇူးပြုခြင်း ဖြစ်သည်။

လမ်းခရီးတစ်ခုတွင် စားစရာမရှိသဖြင့် သစ်သီးတစ်မျိုးမျိုးရှာဖွေစားရသောအခါ အသီးစားရခြင်းသည် စားစရာမရှိမှုကြောင့်ဖြစ်သည်။ အကယ်၍ အသိးကိုစားပြီးနောက် ၀မ်းလျှောခြင်း၊ စမ်းပျက်ခြင်းဖြစ်ခဲ့လျှင် ယင်း၏အကျိုးဆက်ကပင် မရှိခြင်းကြောင့်ဖြစ်လေသည်။ မကျန်းမာသောအခါဆေးကုသရမည်။ ပြင်းထန်သောရောဂါဝေဒနာကြောင့်မိမိတွင် ကုသစရိတ်မလောက်င၊ မကုသနိုင်လျှင် ပိုမိုပြင်းထန်သောအခြေအနေနှင့် တွေ့ကြုံရမည်၊ (သို့မဟုတ်) အသက်အန္တရာယ်ပါ ထိခိုက်လာဖွယ်ဖြစ် သည်။ ယင်းဖြစ်စဉ်တွင် ငွေမရှိခြင်း၏ နောက်ဆက်တွဲခံစားရမှုဖြစ်သည်။ အရာရာတိုင်းတွင် အကြောင်းရှိသဖြင့် မရှိခြင်းသည် တစ်စုံတစ်ရာဖြစ်ရန် အရေးပါသောအကြောင်းဖြစ်နေလေသည်။

(၂၃) ၀ိဂတ[ကင်းဝေး (Nothing)]

ဤအကြောင်းသည်လည်း အနန္တရနှင့်တူပါသည်။ ခြေတစ်လှမ်းကြွမှ နောက်တစ်လှမ်း လှမ်းရသလိုမူလတရားမရှိသော(ကင်းသော) အခါမှ နောက်တစ်ခုဖြစ်နိုင်သည်။ စကားလုံးချင်း လဲလှယ်ပြခြင်းသာ ထူးပါသည်။ နတ္ထိပစ္စည်းနှင့်လုံးဝတူသည်။ ကင်းဝေးခြင်းဆိုသည်မှာ မရှိခြင်းပင် ဖြစ်ပါသည်။

(၂၄) အ၀ိဂတ[မကင်း (Non-Nothing)]

ဤအကြောင်းကား အတ္ထိ(အရှိ)နှင့်တူသည်။ မကင်းရာမကင်းကြောင်းဖြင့် ကျေးဇူးပြုသောသဘောကို ဆိုသည်။ ပင်လယ်ကြီးသည် ရေသတ္တ၀ါများအား မကင်းရာသောသဘောဖြင့် ကျေးဇူးပြုရသည်။

အထက်ပါအကြောင်းတရားများကို ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ(ဘုရားရဟန္တာများ၏ သန္တာန် တွင်ဖြစ်ပေါ်နိုင်ပြီး လုံးဝအကျိုးပေးခြင်းမရှိသည့် စိတ်၊ ကုသိုလ်၊ အကုသိုလ်မဟုတ်၊ ပြုကာမတ္တ၊ ပြုခြင်း မျှသာဖြစ်သောစိတ်)ခွဲလျက်၊ ကုသိုလ်က ကုသိုလ်ကိုလည်းကောင်း၊ အကုသိုလ်ကိုလည်းကောင်း၊ အဗျာကတကိုလည်းကောင်း၊အကုသိုလ်က အကုသိုလ်ကိုလည်းကောင်း၊ ကုသိုလ်ကိုလည်းကောင်း၊ အဗျာကတကိုလည်းကောင်း၊အဗျာကတက အဗျာကတကိုလည်းကောင်း၊ ကုသိုလ်ကိုလည်းကောင်း၊ အကုသိုလ်ကိုလည်းကောင်း ကျေးဇူးပြုခြင်းအားဖြင့် ချဲ့ထွင်ဟောကြားထားပေသည်။ အကြောင်းတရားအလိုက်၊ အကောင်းအဆိုးအလိုက် စက်လှည့်သလို ဟောကြားခဲ့သော မြတ်ပဋ္ဌာန်းဒေသနာသည် အဆုံးမရှိ၊ အပိုင်းအခြားမရှိအောင်ပင် ကျယ်ဝန်းနက်နဲလှသည်ဖြစ်ရာ ကမ္ဘာလောကရှိ လူသားအားလုံးနှင့်လည်းအကျုံးဝင်သက်ဆိုင်နေပါသည်။ သဒ္ဓါစိတ်ဖြင့် မပြတ်ရွတ်ဖတ်လျှင် ဘေးအန္တရာယ်ကင်းစင်၍ ကောင်းကျိုးများကိုသာ ဖော်ဆောင်ပေးနိုင်သော မြတ်ပဋ္ဌာန်းဟုဆိုရလျှင် ငြင်းဆန်နိုင်ဖွယ်ရှိမည်မထင်ပါ။

ပဋ္ဌာန်းတန်ခိုး၊ မြတ်ကောင်းကျိုးကား၊ သူခိုးရန်ပ၊ ဓားပြရန်ပြေ၊ တစ္ဆေရန်လွဲ၊ သရဲရန်ဖြတ်၊ ဖုတ်ကျတ်ရန်ဝေး၊ မီးဘေးရန်ကွာ၊ ရတနာပိုင်စိုး၊ ဂုဏ်ရှိန်တိုး၍ သက်စိုးရှည်စွာ၊ ကိုယ်ကျန်းမာလျက်၊ ပညာကြီးမား၊ ကုသိုလ်များသည်၊ ဟောကြားမကုန်မဆုံးတည်း။

Wed, Feb 24 2010 04:00pm MMT 2
CicerNyinyi
CicerNyinyi
61 Posts
ကောင်းပ ဒီလို့ အခြေခံရှိပြီးသားတွေဆိုတော့ရေး၇တာ အားရှိလိုက်တာ
Wed, Feb 24 2010 04:25pm MMT 3
zawlay (Lord D)
zawlay (Lord D)
65 Posts
သိပ်ကိုကောင်းပါတယ် ........ဒီလို လေးတွေ ရေးပေးတာ ........၀ါသနာပါသူတွေ အတွက် သိပ်ကိုကောင်းပါတယ်
တင်ပေးထားတဲ့ သူကို ကျေးဇူးလဲ တင်ပါယ်........ဆပ်ရေးဖို့ လဲ အားပေးပါတယ် .........
Tue, Mar 2 2010 09:35pm MMT 4
pao pao ( Lord O )
pao pao ( Lord O )
546 Posts
သာ ဓု ပါ တော် .. သာ ဓု .. သာ ဓု
Wed, Mar 3 2010 09:33pm MMT 5
pao pao ( Lord O )
pao pao ( Lord O )
546 Posts
ဟယ် .. ဆ ရာ လေး .. ဒေါ် လက် ဗ လိး .. ကြွ လာ ဘီ ..။
ဟဲ့  .. ရှန် တီ ရေ .. ထွက် လောင်း လိုက် ပါ ဥိး ..။ ရေ နွေး ပူ နဲ့  ..။
အဲ လေ..။ ရေ နွေး နဲ့  ခပ် သောက် ဖို့  .. လက် ဖက် ခြောက် တစ် ထုပ် လောင်း လိုက် လို့  ပြော တာ .။ ဟိဟိ..။
Wed, Mar 3 2010 09:45pm MMT 6
pao pao ( Lord O )
pao pao ( Lord O )
546 Posts
ဟော တော် .. သီ လ ၇ှင် မမ က .. လင် အ လှူ ခံ သ တတ် ..။ ဟိဟိ
Thu, Mar 4 2010 08:03pm MMT 7
pao pao ( Lord O )
pao pao ( Lord O )
546 Posts
ဟဲ့  .. လန်း ပက် .. ။ ဒီ မှာ ဆ ရာ လေး နဲ့  တ ရား ဆွေး နွေး နေ တယ် ကွယ် .။
ငြိမ် ငြိမ် နေ စမ်း ..။ ဆ ရာ လေး က .. နှယ် နှယ် ရ ရ မ ဟုတ် ဘူး ..။
၃ နှစ် ၃ မိုး .. ဂူ ထဲ မှာ အောင်း ပြိး.. ဖ ယောင်း တိုင် နဲ့  ကျင့် လာ တာ ..။
ဟိဟိ..။ ( ၀ါ ဆို ဖ ယောင်း တိုင် လေ .. ခိခိ..)
Fri, Mar 5 2010 12:10pm MMT 8
Ram
Ram
2590 Posts
ဟဲ့... တရားဆွေးနွေးရမယ့် နေရာလေ.. Spam တွေ မရေးကြပါနဲ့ ။
လုပ်ပါဦး လမ်းပတ် ဆက်ပြီး ဆွေးနွေးကြရအောင်၊
(၂၄) ပစ္စည်း ပဋ္ဌာန်းဒေသနာတော်ဆိုတာ ဗုဒ္ဓ သာသနာရဲ့ ရှေ့ တန်းခံတပ်ကြီးပဲ မဟုတ်လား
Fri, Mar 5 2010 04:02pm MMT 9
pao pao ( Lord O )
pao pao ( Lord O )
546 Posts
အင်း .. မြတ် မ င်္ဂ လာ .. စာ စောင် မှာ .. လ စဉ် ဖော် ပြ နေ တဲ့  .. ကိုး ဘွဲ့  ရ ဆ ရာ တော် အ ရှင် အာ စာ ရ ရဲ့  ..ပ ဌာန်း ဆောင်း ပါး မှာ တော့  ..ဒီ လို ဖတ် ဘူး တာ ပါ ပဲ ..။
ပ ဌာန်း ရွတ် တာ .. သာ သ နာ ပြု ရာ ရောက် ပါ တယ် တဲ့  ..။
Sat, Jul 30 2011 11:12am MMT 10
Yu Lay
Yu Lay
6 Posts
Whitelous yay ( Aung Chin 8 Par Pha Yar Shi Koe) lay thi yin tin pay par own naw........
Mon, Nov 11 2013 09:38am MMT 11
Tin Htoo Aung
Tin Htoo Aung
1 Posts
@Ram: အကို share ပေးထားတဲ့ ၂၄ ပစ္စည်း ဖွင့်ဆိုချက်ကို အခြားမှာ ပြန်ပြီး share လို့ရပါသလား?
Sat, May 17 2014 04:44pm MMT 12
လန်းပတ် (Lampard)
လန်းပတ် (Lampard)
137 Posts
ကောင်းတာလုပ်တာ မှန်သမျှ Share လို့ ရပါတယ် ငါ့ညီရယ်။
Sat, May 17 2014 04:47pm MMT 13
လန်းပတ် (Lampard)
လန်းပတ် (Lampard)
137 Posts
အခုတလော ညအိပ်ရာဝင် ဖတ်ဖြစ်နေတဲ့ စာအုပ်က ဒေါက်တာမင်းတင်မွန် ရေးတဲ့ "အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်" ဖြစ်ပါတယ်။

Please login or sign up to post on this network.
Click here to sign up.