ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်သင့်၊ မသင့်

Sun, Mar 8 2009 04:52pm MMT 1
Ram
Ram
2590 Posts
ဲစီရေး .. က နေ ကူးပြီး ဖော်ပြ ပေးတာ ဖြစ်ပါတယ်။
သူတို့ ထဲမှာတော့ ပြည့်တန်ဆာ ဆိုတဲ့  စကားကိုပဲ သုံးပြီး.. ငြင်းကြ ခုန်ကြ ဆွေးကြ နွေးကြ စကားရည်လုကြပါတယ်။
သယ်ရင်းတို့ရေ.. တို့..ဒီ ထဲမှာ တော့ စကားလုံး သတ်မှတ်ချက် မရှိဘူး.။ ပြောချင်သလို ထင်ရာ မြင်ရာ ပြောကြစမ်းပါ..။
ကဲ .. ကဲ.. ဒီ ဖာသည် တွေ အကြောင်း ပြောကြည့်ရအောင်..
Sun, Mar 8 2009 04:52pm MMT 2
Ram
Ram
2590 Posts
သားကြီး
ကမ္ဘာရှေးအကျဆုံး လုပ်ငန်းတခုဖြစ်တဲ့ ပြည့်တန်ဆာလုပ်ငန်းကို ကျွန်တော်တို့နိင်ငံမှာ ဥပဒေအရတားဆီးထားပါတယ်။ သို့သော် အပြင်မှာတော့ တရားဝင်နီးပါးလုပ်ကိုင်နေကျပါတယ်။ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးများကို ဖမ်းမိက တရားဥပဒေအရ အရေးယူနိင်ပါတယ်။ ဖမ်းမိတဲ့ အမျိုးသား(ပြည့်တန်ဆာခေါင်နင့် လုပ်ငန်းနှင့်ဆက်နွယ်သူများကို မဆိုလို)ကိုတော့ အစိုးရသက်သေအဖြစ် ပြုလုပ်ရပါတယ်။ နဂိုကတည်းက ခိုးလုပ်တော့ ပြည်တန်ဆာခေါင်၏ ခေါင်းပုံဖြတ်မူ၊ ဧည့်သည်များ၏ နှိပ်စက်မှုတွေ၊ ညှင်းပန်းမူတွေ ရှိပါက ထိုအမျိုးသမီးများမှာ အားကိုးရာမရှိပါဘူး။ ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုပြီး ဥပဒေအရ ကာကွယ်ပေးသင့်ပါတယ်။ ထိုအမျိုးသမီးများ၏ ပညာရေး၊ လူမူရေးများကိုလည်း ပိုမိုတိုးတက်အောင် ဖန်တီးပေးသင့်တယ်။ ဒီလုပ်ငန်းကို ဝါသနာပါလို့ ရောက်ရှိလာသူရှိသလို၊ အကြောင်းအမျိုးကြောင့် ရောက်ရှိလာသူများလည်းရှိပါတယ်။ ထိုသူများကို လူ့အသိုင်းအဝိုင်းက မပစ်ပြယ်ကြပဲ အားပေးကူညီသင့်တယ်။
Sun, Mar 8 2009 04:53pm MMT 3
Ram
Ram
2590 Posts
နေမင်း
နိုင်ငံတိုင်းမှာ ပြည့်တန်ဆာ ဆိုတာရှိသင့်ပါတယ်။ ဒါဟာလဲ တိုင်းပြည်တစ်ခုရဲ့ အလှတန်ဆာ လို့ပြောလို့ရပါတယ်။ နာမည်ကို သေချာကြည့်ပါ။ ပြည့်တန်ဆာ လို့ခေါ်ဆိုထားပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ဒီလုပ်ငန်းလုပ်တဲ့ လူတွေကို လူအများက အထင်သေးကျပါတယ်။ ပြစ်ပယ်ကျပါတယ်။ ကဲ့ရဲ့ကျပါတယ်။ အဲဒီလိုမယူဆသင့်ပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ စီးပွားရေး တစ်ခုလို့ ယူဆရပါမယ်။ ကျွန်တော်တို့ နိုင်ငံမှာ တရားဝင်မရှိတဲ့ အတွက် မြန်မာမိန်းကလေးတွေဟာ အဘက်ဘက်က နစ်နာလှပါတယ်။ ဥပမာ ပြည့်တန်ဆာ လုပ်ပြီး ပိုက်ဆံပေးမသွားရင် တိုင်ပြောတာ၊ တရားစွဲတာတို့လုပ်လို့မရပါဘူး။ နောက်ပြီး တရားဝင်ပုံစံ မရှိတဲ့အတွက် ကြုံတဲ့ နေရာမှာဘဲ ကြုံသလို လုပ်ရတဲ့ အတွက်ကြောင့် အကာအကွယ်တွေ အရံသင့် မရှိချင်းကြောင့်လဲ မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာရပါတယ်။ အခြားနိုင်ငံတွေမှာ ရှိတဲ့ တရားဝင်လုပ်ငန်းတွေဆို အကာအကွယ်တွေမဖြစ်မနေအသုံးပြုရပါတယ်။ မသုံးဘူးဆိုရင် လုံးဝလက်မခံပါဘူး။ အဲဒါကြောင့်မို့ တရားဝင် ခွင့်ပြုသင့်ပါတယ်။ ဒါဟာလဲ တိုင်းပြည်တစ်ခု တိုးတက်ချင်းရဲ့ အချက်တစ်ခု ထဲမှာ ပါပါတယ်။

Sun, Mar 8 2009 04:53pm MMT 4
Ram
Ram
2590 Posts
စန္ဒီ
လုံးဝလုံးဝ ခွင့်မပြုသင့်ပါဘူး၊
မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီလို့ပါ။
ပိုမိုပိတ်ပင်တားဆီးရမှာပါ။ ခေါင်းတွေကို ပြင်းထန်စွာအရေးယူသင့်ပါတယ်။
မိန်းကလေးများကို လမ်းမှန်ရောက်အောင်နည်းပေးလမ်းဆောင်သင့်ပါတယ်
အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။
ငွေကြေးအတွက်မဟုတ်တဲ့လမ်းနဲ့ထွက်ပေါက်မရှာသင့်ပါဘူး။
Sun, Mar 8 2009 04:53pm MMT 5
Ram
Ram
2590 Posts
မြွေပွေး
တရားဝင်လိုင်စင်သတ်မှတ်ပေးလိုက်ရင်တော့..........
ကူးစက်ရောဂါအန္တရာယ်ကို တော်တော်လေးလျော့ချနိုင်ပါလိမ့်မယ်။
ဒါပေမယ့်.... ခွင့်ပြုမယ်ဆိုရင်...............
ကိုင်း.......လာကြဟေ့.......လုပ်ချင်တဲ့သူတွေလျှောက်လွှာတင်ဆိုပြီး..........
ဒလဟော လွှတ်ပေးလိုက်လို့တော့ မဖြစ်ချေဘူး။
တော်ကြာ ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံကြီးဖြစ်သွားဦးမယ် :doh:
စည်း၊ မျဉ်း၊ ဘောင်၊ အကန့်အသတ် တွေကို မနည်းစဉ်းစားရဦးမယ်...........

ဟေး...ဟေး......ခွင့်ပြုပေးလိုက်လို့ကတော့ နောက်ထပ်ဈေးကွက်တစ်ခု အသစ်ဖြစ်လာမှာ မြင်ယောင်မိသေး
ပြည့်တန်ဆာမှောင်ခိုဈေးကွက်.................
လိုင်စင်မရှိတဲ့သူတွေက မှောင်ခိုမှာ လျော့ဈေးနဲ့ Promotion လုပ်ကြလိမ့်မယ် :mrgreen:
ပျော်လည်းပျော်ချင်တယ်....... ပိုက်ဆံလည်းအများကြီးမတတ်နိုင်ဘူးဆိုတဲ့ သူတွေက အားပေးကြမှာပဲ။
လိုင်စင်သမားတွေက လိုင်စင်ကြေးကြောင့် ဈေးတက်ယူကြတော့မှာလေ :lol:
Sun, Mar 8 2009 04:53pm MMT 6
Ram
Ram
2590 Posts
Schizo
ဒီလုပ်ငန်းကတော့ တရားဝင်လုပ်ကိုင်ခွင့် ပေးလိုက်သင့်ပါတယ်။

တရားဝင် ခွင့်ပြုလိုက်ခြင်းအားဖြင့် စာရင်းဇယားတွေ အတိအကျ ရရှိလာမှာဖြစ်တဲ့အတွက် အလုပ်သမားတွေကို မတရားမှုတွေကနေ အကာအကွယ်ပေးနိုင်လာမယ်၊၊ အဲဒီအလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စောင့်ရှောက်မှု ပေးနိုင်လာမယ်။ ဒီထက်မက တတ်နိုင်လို့ရှိရင် အဲဒီအလုပ်သမားတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ အသုံးချနိုင်အောင် သင်ပေးပြီး ပိုကောင်းမွန်တိုးတက်တဲ့ လုပ်ငန်းခွင်တွေဆီကိုပါ ပြောင်းရွှေ့ ပို့ဆောင်ပေးနိုင်လာပါလိမ့်မယ်။ နိုင်ငံရဲ့ ကျန်းမာရေး အခြေအနေတွေလည်း တိုးတက်ကောင်းမွန် လာပါမယ်။

အခုလက်ရှိ အခြေအနေကတော့ တရားဝင်ပြည့်တန်ဆာလုပ်ငန်း မရှိဆိုတာပဲ စကားလုံးအနေနဲ့ ရှိတာပါ။ ညဘက် ညဘက် မင်္ဂလာဈေးနား၊ သိမ်ကြီးဈေးနား သွားကြည့်လိုက်ရင် ပွဲတော်ကြီးကို ကျနေတာပဲ။

Sun, Mar 8 2009 04:54pm MMT 7
Ram
Ram
2590 Posts
ချစ်ရအောင်
တရားဝင်၊ မဝင်ပဲ ဝင်ပြောမယ်နော်

စလုံးမှာပေါ့။ အိမ်ကလေးတွေနဲ့ မှန်တွေကာထဲတဲ့ အခန်းမှာ ကောင်မလေးတွေ ရွေးရပါတယ်။ လိုင်စင်နဲ့ပါ။ အချိန်အကန့်အသက်နဲ့ အိမ်သာ၊ရေချိုးခန်း၊လေအေးပေးစက်ကအစ ပါဝင်ပြီးသားပါ။ ကျန်းမာရေး အာမခံချက်ရှိပါတယ်။ အစိုး၇ကိုယ်တိုင် စစ်တာပါ။ တ ဆက်ရှင်(မိနစ်လေးဆယ်လားမသိဘူး :mrgreen: တကယ်မရောက်ဖူးပါ။) ၄၀ ပေးရသည်။ သို့သော် ဝင်ကြည့်ဖူးတယ်။ မြန်မာမလေးတွေ တွေ့ပြီးကတည်းက မသွားတော့ပါ။

အဲအိမ်ကလေးတွေရှေ့က လမ်းပေါ်မှာတင် ကောင်မလေးအလွန် အများအပြားရပ်နေကြသည်။ ထိုသူများသည် လိုင်စင်မဲ့ကလေးတွေပါ။ နောက်နေ့ ၁၁ နာရီအထိကို ကြိုက်တာလုပ်၊ တယောက်ချင်းကို ၁၅၀၊ ၂၀၀ ပါ။ ညနက်လာလို့ မိုးလင်းခါနီးလေ ဈေးကျလေပါ။ ဟိုတယ်ခက ကိုယ်စိုက်ပါ။ သွားလာစရိတ်ရောပေါ့။ ရုပ်ရည်ကအစ အထက်ပါအရည်အချင်း၊ အောက်ပါအရည်အချင်းက လိုင်စင်နဲ့သူတွေထက် သာပါတယ်။ သို့သော် ကျန်းမာရေး အာမခံချက်မရှိ။ လက်ရှိကြားနေရတာတော့ တချို့မြန်မာမလေးတွေ ဒီကို အလည်အပါတ်ဗီဇာနဲ့လာပြီး လုပ်ကိုင်စားသောက်နေကြောင်းပါ။

ဒါတရားဝင်ခွင့်ပြုပြီး တရားဥပဒေတင်းကြပ်တဲ့နိင်ငံမှာ ဖြစ်နေတာပါ။

စကားမစပ် Yishun မှာ ရွှေအိမ်ရှိဆိုပဲ၊ :mrgreen:
Sun, Mar 8 2009 04:54pm MMT 8
Ram
Ram
2590 Posts
အားဟိုင်
စ လုံးကအကြောင်းကြားရတော့၊အရင်တုန်းကအဖြစ်အ
ပျက်ကိုသတိရမိတယ်၊1997လောက်ကပေါ့၊Geylang မှာလျှောက်ကြည့်ရင်း၊မီးလုံးနီလေးထွန်းထားတဲ့အိမ်တအိမ်က
ထွက်ခေါ်တယ်၊မင်းတို့ လူမျိုးမိန်းကလေးရှိတယ်လှုပ်ရှားမလားဆိုပြီးတော့၊ငါတို့ ဘာလူမျိုးလဲ၊မင်းသိလို့ လား၊မေး
တော့၊မင်းတို့ မြန်မာတွေ ငါသိတယ်ဆိုပြီးပြောတယ်။အတူတူပါလာတဲ့သူငယ်ချင်းကဝင်စပ်စုကြည့်အုံးမယ်ဆိုပြီး
၄၀ ပေးဝင်သွားတယ်။မီးနစ်၂၀လောက်နေတော့ပြန်ထွက်လာတော့၊ဘယ်လိုလဲမေးကြည့်တော့။အလကားပါကွာ
ထိုင်းမြန်မာနယ်စပ်မှာနေတဲ့၊မြန်မာလိုမတောက်တခေါက်တတ်တဲ့ ယပလက်မပါတဲ့။အဲဒီတုန်းကတကယ်မရှိခဲ့ပါဘူး။
အခုတော့Tour visa နဲ့ လာတယ်၊လုပ်စားတဲ့ ရွှေအိမ်တောင်ရှိနေပြီဆိုတော့၊ကြားရတာ၊နားဝမှာမချမ်းသာလိုက်တာ။
:o :o
Sun, Mar 8 2009 04:54pm MMT 9
Ram
Ram
2590 Posts
ရစ်ချက်
အဲ့လိုမျိုးတွေရှိပါတယ် ကျွန်တော် Guam ကို ခဏအလုပ်ကိစ္စ နဲ့ ရောက်တဲ့အချိန်တုံးက ကျွန်တော့်အလုပ်က အကောင်တွေက အကုန်လုံးက ယောက်ကျာင်္းလေးတွေကြီးဘဲဆိုတော့ အကုန်လုံးက ကလပ်သွားမယ်ပေါ့ဆိုပြီးတော့ သွားကျပါတယ်။ ကလပ်ရောက်ပြီး သိပ်မကြာခင် နည်းနည်းလေးမှုးလာတော့ အကုန်လုံးက Strip bar ထပ်သွားမယ်တဲ့ကျွန်တော် မရှက်ပါဘူး ကျွန်တော် သူတို့ နဲ့ လိုက်သွားပါတယ်။ အဲ့လဲရောက်ကော မြန်မာမိန်းကလေး သုံးယောက်နဲ့တွေ့ပါလေရော သူတို့က အချင်းချင်း မြန်မာလိုပြောနေလို့ ကျွန်တော် လည်းသူတို့ကို မြန်မာမှန်းသိခဲ့တာပါ။ ကျွန်တော့်လည်း သူတို့ မျက်နှာ မကြည့်ရဲတာနဲ့ ငါဟိုဘက်ကလပ်ပြန်သွားမယ်ဆိုပြီး ဟိုဘက်မှာ ပြန်သွားသောက်နေမိတဲ့ကျွန်တော့်အဖြစ်အပျက်ပါ။ အမေရိကန်ကို ရောက်လာပြီးတော့မှ မြန်မာမိန်းကလေးတွေအဲ့လို ဖြစ်နေတာကို တွေ့ရတော့ ၀မ်းနည်းမိတယ်။ ဘယ်လိုဘဲ ယောက်ကျာင်္းလေးဖြစ်နေပါစေ အဲ့ကိစ္စကြီးကို စိတ်ဝင်စားနေပါစေ တစ်ခြားနိုင်ငံတစ်ခုမှာ ကိုယ့်လူမျိုး မိန်းကလေးတစ်ယောက်အဲ့လို ဖြစ်နေတာကြီးကိုတော့ ကျွန်တော် မမြင်ချင်တာ အမှန်ဘဲ။
Sun, Mar 8 2009 04:56pm MMT 10
Ram
Ram
2590 Posts
ဇိုးဇိုးဇက်ဇက်
ဇွင့်သင့်တာက
၁) လူတိုင်းလိင်ဆက်ဆံမှုနှင့်ဆိုင်တယ်။
၂) လိင်ဆက်ဆံသူတိုင်းဟာ ကိုယ့်အိမ်ထောင်နဲ့သာ ဆက်ဆံတာမဟုတ်။
၃) လိင်ဆက်ဆံမှုကြောင့်ကူးစက်တတ်တဲ့ရောဂါ Sexual Transmitted Diseases/Infectionတွေကပွထနေတာ။
၎) HIV/AIDSလိုရောဂါဟာ ဥပဒေကြောင်းနဲ့ယဉ်ကျေးမှု၊ ဘာသာရေးအတားအဆီးတွေကြောင့် ပိုအခြေအနေဆိုးနေတယ်။ အခုလူတိုင်းအမျိုးသမီးတိုင်းကွန်ဒုံးဆောင်ခွင့်ရှိတဲ့အချိန်တွေမှာ ပြည့်တန်ဆာတွေကို ကွန်ဒုံးတွေ့ရင်ဖမ်းနေတာ၊ သက်သေအနေနဲ့တင်နေတာရှိတုန်း။ စဉ်းစားကြည့် ဒီအချက်က ပြည့်တန်ဆာတွေကို ကွန်ဒုံးမဆောင်ဖို့ တွန်းအားပေးနေတာနဲ့မတူးဘူးလား။
၅)ဗမာလူငယ်တွေရဲ့ပထမဆုံးလိင်ဆက်ဆံမှုက အသက် ၁၃နဲ့၁၈ ကြားမှာစတယ်လို့ဖတ်ရဖူးတယ်။
၆)ယောင်္ကျားလေးတွေရဲ့ပထမဆုံးလိင်ဆက်ဆံဖက်က ပြည့်တန်ဆာတွေနဲ့လို့လည်း သိရပါတယ်။
ရ)သေချာတာက Diseases Control လုပ်ရတာပိုကောင်းတယ်။
ဂ) တိုင်းပြည်အခွန်တိုးတယ်။
၉) Human Trafficking ကိုပိုထိန်းနိုင်တယ်။ ကလေးတွေကို လိင်အမြတ်ထုတ်မှု။ အလွဲသုံးစားလုပ်မှုကို ပိုချုပ်ကိုင်နိုင်တယ်။ Black marketဆိုတော့ အချင်းချင်းအမြတ်ထုတ်တာတွေရှိတယ်။ တချို့မြို့တွေမှာ တကယ့်ကလေးမလေးတွေကို ခိုင်းစားနေတာ။
၁၀) Unwanted Child လို့ခေါ်တဲ့ မမျှော်လင့်ပဲကိုယ်ဝန်ဆောင်ရတာ၊ ကိုယ်ဝန်ဖျက်ချရတာတွေ မိန်းကလေးတွေကြားမှာ လျော့သွားနိုင်တယ်။ သိပ်အများကြီးတော့ မျှော်လင့်လို့မရဘူးပေါ့။
၁၁) မြန်မာ့ယဉ်ကျေးမှုကလည်းလက်ခံတယ်။ အရင်ကလည်းရှိတယ်။ :violin:

မဖွင့်သင့်တာက
၁)ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေစနစ်မကျရင်၊ မထိန်းသိမ်းရင် ပိုဆိုးရွားသွားနိုင်တယ်။
၂)စည်းကမ်းတွေနဲ့တင်းကြပ်ပေးရသေးတဲ့အတွက် Black Market ပေါ်လာဦးမှာပဲ။
၃)မြန်မာ့ယဉ်ကျေးမှုအကြောင်းကိုယ်ကြိုက်သလိုဖွင့်နေတဲ့သူတွေနဲ့ ခေတ်တုန်းတုန်းမှာကျန်နေသေးသူတွေက တားနေဦးမှာပဲ။ :mrgreen:
ဖွင့်မယ်။

Sun, Mar 8 2009 04:56pm MMT 11
Ram
Ram
2590 Posts
Gilgamesh
လုံးဝကို ခွင့်မပြုသင့်ပါဘူး

ဒီကိစ္စက သေနတ်တွေကို တရားဝင်ပေးကိုင်ခြင်းထက်ကို ပိုဆိုးပါတယ် :ugeek:
ခေတ်တုံးတုံးမှာ ကျန်နေလို့ပြောနေတာမဟုတ်ပါ။ ယဉ်ကျေးမှုအရ တားဆီးသင့်တယ်ထင်လို့လည်း မဟုတ်ပါ။

လုံးဝ ပပျောက်သွားအောင်ကို လုပ်သင့်ပါတယ်

ထောက်ခံတဲ့လူတွေကို မေးခွန်းပေါင်းမြောက်များစွာ ချင်ပါတယ် :ugeek:

ပထမဆုံး တရားဝင်ဖွင့် သင့်မသင့် ကိုအရင်ကြည့်ရအောင် :think:
တရားဝင်ဖွင့်လိုက်ရင် ဟိုရှောင်ဒီရှောင် ဟိုလာဘ်ထိုး ဒီလာဘ်ထိုး လုပ်စရာမလိုတော့တဲ့အတွက် ဈေးနှုန်းတွေကျဆင်းလာမယ်
easy to access ဖြစ်လာတဲ့အတွက် အဲဒီကို သွားတဲ့လူအတော်များလာပါမယ်
မရင့်ကျက်သေးတဲ့လူငယ်သွားတာ ပိုများနိုင်ပါတယ်
အသက်မပြည့်သေးတဲ့လူတွေသွားတာလည်းရှိနိုင်ပါတယ်

ဥပမာ အားဖြင့် အရက်ဆိုင်တွေ ဘီယာဆိုင်တွေကို ကြည့်ပါ ...
နေရာတိုင်းမှာ အရက်ဆိုင်တွေပေါလာတဲ့အတွက် သောက်တဲ့လူပိုများလာပါတယ်
ဆိုင်တွေများလာတဲ့အတွက် အပြိုင်အဆိုင်ဈေးလျော့ခြင်းကနေ သောက်သုံးသူပိုများလာပါတယ် :ugeek:

ဒီနေရာမှာ စည်းကမ်းနဲ့ တင်းကြပ်လိုက်ရင် ရနိုင်တယ်လို့ ပြောတဲ့လူတွေရှိကောင်းရှိမယ် :ugeek:
တခြားမကြည့်ပါနဲ့ ဆေးလိပ်ရောင်းတာပဲ ကြည့်ပါ ;)
သက်ဆိုင်ရာက စည်းကမ်းထုတ်ထားတယ် ဆေးလိပ်ကို ဗူးလိုက်ရောင်း တစ်လိပ်ချင်းမရောင်းရ၊ အသက်မပြည့်တဲ့သူမရောင်းရ ဘာညာနဲ့ ဘယ်မှာလိုက်နာကြလို့တုန်း ? လိုက်နာတဲ့ဆိုင်ဘယ်နှဆိုင်များရှိလို့တုန်း ?
စီးပွားရေးသမားတွေအကျင့်များမသိသာကြလို့ အမြတ်ထွက် ပိုက်ဆံရရင်ပြီးတာပဲ ဘာမှမကြည့်ဘူး လစ်ရင်လစ်သလိုရောင်းတာပဲ
အသက်ပြည့်မပြည့် မှတ်ပုံတင်ကို စစ်တဲ့ဆိုင်တွေ့ဖူးလို့လား ကျနော်တော့ လုံးဝမတွေ့ဖူးဘူး :ugeek:
အသက်မပြည့်သေးတဲ့ state ကျောင်းသားလေးတွေ သောက်နေကြတာအများကြီး :?
ထိရောက်စွာအရေးယူ ကြပ်မတ်နိုင်ကြမယ် ထင်လို့လား :!:

ပြည့်တန်ဆာလုပ်ငန်းလည်း ဒီလိုပဲ သွားလိမ့်မယ်ထင်ပါတယ် :ugeek:

ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်ရင်လည်း ခွင့်မပြုသင့်တဲ့အပြင် လုံးဝ တားဆီးသင့်ပါတယ် :ugeek:
ဒီခေတ်ကြီးမှာ လိင်ကနေကူးစက်တတ်တဲ့ရောဂါတွေ တစ်သီတစ်တန်းကြီးရှိပါတယ် (AIDS, ကာလသား, HCV, gonorrhoea ...)
ထောက်ခံတဲ့လူတွေကတော့ အကာအကွယ်သုံးလို့ရတယ်လို့ ဆင်ခြေပေးကြမှာပဲ :ugeek:
အဲလိုပြောတဲ့သူတွေကို မေးခွန်းတစ်ခုပြန်မေးချင်ပါတယ် ;)
`အလွှာပါးပေမယ့် ကမ္ဘာခြားသလိုပါပဲ´ ဆိုတဲ့စကားကို အဲဒီလောကနဲ့ အဆက်အသွယ်များတဲ့သူတွေ ကြားဖူးကြမှာပါ :ugeek:
ပြည့်တန်ဆာတွေဆီကိုသွားတဲ့ လူအများစုက ဘာလို့သွားကြတယ်ထင်လဲ ? :ugeek:
လိင်စိတ်ဖြေဖျောက်ချင်လို့၊ လိင်စိတ်ကိုမထိန်းနိုင်လို့ သွားကြတာမလား ? ;)
အဲ့လို လိင်စိတ်အားသန်နေတဲ့သူတွေက လိင်ဆက်ဆံတဲ့အခါမှာ ရာဘာကွင်းကြီးကို စွတ်ကြမယ်ထင်လို့လား :!: ကျနော်တော့ လုံးဝ (လုံးဝ) မထင် :hand:
ဒီလိုမှမဟုတ်ဘဲသောက်စားမူးရစ်ပြီး အဖော်ကောင်းလို့ သွားကြတဲ့လူတွေက ရာဘာကွင်းကြီးကို စွတ်ဖို့ သတိရကြမယ်ထင်လား ? မူးပြီး သွေးကြွနေတဲ့အတွက် ဖြစ်ချင်ရာဖြစ် နောင်ခါလာနောင်ခါရှင်းဆိုပြီး မစွတ်ဘဲနေတဲ့သူတွေ အများကြီး :hand:
ကျန်းမာရေး အသိပညာနည်းတဲ့သူတွေပေါနေတဲ့ မြန်မာပြည်မှာ လိင်ကကူးစက်တတ်တဲ့ရောဂါကို ကောင်း၂သိတဲ့လူ ကြောက်တဲ့သူ ဘယ်လောက်ရှိမယ်ထင်လို့လဲ :?:

အဲဒီကိုသွားပြီး ရောဂါကူးစက်လာတဲ့သူတွေက အိမ်ထောင်မပြုကြတော့ဘူး လူ့အသိုင်းအ၀ိုင်းထဲ ၀င်မတိုးကြတော့ဘူး ထင်ကြလား :?:
မိန်းမယူကြမယ့်သူတွေချည်းပဲ :roll: အဲဒီအခါ ကိုယ့်မိန်းမ ကိုယ်ချစ်တဲ့သူတွေကို မကူးနိုင်ဘူးလား :?:
ဒီလောက်လွယ်တာ ကွန်ဒုံးသုံးကြမယ်လို့ ပြောတဲ့လူတွေရှိကောင်းရှိမယ် အဲဒီလူတွေက ကလေးမယူတော့ဘူးလား :?:
ယူမယ်ဆိုရင် အကာအကွယ်သုံးလို့မှမရတာ :ugeek: ယူမိတဲ့အခါမှာ သန္ဓေတည်လာတဲ့ အပြစ်မဲ့တဲ့ကလေးလေး တစ်ယောက်ကို လူ့လောကကြီးထဲရောက်ရောက်လာခြင်းမှာ AIDS ရောဂါပေးရက်လို့လား AIDS ရောဂါဖြစ်စေချင်ကြသလား :?:
ကိုယ့်မိန်းမ ကိုယ်ဝန်ရှိပြီး မီးဖွားခါနီးမှာလည်း မီးဖွားပေးတဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို မကူးစက်စေနိုင်ဘူးလား :?:
အရေးအပေါ် ကလေးထွက်လာရင် ဘယ်ကျန်းမာရေးဝန်ထမ်းမှ အကာအကွယ်တွေဝတ်ဖို့ အချိန်ရကြမှာမဟုတ်ဘူး ထွက်တဲ့ကလေးကို အရင်ဖမ်းကြမှာပဲ
လူနာတွေကို ဦးစားပေးတဲ့ ဆရာဝန်တွေကို ဒုက္ခပေးရာ၊ စော်ကားရာ မရောက်ဘူးလား :?:

နောက်ပြီး အပြစ်မဲ့တဲ့သူတွေကို ထပ်ပြီး မကူးစက်နိုင်ဘူးလား :?: အဲဒီအခါကြရင် ကူးစက်ခံရတဲ့ အပြစ်မဲ့သူတွေ အတွက် တရားတယ် ထင်ကြလား :?:
မိမိကိုယ်ယုံကြည်ကြတဲ့ မိသားစုဝင်တွေကို ကူးစက်မိတဲ့အခါမှာ မိမိကိုယ်မိမိ အပြစ်မရှိသလို နေနိုင်ကြမလား :?:
မိမိရောဂါကြောင့် မိသားစုဝင်တွေ မျက်နှာငယ် ဂုဏ်ငယ်ရတာကိုကော ဘယ်လို တာဝန်ယူပေးကြမလဲ :?:
ကူးတော့ကူးလာတယ် ဒါပေမယ့် window period ဖြစ်နေတဲ့အခါ စစ်မိလို့ အဖြေမှာ မရှိဘူး ထွက်လာတဲ့အခါကြရင်ကော ဘယ်လိုလုပ်ကြမလဲ :?:
မသိပဲ သွေးလှူမိရင် ဘယ်လိုလုပ်မလဲ :?: တခြားသူတွေကို ဒုက္ခ ပေးသလိုမဖြစ်နိုင်ဘူးလား :?:
ကူးလာတဲ့သူတွေက မိမိမှာ AIDS ရောဂါရှိကြောင်းသိတဲ့အခါမှာ ငါ့မှာ ဒီရောဂါတော့ရှိနေပြီ သူများကို ဒုက္ခမပေးဘူးလို့ ထင်ကြလား :?: ပြည့်တန်ဆာတွေဆီကို သွားတတ်တဲ့လူတွေထဲမှာ ဘယ်နှယောက်ကများ အကျင့်စာရိတ္တကောင်းပြီး သူများမကူးအောင်နေကြမယ်ထင်လား :?: နောက်ဆုံးဘယ်သူမှ ဒုက္ခမပေးရင်တောင်မှ ပြည့်တန်ဆာဆီသွားဦးမှာပဲ :ugeek: အဲဒီကနေတဆင့် ရောဂါမရှိသေးတဲ့ပြည့်တန်ဆာတွေကို ကူးမယ် အဲဒီကနေ ထပ်ထပ်ထပ်ပြီး ကူးကြမယ်
AIDS ကိုဘယ်လိုမှ တားဆီးလို့ရမှာကို မဟုတ်တော့ဘူး

နောက်နောက်ဆုံး အပေါ်က ပြောတာတွေကို မလုပ်ဘူး ထားဦး :think:
ကိုယ် မတော်တဆထိခိုက်မိလို့ ခန္ဓာကိုယ်ထဲကသွေးတွေ အပြင်ထွက်လာတယ် ဒါမှမဟုတ် secretion တစ်ခုခုထွက်လာတယ်ဆိုရင်
ကိုင်မိတဲ့သူတွေအတွက် အန္တရာယ် မရှိနိုင်ဘူးလား :?:
ဆင်ခြေပေးချင်တဲ့သူတွေကတော့ လက်အိတ်တွေ ၀တ်လို့ရတယ်ပြောဦးမှာပဲ :think:
အရေးပေါ်အခြေအနေတစ်ခုမှာ အဲ့ဒီလိုဝတ်ဖို့ အချိန်ရမယ်၊ အနီးအနားမှာ လက်အိတ်တွေရှိကြမယ် ထင်လို့လား :?:
မိမိကိုယ်ချစ်တဲ့သူတွေက ကိုယ်တစ်ခုခုဖြစ်တဲ့အခါမှာ ကိုယ့်ကို အရင်မပြုစုမီ လက်အိတ်ဝင်ကြမယ်၊ လက်အိတ်ဝင်ဖို့ သတိရမယ် ထင်ကြလို့လား :?:
အဲဒီအခါကြရင် တခြားအပြစ်မဲ့သူတွေကို မကူးစက်နိုင်ဘူးလား :?:

ရောဂါဖြစ်တဲ့သူတွေက ရောဂါမဆိုးခင်မှာကြတော့ ပုံစံက တစ်မျိုး ရောဂါက ဆိုးလာပြီး ကိုယ်ခံအားတွေကျလာတဲ့အခါကျတော့ မျက်နှာလေးတွေက သနားစရာ အပြစ်မဲ့သလိုလိုပုံတွေချည်းပဲ သူတို့ပဲ မဟုတ်သလိုလို :ugeek:
ဆရာဝန်တွေက အဲ့လိုလူတွေကို မသနားပေမယ့် လာပြရင်တော့ ဆရာဝန်ဝတ်တရားအရ အကောင်းဆုံး ကုသပေးကြရတာပဲ ;)
နဲ၂လေး ပြန်ကောင်းပြီး ဆေးတွေဆက်သောက်ရမယ် မပြတ်ရဘူး ဆေးတွေအလကားပေးမယ်လို့ ပြောတာတောင် ဆေးသောက်ပျက်လို့ သေကြတဲ့သူတွေ အများကြီး :?

AIDS နဲ့ တီဘီရောဂါတိုက်ဖျက်ရေးတွေ မအောင်မြင်နေတာ ကျန်းမာရေး တာဝန်ရှိသူတွေ မလုပ်လို့မဟုတ်ဘူး
အကြောင်းရင်း တစ်ခုပဲရှိတယ် လူတွေကိုက ဘယ်လိုပညာပေးပေး မလိုက်နာကြလို့ပဲ :!:

(မှတ်ချက်။ စကားရည်လာလုခြင်းမဟုတ် ပြောသင့်သည်ထင်သောကြောင့် ၀င်ပြောခြင်းဖြစ်သည်)

Sun, Mar 8 2009 04:57pm MMT 12
Ram
Ram
2590 Posts
ရစ်ချက်
အင်း မောင်ရင်က ဒီက လူငယ်တွေကို မတွေ့ဘူးဘူးကို သူတို့မှာ အသက် ၂၁ နှစ်မပြည့်ရင် အရက်သောက်ပိုင်ခွင့်မရှိသလို ၁၈ နှစ်မပြည့်ရင် ဆေးလိပ်သောက်ပိုင်ခွင့်မရှိပါဘူး အရက်ဝယ်လည်း ဆိုင်က အိုင်ဒီသေချာတောင်းပါတယ်။ အသက်ငယ်တယ်လို့ထင်ရင် နောက်ပြီး နိုက်ကလပ်တွေကလည်း ၂၁ နှစ်အောက်တွေကို ပေးမ၀င်ပါဘူး။ သေချာအိုင်ဒီတောင်းပါတယ်။ အိုင်ဒီအတုနဲ့ဝင်တာကတော့ချွင်းချက်ပေါ့နော်။

၂၁ နှစ်မပြည့်ဘဲ အရက်သောက်နေရင် ရဲကလာဝင်ဖမ်းပါတယ်။ ၁၈ နှစ်မပြည့်ဘဲ ဆေးလိပ်သောက်နေတာမြင်ရင် ရဲက လာဝင်ဖမ်းပါတယ်။ ရဲမြင်ရင်ပြောတာနော်။ အသက် ၂၁ နှစ်မပြည့်သေးတဲ့လူနဲ့ အရက်သောက်နေရင် အတူတူသောက်နေတဲ့လူက အသက် ၂၁ နှစ်ထက်ကြီးရင် အဲ့လူကို ထောင်ချပါတယ်။ မိုင်နာနဲ့ အရက်အတူတူသောက်လို့ပါ။ နောက်ပြီးတော့ ဆိုင်တွေမှာ ည ၁၀ နာရီကျော်ရင် အရက်ဘီယာလုံးဝရောင်းချပိုင်ခွင့်မရှိပါဘူး။ တချို့ရောင်းတဲ့ဆိုင်တွေကလည်း ဒိုင်ရှိုလေး ဘဲ ရောင်းကျပါတယ်။ ဒါပေမဲ့ ရောင်းတာကို ရဲတွေ့ရင် ဆိုင်ပိတ်သိမ်းခံရပါတယ်။ မိုင်နာတွေက ဆေးလိပ်ဘီယာဝယ်ခိုင်းလို့ ၀ယ်ပေးရင်လည်း ၀ယ်ပေးတဲ့လူကို ရဲက မိရင် ထောင်ချပါတယ်။

ဒီမှာက ရဲမှားလဲ ရဲကိုထောင်ချပါတယ်။ ဘယ်သူမှားမှား မှားတဲ့လူကိုထောင်ချပါတယ်။ ဥပဒေရဲ့ အထက်မှာဘယ်သူမှ မရှိပါဘူး။ လက်တွေ့ကျကျအလုပ်လုပ်နေကျပါတယ်။ ပါးစပ်ပြောမဟုတ်ဘူးဆိုတာ မောင်ရင်သေချာသိစေချင်တယ်။

ပြည့်တန်ဆာလုပ်ငန်းဆိုလဲ ဒီလိုဘဲ သူတို့က တရားဝင်လိုင်စင်နဲ့ဖွင့်ခွင့်ပေးထားတယ် ဒါပေမဲ့ အဲ့ဖွင့်ခွင့်ပေးတဲ့နေရာမှာဘဲ လုပ်ရတယ် လမ်းမတွေပေါ်မှာ ကလိုင်းရင့်ကို ရှာနေတာတွေ့ရင် ရဲက ဖမ်းတော့တာဘဲ။ ဖမ်းပြီးတော့ သူတို့ အပြစ်ကင်းတယ်ဆိုတာ သက်သေပြနိုင်မှ ပြန်လွတ်ပေးပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားဝင်ခွင့်မပြုလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်နေကျရတာဘဲ။ တရားဝင်ခွင့်ပြုပြီးတော့ မှတ်ပုံတင်ပြီး ကျန်းမာရေးသင်တန်းကို အဓိက ဟောပြော ပညာပေး စည်းကမ်းတကျနဲ့ ဆေးမှန်မှန်စစ် ပြီးတော့ လုပ်ကိုင်ခွင့်ပေးထားတဲ့နေရာမှာ လုပ်ကိုင်သင့်တယ်လို့တော့ အကြံပေးချင်တယ်။
Sun, Mar 8 2009 04:57pm MMT 13
Ram
Ram
2590 Posts
နေမင်း
အနဲဆုံး တရားဝင်ခွင့်ပြုခြင်းအားဖြင့် ပြည့်တန်ဆာတွေ အတွက် ပိုပြီး လုံခြုံမူရှိပါတယ်။ အနိုင်ကျင့်ခံရမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ လျော့နဲသွားနိုင်တယ်။ နောက်ပြီး အသိပညာရှိတဲ့လူတွေ၊ ပညာတတ်တွေအတွက်လဲ အဲဒီကိုသွားချင်ရင် စိတ်ချယုံကြည်စွာ သွားလို့ရတယ်။ နောက်ပြီး တရားဝင်ဖြစ်တဲ့အတွက် ရဲဝင်စစ်တာတွေ၊ ဖမ်းတာတွေအတွက်လဲ မစိုးရိမ်ရတော့ဘူး။ နောက်ပြီး တရားဝင်ဖြစ်တဲ့ အတွက် ဈေးနှုန်းလဲ သပ်သပ်မှတ်မှတ်လေးရှိလာမယ်။ ၆လ တစ်ခါ ဆေးစစ်ရတဲ့အတွက် အနဲဆုံး ကူးစက်ရောဂါတွေဖြစ်ပွားမှုကို လျော့ကျစေနိုင်တယ်။ ကူးစက်ရောဂါဖြစ်ခဲ့ရင်တောင် အချိန်စောစွာသိတဲ့အတွက် ရောဂါကိုဦးစွာ တားဆီးနိုင်တယ်၊ ကုသနိုင်တယ်။ တရားဝင်လုပ်ငန်းတွေမှာ ကွန်ဒုံးကိုမသုံးမနေသုံးရပါတယ်။ မသုံးရင်လက်မခံပါဘူး။ ကိုဂျီပြောသလို အစွပ်ကြီးနဲ့ဆိုတော့ မကောင်းဘူးဆိုတာလဲမှန်ပါတယ်။ ဒါပေမဲ့ အသိပညာ မရှိတဲ့လူ၊ မိုက်မဲတဲ့လူတွေဘဲ လုပ်ကျတာပါ။ အကာအကွယ်သုံးပြီး လုပ်တဲ့လူတွေလဲ အများကြီးရှိပါတယ်။ နောက်ပိုင်းကျရင် အကာအကွယ် မသုံးတဲ့လူတွေတောင် တရားဝင်ဖွင့်ထားတဲ့ နေရာတွေရှိရင် အဲဒီကိုဘဲလာကျမှာပါ။ :P

Sun, Mar 8 2009 04:58pm MMT 14
Ram
Ram
2590 Posts
Gilgamesh
သူများနိုင်ငံမှာ ဘယ်လိုဘယ်လို ပြောနေတဲ့သူတွေကို ဥပမာ တစ်ခုပဲပေးချင်တယ် :ugeek:

အနောက်နိုင်ငံက ကွန်ဒုံးကို ဒီကကောင်တွေ စွတ်ရင် တော်မယ်ထင်လား :?:
ဘယ်တော်မှာတုန်း :!: ကြီးနေတာကိုး ချောင်တောင်ချောင်နေမှာ :lol:

အဲ့လိုပဲ သူများဆီမှာ ရတိုင်း ကျနော်တို့ မြန်မာမှာ သင့်တော်မယ်ထင်လို့လား ;)
တာဝန်ရှိလူတွေဘယ်လိုကြိုးစား ကြိုးစား ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုအားကုန်ထုတ်ထုတ်
အဓိက ဖြစ်တဲ့ ပြည်သူလူထုက တိုက်ဖျက်ဖို့မကြိုးစားပဲ နေမှတော့ ဘယ်လိုအောင်မြင်မလဲ :?:
ပြဿနာအရင်းခံကိုသိမှတော့ ဖြေရှင်းဖို့မကြိုစားပဲ လမ်းလွှဲပြီး အခြားဆင်ခြေတွေပေးပြီး ပြည့်တန်ဆာလုပ်ငန်းကို ဖွင့်ခိုင်းမယ်ပေါ့ :!:

အစကတော့ ဆက်ပြောချင်စိတ်မရှိပေမယ့် အခုတော့ ဖိုရမ်ထဲက လူကြီးတွေကိုယ်တိုင်တွေက အတွေးအခေါ်တွေ မှားယွင်းနေတော့ ကျနော် အနိုင်ရတဲ့အထိကို ပြောသွားမှာပါ ဖိုရမ်က လူတိုင်းကို အတိုက်အခံပဲလုပ်ရလုပ်ရ လွှဲချော်နေတဲ့အတွေးအခေါ်တွေကို ရအောင် တိုက်ဖျက်မယ် :ugeek:

Sun, Mar 8 2009 04:59pm MMT 15
Ram
Ram
2590 Posts
Gilgamesh
မဟုတ်ဘူး ခင်ဗျားတို့ပြောနေတဲ့ ကာကွယ်ပေးမယ်ဆိုတာကမှ မဖြစ်နိုင်တာ
အခုလို ပေးမဖွင့်တဲ့အတွက် နေရာက ဒီလောက်ပဲရှိသေးတာ
ပေးဖွင့်လိုက်ရင် နေရာတွေ များလာမယ် အဲ့ဒီများပြားလာမဲ့ နေရာတွေက ပြည့်တန်ဆာတွေကို ထိန်းမယ် ကာကွယ်မယ်ဆိုတာကရော ပိုပြီး အိပ်မက်မဆန်ဘူးလား :?:
တရားဝင်ပေးဖွင့်လိုက်ရင် နောက်ထပ် ပြည့်တန်ဆာတွေ ထပ်မလာနိုင်ဘူးလား
လွယ်၂ရရင် လူတိုင်းလုပ်ကြမှာပဲ ... ခဏတာ ငွေကြေးကြပ်တည်းတာတွေကို အဲ့ဒီလိုနည်းနဲ့ မှားပြီး ဖြေရှင်းမိတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကျရင် ဘယ်လိုလုပ်မလဲ :?: ကိုယ့်ညီမတွေ အဲ့ဒီထဲပါသွားစေချင်လို့လား :?:
မိဘတွေဘက်ပြန်ကြည့်ဦး :!: ကိုယ့်သမီးတွေကို ကိုယ်သောက်သုံးမကျလို့ ပိုက်ဆံမထောက်နိုင်လို့ ငါ့သမီး ပြည့်တန်ဆာလုပ်နေရပါလား လို့ ကိုယ့်မိဘတွေကို ခံစားစေချင်လို့လား မိဘမျက်ရည်ကျအောင် လုပ်တဲ့သားသမီးတွေ ဘယ်တော့မှမကြီးပွား မချမ်းသာဘူး နောက်ဘ၀လည်း ၀ဋ်ခံရဦးမှာပဲ :ugeek:

အခုက ပြောနေတာ ယောက်ျားတွေဘက်ကကြည့်လို့
မိန်းမတွေဘက်ပြန်ကြည့်ဦး
ခင်ဗျားတို့သာ မိန်းမတွေဖြစ်နေရင် ကိုယ့်ယောက်ျား ကိုယ်နဲ့အတူမနေပဲ ပြည့်တန်ဆာဆီသွားမယ်ဆိုရင်တော့ ခွင့်လွှတ်နိုင်လား ခွင့်ပြုနိုင်မလား
သဘောထားကြီးနိုင်မလား :?: ယောက်ျားတွေပဲ လိင်အတ္တကြီးပြီး ပြည့်တန်ဆာတွေဆီ သွားချင်နေတယ် :!:
Sun, Mar 8 2009 04:59pm MMT 16
Ram
Ram
2590 Posts
နေမင်း
တရားဝင်ခွင့်ပြုပြု၊မပြုပြု ပြည့်တန်ဆာဆီ သွားတာက သွားတာပါဘဲ။ တရားဝင်ခွင့်ပြုထားတဲ့နေရာ၊ ဆေးစစ်ဆီကို သွားတာကမှ အိမ်ကမိန်းမတစ်ယောက်အနေနဲ့ သူယောကျာ်းကို ပိုပြီးစိတ်ချလို့ရနိုင်ပါသေးတယ်။ တရားဝင်ပေးဖွင့်လိုက်လို့ နောက်ထပ် ပြည့်တန်ဆာတွေလဲ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အရင်ထက်ပိုပြီး စိတ်ချ၊ ယုံကြည်လို့ရတဲ့သူတွေ ဖြစ်လာမှာပါ။ :P

Sun, Mar 8 2009 05:00pm MMT 17
Ram
Ram
2590 Posts
ဝေယံ
စာတွေကို အစ အဆုံး အေးအေး ဆေးဆေး ဖတ်သွားပါတယ်။ နာရီဝက်လောက်ကြမယ်..
အချို့ စာတွေကို အပြန်ပြန်အလှန်လှန် ထပ်ဖတ်မိတယ်။ ဝေယံ့သဘော ဘယ်လို ဆိုတာကတော့ ဝေယံ thank လုပ်ထားတဲ့ လူတွေကို ပို့စ်တွေကို ကြည့်လိုက်ပေါ့။ စီရေးကလူတွေ တော်တော် ပြောနိုင် ဆိုနိုင်ကြတာပဲ။ ချီးကျူးပါတယ်။ ဝေယံပြန်စာရေးဖို့ကတော့ ဝေယံ့လို ဉာဏ် နုံ နဲ့တဲ့လူေ၇းလိုက်ရင် ရေးတဲ့စာကို နင်းပြီး ပြောနေမှာကို ကြောက်မိတယ်။
တရားဝင်ခွင့်ပြုတယ် မပြုဘူး ဆိုတာ....
အခုရော.. ဒီလုပ်ငန်းက တရားဝင်ခွင့်မပြုဘူး ဖမ်းတယ် ဆိုနေပေမယ့် ဘယ်မှာ အဖမ်းခံရတာရှိလို့လဲ..။ အဟင်း.. ဆက်ပြောရင် နော်ငေါ်ရော်တွေ ပေါ်လစီ မလွတ်လောက်တော့ဘူး။
ပြီးခဲ့တဲ့ သောကြာနေ့က STI campaign က ဆရာက စာလာသင်တယ်။ ရဲက ဖမ်းတယ်။ ငါတို့ တစ်တွေက သူတို့ကို ကွန်ဒုံးသုံးအောင် HE ပေးရတယ်။ ကဲ.. ဆန့် ကျင်သလိုကြီး ဖြစ်မနေဘူးလား။ အားပေးရာ ရောက်မနေဘူးလားတဲ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဒီလုပ်ငန်းက ဟိုးရှေးရှေးကတည်းက ပေါ်ခဲ့တာကိုး။ ဒီလုပ်ငန်းသာ တရားဝင် ဖြစ်သွားရင် တို့ နိုင်ငံလဲ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ ကြီး ဖြစ်ပြီ။
အပေါ်မှာ ပြောခဲ့ကြတဲ့ အကိုတော်များက မြန်မာနိုင်ငံမှာ နေကြတာ မဟုတ်ဘူးထင်တယ်။ နိုင်ငံ တကာမှာ ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးနေတဲ့ ဟာတွေကို ပဲ မြင်ကြတာကိုး..။ ကွန်ဒုံးဆောင်ထားတာတွေ့တိုင်း မဖမ်းပါဘူးကွယ်။
ဆေးကျောင်းသားတွေနဲ့ ဒီဇယားတွေနဲ့ ဆိုတာ ဖရီး ရှော့ တွေပါ။ သူတို့ကို ပညာပေးချင်ရင် ကွန်ဒုံးသုံးစေချင်ရင် အကောင်းဆုံး နည်းလမ်းက Psycho သုံး ဖို့ပါပဲ။ သူတို့ နဲ့ တွေ့တယ်။ စည်းရုံးတယ်။ ဒီလို လုပ်ဖို့ အတွက်ကိုလဲ နယ်မြေခံ ရဲတပ်ဖွဲ့ကို ကြိုတင် အကြောင်းကြားထားရသေးတယ်။ တော်ကြာ စိတ်ပေါက်ပေါက်နဲ့ ဖမ်းရင် ကိုယ်ပါသွားမှာ စိုးလို့။
ရှေးတုန်းက ဘုရင့် တွေ လက်ထက်က ဒီလုပ်ငန်း တရားဝင် လုပ်ခဲ့ကြပါတယ်။ အခြားမကြည့်နဲ့ မဟောသဓ ဇာတ်တော်ထဲမှာပါတယ်။
ဘုရားဟောတွေထဲမှာပါတယ်။
ဒါပေမယ့်ကွယ်.. အဲ့ဒီ တုန်းက လူတွေနဲ့ အခုခေတ်လူတွေနဲ့ တူကြသေးလို့လား..။
တရားဝင်သာ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ... အင်းး.. .. :doh: နှာစေးနေတယ်နော်.. ချဂါး လာမကြောကြနဲ့..

Sun, Mar 8 2009 05:00pm MMT 18
Ram
Ram
2590 Posts
စကိုင်းနက်
မဖွင့်သင့်ဘူးဆိုပေမယ့် လူရှိရင် ပြည်တန်ဆာ ရှိတယ် ဆိုတဲ့အတိုင်း
လူဆိုတဲ့ သတ္တ၀ါရှိတဲ့ အရပ်ဒေသတိုင်းလိုလို အဲဒီ ပြည့်တန်ဆာတွေ ရှိနေတယ်။
သူတို့ တွေ အစွပ်မသုံးရတဲ့ အကြောင်းက ၂ ချက်ရှိသေးတယ်။

၁။အစွပ်သုံးရင် နာလို့ ဆိုပြီး မခံနိုင်တဲ့သူရှိချင်ရှိမယ်။
၂။customer တွေက အစွပ်မသုံးချင်တာနဲ့ အတင်းလုပ်လို့ လိုက်လျောရတာတွေလဲ ရှိမယ်။

ဘာသာရေးအရတော့ လုံးဝဖွင့်ဖို့ မသင့်ဘူး။ ဒီကိစ္စက ဘုရားလက်ထပ်မှာထဲက ရှိခဲ့ပေမယ့်
မြတ်စွာဘုရားကလဲ ဒီပြည့်တန်ဆာ လုပ်ငန်းကို မလုပ်ရဘူး။ လုံးဝ မလုပ်ရဆိုဘူး ပိတ်ပင်မသွားဘူး။
ဘာသာရေးအရ ထိန်းသိမ်းတဲ့ သဘောလောက်ပဲရှိမယ်။ ရှိခဲ့တယ်ဆိုရင်လဲ သိတဲ့သူတွေပြောပြပါ။မသေချာလို့ ။

အမှန်အတိုင်းပြောရရင် ဒီလုပ်ငန်းကို ပိတ်ဖို့ ဆိုတာလဲ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ဘူး။
တခြားနိုင်ငံမှာ ခုချက်ချင်း ပိတ်လို့ ရချင်ရမယ်။မြန်မာမှာ မရဘူး။
ဘာလို့ လဲဆိုတော့ တခြားနိုင်ငံတွေမှာက မြန်မာပြည်ထက် sex ကို အလွယ်တကူရနိုင်ပါတယ်။
သိပ်တော့ မလိုတော့ပါဘူး။မြန်မာပြည်ကလဲ အမီလိုက်နေပါပြီ။ ကျန်တာတွေတာ လိုက်မမီရင်နေမယ် ။ဒါမျိုးတွေတော့ မီအောင်လိုက်ကြမှာပါ။

ပိတ်လို့ မရမဲ့ အတူတူ တရားဝင်ဖွင့်ပြီး ထိန်းချုပ်တာ ပိုမကောင်းဘူးလား

Sun, Mar 8 2009 05:01pm MMT 19
Ram
Ram
2590 Posts
ဧပရယ်လ်ဖူး
ဒီကိစ္စကို ပိတ်ဖို့ဆိုတာကတော့ လေထဲတိုက်အိမ်ဆောက်သလိုဘဲနေမှာဘဲ။ ဟိုးပဝေဏသီကတည်းက ရှိနေတဲ့လုပ်ငန်းတခု နောင်လည်း ရှိသွားမယ့်လုပ်ငန်းတခုဘဲ။ ပိတ်ဖို့ဖွင့်ဖို့ပြောနေရင်း တော့ပစ်ချော်သွားဦးမယ်။

ကျမကတော့ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးပြီး ဖွင့်ဖို့သင့်တယ်လို့ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းကြီး ဖွင့်ပေးလိုက်လို့မပြောလိုဘူး။ (စာနည်းနည်းရှည် လျှာနည်းနည်းရှည်မှာမို့ သေချာဆုံးအောင် စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်ပါတယ်။)

ကျန်းမာရေးပညာပေးဆိုတာ လူတိုင်းသိမှာပါ။ အထူးသဖြင့် သားဆက်ခြားရေးတို့ HIV/AIDS ပညာပေးတို့ ကျောင်းကျန်းမာရေးပညာပေးတို့ဆိုတာ လူတိုင်းကြားဖူးမှာပါ။ မြန်မာနိုင်ငံမှာ အထက်တန်းထိ AIDS နဲ့ ပါတ်သတ်တဲ့ပညာပေးမျိုးတခါမှ မတတ်ဖူးဘူး။

ကျမတို့နဲ့ နီးနီးလေး ကပ်နေတဲ့ ထိုင်းနိုင်ငံကို ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ် 20 ကျော်တုန်းက HIV မှာ WHO ကပေးထားတဲ့ နံပါတ် 1 နေရာရထားပေမဲ့ ခုချိန်မှာ တခြားနိုင်ငံတွေကတောင် သူ့ကို စံနမူနာထားရတဲ့အခြေနေရောက်အောင် ကြိုးစားခဲ့ပါတယ်။

သူတို့ဘယ်လိုလုပ်ခဲ့လည်း ......?

GO (အစိုးရ) တွေချည်းဘဲ လိုက်လုပ်လို့မနိုင်တာမို့ သူတို့ NGOs တွေကို လမ်းဖွင့်ပေးခဲ့တယ်။ နိုင်ငံတကာ အကူညီတောင်းတယ်။ သူတို့ AIDS ပညာပေးတွေလုပ်တယ် အထက်တန်းကျောင်းတွေမှာကအစ လိုက်လုပ်တယ်။ AIDS တကယ်ဖြစ်နေတဲ့လူတွေကိုပါ ခေါ်သွားတယ်။ တကယ်ဖြစ်နေတဲ့လူတွေကလည်း ကျမတို့ ဒီလိုဖြစ်ခဲ့ပါတယ်ဆိုပြီး ထွက်ပြောရဲကြတယ်။ Positive ဖြစ်နေတဲ့လူတွေကိုလည်း အားပေးမှုတွေလုပ်တယ်။ လူ့အသိုင်းဝိုင်းနေ ဖယ်မထားဘူး ကျဉ်မထားဘူး။ ဂရုဏာထားပေးတယ်။ ရွာပြင်ထုတ်မထားဘူး။ ဖြစ်တဲ့လူတွေအခြင်းခြင်း exchange တွေလုပ်တယ်။ အခြင်းခြင်းအားပေးတယ်။ HIV/AIDS ပညာပေးတွေ လိုက်လုပ်တယ်။ မကူးစက်အောင် သူတို့ဘယ်လိုနေရမယ်ဆိုတာသိတယ်။ သိအောင်လည်း လုပ်ပေးတယ်။ ဖြစ်နေတဲ့လူတွေကလည်း တခြားလူတွေကို မကူးအောင် နေတတ်တယ်။ အခြင်းခြင်းစိတ်ပူပေးကြတယ်။

ပြည်တန်ဆာလုပ်နေတဲ့ကောင်မလေးတွေဆီ ချည်းကပ်တယ်။ 6လတကြိမ် ဆေးအလကားစစ်ရတယ်။ ဆေးစစ်ပြီး အောင်လက်မှတ်မရှိရင် အဲ့ဒီလုပ်ငန်းကို ပေးမလုပ်ဘူး။ ကြောက်စရာကောင်းတဲ့ ဓါတ်ပုံတွေပြတယ်။ ပညာပေးတွေလုပ်တယ်။ တနည်းမရရင် တနည်းနဲ့ ကြိုးစားပြီး အသိပညာ သူတို့ ခေါင်းထဲရောက်အောင် ပို့ပေးတယ်။ ကြောက်အောင် ပြောပြတယ်။ ပညာပေး စာရွက်တွေဝေတယ်။ ကွန်ဒုံတွေ အလကားဝေတယ်။ ကွန်ဒုံမသုံးရင် မကျေနပ်ရင် ရဲကို ဖုန်းဆက်တိုင်ဖို့ အားပေးတယ်။ ချက်ခြင်း အရေးယူမှုတွေ အနည်းဆုံး ထောင်ထဲမှာ ညအိပ်ရတာတွေ ရှိလာတယ်။ ပြည်တန်ဆာလုပ်နေတဲ့ ကောင်မလေးတွေကို အရေးတယူဘဲ ဆက်ဆံတယ်။ အားပေးတယ်။ လူ့အသိုင်းဝိုင်းနေ ဖယ်မထားဘူး။ တန်းတူနေခွင့်ပေးတယ်။ အခြောက်တွေကို လူရာသွင်းတယ်။ ပညာပေးတယ်။ (အဲ့ဒီမှာ ပြဿနာတခုက အုံပုန်းမဟုတ်တဲ့အခြောက်တွေကိုဘဲ ရှာနိုင်ပေမဲ့ အုံ့ပုန်းတွေကို မရှာနိုင်သေးတာဘဲ။)

ခုထိ ထိုင်းနိုင်ငံမှာ AIDS လူဦးရေ များနေတာဟာ ဟိုးအရင်က လက်ကျန်တွေပါ။ အသစ်ထပ်ဖြစ်တဲ့ လူရာခိုင်းနှုန်းက သိသိသာသာကို ကျဆင်းသွားပါပြီ။

အထက်ပါ ထိုင်းနိုင်ငံ အကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO (World Health Org) နှင့် Time News ကို ကိုးကားပြီးပြောပါတယ်။
Code:
http://www.time.com/time/magazine/article/0,9171,662826,00.html
http://www.who.int/inf-new/aids1.htm
http://www.who.int/globalatlas/predefinedReports/EFS2008/short/EFSCountryProfiles2008_TH.pdf


ကျမတို့ နိုင်ငံမှာ ပြည်တန်ဆာလုပ်ငန်းကို တရားဝင်ဖွင့်ပေးသင့်ပါတယ်။ ဖွင့်ပေးပြီးရင် လုပ်ရမဲ့ အရေးကြီးတဲ့ အချက်တွေက

- HIV/AIDS ပညာပေးသင်တန်းတွေ နေရာအနှံ့ လိုက်လုပ်ရပါမယ်။ အစိုးရနဲ့ဘဲ မနိုင်ရင် အကူညီတွေ ယူရပါမယ်။

- Culture တော်လှန်ရေး (ဒါမှမဟုတ် စိတ်ဓါတ်တော်လှန်ရေးလို့ခေါ်ရမလား လူ့ပါတ်ဝန်းကျင် ပညာပေးရေးလို့ခေါ်ရမလားတော့မသိဘူး ) ပြည့်တန်ဆာလုပ်တဲ့အမျိုးသမီးတွေကို ပါတ်ဝန်းကျင်က ရှုံချတာမျိုး AIDS ဖြစ်နေတဲ့လူတွေကို ရွာပြင်ထုတ်ထားမျိုးတွေ မလုပ်ဘဲ လူသားဆန်စိတ်၊ ကျန်းမာရေး အသိပညာအပြည့်နဲ့ ကိုယ့်ဟာကိုယ်အန္တာရယ်မဖြစ်အောင် ကာကွယ်ပြီး လက်တွဲကူညီမှုတွေ လုပ်ပေးဖို့ နားလည်အောင် စည်းရုံးရပါမယ်။



ကျမတို့ မြန်မာနိုင်ငံမှာ ပြည်တန်ဆာလုပ်ငန်းကို တရားဝင်ဖွင့်ပေးလိုက်ရင်...

1. လုပ်ငန်းပိုင်ရှင် လိုင်စင်လုပ်ရမယ်။ (ပိုင်ရှင်တွေ မညစ်ပါတ်နိုင်အောင်)
2. အလုပ်လုပ်မဲ့ အမျိုးသမီးကအစ လိုင်စင်လုပ်ရမယ်။ ပညာပေးတွေလုပ်ပြီး ဆေးအောင်ပြီးမှ လိုင်စင်ချပေးမယ်။
3. အစိုးရက လုပ်တာမို့ ပိုပြီး စီစစ်နိုင်မယ်။ သန့်ရှင်းမှု၊ ဈေးနှုန်းကအစ သတ်မှတ်ပေးနိုင်မယ်။
4. တရားဝင်စည်းကမ်းတွေ ပြထန်းနိုင်မယ် (ဘယ်နှစ်လတကြိမ် ဆေးစစ်ဖို့တို့၊ ကွန်ဒုံးမသုံးရင် ရဲကိုတိုင်ဖို့တို့၊ 21နှစ်အောက် ခွင့်မပြုဖို့)
5. အစိုးရက အချိန်မရွေးဝင်စစ်နိုင်မယ်။
6. တရားဝင်လိုင်စင်မရှိဘဲ လုပ်နေတဲ့လူတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ်။
7. နေရာနဲ့ ဦးရေ အတိအကျသိတဲ့အတွက် ကျန်းမာရေး ပညာပေးတွေ ပိုလုပ်လာနိုင်မယ်။
8. ကျန်းမာရေးအာမခံရှိတာကြောင့် သုံးစွဲသူဟာ အာမခံရှိတဲ့နေရာတွေမှာဘဲ ပိုမိုသုံးစွဲလာမယ်။
9. easy to access ဆိုတာမှန်ပေမဲ့ ကျန်းမာရေး ပညာပေးအသိရှိတဲ့လူတွေဟာ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေ သိလာပြီး၊ အမျိုးသမီးတွေကလည်း ကွန်ဒုံသုံးဖို့ ဖိအားပေးလာကြမှာပါ။

ကျမပြောနေတာ အိမ်မက်တွေကို ပြောနေတာမဟုတ်ဘူးနော်။ တကယ် လက်တွေ့လုပ်နေတဲ့ တကယ်လက်တွေ့လုပ်နိုင်တဲ့ အကြောင်းရာတွေကို ပြောနေတာ။
တရားဝင်လိုင်စင်ပေးလိုက်ရင် ကောင်းလာမဲ့ ကောင်းကျိုးတွေ များကြီးပါဘဲ။ ဒါပေမဲ့ နိုင်နိုင်နင်းနင်း ပညာပေးဖို့လိုပါတယ်။ ကျမတို့ နိုင်ငံမှာတော့ မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်နိုင်သေးတာဆိုရင် ပိုလက်ခံချင်စရာကောင်းပါတယ်။ ခုချိန်မှာ မဖြစ်နိုင်သေးတာပါ။ နောင်တချိန်မှာ ဖြစ်လာနိုင်ပါတယ်။ ကျမကလည်း ခုချက်ခြင်းကြီး တရားဝင်ခွင့်ပြုလိုက်ဖို့ မဆိုလိုပါဘူး။ evolution ပေါ့။ တဆင့်ပြီး တဆင့်ပေါ့။

ခုမြန်မာနိုင်ငံရဲ့ လက်ရှိတရားဝင်ထုတ်ပြန်တဲ့ AIDS စာရင်းဟာ အမှန်မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ အသက်အာမခံ ကျန်းမရေးအာမခံတွေရှိတယ်။ အဲ့ဒါတွေမလုပ်ခင်ဆေးစစ်ရတယ် လုပ်ပြီးလည်း တနှစ်တခါဆေးစစ်ရတယ်။ အလုပ်လုပ်ဖို့လည်း ဆေးစစ်ရတယ်။ ဒါကြောင့် သူတို့နိုင်ငံတွေက AIDS စာရင်းကို အစစ်အမှန် ထုတ်ပြန်နိုင်တယ်။ ကျမတို့နိုင်ငံမှာ လူဦးရေစာရင်းတောင် တိတိကျကျမရှိရှာဘူး။ တနေရာ တမျိုးပြောနေတာ။ AIDS စာရင်းတိကျဖို့ဆိုတာ လိုပါသေးတယ်။

နောက်ဆုံး စာရင်းချုပ်ချင်တာကတော့ ကျမတို့ နိုင်ငံမှာ ကြပ်ကြပ် မှတ်မှတ်လုပ်နိုင်မယ့် တချိန်မှာ ပြည့်တန်ဆာလုပ်ငန်းဆိုတာကို တရားဝင်ခွင့်ပြုသင့်ပြီး HIV/AIDS ကျန်းမာရေးပညာပေးလုပ်ငန်းတွေကိုပါ နေရာအနှံ့လိုက်လုပ်ပေးသင့်ပါတယ်လို့ ယုံကြည်ပါတယ်။

***အကယ်၍ ဒီစာကို ဖတ်နေတဲ့လူရဲ့ စိတ်ထဲမှာ ကျမပြောနေတာတွေကို မဖြစ်နိုင်ပါဘူးလို့ ပြောချင်နေရင် "မဖြစ်နိုင်ဘူးလို့မပြောဘဲ မဖြစ်နိုင်သေးပါဘူးလို့ပြောရင်" ပိုလက်သင့်ခံပါတယ်။ တကယ်လုပ်နိုင်ရင် တကယ်ဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေကို ကျမလက်အညောင်းခံပြီး မရိုက်ပါဘူး။
Sun, Mar 8 2009 05:04pm MMT 20
Myke Jaeson
Myke Jaeson
13 Posts
သတ်မှတ်ချက်တွေနဲ့ အတူ စည်းကမ်းရှိတဲ့ လုပ်ငန်းအဖြစ် ပြုစုသင့်ပါတယ်..။ ကျန်းမာရေး ပညာပေးမှုတွေနဲ့ အတူ ပံ့ပိုးကူညီသင့်ပါတယ်..။ တားလို့ရမှာ မဟုတ်တဲ့ အတူတူ ကျန်းမာရေးအာမခံချက်ရှိတဲ့ လူမှုအသိုက်အဝန်းဖြစ်လာအောင် နိုင်ငံတော်က လုပ်ပေးနိုင်ရင် အလိုလားအပ်တာတွေ မဖြစ်လာနိုင်တော့ဘူးပေါ့..။
Sun, Mar 8 2009 05:07pm MMT 21
Ram
Ram
2590 Posts
Sun, Mar 8 2009 06:33pm MMT 22
ရှိန်ကုန်းကုန်း
ရှိန်ကုန်းကုန်း
50 Posts
ဘုရားရှင်လက်ထက်တုန်းကပါ....
"အမ္မဘာလီ"ဆိုတဲ့မိန်မပျိုလေးဟာအမတန်ချောလွန်းလှလွန်းလို့
ခုနှစ်ပြည်တောင်မင်းတွေကစစ်ခင်းပြီးတော့တောင်လုကြပါသတဲ့
ဒါနဲ့ပညာရှိအပေါင်းက လောကကြီးငြိမ်းချမ်းစေဖို့
"အမ္မဘာလီ" သတို့သမီးကိုအိမ်ကြီးတစ်ဆောင်နဲ့
"ပြည့်တန်ဆာ"အနေနဲ့ထားလိုက်ရပါတယ်
အမည်ကိုက တိုင်းပြည်တစ်ခုရဲ့ တန်ဆာပါ
တစ်နေ့တော့မြတ်စွာဘုရားသခင်က
အာရုံဦးမျက်နှာသစ်တော်ရေသုံးနေတုန်း
ဒီနေ့တော့ဘယ်သို့သောသတ္တ၀ါကိုအကျွတ်တရားရအောင်
ချွတ်တော်မူရမယ်ဆိုတာကြည်လိုက်တော့
"အမ္မဘာလီ" ပြည့်တန်ဆာသူတို့သမီးကိုမြင်ပါသတဲ့
"အမ္မဘာလီ" လဲဘုရားကိုဆွမ်းကပ်ချင်နေတယ်
ဒါနဲ့ ..မြတ်စွာဘုရားဆီကနေ မြသပိတ်တော်ကိုဆွမးလောင်းဖိုရာ
ဘုရားရှင်ဆီမှာလျှောက်တော့..
ဘုရားရှင်ကပေးတော်မူပါတယ်
ဒီလိုပါဘဲ "အမ္မဘာလီ" ဟာသူဌေးကြီးရဲ့သမီးကညာမေမဲ့
တိုင်းပြည်အတွက်သူတာဝန်ကျေခဲ့တယ်
သူချွေူးနဲစာနဲ့ ဘုရားရှင်ကိုတောင်ဆွမ်းကပ်နိုင်ခဲ့တယ်
ဒီဆွမ်းဟာသန့်ရျင်းလား?မသန့်ရှင်းဘူးလား?
ဒါတော့မပြောတတ်တော့ပါဘူ
ေ၇စီးကြောင်းတခုကို မစီးဆင်းချင်ရင်
လမ်းကြောင်းပိတ်လို့မရပ်ဘူး
ဘေးတွေကိုလျှံ့ထွက်ကုန်တော့မှ မဖြစ်သင့်တဲ့အခြေအနေတွေရင်ဆိုင်ရရင်
ကောင်းမှာမဟုတ်ပါဘူး
စီးလာတဲ့ေ၇ကိုမြောင်းလုပ်ပြီးလိုအပ်သလိုစီးဆင်းစေတာပိုကေင်းပါတယ်
ကိုယ်ကြိုက်တဲ့ဘက်ကနေ တွေနိုင်ကြပါစေ။
Sun, Mar 8 2009 09:36pm MMT 23
Alex  aung
Alex aung
108 Posts
စီးပွားရေးမပြေလည်လို့လုပ်ကြရတာရှိတယ်၊ အသက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်ကြတယ်၊တချို့ကဒီလိုဘ၀ကိုကြိုက်လို့နေတာရှိတယ် ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်လည်းစိတ်ချရ သူတို့ဘ၀လည်းလုံခြုံ စည်းရှိကမ်းရှိလေးနဲ့ တရားဝင်လုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကြိုဆိုရမှာပါ။
လူငယ်တချို့မရှောင်နိုင်လို့သွားတာမှန်တယ် ဒါပေမဲ့ ရရာစားဆိုရင် ရောဂါရမယ် သူ့ဘ၀ရှေ့ရေးဆုံးမယ်။ တကယ်လို့ နည်းလမ်းတကျခွှုင့်ပြုထားတဲ့ ပြည့်တန်ဆာအိမ်မျိုးသာရှိရင် သူလည်းပျော်ရမယ် ရောဂါအတွက်စိတ်ချရမပေါ့။
ယဉ်ကျေးမှုအရဆိုတဲ့ခေါင်းစဉ်အောက်ကလူတွေကရော ရာနှုန်းပြည့်လွတ်ကင်းရဲ့လားဆိုတာစဉ်းစားစရာပါ။
ကိုယ်ရှေးယဉ်ကျေးမှုအရ အရှက်ကို အထူးသဖြင့်ဒီကိတ်စကို သိုသိုသိပ်သိပ်သာလုပ်ချင်ကြတာအမှန် သိတ်ခါကျတယ်ပေါ့။ ဒါပေမဲ့စဉ်းစားရမှာက ဒီစီးပွားရေးဟာ ဟိုး လွန်ခဲ့သောခေတ်ပေါင်းများစွာကတည်းက အမြစ်တွယ်ခဲ့တဲ့လုပ်ငန်းတစ်ခုပါ။ လုပ်စားတဲ့မိန်းကလေးတွေ ခေါင်းပုံဖြတ်ခံရ၊ ကျန်းမာရေးအတွက်စောင့်ရှောက်မှုကသိပ်မရှိ၊ မလုံမခြုံနေထိုင်ကြရတာ။ နည်းလမ်းတကျသာ စီးပွားရေးအသွင်ဖော်ဆောင်မယ်ဆိုရင် ထိုင်းနီုင်ငံလို နီုင်ငံခြားဝင်ငွေများတောင် အများအပြားရှာပေးနိုင်လိမ့်မယ်ထင်ပါတယ်။
“သူတို့ဘ၀လုံခြုံစိတ်ချ ကိုယ်လည်းလေ စိတ်ချမ်းသာစွာပျော်ရွှင်ရ”တဲ့အဖြစ်မျိုးအတွက် တရားဝင်ခွင့်ပြုဖို့ကောင်းကြောင်းပါခင်ဗျာ။
Mon, Mar 9 2009 07:15pm MMT 24
Kevin Linn
Kevin Linn
393 Posts
အားလုံးကိုနှုတ်ခွန်းဆက်သပါတယ်ကွယ်။ မရေးတာနည်းနည်းတော့ ကြာသွားပါပြီ။ မတ်စေ့ပို့ပြီးမေးသူကမေး။ ဂျီတော့နဲ့ပြောသူကပြောနဲ့။မေးကြပြောကြတာတွေကိုကျေးဇူးတင်ပါတယ်။ ကယ်ကယ်မရေးဖြစ်တာက ကယ်ကယ်ခရီးသွားနေသည်။ (ဟွင်းဟွင်း လွင်မိုးကိုပြိုင်ချေတာလေ)။ ပြီးတော့ မအာတာလည်းတကြောင်း အားပြန်တော့လည်း ရေးဖို့ အင်စပရေးရှင်းကမလာနဲ့ ဒီအမ်အိပ်ရှ်အက်စ်နဲ့အဆက်ပြတ်တာကြာပေါ့ကွယ်။ ဒီနေ့တော့ ကယ်လှိုင်သာယာဘက်ကိုလျှမ်းရင်း အဲအဲ မွှားလို့ အလုပ်ကိစ္စနဲ့(ကယ့်အဖေက လှိုင်သာယာမှာ ဖောဘူးတို့ စက္ကူပုံးတို့လုပ်တဲ့စက်ရုံရှိတယ်လေ။။။ဟိဟိ ဤကားစကားချပ်။) သွားရင်း ပရော်စတီကျုလေးတွေကိုတွေ့တော့ ဒီမှာဝင်ရေးဖို့ အင်စပရေးရှင်းဝင်လာတယ်လေ။ အောင်မလေးတော်။။။။မောလိုက်တာအေ။။ နိဒါန်းကရှည်လွန်းလို့။ခုမှပဲလိုရင်းရောက်တယ်။ ခွစ်။။။
အင်း ပြည့်တန်ဆာကိုလိုင်စင်ပေးမလားဆိုတာတော့ ကိုယ်လိုရာပြောကြတာပေါ့နော်။ ပေးသင့်တယ်။ တချို့ကတော့မပေးသင့်ဘူး။ ကိုယ့်အယူအဆနဲ့ကိုယ်တော့မှန်တာပေါ့နော် မကယ်အနေနဲ့မပေးသင့်ဘူးလို့ထင်တယ်။ စဉ်းစားကြည့်လေ။ လူမသိသူမသိ အောက်ဆိုက်ရှာနေတဲ့တိတ်တိတ်ပုန်း ကြက်မလေးတွေအများကြီးပါ။(ဥပမာ ခြင်္သေ့။မိကယ်။ဒေးဒေးမနှင့်ယုယုမ မပါ-သူတို့သည်အမ်းကုန်းများဖြစ်ကြအိ။ ခွစ်ခွစ်။ဤကားစကားချပ်)။ မြန်မာစကားပုံလဲရှိတယ်လေ။ သိသာသိစေမမြင်စေနဲ့တဲ့။ တို့ပတ်ဝန်းကျင်မှာ။တို့မိတ်ဆွေတွေမှာ။အိုကုန်ကုန်ပြောရရင်တို့အမျိုးအဆွေတွေမှာ ဒီလိုမိန်းကလေးရှိလာပြီတဲ့။ သူ့ကိုမယ်မင်းတို့လိုင်စင်လုပ်လို့ပြောပြီးပေါ်ပေါ်တင်တင်ကျေးတန်းစားလုပ်စေချင်မလား။ ကိုယ့်စိတ်ရင်းအတိုင်းတွေးကြည့်ပါ။ အို တော်ပြီတော်ပြီ ကယ်ကုန်ကုန်ပြောမယ် ဒီဟာတွေကိုလိုင်စင်နဲ့ပေါ်တင်လုပ်တာကို ကယ်အရမ်းအရမ်း မဟားတရားကန့်ကွက်တယ်။(ဟိဟိ ဇွတ်)။ ဟင်းတို့များ အ၆မတွေလိုင်စင်လုပ်တာကမှတော်ဦးမယ်။နို့မို့ရောင်တော်ပြန်နဲ့ေ၇ာလွှတ်လွန်းလို့။
ပီအက်စ်။ ။ ထွန်းဦးမရေ တရုတ်အဖွါးကြီး အမ်းမပါလီမဟုတ်ဘူးနော် အမ္ဗပါလီနော်။ ဒါဘဲ။။။။။
Wed, Mar 11 2009 03:05pm MMT 25
ရွှေ လုံး
ရွှေ လုံး
192 Posts
ထွန်းဦးရေ
အမ္ဗပါလီရဲ့ဆွမ်းကသန့်ရှင်းပါရဲ့လားလို့ဘုရားရှင်ကိုလျှောက်တင်မေးမြန်းတော့...
မြတ်စွာဘုရားကသန့်ရှင်းပါတယ်လို့မိန့်ပြီးဆွမ်းဘုဉ်းပေးခဲ့တာပါကွယ်

Please login or sign up to post on this network.
Click here to sign up.